Saturday, January 14, 2012

မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနှင့် KIA တပ်မဟာ(၂)(၃)တို့ တွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ (၁၄)လ ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ ယိန်းဖန်ခက်(Ying Hpan hkyet) မဒါဘွမ် (Mada Bum) နှင့် ဂေါ့ငူဘွမ် ( Gawk Ngu Bum)တို့ တွင် ကေအိုင်အေ တပ်ရင်း(၁) တပ်ရင်း(၁၆)တပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် တပ်မ(၈၈) ၊ စခက အမှတ်(၂၁)ပူးပေါင်းတပ်ဖွဲ့ တို့  ဇန်န၀ါရီ(၁၃)ရက် မနက် (၈း၀၀)နာရီမှ (၁၁)နာရီ အချိန်ခန့် အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလားတူ ဇန်န၀ါရီ(၁၃) မနက်(၈း၀၀)နာရီ အချိန်ခန့်  မြစ်ကြီးနား -ဗန်းမော် ကားလမ်းပိုင်းရှိ ဂျာပူကျေးရွာ နှင့် မဒီးယန်ကျေုးရွာ အကြား ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် ခမရ(၃၉၀)တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြေင်းသိရသည်။

ကေအိုင်အေ တပ်မဟာ(၂)နယ်မြေ မါကော့ပ်ဇွပ်(Makawk Zup) ဒေသ တွင် ကေအိုင်အေ တပ်ရင်း(၁၁)တပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခမရ(၃၈၂)(၃၈၅)တပ်ဖွဲ့ တို့  ဇန်န၀ါရီ(၁၃)ရက် ညနေ(၄း၀၀)နာရီ မှ (၅း၃၀)နာရီခန့် ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအား ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

Source ( Kachinnet)