ရန်ကုန်တိုင်းမ်(နန်းတင်ထွေး)
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များ အတွက် ဗြိတိန်နိုင်ငံမှ ပေါင်နှစ်သန်း ကူညီထောက်ပံ့သွားရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကတိပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံနိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန (DFID)ရုံးအကြီးအကဲ မစ္စတာပေါလ်ဝတ်တင် ဟမ်က ယခုလ ၁၀ ရက်နေ့က ပြောသည်။
"ကျွန်တော်တို့အနေနဲ့ ဒီအထောက်အပံ့တွေကို အစိုးရထိန်းချုပ်မှု အောက်မှာရှိတဲ့ ဒုက္ခသည်တွေအတွက်သာမက KIO ရဲ့ထိန်းချုပ်မှု အောက်မှာရှိတဲ့ ဒုက္ခသည်တွေအတွက်ပါ ပေးပို့သွားမှာပါ" ဟု ၎င်းက ပြောသည်။
"ရေရှည် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ကဏ္ဍမှာတော့ ကျွန်တော်တို့ အနေနဲ့ အစိုးရနှင့် KIO နှစ်ဖက်စလုံးမှာ အလုပ်လုပ်နေတဲ့ ပြည်တွင်း အဖွဲ့တွေကို ရန်ပုံငွေပေးအပ်သွားဖို့ များပါတယ်။ အဲဒီအဖွဲ့တွေဟာ နှစ်ဖက်စလုံးမှာ ယုံကြည်မှုတည်ဆောက်နိုင်တဲ့သူတွေ ဖြစ်ရမယ်"ဟု မစ္စတာဝတ်တင်ဟမ်မ်ကပြောသည်။
အကူအညီပေးမည့်အဖွဲ့များမှာ ရန်ပုံငွေများအား သုံးစွဲပြီးသလောက်နီးပါးဖြစ်နေခြင်းအပြင် ရာသီဥတုအခြေအနေကြောင့် အကူ အညီများအား အရေးတကြီးပေးပို့ရန် လိုအပ်သော်လည်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲမှာ ကြီးမားသောစိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
"ဒါဟာအဲဒီဒေသမှာ အကူအညီပေး လုပ်ငန်းတွေလုပ်နေတဲ့ အဖွဲ့အစည်းတွေအတွက် အင်မတန်ကိုခက်ခဲတဲ့ အခြေအနေ တစ်ရပ်ပါ" ဟု မစ္စတာဝတ်တင်ဟမ်က ပြောသည်။
ထို့ပြင် အစိုးရက အထောက်အပံ့ပေး ရေးလုပ်ငန်းများအား အတားအဆီး မရှိခွင့်ပြုရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်အပစ် အခတ်ရပ်စဲရန် ကြေညာလိုက်ပြီးနောက် ကုလသမဂ္ဂအဖွဲ့အစည်းများအား KIO ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ ပထမဆုံး သွားရောက်ခွင့် ပြုလိုက်ကြောင်း မစ္စတာ ၀တ်တင်ဟမ်က ပြောသည်။
"အဲဒါဟာ အစိုးရရဲ့ ပထမခြေလှမ်းပါ။ ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် အဲဒီမှာ အလုပ်လုပ်နေတဲ့အဖွဲ့တွေဆီကနေ ကျွန်တော်တို့ နားလည်ထားတာက ဒုက္ခသည်တွေ အများစုဟာ အကူအညီတွေမရသေးဘူး ဆိုတာပဲ"ဟု ပြောသည်။
ရန်ပုံငွေအများစုအား လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့ များ အချိန်မီပေးရာတွင် သုံးစွဲသွားမည် ဖြစ်သော်လည်း ရန်ပုံငွေအချို့ကို ကချင် ပြည်နယ်နှင့် မြန်မာနိုင်ငံရှိအခြားသော ဒေသများတွင် ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် သုံးစွဲသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
သို့သော်လည်း ယခုချိန်အထိ မည်သည့်အဖွဲ့အစည်းများအား ပေးအပ်သွားမည်ကိုမူ ဆုံးဖြတ်ချက်မချရသေးကြောင်း ၎င်းက ပြောသည်။
ဇန်န၀ါရီလ ၆ ရက်နေ့က ဗြိတိသျှ ကောင်စီတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာဝီလျံဟေ့ဂ်က ကချင်ပြည်နယ်ရှိ ဒုက္ခသည်ပေါင်း ၁၃,၀၀၀ နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ထောက်ပံ့မှုများပေးသွားမည် ဟု ပြောကြားခဲ့သည်။်
Thursday, January 12, 2012
ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ဗြိတိန်မှ ပေါင်နှစ်သန်းကူညီမည်
Subscribe to:
Post Comments (Atom)
1 comments:
It was very interesting for me to read that blog. Thanks the author for it. I like such topics and everything that is connected to them. I would like to read more soon.
Hyundai Veracruz AC Compressor
Post a Comment