ကျနော်တို့ Burmese activists အပေါ် Sri Lankan community ရဲ့အမြင်သဘောထားကို တင်ပြပါတယ်။
ဒီ Comment ကို ဆုံဆည်းရာစာမျက်နှာရဲ့ "The 7th July of A School Librarian" post ရဲ့ Comment မှာ အသေးစိတ်ဖတ်နိုင်ပါတယ်။
We Sri Lankans, who have enjoyed the fruits of democracy for over half a century, have always respected the Burmese people’s struggle against the brutal military dictatorship. The proof of our support is shown the years long campaign we the have carried out thru various means including our website http://www.asiantribune.com to gain freedom for Aung San Suu Kyi.
We are currently disturbed to note that certain Burmese activists in Washington DC have joined with a group of Sri Lankan tamil extremists in a campaign to discredit Sri Lanka’s name.
In doing so, the Burmese activists are doing harm to our valuable relationship in the long term.
We are distressed to note that irrespective of our long standing support for your cause, some of your people would support those who seek to harm us.
At the same time, these Burmese activists, by joining with world renowned terrorists (Tamil Tigers) will bring harm and disrepute to your people’s cause as well.
We seek that you restrian your activists from causing harm to the relationship we have had with the Burmese people and your valinat struggle for a long time.
By misleading the inexperienced Burmese activists to participate in their activities, the Tamil Tiger supporters are seeking to gain from the purity of the Burmese struggle. In the process the Burmese can only lose credibility and be viewed with suspicion, once they are known to be linked to a shadowy group of terrorism supporters.
The Tamil Tigers are banned as a terror group in most nations and are monitored carefully by the FBI. By getting involved with such a group, your struggle stands to lose, and badly.
We trust your community will take serious note of this grave mistake about to happen that can harm both our communities.
Thank you
Sri Lankan community in the USA
Tuesday, July 8, 2008
Post a Comment On: ဆုံဆည်းရာ
Posted by
ဖိုးနေ
at
2:56 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Monday, July 7, 2008
(၄၆) နှစ်မြောက် (၇ ) ဇူလိုင် အရေးတော်ပုံနေ့ ထုတ်ပြန်ကြေညာချက်

တိုက်ပွဲဝင် ကျောင်းသားထု၏ (၇) ဇူလိုင် အရေးတော်ပုံကြီး (၄၆) နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သလို မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်သည်လည်း တိုင်းပြည်ကို သက်ဆိုးရှည် အုပ်ချုပ်ခဲ့သည်မှာ ( ၄၆ ) နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည် အုပ်ချုပ်ခဲ့သည်နှင့်အမျှ အဖိနှိပ်ခံ ပြည်သူလူထုကြီး၏ ဘ၀သည် စုတ်ပြတ်နုံချာကာ တိုင်းပြည်၏ အမျိုးသား ဂုဏ်သိက္ခာသည်လည်း ကျဆင်းလျက်ရှိသည်။
ဗိုလ်နေ၀င်း စစ်အုပ်စုမှ ယနေ့ ဗိုလ်သန်းရွှေ စစ်အုပ်စုအထိ တိုင်းပြည်၏ အာဏာ အရပ်ရပ်အား အဓမ္မ သိမ်းပိုက် အုပ်ချုပ်ခဲ့သည် ဖြစ်သလို ယခုအချိန့်လည်း အနာဂတ် မြန်မာနိုင်ငံတော်ကို စစ်အာဏာရှင်စနစ် ဖြင့် တရားဝင် အုပ်ချုပ်နိုင်စေရန် အခြေခံ ဥပဒေအား တဘက်သတ် အဓမ္မရေးဆွဲ အတည်ပြု ပြဌာန်းခဲ့ပြီ ဖြစ်သည်။
ဤအချက်ကပင် လက်ရှိအာဏာသိမ်း စစ်အစိုးရ ဗိုလ်သန်းရွှေ စစ်အုပ်စုသည် ဒီမိုကရေစီရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အစရှိသည့် အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက် ရေးတို့ကို လုံးဝလျစ်လျူရှု ပစ်ပယ်လိုက်ပြီဖြစ်ကြောင်းကို ပြဆိုနေပေသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ မေလ အတွင်းက တိုက်ခတ်ခဲ့သော အင်အားကြီးမားလွန်းလှသည့် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွှန်းပေါ်ဒေသရှိ ပြည်သူလူထုအပေါ် ပြုမူဆောင်ရွက်ခဲ့မှုများမှာ ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း အခိုင်အမာ ဖေါ်ပြနေသည်။
ဤအခြေအနေအောက်တွင် မိမိတို့ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အား စနစ်တကျပြင်ဆင်မှုရှိရှိဖြင့် လက်တွေ့တိုက်ပွဲဝင်သွားရေးမှတပါးအခြား ရွေးချယ်စရာလမ်းမရှိတော့ပေ။ ဤသည်မှာ လက်ရှိမျက်မှောက် နိုင်ငံရေးပြဌာန်းချက်ပင်ဖြစ်သည်။
- (၇) ရက် ဇူလိုင် အရေးတော်ပုံ စိတ်ဓါတ်ကို အခိုင်အမာ ကိုင်စွဲချီတက်ကြ။
- ဒီမိုကရေစီရေး တိုက်ပွဲ မုချ အောင်ရမည်။
- စစ်အာဏာရှင် စနစ် ကျဆုံးရမည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်)
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
ရက်စွဲ၊ ၊၂၀၀၈ - ခုနှစ်။ ဇူလိုင်လ( ၇ ) ရက်နေ့။
ပိုမိုသိရှိလိုပါက
ကိုသံခဲ - ၀၈၆ ၁၆၂ ၃၅၈၂ ။
ကိုအောင်မိုးဇော် - ၀၈၄ ၄၉၀ ၈၂၃၇ ။
ကိုမင်းနိုင် - ၀၈၁ ၆၈၀ ၂၀၁၅
Posted by
ဖိုးနေ
at
3:08 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Tuesday, May 20, 2008
Generation Wave မှ ထုတ်ပြန်ကြေငြာချက်
မေလ ၁၉ ရက်တွင် Generation Wave မှ အသံဖိုင်နှင့် ထုတ်ပြန်ကြေငြာချက် ။
ဒီလင့်ခ်မှာ နားထောင်နိုင်ပါသည် ။
တောင်းဆိုချက်ကို တစ်ပတ်အတွင်း စစ်အစိုးရမှ လက်မခံခဲ့သော် ပြည်လုံးကျွတ်လူထုလှုပ်ရှားမှုဖြစ်မည် ဟု Gen. Wave မှ မိုးသွေးက ထုတ်ပြန်ကြေငြာချက်တွင် အတိအလင်း ပြောဆိုသွားသည် ။
လူမဆန်သောစစ်အစိုးရ၏ လက်ခုတ်ထဲကရေ ဖြစ်ရတဲ့ဘ၀မှ လွတ်မြောက်ရန် ကြိုးစားဖို့ အချိန်တန်ပါပြီ ။ It's NOW or NEVER.
Posted by
Thway Ni
at
6:51 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Thursday, May 15, 2008
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ချုပ်ကြီး၏ ထုတ်ပြန်ကြေညာချက်
သပိတ်မှောက်မယ်
နအဖစစ်အာဏာရှင်များအနေဖြင့် -
၁။ အမေရိကန်အပါအ၀င် နိုင်ငံကြီးတို့ မှ ကယ်ဆယ် ရေး ၀န်ထမ်းများကို မြန်မာနိုင်ငံအတွင်း အမြန်ဆုံးဝင် ရောက်ကူညီ လုပ်ကိုင်ခွင့်ပြုရန်။
၂။ ပြည်တွင်းပြည်ပမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေး ပစ္စည်းများအားလုံးကို အမြန်ဆုံးလက်ခံခွင့်ပြုရန်။
၃။ ပြည်တွင်းပြည်ပမှ စေတနာရှင်အဖွဲ့အစည်းများ အားလုံးကို လွတ်လပ်စွာ ကူညီပြုစု ကုသခွင့်ပေးရန်။
၎။ ပြည်တွင်းပြည်ပမှ ထောက်ပံပေးနေသည့် ပစ္စည်း များ အားလုံးကို ဒုက္ခသည်များထံသို့  တိုက်ရိုက်ပေးပို့ လှူဒါန်းခွင့်ပြုရန်။
ယခုတောင်းဆိုချက် (၄) ခုကို လိုက်လျောမှု မရှိပါက (၂၃-၅-၂၀၀၈) ရက်နေ့ မှစပြီး နအဖ စစ်အာဏာရှင် များအား ပြည်တွင်းပြည်ပရှိ သံဃာတော်များနှင့် ပြည် သူလူထုတစ်ရပ်လုံး လမ်းပေါ်ထွက်ကာ ပြင်းပြင်းထန် ထန် ကန့်ကွက်ဆန္ဒပြကြရန် အလေးအနက် တိုက် တွန်းပါကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ချူပ်ကြီး။
Posted by
Tide
at
1:37 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Friday, May 9, 2008
Posted by
ဆုံဆည်းရာ
at
9:35 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Thursday, May 8, 2008
Sunday, May 4, 2008
Posted by
ဆုံဆည်းရာ
at
6:21 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Friday, May 2, 2008

မေလ ၃ ရက်၊၂၀၀၈ခုနှစ်
ရဟန်းရှင်လူပြည်သူများနှင့် မျိုးဆက်သစ်လူငယ်အပေါင်းတို့ခင်ဗျား...
ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်း ကာလရှည်ကြာဖြစ်ပေါ်နေခဲ့တဲ့ နိုင်ငံရေးပဠိပက္ခများ၊ မတရားဖိနှိပ်ခံရမှုများ၊ လူသားသိက္ခာစော်ကားခံရမှုများနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း အာဏာရှင်အစိုးရ၏ တစ်ဖက်သတ် အကြမ်းဖက်ဖြေရှင်းမှုများကြောင့် ကျွန်ုပ်တို့ မျိုးဆက်သစ်လူငယ်များသည်လည်း မိမိတို့ပြည်ထောင်စုကြီး အာဏာရှင်စနစ်၊ စစ်ကျွန်ခေတ်မှ လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်နည်းများဖြင့် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။
ကျွန်ုပ်တို့သည် စက်တင်ဘာတော်လှန်ရေးဖြစ်ပွားနေချိန်အတွင်းနှင့် နောက်ပိုင်းကာလတစ်လျှောက်လုံး မြန်မာပြည်အထက်ပိုင်းဒေသများတွင် အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေကြသည့် လူငယ်များဖြစ်ပါသည်။
ယခုအခါ အထက်မြန်မာပြည်ဒေသအချို့ရှိ လက်လှမ်းမှီသမျှ တက်ကြွလှုပ်ရှားသူများကို စုစည်း၍ Generation Wave
( မျိုးဆက်သစ်လူငယ်များအစည်းအရုံး )၏ တိုက်တွန်းဖိတ်ခေါ်ကြေငြာအတိုင်း Generation Wave Upper Myanmar
( မျိုးဆက်သစ်လူငယ်များအစည်းအရုံး-အထက်မြန်မာပြည် ) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
ယနေ့မှစ၍ ကျွန်ုပ်တို့ Generation Wave Upper (မျိုးဆက်သစ်လူငယ်များအစည်းအရုံး-အထက်မြန်မာပြည်) လူငယ်များသည် Generation Wave ၏ လမ်းစဉ်အတိုင်း အကြမ်းမဖက်နည်းလမ်းများခံယူကာ အခြားသော သံဃာ၊ ကျောင်းသား၊ ပြည်သူများနှင့် လက်တွဲ၍ ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်လာနိုင်ရေးအတွက် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း အခြားသော ဒေသများရှိမျိုးဆက်သစ်လူငယ်များကိုလည်း ကျွန်ုပ်တို့ကဲ့သို့ပင် မိမိတို့သက်ဆိုင်ရာ ဒေသအလိုက် Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)ကို ဖွဲ့စည်းတည်ထောင်၍ ဒီမိုကရေစီတိုက်ပွဲအတွင်း လက်တွေ့ပါဝင်ကြပါရန် ကျွန်ုပ်တို့မှ ထပ်ဆင့်ဖိတ်ခေါ်တိုက်တွန်းအပ်ပါကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
Posted by
ဆုံဆည်းရာ
at
10:46 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Posted by
ဆုံဆည်းရာ
at
10:39 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Thursday, May 1, 2008
Posted by
ဆုံဆည်းရာ
at
6:30 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Sunday, April 27, 2008
ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ကန့်ကွက်မဲပေးကြစို့
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်
အမှတ် (၂/၂၀၀၈)
၂၆ - ၄ - ၂၀၀၈
(၁) NLD “အထူးကြေညာချက်အမှတ် ၇/၀၄/၀၈” ကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ထောက်ခံပါတယ်၊ အချိန် မီတယ်လို့လည်း ယူဆပါတယ်။
(၂) ‘အခြေခံဥပဒေ မရှိတာထက်ရှိတာက ကောင်းတယ်’ လို့ စစ်အစိုးရကရော၊ သူ့နောက်လိုက်နောက်ပါများကပါ ပြောဟော ရေးသားနေကြတာ တွေ့ရပါတယ်။ ဒါဟာ သူတို့ရေးဆွဲထားတဲ့ ‘အခြေခံဥပဒေ’ မှာ ချို့ယွင်းအားနည်းချက်တွေ အ များကြီးရှိနေကြောင်းကို တဖက်လှည့်နဲ့ ၀န်ခံနေတာဖြစ်ပါတယ်။ ‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ’ မှာ ပြည်သူလူထုက ကန့်ကွက်မဲ တွေပေးပြီး ပယ်ချမှာကို အစိုးရိမ်ကြီး စိုးရိမ်နေကြောင်းကိုလည်း ပြသတာဖြစ်ပါတယ်။ သူတို့ရေးဆွဲထားတဲ့ ‘အခြေခံဥပဒေ’ မှာဖြင့်ရင် ဘယ်အချက်တွေ ဘယ်အချက်တွေကတော့ ကောင်းကွက်တွေရှိပါတယ်ဆိုတာကို ရှင်းမပြနိုင်ဘဲ ‘မရှိတာထက် ရှိ တာက ကောင်းတယ်’ လို့သာ ပြောနေရတာ ဖြစ်ပါတယ်။
အဲဒီလောဂျစ် (ယုတ္တိဗေဒ) မှားပါတယ်။ ‘ဆေးမသောက်ဘဲနေတာထက် ဆေးသောက်တာ ကောင်းတယ်’ ဆိုပြီး အဆိပ်ဆေး ကို ဇွတ်တိုက်နေတဲ့လောဂျစ်ပဲ ဖြစ်ပါတယ်၊
(၃) ပြည်သူလူထုမှာ အားလုံးထောက်ခံနိုင်တဲ့ ‘အခြေခံဥပဒေ’ ရှိပါတယ်။ အဲဒါက ‘၁၉၄၇ အခြေခံဥပဒေ’ ဖြစ်ပါ တယ်။ အမျိုးသားညီညွှတ်ရေးအခြေခံနဲ့ ရေးထားတာဖြစ်ပါတယ်။ ခေတ်နဲ့အညီပြုပြင် (update) လုပ်ဖို့ပဲ လိုကောင်းလိုပါ လိမ့်မယ်။
Posted by
ဆုံဆည်းရာ
at
9:37 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Thursday, April 24, 2008
အမျိုးသားဒီမိုကရေစီအဖွဲ့ချုက် အထူးထုတ်ကြေညာချက်
Posted by
ကိုဈာန်
at
7:46 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Saturday, April 19, 2008
အရှင်ဦးကောဝိဒ 10th April 2008, US Congress တွင် ပြောကြားစဉ် ..
Posted by
Thway Ni
at
8:17 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Friday, April 18, 2008
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ
၁။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို (၇)ရက် ကြိုတင် ကြေညာရမည် ဖြစ်ပါသည်။
၂။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မိမိတို့၏ အမည် ပါ/ မပါ ကြိုတင်လေ့လာရပါမည်။
(က) မပါလျှင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်သို့ တင်ပြနိုင်သည်။
(ခ) ဖြစ်နိုင်လျှင် သေဆုံး/ပြောင်းရွှေ့သွားသော ဆန္ဒမဲပေးသူများစာရင်းကို ကြိုတင်ပြုစုထားပါ။
၃။ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်သည် လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်ခြင်း ရှိ / မရှိ ဂရုစိုက်ပါ။
၎။ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်၌ မဲပုံးများတွင် ဆန္ဒမဲလက်မှတ်နှင့် အခြားပစ္စည်း တစ်စုံတစ်ရာ မရှိကြောင်း (၅)ဦးထက်မနည်း မဲပေးခွင့်ရှိသူများအား ပြသရမည်။ မဲပုံးကို လုံခြုံစွာ ပိတ်ခြင်း ရှိ / မရှိ စစ်ဆေးကြည့်ရှု့ပါ။
၅။ ဆန္ဒမဲလက်မှတ်တိုင်းတွင် ကော်မရှင်အမှတ်အသားနှင့် မဲရုံမှူးလက်မှတ် ပါ / မပါ စစ်ဆေးပါ။ ယင်းအမှတ်အသားနှင့် လက်မှတ် မပါလျှင် ပယ်မဲ ဖြစ်လိမ့်မည်။
၆။ လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်စေသည့် အမှတ်အသားပါသည်ဟု ယူဆလျှင် ဆန္ဒမဲလက်မှတ်ကို ပြန်လည်လဲလှယ်ပေးရန် တောင်းဆိုပါ။
၇။ ဆန္ဒမဲပေးရာတွင် ထောက်ခံလျှင် အမှန် ( ) အမှတ်အသားကိုလည်းကောင်း၊ ကန့်ကွက်လျှင် ကြက်ခြေခတ် ( ) အမှတ်အသားကိုလည်းကောင်း ရေးသားဖော်ပြရမည် ဖြစ်သည်။ (မိမိ၏ လွတ်လပ်သောဆန္ဒအရ ကန့်ကွက်ကြောင်း ကြက်ခြေခတ် ( ) ခြင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် လုံးဝ ငြိစွန်းခြင်း မရှိပါ)။
၈။ ပယ်မဲ မဖြစ်စေရန် သတိပြုပါ၊ သတ်မှတ်ထားသည့် အမှတ်အသားမပါသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒမဲလက်မှတ်အတုဖြစ်ကြောင်း မဲရုံအဖွဲ့က စိစစ်ဆုံးဖြတ်ထားသည့် လက်မှတ်နှင့် တစ်နည်းနည်းဖြင့် ပျက်ဆီး၍ မဲပုံးထဲထည့်ထားသည့် ဆန္ဒမဲလက်မှတ်တို့သည် ပယ်မဲဖြစ်သည်။
၉။ လျှို့ဝှက်ဆန္ဒပြုပြီးနောက် အများမြင်သာသောနေရာတွင် ထားရှိသည့် မဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်ကို ထည့်ပါ။
၁၀။ ကိုယ်စားလှယ်အဖြစ် မဲပေးခွင့်မရှိပါ။ မျက်မမြင်များနှင့် ကိုယ်လက်အင်္ဂါ မသန်မစွမ်းသူများ မဲပေးရာတွင် လျှို့ဝှက်မဲပေးစနစ်ကို မထိခိုက်စေပဲ မဲရုံအဖွဲ့က ကူညီခြင်း ဟုတ် / မဟုတ် စောင့်ကြည့်ပါ။
၁၁။ ဆန္ဒမဲပေးချိန်မှာ နံနက် (၆)နာရီမှ ညနေ (၄)နာရီအထိ ဖြစ်သည်။
၁၂။ မဲရုံမပိတ်မီ မဲရုံပရ၀ဏ်အတွင်း ရောက်ရှိနေသူများအနက် ဆန္ဒမဲမပေးရသေးသူများ ရှိပါက၊ ထိုသူများအား ဆန္ဒမဲပေးချိန် (၄)နာရီ ကျော်လွန်ပြီးဖြစ်စေကာမူ ဆန္ဒမဲပေးခွင့် ပြုရမည် ဖြစ်သည်။
၁၃။ မဲရုံပိတ်ချိန်၍ (၁၀)ထက်မနည်းသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း၌ ပါဝင်နိုင်ရန် ကြိုးပမ်းပါ။
၁၄။ (က) မဲပုံးကို စစ်ဆေးခြင်း၊ မဲပုံးကိုဖွင့်ပြီး ဆန္ဒမဲများ ရေတွက်ခြင်း တို့ကို ကြည့်ရှု့ပါ။
(ခ) ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲများကို ခွဲခြား၍ ရေတွက်ခြင်းနှင့် စာရင်းပြုစုခြင်း တို့ကို ကြည့်ရှု့မှတ်သားပါ။
(ဂ) ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲနှင့် လက်ကျန်ဆန္ဒမဲများကို တစ်ထုတ်စီ လုံခြုံစွာ ထုတ်ပိုးခြင်းတို့ကို လေ့လာမှတ်သားပါ။
၁၅။ ကြိုတင်ဆန္ဒမဲပေးသူသည်လည်း အလားတူပင်ဖြစ်သည်။ ကြိုတင်၍ ဆန္ဒပြုပြီးနောက်စာအိတ်ကို အလုံပိတ်၍ ချက်ခြင်း ပြန်အပ်ပါ။
၁၆။ အထက်ပါအချက်များကို တစ်ဦးဦးကဖြစ်စေ၊ အသင်းအဖွဲ့တစ်ခုခုကဖြစ်စေ၊ ချိုးဖေါက်ပါက မဲရုံမှူးထံ နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ တရားဝင် ချက်ခြင်းကန့်ကွက်ပါ။ (စာဖြင့် ကန့်ကွက်နိုင်လျှင် ပိုကောင်းပါသည်။)
၁၇။ ဤအချက်များကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ နားလည်သဘောပေါက်အောင် အဆင့်ဆင့် ရှင်းလင်းဆွေးနွေးပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
Posted by
ဆုံဆည်းရာ
at
4:05 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Saturday, April 12, 2008
အမေလူထု ဒေါ်အမာအတွက် မကဒတ ကျောင်းသားတပ်မတော်၏ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ
Posted by
Thway Ni
at
3:25 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Sunday, February 24, 2008
ပဒိုမန်းရှာ လုပ်ကြံခံရခြင်းနှင့်ပါတ်သတ်၍ ၇၄⁄၇၅ ကျောင်းသားဟောင်းများ၏ ထုတ်ပြန်ကြေညာချက်
Posted by
Tide
at
9:22 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Saturday, February 23, 2008
မျိုးဆက်သစ်လူငယ်များအစည်းအရုံး သဘောထားထုတ်ပြန်ကြေညာချက်
Posted by
Tide
at
6:43 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Monday, February 11, 2008
၈၈ မျိုးဆက်ကျောင်းသားများ၏ ထုတ်ပြန်ကြေညာချက်

The 88 Generation Students
Yangon (
Announcement 2/2008 (88)
Date:
Calling for the People of
Calling for the UN Security Council to Intervene in Burma Immediately with an Effective Resolution
Ban Ki-moon’s Visit to Burma Suggested, Targeted Financial and Banking Sanctions against Burmese Generals, Family Members and Crony Businessmen Required, Chinese Government’s Pressure Requested
“Prepare for the worst”, said Daw Aung San Suu Kyi, through her party leaders recently, as she was unhappy with the lack of political will of the Burmese military junta to engage in a meaningful and time-bound dialogue with democracy forces, requested by Daw Aung San Suu Kyi, her party National League for Democracy (NLD) and ethnic representatives, and supported by the international community, including the UN General Assembly with its successive resolutions and the UN Security Council with its Presidential Statement dated 11 October 2007[1]. We have given her message serious consideration; she used the famous quote of her father, our independence hero U Aung San, who had warned the people of
On
This is the declaration of war by the military regime against the people of
(1) We urge the people of
(2) We also urge al ethnic political parties and organizations to oppose the military-sponsored constitution, which does not meet the expectations of the ethnic nationalities, who have been working for the equal rights and opportunities among all ethnic nationalities.
(3) We also urge the UN Security Council to intervene in Burma effectively without further delay, with a binding resolution, which will instruct the Burmese military junta to engage in a meaningful and time-bound dialogue with Daw Aung San Suu Kyi, election winning party NLD and ethnic representatives immediately, with intention to reach a negotiated political settlement. Measures such as an arms embargo and travel ban against the Burmese military leaders will be necessary to make the resolution stronger.
(4) We also urge the UN Secretary-General Ban Ki-moon to visit
(5) We also urge the
(6) Finally, we urge the Government of China to play a more active role in pressuring the Burmese military junta to cooperate fully with democracy forces led by Daw Aung San Suu Kyi and the United Nations, by terminating its one-sided action and starting to engage in a meaningful and time-bound dialogue with Daw Aung San Suu Kyi, NLD and ethnic representatives. We hope that the Chinese Government will include the people of
The 88 Generation Students
88gstudent@gmail.com
[1] Statement by the President of the Security Council, October 11, 2007, S/PRST/2007/37, http://daccessdds.un.org/doc/UNDOC/GEN/N07/538/30/PDF/N0753830.pdf?OpenElement
[2]
Posted by
Tide
at
6:25 PM
0
comments
Labels: ထုတ်ပြန်ကြေညာချက်












