Tuesday, January 31, 2012

အာရုံတည်ရာ

ငရဲနံရံတစ်ချို့ ကျိုးကြေ ချစ်သူတစ်စုပျံသန်း
အဲ့ဒီ မိုးမြေသိမ့်ခါ တိုက်ငှက်တောင်ပံခတ်သံ
အဲ့ဒါ သွေးသားအရိုးထဲက လေဆန်ကျူးရင့်ချက်
တိတ်ဆိတ်ဆွံ့ အတဲ့ အဝေးအိပ်မက်တွေ ရှင်ပြန်နိုးထ
အမေ့မျက်ရည်အိမ် မျှော်လင့်ချက်တွေ ဖူးပွင့်သင်းဝေ
အဓမ္မ ခြွေချခံသားတွေအတွက် အမျှဝေခက် အံကြိတ်နေသတဲ့ ၊
 
ရန်ငါ မိတ်ဖွဲ့မှော်အဆိပ်ပြုံးအောက် အတိတ်တစ္ဆေအက
တောထောင် မြို့ ပြ ကျေးလက်နှလုံးသား ပွက်ဆူပွင့်အန်
မြောက်တောင် ရှေ့ နောက် သွေးအရိပ်ကြွင်းများ ရုန်းကန်ထကြွ
အို - နိုင်ငံတော်လမ်းတွေ ရှိုက်ငင်ငိုကြွေး အမေ့ခံ ဒဏ္ဍာရီ မဖြစ်ခဲ့ ။
 
နရသိန်ပြန် ယုံကြည်ချက်အကျဉ်းသားတွေ အိုးဝေတေးသံ
ပက်ကြားအက်အနာဂတ်ရင်ထဲ ရဲရဲစီးဆင်း မြေသစ်လွှမ်းစေ
ဟော့ဒီ နှင်းရိုင်းအနောက်မဲဇာမှာ ရုပ်ဇရာဖျော့လျော့နွမ်း စိတ်အမောဒဏ်ပိ
ရင်ခွင်ငတ်မိသားစုတွေ ခန္ဓာလှပ်လှပ် စွဲကပ်သရွေ့  အကြွေးချေကြရင်း
အနှစ်နှစ်ဆယ်ကျော် မကျွတ် မလွတ် စွဲရစ်နှောင်ဖွဲ့  တိုက်ဘက်ကောင်းကို ကြိုနေကြရဲ့ ၊၊
 
ဒေါင်းနီ
၀၁-၁၃-၁၂
( ပြန်လည်လွတ်မြောက်လာသော ယုံကြည်ချက်အကျဉ်းသား
  နိုင်ငံရေးသမားအပေါင်းအား လေးစားစွာဖြင့် ဂုဏ်ယူကြိုဆိုလျှက် ---)

အပြည့်အစုံသို့...

Sunday, January 29, 2012

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ (၂၉)ရက် ၂၀၁၂

ရှမ်းပြည်အခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်မဟာ (၄) နယ်မြေ မော်ဟန် (Maw Han(Nawng Chu) ဒသတွင် မြန်မာအစိုးရ စစ်တပ် ခလရ(၄၅) တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်ရင်း(၂၉) တပ်ဖွဲ့ ဝင် တို့  ဇန်န၀ါရီ(၂၈)ရက် မနက်(၇း၀၀) နာရီခန့် မှ (၈း၀၀) နာရီ အချိန်ခန့် ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ မန်မောင်(Man Mau) နှင့် မော်ရွှေ(Maw Swe) ကျေးရွာကြားတွင် ကေအိုင်အေ တပ်ရင်း(၈)မှတပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခမရ(၅၀၁)တပ်ဖွဲ့ တို့ ဇန်န၀ါရီ(၂၈)ရက် မွန်းလွဲ (၁း၃၀)နာရီခန့် အချိန်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအား မသိရှိရသေးပါ။

Source (Kachinnet)

အပြည့်အစုံသို့...

ပခုံးထမ်းသူတွေအား တမ်းတခြင်း

ကိုယ်နိုင်ငံထဲကိုက မွေပြွေးတွေများပေါ့

ကိုမွန်းအောင်ရဲ့ အိပ်မက်ရိုင်းလိုပဲ

နင့်နင့်သီးသီးပြောရရင်

အသီးသီး ချကြွေခံရ

အချင်းများကြနဲ့

အဖြစ်အပျက်တွေ သိပ်မကောင်းသေးဘူးဗျ။


ငါတို့ကလဲ တမျိုး တဘာသာ

ခက်လှချေရဲ့

ကိုယ်တိုင် .. စိုက်ပျိုးခဲ့တာ

ကျေနပ်မှုတွေနဲ့ အထီးကျန်

အမှားတွေနဲ့ အသားမကျစေနဲ့ပေါ့။


ကောင်မလေးရယ်

ဒီလိုပါပဲ .. ကိုယ်စီကျေနပ်စေပါတယ်

မင်းကို လွမ်းတာလဲ ပါတာပေါ့

တကယ့်ကို လွမ်းပါတယ်။


ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ

သူတို့လည်း (ငါ့လိုပဲ)

အမေများစွာနဲ့ မတွေ့ဖြစ်တာ ကြာပြီးကို။


ငါတို့လည်း …

ငါတို့ရဲ့ ဌာနေတိုင်းသားတွေ အတွက်

ငါတို့ရဲ့ ညီမလေးတွေအတွက်

ညီအကိုတော်တွေအတွက်

ကျောင်းနံရံတွေမှာ ဒေါင်းအလံစိုက်ဖို့ အချိန်တန်ပြီ။

အပြည့်အစုံသို့...

Friday, January 27, 2012

God, I Doubt You In Advance!

Let's be negatively kiss
In this born again conflicts

I was born on the front page of
long-lasting civil war older than my age
I hold my bullet and write my name
With the color reddish original pain
In the name of wrong description
In the game of long written 
Undone duty on my innocent shoulder
Why do I have to be a problem-solver
Why do I have to be a problem-maker

Let's deceitfully speak
In this born again peace

The real answers are not there
The real gamblers are not fair
I am getting old in life and existence
I am getting bored of fight and conflicts
I am corrected by lies
I forward ahead by times
Why do I have to take the wise breathe
Why do I have to brake the high speed
Is this the true peace that I need

I wanna die in peace of mind
Those time never comes
Those sunshine never land

God, You never make it clear
You always create a fear
The fear within my future
That you yourself not even sure!!!

A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

Aung San Suu Kyi - Annual Meeting 2012 - World Economic Forum

အပြည့်အစုံသို့...

KNU Statement Regarding Negotiation Peace Talk With Burmese Gov. Burmese

အပြည့်အစုံသို့...

KIA တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ(၂၇) ၂၀၁၂

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း(၂၉)နယ်မြေ မော်ဟန်(Mawhan) နှင့် တာမိုးညဲ(Ta Mu Nye) ဒေသသို့  ကွတ်ခိုင်ဘက်မှ စစ်ကြောင်းထိုးတက်လာသော မြန်မာစစ်တပ် ခလရ(၂၉၀)တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်ရင်း(၂၉)တပ်ဖွဲ့ ဝင်တို့ ဇန်န၀ါရီ(၂၆) မနက်အစောပိုင်း(၁း၀၀)နာရီခန့် က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲတွင်မြန်မာစစ်တပ်ဘက်မှ (၁၀)ဦးထက်မနည်း ကျဆုံးကြောင်းထပ်မံသိရှိရသည်။

Source ( Kachinnet)

အပြည့်အစုံသို့...

ကမ္ဘာမကျေ...သင်ပုန်းမချေနိုင်တဲ့ကိစ္စတွေ ရာဇဝင်ထဲမှာ ရှိတယ်...ရဲဘော်တို့...





(ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ ကျနော် ဒီကဗျာတပုဒ်ပဲ ရေးဖြစ်ခဲ့ပါတယ်...ကိုယ်နေထိုင်ရာမြို့မှာတော့ တခြား လုထုလှုံ့ဆော်ရေး ဝါဒဖြန့််ချီရေးတွေကို လက်တွေ့လုပ်နိုင်ခဲ့တယ်...အဲဒီတုန်းက ကျနော် ဒေါ်လာ ၂၀တန် USB တွေဝယ်တယ်..အဲဒီထဲကို အစိုးရက နှိမ်နင်းချေမှုန်းတဲ့ အရေးအခင်းထဲက အနိဌာရုံ ဘုန်းကြီးသေပုံတွေကို ထဲ့တယ်..ပြီးတော့ စာရေးပြီး ဒီကဗျာနဲ့အတူ ရေဒီယိုဌာနတွေ တီဗွီဌာနတွေဆီ ပို့တယ်။ ဒါတွေကို ကျနော်တဦးထဲ ဘယ်သူနဲ့မှ မပူးပေါင်းပဲ ကိုယ့်ငွေကိုယ်ထုတ်ပြီး တကိုယ်တော်လုပ်တယ်...ရလာဒ်အနေနဲ့ ဘာရလဲဆိုတော့ ဆန္ဒပြပွဲတွေမှာ လမ်းပေါ် လူများများ ပိုတက်လာတယ်...TRIPLE J လို့ခ်ါတဲ့ ရေဒီယို တခုနဲ့ ကျနော်ခိုင်မာတဲ့ ယုံကြည်မှုတခု တည်ဆောက်ဖြစ်သွားတယ်...နောင်တချိန် အင်္ဂလိပ်လို ကျနော့်ကဗျာစာအုပ် ထုတ်ဖြစ်တဲ့အခါ သူတို့နဲ့ပဲ ကျနော် လုပ်ဖြစ်သွားမှာ သေချာပါတယ်...အဲဒီလို ဖောက်ထွက်တည်ဆောက်ထားတယ်ဗျာ...ကမ္ဘာမကျေ...သင်ပုန်းမချေနိုင်တဲ့ကိစ္စတွေ ရာဇဝင်ထဲမှာ ရှိတယ်...ရဲဘော်တို့...။)

VIGOROUS TIDE IS RISING

The same old brand new national pain
Wild, weighty and wry,
I compress it hard into my tiny heavy heart
This march must march on!

The same old brand new state funeral
Desperate, hateful and horrific,
I hurtfully handle with my immature maturity
This struggle must take smarter strategies!

The same old brand new generational duty
Strong history, long journey and stronger unities
I seriously salute to those who sacrificed in reality
This revolution must gloriously win the exact victory!

Burma! Wake up! Advance up!
Nothing worse than religion's been raped
Nothing worse than intrinsic value's invaded
Shake your fists and keep against this dictatorship!

This conflict must positively end by the truth!
You are the truth!
You are the one!
You are absolute freedom!
To blow the old away and to store the freedom
Tempest of blood has strongly begun!!!

(During Saffron Revolution, Burma----2007!!!)

A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

Tuesday, January 24, 2012

တရုတ်နယ်စပ်ရွာထဲ မြန်မာအစိုးရတပ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်

KNG၊ ဇန်န၀ါရီ ၂၄ ရက် ၂၀၁၂

တရုတ်နှစ်သစ်ကူးအကြို ဇန်န၀ါရီ ၂၂ တနင်္ဂနွေနေ့ ညနေပိုင်းတွင် နယ်စပ် တရုတ်နိုင်ငံ လားယိန်းရွာနှင့် ၎င်းတွင် တရားမ၀င် ခိုလုံနေသော ကချင်စစ်ပြေးဒုက္ခသည်စခန်းများရှိရာ သို့ မြန်မာအစိုးရတပ်က လက်နက်ငယ်အကြိမ်ပေါင်းများစွာ ချိန်ရွယ်ပစ်ခတ်ခဲ့ကြောင်း ဒုက္ခသည်နှင့် ရွာသားများဆိုသည်။

မြန်မာနယ်စပ် လွယ်ဂျယ်မြို့ တပ်စခန်း နှစ်နေရာမှ မြန်မာစစ်သားများ၏ပစ်ခတ်မှုတွင် တရုတ်ရွာသားများနှင့် ကချင် ဒုက္ခသည်များ ထိခိုက်မှုမရှိသော်လည်း ကျည်ဆန်မှ လွတ်ရန် မြေပြင်ပေါ် ပြားပြားဝပ်နေရသည့် အခြေအနေရှိခဲ့သည်ဟု ရွာသားများဆိုသည်။ ယင်းပစ်ခတ်မှုသည် မြန်မာစံတော်ချိန် ညနေ ၇ နာရီခန့်တွင် ဖြစ်ပွားသည်ဟု ပြောသည်။

တရုတ်ပြည်သူများနှင့် စစ်ပြေးဒုက္ခသည်များအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေသည့် နယ်စပ်မြန်မာစစ်တပ်၏ ပစ်ခတ်မှုအား တရုတ်အာဏာပိုင်များက တစုံတရာ တုန့်ပြန်မှုမရှိသေးဟု လားယိန်းဒေသခံ တစ်ဦး ပြောသည်။

မြန်မာစစ်တပ်နှင့် ၎င်း၏မဟာမိတ် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) တို့မှ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းထဲသို့ လက်နယ်ငယ်များပစ်ခတ်လေ့ရှိသော်လည်း အလားတူပစ်ခတ်မှုများ တရုတ်နယ်စပ်၌ ပြီးခဲ့သည့်နှစ် KIO ကို ထိုးစစ်ကြီးပြုလုပ်လာသည်အထိ မရှိသလောက်နည်းပါးသည်။

မြန်မာအစိုးရနှင့် KIO တိုက်ပွဲဖြစ်လာ၍ လားယိန်းသို့ ဒုက္ခသည် ထောင်ဂဏန်း ထွက်ပြေးခိုလှုံနေရခြင်းဖြစ်သည်။ နှစ်ဖက် တွေ့ဆုံမှုများရှိသော်လည်း ငြိမ်းချမ်းရေးသဘောတူနိုင်ခြင်း မရရှိဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တရုတ်နိုင်ငံသားတဦးကို တရုတ်နိုင်ငံထဲ မြန်မာအစိုးရတပ်က ရက်ရက်စက်စက် သတ်ဖြတ်

ယခုပစ်ခတ်မှုမတိုင်ခင် ဇန်န၀ါရီ ၁၂ ရက်က တရုတ်နိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံထဲ မြန်မာအစိုးရစစ်သားများ ၀င်ရောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

သေဆုံးသူ လဖိုင်ဇော်လောန်သည် ဂျိန်းဖော(ကချင်)လူမျိုးဖြစ်၍ ၀မ်းဗိုက်နှင့် ဦးခေါင်း၌ အနီးကပ် ပစ်ခတ်ခံရကာ မျက်နှာတွင်လည်း သေနတ်ဒင်ဖြင့်ထုထောင်းခံရသည် ဟု ဆွေမျိုးများဆိုသည်။

တရုတ်အာဏာပိုင်များကလည်း အခင်းဖြစ်နေရာတွင် သွေးကွက်နှင့် ကျည်ခွံများတွေ့ရှိကြ၍ အသက် ၅၃ နှစ်ရှိ ထိုကချင်အမျိုးသားမှာ မြန်မာဘက် နယ်စပ်ဖြတ်ကျော်ခြင်းမရှိဘဲ တရုတ်နယ်မြေအတွင်း ဖမ်းဆီး သတ်ဖြတ် ခံရခြင်းဖြစ်သည်ဟု ဆက်ဆိုသည်။

အလောင်းကို အသတ်ခံရသည့်နေရာမှ အနည်းငယ်အကွာတွင် တွေ့ရှိ၍ မြန်မာတပ်က သွေးကွက်တွေ့ရှိရာတွင် မြေမြုပ်မိုင်းတစ်ခု၊ အလောင်းရှိရာအနီး နောက်ထပ်မြေမြုပ်မိုင်းတစ်ခု တပ်ဆင်သွားကြသည်ဟု မျက်မြင်များဆိုသည်။

သတ်ဖြတ်သည့်တပ်မှာ နယ်စပ် မုဘွမ် (Mu Bum) တောင်တွင် တပ်စွဲထားသော ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် နယ်မြေခံ ခမရ (၃၂၁) မှ စစ်သားများဖြစ်သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၂ ရက်က အသတ်ခံရသူ ဇော်လောန်နေထိုင်သည့် လွယ်လုံးရွာသားများက တရုတ်နိုင်ငံထဲ ခိုးဝင်လာသည့် မြန်မာတပ်သားနှစ်ဦးကို ဖမ်းဆီး၍ တရုတ်အာဏာပိုင်များထံ အပ်နှံလိုက်ရာ ၎င်းအားတုန့်ပြန်သည့်အနေဖြင့် ယခုလို တရုတ်နိုင်ငံသားကို သတ်ဖြတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများ ယူဆကြသည်။

မုဘွမ်စခန်းမှ မြန်မာစစ်သားများသည် ရိက္ခာပြတ်လပ်မှုကြောင့် တရုတ်နိုင်ငံထဲ ခိုးဝင်ကာ ဒေသခံများ၏ လယ်ကွက်များမှ အစားအစာများ ခိုးယူလေ့ရှိကြောင်း ဒေသခံများပြောသည်။

http://burmese.kachinnews.com/news/731-တရုတ်နယ်စပ်ရွာထဲ-မြန်မာအစိုးရတပ်မှ-လက်နက်ငယ်-ပစ်ခတ်.html

အပြည့်အစုံသို့...

ရွှေလီမြို့တွေ့ဆုံပွဲပြီးနောက် မြန်မာအစိုးရက ကချင်ထိုးစစ် အရှိန်တိုးနိုင်

KNG၊ ဇန်န၀ါရီလ ၂၄ ရက် ၂၀၁၂

ပြီးခဲ့သည့်အပတ် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးအပြီး သဘောတူညီမှုအချို့ရခဲ့သော်လည်း အစိုးရထိုးစစ် ပိုပြီးပြင်းထန်လာနိုင်ကြောင်း စစ်ရေးသုံးသပ် သူများက ဆိုသည်။

လွန်ခဲ့သည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသောတိုက်ပွဲများတွင် အစိုးရတပ်က KIO အောက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)အား စစ်အင်အား အမြောက်အများနှင့် လက်နက်ကြီးများကို အဓိကထားပြီး တိုက်ခိုက်ခဲ့သည်ဟု ကချင်ပြည်နယ် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများပြောပါသည်။

ယခု ဖြစ်လာမည့် ထိုးစစ်တွင် အစိုးရတပ်မှ စစ်တိုက်လေယာဉ်များနှင့် တင့်ကားများ အသုံးပြုလာနိုင်ဖွယ် ရှိသည်ဟု မြန်မာ-တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူများပြောသည်။

တချိန်ထဲမှာ ယခု လဆန်းကတည်းက တရုတ်နယ်စပ်အနီး KIA ဗဟိုဌာနချုပ် လိုင်ဇာနှင့် အမာခံစခန်းများ အနီးတွင်လည်း ၁၀၅ မမ၊ ၁၂၀ မမ၊ ၁၅၅ မမ အမြှောက်များ စသည့် လက်နက်ကြိီးများ ပြန်လည်နေရာ ရွှေ့ပြောင်းချထားနေပြီး ရှေ့တန်းနယ်မြေများတွင် စစ်သားသစ်များကို ပြောင်းလဲနေရာချထားနေသည် ဟုလည်း KIA ရှေ့တန်းသတင်းရပ်ကွက်များ ဆိုသည်။

၁၉၉၄ ခုနှစ်နှင့် မတူဘဲ ယခုအချိန်မှာ မြန်မာအစိုးရနှင့် KIO ကြား အပစ်အခတ်ရပ်ဆိုင်းနိုင်ရန် အဓိက သဘောထားကွဲလွဲမှုတွေ ရှိနေပါသည်။ အဓိက အကြောင်းရင်းသည် မြန်မာအစိုးရက ယခင်အတိုင်း ”အပစ်ခတ်ရပ်ဆိုင်းရေးကို ပထမပြုလုပ်ပြီး ၎င်းနောက် တဆင့်ပြီး တဆင့် နိုင်ငံရေးဆွေးနွေးရေး” အစီအစဉ်ဖြစ်သည်။ သို့သော် ၎င်းအစီအစဉ်ဟောင်းအား KIO က လက်မခံဘဲ “နိုင်ငံရေးပြဿနာကို အရင်ဆုံးဖြေရှင်းပြီးမှ အပစ်ခတ်ရပ်ဆိုင်းရေးကို နောက်ဆုံးမှပြုလုပ်ရန်” အစိုးရသို့ နက်နက်နဲနဲ တင်ပြထားခြင်း ဖြစ်သည်။

ယခုအချိန် မြန်မာအစိုးရ စစ်အင်အားအမြောက်အများကို ရှမ်းပြည်မြောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ကူမင်းသို့ ရွှေသဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းသွယ်တန်းမည့်လမ်းကြောင်း KIA တပ်ရင်း ၈ နယ်မြေနှင့် ကချင်ပြည်နယ်တွင် KIA ဗဟိုဌာနချုပ် လိုင်ဇာပတ်ဝန်းကျင်၊ မန်မော် (ဗန်းမော်)-လွယ်ဂျယ်လမ်း၊ မြစ်ကြီးနား-ကန်ပိုင်တီလမ်း၊ ဖားကန့်ကျောက်စိမ်းမှော်နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသများတွင် အဓိက ချထားပါသည်။

http://burmese.kachinnews.com/news/730-ရွှေလီမြို့တွေ့ဆုံပွဲပြီးနောက်-မြန်မာအစိုးရက-ကချင်ထိုးစစ်-အရှိန်တိုးနိုင်.html

အပြည့်အစုံသို့...

သူပုန်အိုနှင့် သူ၏ ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်အိုကြီးများ အတွက်


အပြည့်အစုံသို့...

Book-cover (the outer back) for THE SECOND SECOND

A'karikz Yannaing
THE SECOND SECOND




အပြည့်အစုံသို့...

Friday, January 20, 2012

An Apple-eater's Life Inside Apple

The day's on, the night's off
Time is keep running.
The new's in, the old's out
Space is keep turning.

Eat this half, keep the other half
The earth is marching on.
Leave this half, lead the other half
The heart is working on.

Destroy yester-moments.
Occupy tomorrow-events.
Every now is a solo.
Every music is a mono.

One has gone.
The other was born.
Everything lives in apple.

What did Newton see?
Gravity won't let it free.
Black hole eats everything!!!

A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

စစ်ပွဲကြီးတွေ ပြီးတဲ့ခါ

ကောင်လေးရေ..
ဒီရွာကို ပြန်ရောက်သေးတယ်နော်..
နင့်ဗိုက်က အတော်ထွက်လာပေါ့

မြို့သားတရုတ်ပုံ ဖြူဖြူ ၀တုတ်တုန်နဲ့
အရင်လို ၀ါးခြမ်းဖျား ငှက်ဖျားရုပ် မဟုတ်တော့ဘူး။
အမိုး ပြောတယ်ဟုတ်
ငါတို့ တောင်ပေါ်ကလူတွေအတွက်တော့
ဒုက္ခ ခံမနေပါနဲ့..
သင့်ရာတော်ရာမှာ
'နင့်ဘ၀ နင်ကျောင်းတော့' ဆိုတာ။

ကောင်လေးရေ..
မင်းတို့ ကျောင်းသားသူပုန်တွေ အရင် ၃-ရက်လမ်းလျှောက်လာရတဲ့
ငါတို့ရွာ
အခု ဆိုင်ကယ်လမ်းပေါက်ပါပကော...
ဒါပေသိ .. တောတွေပြုန်းလာလို့
နေတော့ကျောကုန်းကော့အောင် ပူသနော့။

စစ်ပွဲကြီးတွေ ပြီးကတည်းက ဆိုပါတော့...
တို့ရွာမှာ ကုမ္ပဏီတွေ ရောက်လာ..
ရွှေတွေရှာ.. သစ်တွေခုတ်ကြ
မြစ်ကြီးလည်း ပိတ်ပစ်မယ် ပြောတာပ
သူတို့ သိမ်းသွားကြတဲ့ ငါ့ကွမ်းသီးခြံထဲလည်း
ရုံးတွေ၊ တန်းလျားတွေ၊ အလုပ်သမားတွေနဲ့ စည်စည်ပင်ပင်။

စစ်ပွဲကြီးက တို့ဖိုးခွား၊ တို့ ဖိုးဒိုမူတွေကို စားခဲ့တယ်။
စစ်ပွဲကြီးက ရွာတွေ၊ သစ်တောတွေကိုစားတယ်။
စစ်ပွဲကြီးက ငါတို့တောင်ယာ၊ ငါတို့ ဘုရားကျောင်းတွေကို စားတယ်။
စစ်ပွဲကြီးက ငါ့ယောက်ျားခြေတစ်ဖက်ကိုတောင် စားလိုက်သေး
စစ်ပွဲမီးတောက်ကြီးက တောင်တန်းတွေကိုပါ စားပစ်ခဲ့တာပေါ့။

ရွာဟောင်းတော့ကွယ် ... မှတ်မိစရာ ဘယ်ရှိမလဲ
လူတွေလည်းပြောင်း၊ အိမ်သစ်တွေလည်းပေါင်း
မီးစက်တဂျောင်းဂျောင်း မောင်းလို့ ဗီဒီယိုကြည့်ကြ
အရက် ဘီယာချောင်းစီးကြ
ကမ္ဘာ့ဘောပွဲကြီးကို လောင်းကြ
ချဲသမားတွေလည်း တယ် နေရာကျသကွဲ့။
အရင်တုန်းက အမိုးတို့ တောင်ယာခုတ်တော့
ရေဆုတ် တောပြုန်းတယ် နင်တို့ပဲပြောကြ
အခုစစ်ပွဲပြီးတော့မှ တောင်တွေက ကတုံးတွေချည်း
စီမံကိန်းကြီးတွေလည်း ရောက်လာတယ်
ပြောင်သလင်းခါအောင် တောတွေခုတ်
ငါတို့ စပါးနဲ့ငြုတ်စိုက်ခဲ့တဲ့နေရာမှာ
အခုတော့ ရာဘာနဲ့ ၀ါခင်းတွေချည်း
စက်မှုသီးနှံဆိုပြီး စိုက်ကြတာပ
တရုတ်ဆီက အတော်အ၀ယ်လိုက်ဆိုလား။

အရင်က သောက်ရေခပ်တဲ့ စမ်းတွေ
ချောက်သွားပြီလေ
မြစ်ရေတွေတောင် နောက်ကျိနေပါပေါ့
ငါတို့ဘ၀ကတော့ ပင်ပန်းတုန်း၊ ပင်ပန်းဆဲပါပဲ
တချို့လည်း ရှမ်းပြည်သွား
တချို့လည်း မြို့များမှာ အိမ်ဖော်လုပ်
တောပန်းအလှလေးတွေတောင်
ရွာကိုနှုတ်ဆက် ထွက်သွားကြတာကြာပေါ့။

အဖိုးကြီး၊ အဖွားကြီးနဲ့ ကလေးတွေပဲ များနေတဲ့ရွာ
မြို့က သူတို့ ပို့စာလည်းစား
ကလေးကလောင်လည်း ထိန်း
မိသားစု ကောက်သိမ်းပွဲတွေလည်း လွမ်းစရာဖြစ်ကုန်ပြီကွဲ့။

မင်းတို့ တပ်မှူးကျလို့
မြှုပ်ခဲ့တဲ့နေရာလား
အဲသည်မှာ မတွေ့လား
အခု ဘူဒိုဇာ ရပ်ထားတဲ့နေရာလေ....။

ယောဟန်အောင်
၂၀၁၂ ခုနှစ်၊ ဇန် ၁၉။

တိုက်ဆိုင်မှုရှိလျှင် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မှ မရည်ရွယ်ပါ။ စိတ်ကူးယဉ်ရေးဖွဲ့ထားသည့် စစ်ပွဲအကြောင်း ဖြစ်ပါသည်။

အပြည့်အစုံသို့...

တောင်တန်းများ၏ ဧကရီ ... နဒီ အပျိုမ ... သို့

ကမာပုလဲ

နှစ်ကာလများ၏
ဒုက္ခ ဧကရီ
နဒီအပျိုမရေ ...

မင့်ဆီကို လာရာလမ်းမှာ
ငါ့ခြေလှမ်းတွေ မင့်အတွက်
သူစိမ်းတရံ ဆန်နေလေမလားပဲ ...။

မင့်နှုတ်ခမ်းပေါ်
မ၀ံ့မရဲ ငါ ခြေစုံရပ်ရင်း
တခါက
တရင်းတနှီး အဖြစ်အပျက်တွေ
ပြန်လည် မြင်မက်တယ် ...။

မျက်နှာချိုသွေးလို့
မင်းဘ၀ရဲ့
ပြုမြဲဖြစ်သော စီးဆင်းခြင်း ရေအလျဉ်ကို
ငါထိုင်ငေးတယ် ...။

ငါ့ရင်ဟာ
အရင်လို ခုန်နေဆဲပါ
အလွမ်းတွေကလည်း
တချိန်ကလို သဝေမတိမ်း
ဒါကို
မင်းရဲ့ စိမ်းမြရှင်သန်
အနှိုင်းမဲ့ ချစ်ခြင်းမိုးမခပင်တွေက
အသိသက်သေ ...။

စိမ်းရီ ညိုမှောင် တောင်တန်းတွေရဲ့ကြားမှာ
ဥဒါန်း ဘယ်မကျေနိုင်တဲ့
သွေးပျက် နာကျည်းဘွယ် ရာဇ၀င်ရိုင်းကိုမှ
ရင်ထဲ ငုံကာ စီးဆင်းခဲ့ရတဲ့ ...

ဧကရီမ
ဒုက္ခမြစ်နဒီရေ
လပြည့်မင်းက
သူ့အသွေးအသားတွေကို ခုတ်ထစ်ပြရင်း
မင့်ရဲ့ ရွှေရင်အစုံပေါ်
အလင်းစတွေ မျှဝေနေတယ် ...

နှစ်ရှည်လများ
လွတ်မြောက်ရေး တိုက်ပွဲဝင်တေးတွေက
ငြိမ်းချမ်းရေး စစ်စစ်ကို
ဆောင်ယူလာတော့မယ်လား
လေညင်းရဲ့
အေးမြတဲ့ အထိအတွေ့
မင့် ကိုယ်ငွေ့မှာ ...
နှလုံးသားဆတ်ဆတ်နဲ့ ငါ ကြားတယ် ...။

ငါဟာ
ယုံကြည်ချက် အိမ်တိုင်
ခရီးသွား တယောက်ပါ ...

ငါ့ကို
မင့်ရင်သွေးလို
ကာကွယ်စောင့်ရှောက်ခဲ့တဲ့
နွေးထွေးလှိုက်လှဲ မေတ္တာညတွေကို
သွေးရိုးသားရိုး ငါ တပ်မက်ခဲ့
ခုတော့
ငါ ပြန်ဦးမယ်
ငါ့မှာ ခရီးဆက်ဖို့ ရှိနေပါသေးတယ်
နောက် တခေါက် ငါပြန်လာတဲ့အခါ
အလှဆုံး အပြုံးတွေနဲ့ ဆီးကြို

မင့်ရဲ့
မဟူရာ ကေသာထက်မှာတော့
အောင်ပွဲရဲ့ သရဖူ ...။ ။

ကမာပုလဲ
၁၉၊ ၁၊ ၂၀၁၁။

( ၂၀၁၂၊ ဇန်န၀ါရီလ ၁၀ - ၁၈ သူးမွဲ ... သောင်ရင်းမြစ် ဆောင်းညများသို့ )

အပြည့်အစုံသို့...

Thursday, January 19, 2012

အချစ်ချည်းသက်သက်

မတ် ၂၇၊ ၂၀၀၉

အချစ်ရေ …
စီးကရက်မီးခိုးတွေမှာတောင်
မင်းစကားသံတွေက ဝဲလို့။ (၁)

ကိုယ့်မျက်ဝန်းထဲ
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ချစ်သူရဲ့နှလုံးသားခြေဖမိုးပေါ်
နှစ်ကာလပုလဲတွေ ကြွေကျနေပုံများ
ကိုယ့်နှလုံးသားရဲ့ ဘာသာစကားပါ။ (၂)

ငွေ့ရည်ဖွဲ့ခြင်းမှာ …
ဒြပ်ထုအစိုင်အခဲတွေ ရှိကြတယ်
(ဒါပေမယ့် … ဒါဟာလည်း)
ချစ်ခြင်းရဲ့ သင်္ကေတ
မင်းမြင်ခွင့် ရစေချင်တယ်။ (၃)

အဲဒီ … ငွေ့ရည်တွေနဲ့
လောင်ကျွမ်းနေတဲ့ ကောင်ကြီး
ကဲ … ပြော
ဘယ်သွားမှာလဲ။ (၄)

ဒီအချစ်တွေအတွက်
မင်းရဲ့ရင်ခွင် တုန်ခါနေမလား
(ခွင့်လွှတ်ပါကွယ် …)
မီးတောင်တွေက
အချိန်အခါရောက်ရင် ပေါက်ကွဲတယ်
ကိုယ့်အချစ်မီးတောင် ပေါက်ကွဲပေါ့
အချစ်ချည်းသက်သက်။ (၅)

ကဲ …
ဘယ်သူတွေ ရိုးရိုးသားသားချစ်ဖူးလဲ
ငါတို့ရဲ့အပစ်ပယ်ခံအိပ်မက်တွေ
ရဲရဲရင့်ရင့် ပွင့်နေပုံ။ (၂)

အချစ်ရေ …
ခေတ်တွေနဲ့အတူ ငါစီးခဲ့
မြစ်ရေကြီးချိန်မို့လား
အလွမ်းတွေ ဗေဒါကြပ်ချိန်
အထီးကျန် နှစ်ပေါင်းတရာပေါ်
ငါ ရပ်လို့။ (၁)

အချစ်ရေ …
အပြင်မှာ မိုးတွေရွာနေတယ်
ငါရင်ထဲမှာလည်း
အလွမ်းတွေ ရွာနေပေါ့။ (၃)

ငါတို့ဘယ်အထိ နီးမှာလဲ
တေးသီချင်း တပုဒ်ကို
အခါခါ ဆိုသလိုမျိုး
အဲသလိုနဲ့
တဖြည်းဖြည်း ငါတို့ဝေးကြ
တမြေ့မြေ့ ငါတို့လွမ်းကြ။ (၄)

ဒီရေမြင့်ပေါ့
ကြည့်စမ်း
ခရာဆူးခြုံ
မျှော့နက်တွေ တွယ်ပါစေ
ငါ့နှလုံးသွေး
မင်း ဆယ်ယူလိုက်ပါကွယ်
အချစ်ချည်းသက်သက် ။ (၅)

(၁) သစ်ကောင်းအိမ်
(၂) ကမာပုလဲ
(၃) ညိုထက် (လမ်းသစ်ဦး)
(၄) ရိုးဆက်
(၅) ပွင့်သစ် (ကရိန်ကန်)
၃၁၊ ၇ ၊၂ဝဝ၆

…… သူငယ်ချင်း ရဲဘော်ကြီးဂုရု (သို့မဟုတ်) ပွင့်သစ် (ကရိန်ကန်) ….. သို့ …. အမှတ်တရ
ကျွန်တော့်အနေနဲ့ ဒီ ကဗျာလေးကို ထင်မှတ်မထားပဲနဲ့ မိုးမခရဲ့ Wordpress အီးမေးလ် စာမျက်နှာမှာ ပြန်လည် တွေ့ရှိလိုက်ရတယ်။ အဲဒီအချိန်မှာ အဲဒီကာလကို ရင်ခုန်မှုတွေနဲ့ ပြန်သတိရလိုက်တယ်။ လူ (၅)ယောက်နဲ့ ကဗျာတပုဒ်၊ ဇူလိုင်မိုးစက်များ၊ လွန်ခဲ့သော (၆)နှစ်ကာလ၊ ကိုခင်ဝမ်း အမှတ်တရ၊ သူစိမ်းဆန်နေတဲ့ ဒုတိယအိမ် ….. ။
ကိုမင်းကိုနိုင်တို့ အကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကျဆုံးခဲ့တဲ့ ဂုရုရေ ….. မင်းကို သိပ်သတိရနေမိတယ် ….

အပြည့်အစုံသို့...

ABSDF အစိုးရ အကျိုးဆောင်အဖွဲ့နှင့် တွေ့ဆုံ

ကေအိုင်စီ၊ ဇန်န၀ါရီ ၁၈ရက်၊ ၂၀၁၂

မြန်မာအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ အကြား ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် မြန်မာအစိုးရ ဘက်မှစေလွှတ်သည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် ယမန်နေ့က ထိုင်း -မြန်မာနယ်စပ်သို့ လာရောက်ခဲ့ကြသည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သောင်း၏ တာဝန်ပေးချက်အရ ကရင်ပြည်နယ် ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်မှူးကြီးစောခင်စိုး(ငြိမ်း) ဦိးဆောင်သည့် ငြိမ်း ချမ်းရေးအကျိုးတော်ဆောင်အဖွဲ့သည် ယမန်နေ့က ABSDF တာဝန်ရှိသူအချို့နှင့် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ABSDF အဖွဲ့၏ တာဝန်ရှိသူများက ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အဖွဲ့၏ သဘောထားများကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များမှတဆင့် ဦးအောင်သောင်းထံသို့ ပေးပို့ခဲ့သည်။
အဆိုပါအဖွဲ့၏ သဘောထားများတွင် အစိုးရ၏ကမ်းလှမ်းမှုကို အပြုသဘောဖြင့်လက်ခံပြီး စစ်မှန်သည့် တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုကို ကြိုဆိုသည်ဟုပါရှိကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးစောခင်စိုးက ABSDF အဖွဲ့အနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သက်၍ အချိန်မရွေး ဆွေးနွေးနိုင်ကြောင်း၊ ဆွေးနွေးမှုနှင့်ပတ်သက်၍ အစိုးရဘက်က အရံသင့်ရှိသည်ဟု ပြောသည်။

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်အတွက် ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့သည် ယခုလ ၁၀ရက်နေ့က ABSDF အဖွဲ့ ထံသို့ တရားဝင် စတင် ဆက်သွယ်ခဲ့သည်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် ABSDF အဖွဲ့သည် ယခုရက် ပိုင်းအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုသားပြန်လည်သင့်မြတ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့၏ ဒုဥက္ကဌ ကိုမျိုးဝင်းက “တန်းတူညီတူ ဆွေးနွေးရေးအတွက် ကမ်းလှမ်းမှုကို ကျနော်တို့ကြိုဆိုတယ်။ ဒီကမ်းလှမ်းမှုတွေ ကို ပြည်တွင်းပြည်ပမှာရှိတဲ့ အင်အားစုအားလုံးရဲ့အကြံဥာဏ်တွေကိုယူပြီးမှ ဒီကိစ္စကိုဆုံးဖြတ်မှာ ဖြစ်တယ်။”ဟု ကရင်သတင်း ဌာနသို့ ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ဖားအံခရိုင်ရှိ ကော့မူးရာမြို့နယ် ၀မ်ခါ့စခန်းတွင် ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ လက်နက်ကိုင်ကာ တိုက်ပွဲဝင်လျှက်ရှိသည်။

အပြည့်အစုံသို့...

အင်န်အယ်ဒီက နေပြည်တော်တွင် အောင်နိုင်ရေးအဖွဲ့ ဖွဲ့စည်း

မြန်မာတိုင်း(မ်)၊ ဇန်န၀ါရီလ ၁၉ ရက် ၂၀၁၂

လာမည့် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် သီရိလေးမြို့နယ်၌ လစ်လပ်နေသည့် ပြည်သူ့ လွှတ်တော်အမတ်လောင်း နေရာများတွင် ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယင်း လေးမြို့နယ်၌ ကြားဖြတ် အောင်နိုင်ရေးအဖွဲ့များကို ယခုလ ၁၇ ရက်က ဖွဲ့စည်းလိုက်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနဲ့ ဒက္ခိ ဏသီရိမြို့တွေမှာ မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ငံရေးအဖွဲ့တွေကို အဖွဲ့ဝင် ၂၀ ၀န်းကျင်နဲ့ ဖွဲ့စည်းလိုက်ပါပြီ"ဟု ရမည်းသင်းခရိုင် အောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုး တေဇာမောင်က ပြောသည်။

အဆိုပါ သီရိလေးမြို့နယ်ရွေး ကောက်ပွဲအောင်နိုင်ရေးကို အဖွဲ့ဝင် ၂၂ ဦးပါ ရမည်းသင်းခရိုင်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ ကြီးကြပ်မှု အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်တိုင်းတွင် အနိုင်ရရှိခဲ့သော နေပြည်တော် ကောင်စီနယ်မြေတွင် ၎င်းပါတီကြီးနှစ်ခုသာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

အပြည့်အစုံသို့...

မြန်မာအစိုးရက ကချင်ကို “အပြုတ်တိုက်ချေမှုန်းနေ” ဟု KIO ဆို

ဇန်န၀ါရီ (၁၉)ရက် ၂၀၁၂

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဇန်န၀ါရီ ၁၈ ယနေ့ ပထမနေ့ ကျင်းပသည့် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲတွင် အစိုးရက ကချင်ကို “အပြုတ်တိုက်ချေမှုန်းရေး စစ်ဆင်နေသည်” ဟု KIO က ဖော်ပြခဲ့သည်။

ရွှေလီမြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ပထမအကြိမ်တွေ့ဆုံခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကာ ထူးခြားချက်မှာ “ကချင်လူမျိုးစုများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးကို နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက်” နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံခြင်းဖြစ်သည်။

“ကချင်တိုင်းရင်းသားများနှင့် ကချင်ပြည်နယ်၏လိုအင်ဆန္ဒများကို ပင်လုံတွင်သဘောတူညီခဲ့ကြပြီးဖြစ်သော အမျိုးသားရေးတန်းတူမှုနှင့် တိုင်းရင်းသားများကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များအပေါ် အခြေခံသော နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုလားပါသည်။” ဟု အချက် ၆ ချက်ပါ KIO ၏ စာတမ်းကို ဦးအောင်သောင်း ခေါင်းဆောင်သည့် မြန်မာအစိုးရအဖွဲ့သို့ ပေးအပ်ခဲ့သည်။

“၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ပိုမိုကြီးမားလျက်ရှိပါသည်။ များပြားလှသည့်စစ်အင်အားအသုံးပြုမှုကြောင့် မလိုလားအပ်သောပြဿနာများ နေ့စဉ်ဖြစ်ပွားနေပြီး အပြုတ်တိုက်ချေမှုန်းရေးစစ်ပွဲအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်” ဟု ဆက်လက်တင်ပြထားသည်။


ယခုအခါ ၈ လ ကြာ တိုက်ပွဲများကြောင့် ပြည်သူ ၆၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း အကူအညီပေးသည့်အဖွဲ့အစည်းများပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၅၀ ခန့်ရှိရာ KIO နှင့်စစ်ပွဲဖြစ်ပွားလာချိန် နောက်ထပ် တပ်ရင်း ၅၀ ခန့် ကချင်ပြည်နယ်သို့ရောက်ရှိလာသည်။

ထို့အပြင် ရွှေ ရေနံနှင့်သဘာဓါတ်ငွေ့စီမံကိန်းလမ်းကြောင်းပေါ်ရှိ ရှမ်းပြည်မြောက်ပိုင်းမှ KIA တပ်မဟာ ၄ ဌာနချုပ်နှင့် ၎င်းအောက် တပ်ရင်းများသည် ယခင်နှစ် စက်တင်ဘာလမှ အစိုးရ နယ်မြေခံတပ်ရင်းများအပြင် တပ်မ ၉၉ နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားကာ KIA တပ်စခန်းများ ဆုတ်ခွာပေးခဲ့ရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၎င်း၏တပ်များကို ထိုးစစ်ဆင်ခြင်း မပြုလုပ်ရန်ညွှန်ကြား ထားသော်လည်း ထိုနေ့မှ ဇန်န၀ါရီလ ၁၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၆၀ ခန့်ရှိသည်ဟု KIO တွဲဖက် အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘာ လာနန် က ကချင်သတင်းဌာနသို့ပြောသည်။

ပြည်ထောင်စုမှခွဲထွက်ရေး နိုင်ငံရေးလမ်းစဉ်ဖြင့် KIO သည် ၁၉၆၁ ခုနှစ်မှ နက်လက်ကိုင်တော်လှန်ရေး စတင်ခဲ့ သော်လည်း ၁၉၇၆ နောက်ပိုင်း ပင်လုံညီလာခံပေါ်အခြေခံကာ ပြည်ထောာင်စုအတွင်း ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးလမ်းစဉ်သို့ ပြောင်းလဲခဲ့သည်။

ကိုးကား... KNG

အပြည့်အစုံသို့...

ဗကသများအဖွဲ့ ချုပ် ဗဟိုစည်းရုံးရေးကော်မတီ(ယာယီ) ဖွဲ့စည်း


အပြည့်အစုံသို့...

ABSDF လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိ

မဇ္ဈိမ၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြန်မာအစိုးရ
နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိကြောင်း အင်္ဂါနေ့က အကြောင်းပြန်ကြားလိုက်ပြီဟု အဖွဲ့ပြောခွင့်ရသူ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း
စောခင်စိုး လက်မှတ်ထိုး၍ ကိုယ်တိုင် လာရောက်ပေးပို့သည့် ဇန်န၀ါရီ ၁၀ ရက်စွဲပါ ကမ်းလှမ်းစာကို အကြောင်းပြန် လိုက်ခြင်းဖြစ်သည်။

စောခင်စိုး၏ စာတွင် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ‘တန်းတူညီတူ’ ဆွေးနွေးမည်ဟု ဖော်ပြပါရှိပြီး မိမိတို့ဘက်မှ သဘောဆန္ဒကို ပြန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်း က မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးပြဿနာတွေကို တန်းတူညီတူ အဖြေရှာနိုင်ဖို့အတွက် ကျနော်တို့ဘက်ကလည်းပဲ ဆန္ဒရှိတယ်ဆိုတာကို အဓိကပါ။ တရားဝင်စာနဲ့တော့ မနေ့ကပဲ ကျနော်တို့ ဆက်သွယ်ရေး လမ်းကြောင်းကနေတဆင့် အကြောင်းပြန် လိုက်ပါပြီ” ဟု ပြောသည်။

ကျောင်းသားတပ်မတော် (ခေါ်) ABSDF အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း စာအတွင်း၌ ထည့်သွင်းဖော်ပြခဲ့သည်ဟု သိရသည်။

တွေ့ဆုံမည့် နေရာနှင့်ပတ်သက်၍မူ “ကျနော်တို့ရွေးချယ်မှုအတိုင်း သူတို့လက်ခံ ဆောင်ရွက်သွားမယ်လို့ သဘောထားကတော့ သူတို့ အကြမ်းမျဉ်း မိတ်ဆက်ပေးပါတယ်။ ဒီကိစ္စ တွေကို ကျနော်တို့ ဘာမှ မဆွေးနွေးရသေး ပါဘူး” ဟု ဦးမျိုးဝင်း က ပြောသည်။

ဦးသိန်းစိန် အစိုးရအနေနှင့် တိုင်းရင်းသား အဖွဲ့ ၅ ခုနှင့် အပစ်ရပ် သဘောတူညီမှုများ ရထားပြီးဖြစ်သော်လည်း တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကာ နိုင်ငံရေးလုပ်ငန်းစဉ်များ ပါဝင်ရမည်ဟု အနှစ် ၂၀ ကျော် အတွေ့အကြုံကို အခြေခံ၍ သုံးသပ်ထားကြောင်း ဦးမျိုးဝင်းက ပြောသည်။

ABSDF ၏ တပ်ရင်း ၉ ရင်းအနက် အများစုမှာ မြန်မာအစိုးရနှင့် အပစ်ရပ် သဘောတူပြီးဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေအတွင်းနှင့် ကရင်နီ၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်စပ်တို့တွင် အခြေခံ လှုပ်ရှားနေကြ
ခြင်း ဖြစ်သည်။

KNU နှင့် စစ်ရေးပူးပေါင်းလှုပ်ရှား ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဖြစ်လာနိုင်သည့်တိုင် နိုင်ငံရေးလုပ်ငန်းစဉ်များကိုမူ ဆက်လက်ဆောင် ရွက်နိုင်မည်ဟု KNU နှင့် နှစ် ၂၀ ကျော် ဆက်ဆံရေးအပေါ်အခြေခံ၍ ABSDF က ယုံကြည်သည်ဟု ဆိုသည်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကမူ အစိုးရနှင့် အပစ်ရပ်ထားသော်လည်း နိုင်ငံရေး လုပ်ငန်းစဉ်များ
ဆွေးနွေးရန်ကျန်ရှိသေးသည်ဟု ပြောသည်။

“တပြည်လုံး အတိုင်းအတာ အပစ်ရပ်ရေးရမှ ပြေလည်မှာပေါ့လေ။ နိုင်ငံရေး ဆွေးနွေးစရာ အများကြီးရှိသေးတယ်။ (ABSDF နဲ့) လောလောဆယ် ပူးပေါင်းလှုပ်ရှားတာ ရှိသေးတာပေါ့။ မဟာမိတ်ကဏ္ဍမှာ ပြန်ဆွေးနွေးရမှာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အစိုးရ
နှင့် ABSDF အကြား ငြိမ်းချမ်းရေး ဆွေးနွေးမည်ကို ကြိုဆိုလိုက်သည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ABSDF ၏ အခန်းကဏ္ဍသည် တိုင်းရင်းသားများနည်းတူ အရေးပါကြောင်း၊ သို့သော် အဖွဲ့အတွင်း အကျေအလည် သဘောတူရန် အရေးကြီးသည်ဟု သုံးသပ်သည်။

ထို့ပြင် မြန်မာ့တပ်မတော်၏ သဘောထားကိုလည်း သတိရှိရန် လိုသည်ဟု ထောက်ပြသည်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သမ္မတက ထိုးစစ်တွေရပ်ပါလို့ ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားတယ်။ ထိုးစစ်တွေ က ထိုးနေတုန်းပဲ။ သုံးဘက် ရှိတယ်ဗျ။ လက်နက်ကိုင်အဖွဲ့အစည်းများ အကုန် အစုံ၊ တဘက်က အစိုးရ သူတို့ survival အရ၊ သူတို့လုပ်ငန်းတွေ အောင်မြင်ဖို့အရ ငြိမ်းချမ်းရေး လိုအပ်ပြီဆိုတာ သိတယ်။ တဘက်က အစိုးရ စကားတောင်မှ နားမထောင်ဘဲနဲ့ ဒီနေ့အထိ ထိုးစစ် တွေ လုပ်နေတဲ့ စစ်တပ်ရှိတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။

၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူသွားရန် စီစဉ်နေကြောင်း သိရသည်။

အပြည့်အစုံသို့...

Tuesday, January 17, 2012

မြစ်ကြီးနား- လိုင်ဇာကားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ(၁၇) ရက် ၂၀၁၂

ဇန်န၀ါရီ(၁၆)ရက် မနက်(၇း၀၀)နာရီမှ နေ့ လည်(၁၂း၀၀)နာရီအချိန်ခန့် ထိ မြစ်ကြီးနား-လိုင်ဇာကားလမ်းမပေါ်ရှိ ကန်ဒေါင်ယန်ကျေးရွာ(Gang Dau Yang) တွင် ရောက်ရှိနေသော မြန်မာအစိုးရစစ်တပ် ခမရ(၃၁၈)တပ်ဖွဲ့ နှင့် ဗိုလ်ကြီးဘရန်မိုင် ဦးဆောင်သော ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်တို့ အဆိုပါ ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။တိုက်ပွဲတွင် မြန်မာအစိုးရတပ် ဘက်မှ(၂)ဦးသေဆုံးပြီး(၂)ဦး ဒဏ်ရာရရှိသွားကြောင်းထပ်မံသိရှိရသည်။

အလားတူ ဇန်န၀ါရီ(၁၆)ရက် မနက်ပိုင်းမှ နေ့ လည်ချိန်ထိ မြစ်ကြီးနား-လိုင်ဇာလမ်းပိုင်း မလိချောင်းတံတား အထက်ဘက်တွင် စခန်းချနေသော မြန်မာအစိုးရတပ် ခလရ(၃၈၉)(၃၉၀)ပူးပေါင်းတပ်ဖွဲ့ တို့ အား ကေအိုင်အေ တပ်ရင်း(၂၅၅)တပ်ဖွဲ့ ဝင်များမှ ဆွဲမိုင်းဖြင့် လျှပ်တပြက် ၀င်ရောက်တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ထို့ အပြင် ဇန်န၀ါရီ(၁၆)ရက် ညနေပိုင်း(၅း၀၀)နာရီခန့် တွင် လွိုင်ဂျော်ဘွမ်(Loi Jaw bum) ဘက်သို့ စစ်ကြောင်းထိုးတက်လာသော မြန်မာအစိုးရတပ် ခမရ(၄၃၈)(၃၂၀)ပူးပေါင်းတပ်ဖွဲ့ နှင့်ကေအိုင်အေ တပ်ရင်း(၂၅)မျိုးချစ်တပ်ဖွဲ့ ဝင်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုအား မသိရသေးပါ။
Source ( eedynews)

အပြည့်အစုံသို့...

Monday, January 16, 2012

Aung San Suu Kyi Live Chat with Virginia Tech (with myanmar subtitles)

အပြည့်အစုံသို့...

မကဒတ ဥက္ကဌရဲဘော်သံခဲနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းသည့်ကိစ္စ (အင်တာဗျူး )

ဆုံဆည်းရာ၊ ဇန်န၀ါရီလ (၁၅)ရက် ၂၀၁၂

RFA အသံလွှင့်ဌာနနှင့် မကဒတ ဥက္ကဌရဲဘော်သံခဲနှင့် ငြိမ်းချမ်းရေး စကားပြောဘို့ ကမ်းလှမ်းသည့်ကိစ္စ အင်တာဗျူး ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မေး။ ဘယ်လို ကမ်းလှမ်းတယ်ဆိုတာကို ရှင်းပြပေးပါခင်ဗျ။
ဖြေ။ ဟုတ်ကဲ့-ပြည်တွင်း ငြမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်တို့ကနေပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ရင်းနှီးခင်မင်စွာနဲ့ ဖိတ်ခေါ်အပ်ပါတယ်ဆိုပြီး ကျနော်တို့ဆီကို စာတစ်စောင်ရေက်လာပါတယ်။ အဲဒီစာတစ်စောင်နဲ့ပါတ်သက်ပြီး သူတို့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ်အေးချမ်းသာယာရေးကောင်စီ ဥက္ကဌစောခင်စိုး ကနေပြီးတော့မှ အဖွဲ့ကိုယ်စား လက်မှတ်ထိုးပြီးတော့မှ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ အဓိကပြောတဲ့ အကြောင်းအရာကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဘို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တန်းတူရည်တူ ဆွေးနွေးနိုင်ရန် သဘောထားချမှတ်ခြင်းနှင့် တွေ့ဆုံဆွေးနွေးနိုင်မယ့်ရက်ကို ပြန်ကြားပေးဘို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။

မေး။ ABSDF ခေါင်းဆောင်ပိုင်းအနေနဲ့ အခုလို ကမ်းလှမ်းလာတဲ့အပေါ်မှာ ဘယ်လိုတုံ့ပြန်ဘို့ စဉ်းစားထာပါလဲ။
ဖြေ။ ABSDF ဗဟိုကော်မီတီအနေနဲ့ ယခုလို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကမ်းလှမ်းလာမှုကို ကျနော်တို့ အဖွဲ့အနေနဲ့ကြိုဆိုတယ်။ အထူးသဖြင့် ကျနော်တို့ အဖွဲ့အစည်းဟာ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးအတွက် တန်းတူရည်တူဆွေးနွေးရေးတွေကို ရှိနိုင်ဘို့အတွက် အစဉ်တစိုက်တောင်းဆို တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဒီကြိုးပမ်းဆောင်ရွက်မှုတွေဟာ ကျနော်တို့ တဖွဲ့တည်းနဲ့ လုံလောက်နိုင်မှု မရှိဘူး။ ဒီဆွေးနွေးမှုတွေဟာ နိုင်ငံရေးအရ သက်ဝင်ရမယ်။ ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်တဲ့နေရာမှာ သက်ဆိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေပါ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်း လိုအပ်တယ်။ သို့သော်လည်းပဲ ပဏာမအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ကျနော်တို့ အနေနဲ့ကြိုဆိုတယ်။ စနစ်တကျ တုံ့ပြန်နိုင်ဘို့အတွက် ဗဟိုကော်မီတီထဲမှာ လိုက်နာရမယ်မူတွေ၊ ကျနော်တို့ဆွဲကိုင်ထားရမယ်မူတွေ၊ အပြုသဘောဆိုင်ရာ ဆွဲကိုင်ထားရမယ့်မူတွေကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။

မေး။ အကျဉ်းထောင်တွေထဲမှာ ABSDF ရဲဘော်တွေ ဖမ်းဆီးခံထားရတာတွေ ရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်း စဉ်းစားတာတွေ ရှိလား။
ဖြေ။ ကျနော်တို့ သေသေချာချာကို ထည့်သွင်းစဉ်းစားရမယ့် အချက်တွေပါ။ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ်မှာ ဆွေးနွေးတဲ့အပေါ်မှာ တတိုင်းပြည်လုံးဆိုင်ကိစ္စတွေ ဆွေးနွေးကြမှာဖြစ်သလို တဆက်တည်းမှာလည်း ကျနော်တို့ အဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေလည်း စဉ်းစားရမယ်လို့ ကျနော်တို့မြင်ပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ အဖွဲ့အစည်းအပေါ်မှာ မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကိစ္စတွေ ရှိတယ်။ နောက်တခုကတော့ ကျနော်တို့ ရဲဘော်တွေဟာ နှစ်ရှည်ထောင်ဒါဏ်နဲ့ ဗမာပြည်ထောင်တွေထဲမှာ အကြောင်းအမျိုးမျိုး ကျပြီးတော့ မတရား ဖမ်းဆီခံထားရတဲ့သူတွေ၊ ABSDF တပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ ဒီလူတွေဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့်ပဲ အကျဉ်းကျထားတာဖြစ်တယ်။ သူတို့လွတ်မြောက်ရေးအတွက် တပြိုင်တည်း အဖြေရှာ၇လိမ့်မည်လို့ ထင်တယ်။

မေး။ ဘယ်လို အခြေအနေမျိုးမှာ ABSDF အနေနဲ့ အပစ်အခတ်ရပ်ဆဲဘို့ ရှိပါသလဲ။
ဖြေ။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး အခင်းအကျဉ်းကိုရောက်ဘို့ဆိုတာ အများကြီး လိုအပ်သေးတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဒါဟာ- အာဏာရယူထားတဲ့ အစိုးရဘက်က ဖြစ်ပေါ်လာမယ် နိုင်ငံရေးပြသာနာတွေကို ဖြေရှင်းပြီးတော့ အားလုံးတွေ့ဆုံနိုင်တဲ့ အခင်းအကျင်းကို ယုံကြည်အောင် ဖန်းတီးပေးမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

အပြည့်အစုံသို့...

ပြင်သစ်နိုင်ငံအမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ပေးအပ်


ပြင်သစ်နိုင်ငံအမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အာလန်ယွိပ် မှ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်စဉ်

အပြည့်အစုံသို့...

Sunday, January 15, 2012

ကချင်ဒေသ အတွင်း တိုက်ပွဲများအဆက်မပြတ်နေ့ စဉ်ဖြစ်ပွား

ဇန်န၀ါရီ (၁၅)ရက် ၂၀၁၂

ဇန်န၀ါရီ(၁၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ခန့်  ကေအိုင်အေ တပ်မဟာ(၂)နယ်မြေ လောက်အောင်ကောင်(Lawt Awng Kawng) ဘန်ဒေါင် (Ban Dang) ဒေသဘက်သို့ စစ်ကြောင်းထိုး တက်လာသော မြန်မာအစိုးရတပ် ခလရ(၁၄၁) ခမရ(၃၈၂) ပူးပေါင်းစစ်ကြောင်း အင်အားတစ်ရာကျော်ခန့် အား ကေအိုင်အေ တပ်ရင်း(၅)တပ်ဖွဲ့ ဝင်များမှ မုဒူပရမ်(Mu Du Prang) တွင် စောင့်ကြိုတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ (၂)ဦးကျဆုံး(၃)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ဇန်န၀ါရီ(၁၄)ရက် နေ့ လည်(၁း၀၀)နာရီခန့် တွင် ကေအိုင်အေ တပ်မဟာ(၃) နယ်မြေဘက်တွင် ရောက်ရှိနေသော မြန်မာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံ တပ်ဖွဲ့ များသည် ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ရောက်ရှိစခန်းချနေရာ ယိန်းဖန်ခက်( Ying Hpan Hkyet)ဒေသ ဘက်သို့  (၁၂၀)မမ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ထည့်ကာ တိုက်ခိုက်နေကြောင်း သိရှိရသည်။ အဆိုပါဒေသ လွိုင်ယိမ်း(Loi Ying) သို့ ဗန်းမော်ဘက်မှတက်လာသော အစိုးရ စစ်ရဟတ်ယာဉ်တစ်စီး ၀င်ရောက်လာကာ အတန်ကြာလှည့်လည်ပျံသန်းနေပြီး လာလမ်းအတိုင်း ပြန်လှည့်သွားကြောင်း ထပ်မံ သိရှိရသည်။

ဇန်န၀ါရီ (၁၄)ရက် မနက်(၆း၀၀)နာရီအချိန်ခန့် ကေအိုင်အေ တပ်မဟာ(၂) နယ်မြေဘက်သို့ စစ်ကြောင်းထိုးကာ ရောက်ရှိနေသော မြန်မာအစိုးရတပ် ခလရ(၁၄) ခမရ(၃၈၂) ခမရ(၃၈၄) ပူးပေါင်း တပ်ဖွဲ့ အင်အား (၆၀)ခန့် အား ကေအိုင်အေ တပ်ရင်း(၅) ဆနိုက်ပါ တပ်ဖွဲ့ဝင်များမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ (၁)ဦးသေ (၁)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဇန်န၀ါရီ (၁၄)ရက် မနေ့ က ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ဒေါ့ဖုန်းယန်ဒေသ တွင် စခန်းထိုင် ထားသော မြန်မာအစိုးရတပ် ခလရ(၁၄၂)တပ်ရင်းတို့ သည် (၁၂၀)မမ လက်နက်ကြီးများကို အသုံးပြုကာ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ရှိနိုင်မည်ထင်သော ခလားတောင်(Hka La)နှင့် တိန်းယန်ဒေသ( Ting Yang) ဘက်သို့  လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ထည့်ကာ တိုက်ခိုက်နေကြောင်း သိရှိရသည်။

Source -
http://kachinnet.net/news/172-kia-dap-ba-ginra-ni-hta-gasat-poi-matut-manoi-byin-nga.html

အပြည့်အစုံသို့...

တရုပ်နိုင်ငံသား ကချင်လူမျိုးတစ်ဦးအား မြန်မာစစ်တပ်မှပစ်ခတ်သတ်ဖြတ်

ဇန်န၀ါရီ(၁၅)ရက် ၂၀၁၂

ဇန်န၀ါရီ(၁၂)ရက် ကြာသပတေးနေ့ ညနေပိုင်းအချိန်က လွယ်ဂျယ်မြို့ မုဘွမ် (Mu Bum)တွင် စခန်းထိုင်သော ရွှေညောင်ပင်တပ်ရင်း ခမရ (၃၂၁)မှ တပ်ဖွဲ့ဝင်များသည် တရုပ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ကာ နယ်စပ်မှ တစ်မိုင်ခန့် ဝေးကွာသော နေရာတွင် တောင်ယာလုပ်ကိုင်နေသော တရုပ်ပြည် လွိုင်လုံကျေးရွာ (Loi Lung) တွင်နေထိုင်သော တရုပ်နိုင်ငံသား ကချင်မျိုးနွယ် ကချင်အမျိုးသား ဦးလဖိုင် ဇော်လွန်( Lahpai Zau Lawn) အသက် ( ၅၃) နှစ် အား မြန်မာစစ်သားများမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ ဦးခေါင်းအား ရိုက်နှက်ထားသောကြောင့် ကြေမွနေပြီး ခန္စာကိုယ်ပေါ်တွင် သေနတ် ဒဏ်ရာ(၆)ချက် တွေ့ရှိရကြောင်း သိရသည်။

ဦးလဖိုင်ဇော်လွန် ၏ အလောင်းအား ရွာသားများမှ ဇန်န၀ါရီ (၁၄)ရက်နေ့မှ သွားရောက် ရှာဖွေတွေ့ရှိရပြီး သေနတ်ဖြင့် ပစ်သတ်ထားသောနေရာမှ ကိုက်(၃၀၀)ခန့် ဝေးသောနေရာတွင် ရှာဖွေမတွေ့နိုင်ရန် မြန်မာစစ်သားများမှ ၀ှက်ထားကြောင်းနှင့် အဆိုပါ အလောင်းအား ၀ှက်ထားသော နေရာတစ်ဝိုက် နင်းမိုင်း နှစ်လုံးကိုပါ ထောင်ထားကြောင်း သိရှိရသည်။ ပြန်လည်ရှာဖွေတွေ့ရှိရသော ရုပ်အလောင်းအား ဇန်န၀ါရီ (၁၄) မနေ့က ရွာသူရွာသားများမှ မြုပ်နှံသဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

(Jinghpaw Kasa)(ကချင်သတင်းဌာန မှ အင်္ဂလိပ်ဘာသာ သတင်း )
http://www.kachinnews.com/news/2210-burma-army-kills-chinese-civilian-in-yunnan.html...

အပြည့်အစုံသို့...

Saturday, January 14, 2012

မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနှင့် KIA တပ်မဟာ(၂)(၃)တို့ တွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ (၁၄)လ ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ ယိန်းဖန်ခက်(Ying Hpan hkyet) မဒါဘွမ် (Mada Bum) နှင့် ဂေါ့ငူဘွမ် ( Gawk Ngu Bum)တို့ တွင် ကေအိုင်အေ တပ်ရင်း(၁) တပ်ရင်း(၁၆)တပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် တပ်မ(၈၈) ၊ စခက အမှတ်(၂၁)ပူးပေါင်းတပ်ဖွဲ့ တို့  ဇန်န၀ါရီ(၁၃)ရက် မနက် (၈း၀၀)နာရီမှ (၁၁)နာရီ အချိန်ခန့် အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလားတူ ဇန်န၀ါရီ(၁၃) မနက်(၈း၀၀)နာရီ အချိန်ခန့်  မြစ်ကြီးနား -ဗန်းမော် ကားလမ်းပိုင်းရှိ ဂျာပူကျေးရွာ နှင့် မဒီးယန်ကျေုးရွာ အကြား ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် ခမရ(၃၉၀)တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြေင်းသိရသည်။

ကေအိုင်အေ တပ်မဟာ(၂)နယ်မြေ မါကော့ပ်ဇွပ်(Makawk Zup) ဒေသ တွင် ကေအိုင်အေ တပ်ရင်း(၁၁)တပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခမရ(၃၈၂)(၃၈၅)တပ်ဖွဲ့ တို့  ဇန်န၀ါရီ(၁၃)ရက် ညနေ(၄း၀၀)နာရီ မှ (၅း၃၀)နာရီခန့် ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအား ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

Source ( Kachinnet)

အပြည့်အစုံသို့...

Friday, January 13, 2012

ယနေ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးသည့် စာရင်း

ဆုံဆည်းရာ၊ ၁၃ ရက် ဇန်န၀ါရီလ ၂၀၁၂ (ပို့စ်တင်ချိန် မြန်မာစံတော်ချိန် ၉ နာရီ)

ဇန်န၀ါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ် မြန်မာစံတော်ချိန် ၉ နာရီ ၃၀ မိနစ် အချိန်အထိ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့ စာရင်းကို အကျဉ်းထောင် အလိုက်ဖော်ပြထားပါတယ်။ ဆက်လက်ပြီးတော့လည်း နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့ စာရင်းကို အချိန်နဲ့တပြေးညီ ဖော်ပြပါ့မယ်ခင်ဗျား....။

ကလေးထောင်

(၁) ဦးစိုင်းညွန့်လွင် (ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)
(၂) ကိုမျိုး​အောင်နိုင်၊
(၃) ဦး​တင်ယု
(၄)​ ဦး​ကျော်​အောင်၊
(၅) ဦး​ကျော်​ကျော်
(၆) ကိုစိုး​ရာဇာဖြူ၊
(၇) ကို​ဝေဖြိုး
(၈) ကိုမင်း​မင်း​ထွန်း
(၉) ကိုနိုင်လင်း
(၁၀)​ ကို​ဌေး​အောင်
(၁၁)​ ကို​နေလင်း​အောင်

ကော့သောင်းထောင်
(၁) ကိုပြုးံချို (၈၈ မျိုးဆက်)
(၂) ကိုမျိုးမင်း
(၃) ကိုဇော်မင်းလေး
(၄) ကိုအောင်မျိုးမင်းပိုင်

ကျောက်ဖြူထောင်
(၁) စိုင်းလှအောင် (ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)
(၂) ကိုဝင်းမော် (ခ)မော်ကြီး
(၃) ရွှေမောင်(ခ)ဆံရှည်
(၄) ဖြိုးမောင်မောင်စိုး(ခ)ဖြိုးကြီး
(၅) ဇော်မင်း(ခ)ဘောင်းဘောင်း
(၆) အောင်ကျော်ကျော်(ခ)ဘောကြီး
(၇) မျိုးမင်း
(၈) ကရင်လေး
(၉) တင်အောင်စိုး(ခ) စိုးစိုး
(၁၀) ခင်မောင်အေး
(၁၁) စိုးညွန့် (စစ်ထောက်လှမ်းရေးဟောင်း)
(၁၂) မောင်မောင်နိုင် (စစ်ထောက်လှမ်းရေးဟောင်း)
(၁၃) ဝေထွန်းဦး (စစ်ထောက်လှမ်းရေးဟောင်း)


ကျိုင်းတုံထောင်
(၁)ကိုသိန်းဇော်
(၂) ကိုညီညီဇော်
(၃) ကိုညွန့်ဟန်

ကသာထောင်

(၁) မလှလှဝင်း

ဘားအံထောင်
(၁) နေဘုန်းလတ် (ခ) နေမျိုးကျော်
(၂) ညဏ်လင်း
(၃) သန့်စင်အောင်
(၄) ကျော်ကျော်နိုင်
(၅) နန္ဒစစ်အောင်
(၆) ပြည့်ဖြိုးအောင်
(၇) ဦးညီပု (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်)

တောင်ငူထောင်
(၁) ဦးခွန်ထွန်းဦး (ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)
(၂) ဦးဇော်ဇော်မင်း (ကိုဒီငြိမ်းလင်း ဖခင်)
(၃) ဦးဝတုတ်
(၄) ဘီဘီဇီငြိမ်း
(၅) ဦးသန်းထိုက်အောင်
(၆) ကိုရဲကျော်သူ
(၇) ကိုမျိုးအောင်
(၈) ဖြိုးဇော်လတ်
(၉) ဒေါ်နော်လှ
(၁၀) ဒေါ်နော်ဆေး
(၁၁) ဦးဝင်းကို(NKD)
(၁၂) ဗိုလ်ကြီးထိန်ဝင်း (စစ်ထောက်လှမ်းရေးဟောင်း)
(၁၃) ဗိုလ်မှူးကျော်ကျော်ထွန်း (စစ်ထောက်လှမ်းရေးဟောင်း)
(၁၄) ဗိုလ်မှူးကြီးဝင်းမြင့် (စစ်ထောက်လှမ်းရေးဟောင်း)

တောင်ကြီးထောင်
(၁) ကိုဂျင်မီ (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၃) ကိုဇော်သက်ထွေး
(၄) ကိုကျော်ကိုကို
(၅) ကိုဇော်မင်းဦး
(၆) ကိုဇော်ဝင်း
(၇) ကိုအောင်ကျော်ကျော်
(၈) သူရစိုး
(၉) မန်းဇော်ထွေး
(၁၀) ကိုမောင်ကံ

လားရှိုးထောင်
(၁) ကိုမင်းဇေယျာ
(၂) ကိုမင်းဟန်
(၃) မဟန်နီဦး
(၄)ကိုဇာနည်အောင်
(၅)ကိုနိုင်ဦး(ခ) ဦးနန္ဒ၀ံသ(မြင်းခြံစွန်းလွန်း)
(၆) ဦးမြင့်နိုင်
(၇) ကိုအောင်သန်းမြင့်(ခ) မဂ္ဂင်ဆရာတော် ဥူးက္ကန္ဒက၊
(၈)ကိုငွေစိုးလင်း (ဒီဗွီဘီ သတင်းထောက်)
(၉) ကိုမင်းထွန်း
(၁၀)ကိုမြတ်လင်းထွဋ်

ဘူးသီးတောင်ထောင်
(၁) ကိုဌေးကြွယ် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကိုစည်သူမောင်
(၃) ကိုသန့်စင်မျိုး
(၄) ကိုအောင်ဇော်ဦး
(၅) ကိုကျော်ဝင်းဆန်း
(၆) မောင်မောင်လတ်
(၇) ဦးပြည်ကျော်
(၈) ကျော်မင်း
(၉) ကိုဝဏ္ဏပံသ
(၁၀) ကိုထွန်းညို
(၁၁) စိုင်းထွန်းညွန့် (ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)

စစ်တွေထောင်
(၁) ဒေါက်တာသက်လွင်
(၂) ကိုသန်းတင်(ခ)ကိုကြီးသန်း
(၃) ပြည့်ဖြိုးလှိုင်
(၄) အောင်အောင်ကျော်(ဧရာဝတီ)
(၅) ဇေယျာဦး(ဧရာဝတီ)
(၆) ဦးပုရစ်
(၇) ကျော်ဇင်ဝင်း
(၈) ဒေါပုံနေနေ

ပခုက္ကူထောင်

(၁) ကိုစိုင်းညီညီမိုး

မြစ်ကြီးနားထောင်
(၁) သီဟသက်ဇင်
(၂) ကျော်ဝင်း
(၃) ကြည်စိုး
(၄) ဇေယျာအောင်
(၅) မျိုးမင်းသန်း
(၆) ဦးဝီရသူ

မုံရွာထောင်
(၁) ဒီငြိမ်းလင်း
(၂) ဦးလှထွေး(ခ) ဦးဝိလာသက္က
(၃) လာရန်းကျွရ်
(၄) ကိုကိုနိုင်(ခ) စူးရှ
(၅) နိုဘယ်လ်အေး


မြောင်းမြထောင်
(၁) ဦးဂမ္ဘီရ
(၂) ကိုကံမြင့်
(၃) ကပ်လန်ခွ
(၄) စန္ဒာမင်း

မြင်းခြံထောင်
(၁) မသက်သက်အောင်

မြိတ်ထောင်
(၁) ကိုကျော်ကျော်ထွေး (ခ) မာကီး (၈၈ မျိုးဆက်ကျောင်းသား)
(၂) ကိုကျော်စွာဝင်း

မိုင်းဆတ်ထောင်
(၁) ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကရင်လေး စောနေထူး

ရွှေဘိုထောင်
(၁) ကိုသက်ဇော်
(၂) မီးမီး (ခ) သင်းသင်းအေး

ဟင်္သာတထောင်
(၁) ကိုစည်သူဇေယျ
(၂) ကိုဟန်ဇော်ထွန်း
(၃) ဦးကိုကိုလေး
(၄) ဦးကေလာသ


ဗန်းမော်ထောင်
(၁) ဦးဘမြင့် (အန်အယ်ဒီ အလုံမြို့နယ်)
(၂) ဒေါ်မာမာဦး (၈၈ မျိုးဆက်)
(၃) ကိုကျော်စွာဋ္ဌေး
(၄) ဒေါက်တာဝင့်သူ
(၅) ကိုပဏ္ဍိတ်ထွန်း

ပုသိမ်ထောင်
(၁) ကိုဇော်လတ် (ဘီလူးကျွန်း)
(၂) ကိုသန်းထွဋ်အေး (တောင်ဥက္ကလာ)
(၃) ကမ်ခန့်ခွာ(ရန်ကုန်)
(၄) မခိုင်မာစိုး (ဖြူးမြို့)

ပြည်ထောင်

(၁) ဇာလီထွန်း
(၂) ဝေဖြိုး
(၃) ပြည့်ဖြိုးမောင်

ပူတာအိုထောင်
(၁) ဒေါ်ဝင်း​မြမြ
(၂) ကိုအောင်သူ (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်

ပဲခူးထောင်
(၁) ကိုဖြူဖွေး (GW)

သရက်ထောင်
(၁) ကိုမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) မင်းခေါင်ထွဋ်
(၃) တင်ထွဋ်ပိုင်
(၄) မင်းသိန်းထွန်း
(၅) သူရအောင်
(၆) ကိုကိုလှိုင်
(၇) ဂျော်လီထွန်း
(၈) တော်မီထွန်း
- ၉ ဦးလွှတ်၊ ၉ ဦးကျန်

သံတွဲထောင်
(၁) ကိုသန်းနိုင် (မင်္ဂလာဒုံ အန်အယ်လ်ဒီ)

သာယာဝတီထောင်
(၁) မနီလာသိန်း
(၂) မကြည်ကြည်ဝါ
(၃) ဘိုဘို
(၄) ဦးရဲမြင့်
(၅) လွင်မိုးမြင့်
(၆) အောင်သန်း(ခေါ်)အောင်မိုး
(၇) ခင်လှိုင်(ခ)ဖိုးဆောင်း
(၈) ကျော်အောင်
(၉) ၀င်းထိုက်(ခ)ဦးရာဇဓမ္မ
(၁၀) ဆရာရဲ

အင်းစိန်ထောင်
(၁) ဦးခိုင်မောင်ရီ - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်( အလုံ )
(၂) မသန္တာ
(၃) ခင်ခင်နု
(၄) ဝေေ၀နု
(၅) မအေးချမ်း
(၆) ကိုထင်ကျော်
(၇) ဦးအောင်သိန်း (အန်အယ်လ်ဒီ လူမှုထောက်ကူ)
(၈) ဇွဲနေ၀င်း (အာဏာရှင် ဦးနေ၀င်းမြေး)
(၉) အေးနေ၀င်း (အာဏာရှင် ဦးနေ၀င်းမြေး)

အိုးဘိုထောင် (မန္တလေး)
(၁) ဆရာတော်ကြီး ဦးဇနိတ
(၂) ဆရာတော် ဦးသီဟ
(၃) ကျောက်သင်္ဘောမှ ဆရာတော် ဦးဆန်န္ဒိမာ
(၄) ရွှေပေါက်ပင်မှ ဆရာတော် ဦးခေမာ
(၅) ကိုလှမျိုးနောင် (၈၈မျိုးဆက်)
(၆) မတင်မာဆွေ
(၇) ကိုအောင်ကိုလွင်
(၈) ကိုမင်းသူ
(၉) ကိုဝင်းကြည်

အကျယ်ချုပ်
(၁) ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)
(၂) ဦးမြင့်ဇော် (ဗိုလ်မှူးချုပ်ဟောင်း)

အပြည့်အစုံသို့...

ငြိမ်းချမ်းရေးအတွက် ABSDF ကို အစိုးရကမ်းလှမ်း

ဘီဘီစီ၊ ၁၂ ရက် ဇန်န၀ါရီလ ၂၀၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့တယ်လို့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းက ဘီဘီစီကိုပြောပါတယ်။ အစိုးရဘက်ကနေ စာအား၊ နှုတ်အားဖြင့် ABSDF ကို ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေပြီ ဆိုတာကို၊ ပြည်သူလူထု တရပ်လုံးကို အသိပေးလိုပါကြောင်း ကိုမျိုးဝင်းက ပြောပါ တယ်။ နိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ လူငယ်ထု၊ ကျောင်းသားထု အားလုံးကို ကိုယ်စားပြု ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အခုလိုဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ၊ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲ ရေးကိစ္စ၊ မတရားတဲ့ ဥပဒေတွေ ပြင်ဆင်နိုင်ရေးနဲ့ ပြည်သူလူထု လက်မခံနိုင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတို့ကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေးဟာလည်း နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက် အစပြုတဲ့ ကြိုးပမ်းချက် တခုသာ ဖြစ်ကြောင်း သူကပြောပါတယ်။ အပစ်အခတ် ရပ်စဲရေး တခုတည်းနဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ကြောင်းနဲ့၊ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေးကနေ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်စဲဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကလည်း ဆက်လက် ကြိုပမ်းလိမ့်မယ် လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။

KNU နဲ့ ABSDF တို့ဟာ နှစ်ပေါင်း ၂၃ နှစ်ကျော် အတူလက်တွဲ လှုပ်ရှားလာတာဖြစ်လို့၊ အခုလို KNU က အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူလိုက်တာကြောင့် ABSDF အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ မရှိနိုင်ဘူးလို့ ဆိုပါတယ်။

အပြည့်အစုံသို့...

Thursday, January 12, 2012

အကျဉ်းသား (၆၅၁)ဦး လွတ်မည်

ဆုံဆည်းရာ၊ ဇန်န၀ါရီ ၁၂ ရက် ၂၀၁၂

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော အကျဉ်းသား အကျဉ်းသူ (၆၅၁)ဦးကို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ဇန်န၀ါရီ (၁၃)ရက်နေ့ က စပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်က ယနေ့ ညနေ (၆)နာရီ သတင်းမှာ ကြေညာသွားတာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိစေရေးအတွက် လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံ သားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးတာလို့ ဆိုပါတယ်။ ထပ်မံရရှိသောသတင်းများအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော အကျဉ်းသား ၆၅၁ဦးတွင် နာမည်ကျော်နိုင်ငံရေး အကျဉ်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများစွာပါဝင်ကြောင်းလည်း သိရသည်။

အပြည့်အစုံသို့...

မြန်မာစစ်တပ် ရွာအတွင်းသို့ ရမ်းသန်းပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရ

ဇန်န၀ါရီလ (၁၂)ရက် ၂၀၁၂

ဇန်န၀ါရီ(၁၁)ရက်နေ့  မနေ့က မြန်မာအစိုးရ စစ်တပ် ခလရ(၃၈၈) တပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့ မှ စိန်လုံဒေသ သို့ စစ်ကားကြီး (၁၄)စီးပါ ယာဉ်တန်းဖြင့် ဗန်းမော်မြို့မှ ထွက်ခွာလာရာ လမ်းခုလပ် မိုးမောက်မြို့ကို ဖြတ်သန်းနေစဉ် အဆိုပါ ယာဉ်တန်းမှ ကားတစ်စီး၏ ကားတာယာ ပေါက်ကွဲမှုဖြစ်ပွားရာ ယာဉ်တန်းတွင် လိုက်ပါလာသော စစ်သားများမှာ ကေအိုင်အေ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်သည် ထင်ပြီး လမ်းတစ်ဖက်တစ်ချက်ရှိ လူနေအိမ်များရှိရာသို့ လက်နက်ကြီးငယ်ဖြင့် ပရမ်းပတာပစ်ခတ်ခဲ့ရာ ရွာသားနှစ်ဦးဖြစ်သော မင်းမင်း (၃၆)နှစ် နှင့် ညီထွေး (၃၀)နှစ်တို့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရှိရသည်။

ကိုးကား...
http://kachinnet.net/news/169-myen-hpyen-ni-sinat-gap-ayai-dat, -nmawk-mung-mare-masha-lahkawng-hkalam-hkrum.html

အပြည့်အစုံသို့...

ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ဗြိတိန်မှ ပေါင်နှစ်သန်းကူညီမည်

ရန်ကုန်တိုင်းမ်(နန်းတင်ထွေး)
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)

ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များ အတွက် ဗြိတိန်နိုင်ငံမှ ပေါင်နှစ်သန်း ကူညီထောက်ပံ့သွားရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကတိပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံနိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန (DFID)ရုံးအကြီးအကဲ မစ္စတာပေါလ်ဝတ်တင် ဟမ်က ယခုလ ၁၀ ရက်နေ့က ပြောသည်။

"ကျွန်တော်တို့အနေနဲ့ ဒီအထောက်အပံ့တွေကို အစိုးရထိန်းချုပ်မှု အောက်မှာရှိတဲ့ ဒုက္ခသည်တွေအတွက်သာမက KIO ရဲ့ထိန်းချုပ်မှု အောက်မှာရှိတဲ့ ဒုက္ခသည်တွေအတွက်ပါ ပေးပို့သွားမှာပါ" ဟု ၎င်းက ပြောသည်။

"ရေရှည် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ကဏ္ဍမှာတော့ ကျွန်တော်တို့ အနေနဲ့ အစိုးရနှင့် KIO နှစ်ဖက်စလုံးမှာ အလုပ်လုပ်နေတဲ့ ပြည်တွင်း အဖွဲ့တွေကို ရန်ပုံငွေပေးအပ်သွားဖို့ များပါတယ်။ အဲဒီအဖွဲ့တွေဟာ နှစ်ဖက်စလုံးမှာ ယုံကြည်မှုတည်ဆောက်နိုင်တဲ့သူတွေ ဖြစ်ရမယ်"ဟု မစ္စတာဝတ်တင်ဟမ်မ်ကပြောသည်။

အကူအညီပေးမည့်အဖွဲ့များမှာ ရန်ပုံငွေများအား သုံးစွဲပြီးသလောက်နီးပါးဖြစ်နေခြင်းအပြင် ရာသီဥတုအခြေအနေကြောင့် အကူ အညီများအား အရေးတကြီးပေးပို့ရန် လိုအပ်သော်လည်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲမှာ ကြီးမားသောစိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

"ဒါဟာအဲဒီဒေသမှာ အကူအညီပေး လုပ်ငန်းတွေလုပ်နေတဲ့ အဖွဲ့အစည်းတွေအတွက် အင်မတန်ကိုခက်ခဲတဲ့ အခြေအနေ တစ်ရပ်ပါ" ဟု မစ္စတာဝတ်တင်ဟမ်က ပြောသည်။

ထို့ပြင် အစိုးရက အထောက်အပံ့ပေး ရေးလုပ်ငန်းများအား အတားအဆီး မရှိခွင့်ပြုရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်အပစ် အခတ်ရပ်စဲရန် ကြေညာလိုက်ပြီးနောက် ကုလသမဂ္ဂအဖွဲ့အစည်းများအား KIO ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ ပထမဆုံး သွားရောက်ခွင့် ပြုလိုက်ကြောင်း မစ္စတာ ၀တ်တင်ဟမ်က ပြောသည်။

"အဲဒါဟာ အစိုးရရဲ့ ပထမခြေလှမ်းပါ။ ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် အဲဒီမှာ အလုပ်လုပ်နေတဲ့အဖွဲ့တွေဆီကနေ ကျွန်တော်တို့ နားလည်ထားတာက ဒုက္ခသည်တွေ အများစုဟာ အကူအညီတွေမရသေးဘူး ဆိုတာပဲ"ဟု ပြောသည်။

ရန်ပုံငွေအများစုအား လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့ များ အချိန်မီပေးရာတွင် သုံးစွဲသွားမည် ဖြစ်သော်လည်း ရန်ပုံငွေအချို့ကို ကချင် ပြည်နယ်နှင့် မြန်မာနိုင်ငံရှိအခြားသော ဒေသများတွင် ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် သုံးစွဲသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

သို့သော်လည်း ယခုချိန်အထိ မည်သည့်အဖွဲ့အစည်းများအား ပေးအပ်သွားမည်ကိုမူ ဆုံးဖြတ်ချက်မချရသေးကြောင်း ၎င်းက ပြောသည်။

ဇန်န၀ါရီလ ၆ ရက်နေ့က ဗြိတိသျှ ကောင်စီတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာဝီလျံဟေ့ဂ်က ကချင်ပြည်နယ်ရှိ ဒုက္ခသည်ပေါင်း ၁၃,၀၀၀ နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ထောက်ပံ့မှုများပေးသွားမည် ဟု ပြောကြားခဲ့သည်။်

အပြည့်အစုံသို့...

မြ၀တီတွင် စက်မှုဇုန် တည်ဆောက်ခွင့်ရပြီ

YGN၊ ဇန်န၀ါရီလ ၁၂ ရက် ၂၀၁၂

မြဝတီမြို့တွင် စက်မှုဇုန်တည်ဆောက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီး ဦးစိုးသိန်းက ယနေ့ KNU ငြိမ်းချမ်းရေးသဘောတူ စာချုပ်လက်မှတ် ရေးထိုးပွဲတွင် ပြောကြားလိုက်သည်။ ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ပထမဆုံးအနေဖြင့် ဘားအံမြို့နယ်တွင် စက်မှုဇုန်တည်ဆောက်ခွင့် ပြုခဲ့ပြီ ဖြစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဘားအံမြို့တွင်ပြုလုပ်သော KNU နှင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ်လက်မှတ် ရေးထိုးပွဲ အပြီးတွင်ယင်းသို့ စက်မှုဇုန် တည်ဆောက် ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်းသည် ယခင်ကတည်းကပင် နိုင်ငံတော်အစိုးရက ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူထောင်ရန် စီစဉ်ထားသော စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ အချိန်တိုအတွင်း မြဝတီတွင် စက်မှုဇုန် တစ်ခုထူ ထောင်ပေးရန် ထပ်မံ ကတိပြုခဲ့ခြင်း ဖြစ်သည်။

အပြည့်အစုံသို့...

အမေရိကန်ပြည်ထောင်စု၏ အကောင်းဆုံး နိုင်ငံရေးသိပ္ပံကျောင်း ၁၀ ကျောင်း

ဦးတင်ညွန့်

ဒီခေတ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာတွေ ခေတ်စားနေတော့ နိုင်ငံရေးဆိုတာကို မေ့ထားကြတာ များတယ်။ နိုင်ငံရေးကိုမေ့နေတော့ နိုင်ငံရေးသမားတွေ လုပ်ချင်တာလုပ် ခေါင်းငုံ့ခံရတယ်။ နိုင်ငံရေးကို သိစရာမလိုဘူးလို့ သဘောထားတော့ သူများပြောသမျှ အဟုတ်ထင်တတ်တယ်။ နိုင်ငံရေးကို ငါတို့နဲ့ မဆိုင် ပါဘူးလို့ထင်တော့ ကိုယ်တိုင်ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ပျောက်ကုန်ပြီး ဟိုလူ့နောက် လိုက်ရ နိုးနိုး၊ သည်လူ့နောက်လိုက်ရနိုးနိုး၊ ဟိုလူပြော ကောင်းနိုးနိုး၊ သည်လူပြော ကောင်းနိုးနိုးဖြစ်လာကြတယ်။ တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေချည်း လိုအပ်တာမဟုတ်ပါ ဘူး၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေ၊ နိုင်ငံရေးလေ့လာသူတွေ အများကြီး လိုပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာမှာ နိုင်ငံရေအကြောင်း ကောင်း ကောင်း သိသူတွေ လိုအပ်ပါတယ်။

ခေါင်းဆောင်ကောင်းဖြစ်ရေး၊ နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးမှာ နိုင်ငံရေးအကြောင်းသိသူတွေ မွေးထုတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပညာသွားရောက်သင်ကြားဖို့ အခွင့် အရေးလည်းရမယ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်း စိတ်ပါဝင်စားတယ်၊ သင်ကြားလိုပါတယ်ဆိုတဲ့သူ တွေအတွက် အမေရိကန်မှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေကို ဖော်ပြလိုက်ပါတယ်။


Harvard University

တစ်နိုင်ငံလုံးက နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ပတ်သက်ပြီး အကောင်းဆုံးသင်ကြားနိုင်တဲ့ကျောင်းလို့ သတ်မှတ်ထားကြပါတယ်။ ဟားဗတ်သင်ရိုးတွေမှာ သမိုင်းရေးဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ လူ့ဘောင်အဖွဲ့ အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ ဒဿနိကဗေဒဆိုင်ရာ အတွေးအမြင်နဲ့ချဉ်းကပ်မှုဆိုပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပါတယ်။ ဒီနှစ်ပိုင်းတွေမှာ Government Department ဆိုတာ ထပ်ဖွင့်ပြီး နိုင်ငံရေးကို အရေအတွက်အရတိုင်းတာမှု၊ အပြုအမူအရတိုင်းတာမှု၊ အစဉ်အလာသဘောတရား အရတိုင်းတာမှုဆိုတာတွေကို ထပ်မံတိုးချဲ့ သင်ကြားပေးနေတယ်။ နိုင်ငံရေးကို သမိုင်းရေးအမြင်၊ ခေတ်ရေးအမြင်နှစ်ရပ် ပေါင်းစပ်သင်ကြားတာကြောင့် ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့ လုံလောက် တဲ့အခြေခံတွေ ပါသွားနိုင်ပါတယ်။ ဟားဗတ်မှာကျောင်းတက်သွားပြီး အမေရိကန်နိုင်ငံသမ္မတဖြစ်နေသူ ၇ ဦးလောက်ရှိပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ထူးခြားချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်စာကြည့် တိုက်ကြီးကို ထူထောင်ထားနိုင်တာပါ။ အဲဒီကျောင်းလောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ program တွေ၊ seminar တွေပေါတာလည်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံကိုသင်ရင်း ကျောင်းသားတွေဟာ လူတစ်ဦးချင်း လိုက် နာစောင့်ထိန်းအပ်တဲ့ စည်းမျဉ်းတွေနဲ့ အသားကျသွားမှာဖြစ်လို့ သိပ်ပြီးပူပင်စရာမလိုတဲ့နေရာတစ်နေရာ လည်းဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာအထောက်အပံ့တွေ၊ ပညာသင်ဆုတွေ၊ ဂုဏ်သတင်းကျော်စောမှုတွေ ကြောင့် နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားတဲ့သူတွေ ဟားဗတ်ကျောင်းကိုသာ ဦးစားပေးအနေနဲ့ ရွေးချယ်လေ့ ရှိကြတယ်။

Yale University

ယေးလ်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကတော့ ကမ္ဘာအနှံ့ကျော်ကြားပြီးသားပါ။ နိုင်ငံရေးသိပ္ပံကို ဒဿနိကဘာသာရပ်နဲ့ တွဲဖက်ထားပြီး ခေါင်းဆောင်နိုင်သူတစ်ယောက်ရဲ့ အတွေးအမြင်တွေကို ရင့် ကျက်အောင်လေ့ကျင့်သင်ကြားပေးနေတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံမှာ Health Policy, Globalization, Social and Policy Studies ဆိုတဲ့ဘာသာရပ်တွေကို ထပ်မံတိုးချဲ့သင်ကြား ပေးနေတဲ့အပြင် Ethics, Politics, Economics ဘာသာရပ်တွေကိုလည်း မလပ်အောင် သင်ကြားပေး နေတယ်။ ပညာသင်ထောက်ပံ့ကြေးတစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀၀ လောက်ပေးဖို့အစီအစဉ်တွေလည်း ရှိတာကြောင့် ကျောင်းသားအများစု စိတ်ဝင်စားကြတယ်။ အမေရိကန် သမ္မတ ၅ ဦးဟာ ယေးလ် ကျောင်းထွက်တွေဖြစ်ပါတယ်။

Princeton University

အမေရိကန်ပညာရေးသမိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း တစ်ကျောင်းအဖြစ် နာမည်ကြီးတယ်။ အစဉ်အလာကြီးတဲ့ နိုင်ငံရေးသိပ္ပံဌာနကိုလည်း ဖွင့်လှစ်ထား တယ်။ နိုင်ငံရေးသိပ္ပံဌာနမှာ ဆရာ ၆၀ လောက်ရှိတယ်။ အကြီးဆုံနိုင်ငံရေးသိပ္ပံဌာနလို့လည်း ပြောနိုင် တယ်။ နည်းပညာနဲ့သင်ကြားမှုအပိုင်းမှာလည်း ထိပ်တန်းရောက်နေတဲ့တက္ကသိုလ်ပါ။ Seminar တွေ၊ ဆွေးနွေးပွဲတွေ၊ သုတေသနတွေအများကြီးလုပ်ပေးနေတဲ့အတွက် ကျောင်းသားတွေအတွက် အခွင့် အလမ်းကောင်းတွေ အများကြီးရနိုင်တဲ့ နေရာတစ်နေရာလို့ပြောနိုင်တယ်။

Stanford University


စတန်းဖို့ဒ်တက္ကသိုလ်က ကျောင်းသားတွေကို ပါရဂူဘွဲ့လောက်ယူနိုင်သူတွေဖြစ်အောင် လေ့ကျင့် သင်ကြားပေးနေပါတယ်။ နှစ်စဉ် ပါရဂူဘွဲ့အတွက် ၁၂ ယောက်ကနေ ၁၅ ယောက်လောက်အထိ ပါရဂူဘွဲ့တန်းကို တက်ရောက်ဖို့ ရွေးချယ်ကြတယ်။ ဒီကျောင်းရဲ့ ထူးခြားချက်က ဆရာနဲ့ကျောင်းသား သင်ကြားမှုအချိုး အရမ်းနည်းတယ်။ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကိုလည်း ရွေးချယ်ခွင့်ရှိ တယ်။ American Politics, Comparative Politics, International Relations, Political Methodology, Political Institutions, Political Theory တွေကို ရွေးချယ်သင်ကြားခွင့်ရှိတယ်။

University of California, Berkeley

နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားနေတဲ့ကျောင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ပါတယ်။ နိုင်ငံရေး သိပ္ပံဌာနမှာ ဆရာ ၅၂ ယောက်ရှိတယ်။ ခေါင်းဆောင်ကောင်း၊ စည်းကမ်းဥပဒေ၊ နိုင်ငံရေးဘာသာရပ် တွေကို သင်ကြားပို့ချပေးနေပါတယ်။ ဒီဌာနကဆရာတွေက အခြား လူမှုဗေဒ၊ ဘောဂဗေဒ၊ ဥပဒေ၊ စီးပွားရေးစတဲ့ဌာနတွေမှာလည်း နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်ပြီးသွားသင်ပေးရတယ်။ ဝေဖန်ဆန်းစစ်တဲ့ အတွေးအမြင်ဆိုင်ရာစာပေတွေလေ့လာဖတ်ရှုစေခြင်း၊ ပိုင်းခြားစိတ်ဖြာတဲ့အမြင်နဲ့ ရေးသားပြုစုစေခြင်း တွေကိုလေ့ကျင့်ပေးလို့ ကျောင်းသားတွေအတွက် အကျိုးများစေတယ်။ ဆရာကျောင်းသားအချိုးက 18:450 နှုန်းသတ်မှတ်ပြီး သင်ကြားပေးနေတယ်။ ဆရာတစ်ယောက် ကျောင်းသား ၂၅ ယောက်နှုန်း လောက်ရှိမယ်။

University of Michigan, Ann Arbor


နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမှုမှာ အစဉ်အလာကြီးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပထမဦး ဆုံး နိုင်ငံရေးသိပ္ပံကျောင်းတော်သားတွေကို ပညာရှင်ပုံစံမျိုးဖြစ်အောင် ရိုက်သွင်းတယ်။ နောက်ပိုင်း ဒီကျောင်းထွက်တွေဟာ သင်ကြားရေးပိုင်းတွေ၊ သုတေသနအပိုင်းတွေမှာ ထူးချွန်သူတွေဖြစ်လာတယ်။ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရွေးချယ်သင်ယူနိုင်ခွင့်တွေ အများ ကြီး စီစဉ်ပေးထားတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်၊ လိုအပ်တဲ့ဘာသာရပ်ကို လေ့လာသင်ကြား နိုင်တယ်။

University of Chicago


ပထမဦးဆုံး နိုဗယ်ဆုရ နိုင်ငံရေးသိပ္ပံပညာရှင်ထွက်ပေါ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဟားဗတ် ဆိုင်မွန်ဆိုသူဟာ ဒေါက်တာဘွဲ့ကို ဒီကျောင်းကရပြီး နိုဗယ်ဆုကိုလည်း ရရှိခဲ့တယ်။ ဒီကျောင်းရဲ့ထူး ခြားချက်က အစဉ်အလာပညာသင်ကြားရေးစနစ်တွေကို ရိုက်ချိုးဖျက်ပြီး ခေတ်သစ် စနစ်သစ်နဲ့ ကိုက်ညီအောင် သင်ကြားတယ်ဆိုတာကို ဂုဏ်ယူနေတယ်။ စည်းကမ်းအကောင်းဆုံး၊ တီထွင်သင်ကြား မှုအကောင်းဆုံးပညာရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့ ကျောင်းတစ်ကျောင်းအနေနဲ့ နာမည်ကျော်ပါတယ်။

Duke University


အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသိပံ္ပဌာနကြီးတစ်ခုရှိတယ်။ ဘွဲ့ရကျောင်းသားတွေရဲ့ သင်ကြားမှု ပရိုဂရမ်အမှတ်ပေးခြင်းမှာ နံပါတ် ၂ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်တယ်။ ဘာသာခွဲတွေ အနေနဲ့ American Politics, Comparative Politics, International Relations, Political Theory and Methods ဘာသာရပ်တွေကိုပါ သင်ကြားပေးတယ်။ Race, Ethnicity, Politics ဘာသာရပ်တွေ ကိုလည်း သီးခြားဘာသာရပ်အနေနဲ့ ထပ်မံလေ့လာနိုင်တယ်။ ဘွဲ့ရပြီး ဘွဲ့လွန်တန်းတက်နေသူတွေက ကျောင်းသားတစ်ယောက် ဆရာနှစ်ယောက်နှုန်းလောက်နဲ့ သင်ကြားပေးတယ်။

University of California, Los Angeles


နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဘာသာခွဲတွေအနေနဲ့ Political Theory, International Relations, American Politics, Comparative Politics, Methodology, Race, Ethnicity and Politics ဘာသာ ရပ်တွေကို သင်ကြားရတယ်။ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးများကို နှိုင်းယှဉ်လေ့လာခြင်း၊ နိုင်ငံရေး သဘောတရားနှင့်လက်တွေ့ပညာရပ်တွေကိုသင်ကြားရာမှာ အထူးနာမည်ကြီးတယ်။

Massachusetts Institute of Technology



MIT ဆိုတာကတော့ သုတေသနပြုလုပ်ရာမှာ နာမည်ကျော်တဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းရဲ့ နိုင်ငံရေးသိပံ္ပဌာနမှာ American Politics, Comparative Politics, International Relations, Models and Methods, Political Economy, Security Studies ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။ ကျောင်းသားကို အနည်းငယ်ပဲလက်ခံတယ်။ ဘွဲ့ကြိုတန်းရောက်ရင် seminar ပုံစံတွေနဲ့ပဲ သွားတော့တယ်။ နည်းပညာရှင်တွေအများကြီးထွက်တဲ့ကျောင်းမှာ နိုင်ငံရေးသိပ္ပံကျောင်း တစ်ကျောင်းအနေနဲ့ ထိပ်ဆုံး ၁၀ ကျောင်းထဲစာရင်းဝင်တာကတော့ သာမန်မဟုတ်ဘူးလို့ဆိုရမယ်။

ကိုးကား.... အမေရိကန်ပြည်ထောင်စု၏ အကောင်းဆုံး နိုင်ငံရေးသိပ္ပံကျောင်း ၁၀ ကျောင်း - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A529468&xgs=1&xg_source=msg_share_topic#ixzz1jEeoWOxu

အပြည့်အစုံသို့...

KIA တပ်မဟာ(၄) ၊တပ်မဟာ(၅)နယ်မြေ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

ဇန်န၀ါရီ (၁၂)ရက် ၂၀၁၂

ကချင်လွတ်မြောက်ရေး တပ်မတော် ရှမ်းပြည်အခြေစိုက် တပ်မဟာ(၄)နယ်မြေ ဆွန်လုံ(ခလွမ်ပါ) ဒေသဘက်မှ ဆင်းလာသော မြန်မာစစ်ကြောင်း ခမရ (၅၆၇)တပ်ဖွဲ့ အား ကေအိုင်အေ တပ်ရင်း(၉)တပ်ဖွဲ့ ဝင် တို့ မှ ဇန်န၀ါရီ (၁၁)ရက် မနက်(၃း၀၀)နာရီအချိန်ခန့် က ဟူမုန်းကျေးရွာ(Hu Mung)အနီးတွင် စောင့်ကြိုတိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ဆမား(Sa Ma) လမ်းပိုင်းရှိ ဆမားလမ်းဆုံနေရာတွင်ရောက်ရှိတပ်စွဲကာ နေရာဝင်ယူထားသော မြန်မာစစ်တပ် ခမရ (၃၈၉)(၃၉၀)တပ်ဖွဲ့ ဝင်များဟုယူဆရသော အစိုးရစစ်တပ် နှင့် ကေအိုင်အေ တပ်ပေါင်းစုတပ်ဖွဲ့ ဝင်တို့  ဇန်န၀ါရီ(၁၁)ရက် နေ့ လည်ခင်း(၁း၀၀)နာရီ အချိန်ခန့် က အဆိုပါဒေသ တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ထို့ အပြင် ဇန်န၀ါရီ(၁၀)ရက်နေ့ မနက်အစောပိုင်း(၃း၃၀)နာရီ အချိန်ခန့် က ကေအိုင်အေ တပ်ရင်း(၁) မျိုးချစ်တပ်ဖွဲ့ ဝင်များမှ တပ်မဟာ(၃)နယ်မြေ လွယ်ဂျယ် တွင်တပ်စွဲထားသော မြန်မာစစ်တပ် ခလရ(၃၂၁)တပ်ဖွဲ့ များအား ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။အသေးစိတ် သတင်းအားမသိရှိရသေးပါ။

ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ ဖော်ဒေါ (Hpaw Daw) နှင့် လုံဂျင်း(Lung Jing)ကြားဒေသ တွင် ကွတ်ခိုင် ဘက်မှတက်လာသော မြန်မာစစ်တပ် ခလရ(၆၉)တပ်ဖွဲ့ အား ဗိုလ်ကြီး လဗျလနူး ဦးစီးသော ကေအိုင်အေ တပ်ဖွဲ့ ဝင်တို့ မှ ဇန်န၀ါရီ(၁၀)ရက်နေ့ က ပြောက်ကျားနည်းဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ (၂)ဦး သေဆုံးကြောင်းသိရသည်။

Source ( Kachinnet)

အပြည့်အစုံသို့...