Thursday, January 12, 2012

အကျဉ်းသား (၆၅၁)ဦး လွတ်မည်

ဆုံဆည်းရာ၊ ဇန်န၀ါရီ ၁၂ ရက် ၂၀၁၂

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော အကျဉ်းသား အကျဉ်းသူ (၆၅၁)ဦးကို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ဇန်န၀ါရီ (၁၃)ရက်နေ့ က စပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်က ယနေ့ ညနေ (၆)နာရီ သတင်းမှာ ကြေညာသွားတာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိစေရေးအတွက် လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံ သားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးတာလို့ ဆိုပါတယ်။ ထပ်မံရရှိသောသတင်းများအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော အကျဉ်းသား ၆၅၁ဦးတွင် နာမည်ကျော်နိုင်ငံရေး အကျဉ်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများစွာပါဝင်ကြောင်းလည်း သိရသည်။

0 comments: