Thursday, January 19, 2012

အင်န်အယ်ဒီက နေပြည်တော်တွင် အောင်နိုင်ရေးအဖွဲ့ ဖွဲ့စည်း

မြန်မာတိုင်း(မ်)၊ ဇန်န၀ါရီလ ၁၉ ရက် ၂၀၁၂

လာမည့် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် သီရိလေးမြို့နယ်၌ လစ်လပ်နေသည့် ပြည်သူ့ လွှတ်တော်အမတ်လောင်း နေရာများတွင် ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယင်း လေးမြို့နယ်၌ ကြားဖြတ် အောင်နိုင်ရေးအဖွဲ့များကို ယခုလ ၁၇ ရက်က ဖွဲ့စည်းလိုက်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနဲ့ ဒက္ခိ ဏသီရိမြို့တွေမှာ မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ငံရေးအဖွဲ့တွေကို အဖွဲ့ဝင် ၂၀ ၀န်းကျင်နဲ့ ဖွဲ့စည်းလိုက်ပါပြီ"ဟု ရမည်းသင်းခရိုင် အောင်နိုင်ရေးအဖွဲ့ဝင် ဦးမျိုး တေဇာမောင်က ပြောသည်။

အဆိုပါ သီရိလေးမြို့နယ်ရွေး ကောက်ပွဲအောင်နိုင်ရေးကို အဖွဲ့ဝင် ၂၂ ဦးပါ ရမည်းသင်းခရိုင်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ ကြီးကြပ်မှု အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်တိုင်းတွင် အနိုင်ရရှိခဲ့သော နေပြည်တော် ကောင်စီနယ်မြေတွင် ၎င်းပါတီကြီးနှစ်ခုသာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

0 comments: