Tuesday, January 17, 2012

မြစ်ကြီးနား- လိုင်ဇာကားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ(၁၇) ရက် ၂၀၁၂

ဇန်န၀ါရီ(၁၆)ရက် မနက်(၇း၀၀)နာရီမှ နေ့ လည်(၁၂း၀၀)နာရီအချိန်ခန့် ထိ မြစ်ကြီးနား-လိုင်ဇာကားလမ်းမပေါ်ရှိ ကန်ဒေါင်ယန်ကျေးရွာ(Gang Dau Yang) တွင် ရောက်ရှိနေသော မြန်မာအစိုးရစစ်တပ် ခမရ(၃၁၈)တပ်ဖွဲ့ နှင့် ဗိုလ်ကြီးဘရန်မိုင် ဦးဆောင်သော ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်တို့ အဆိုပါ ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။တိုက်ပွဲတွင် မြန်မာအစိုးရတပ် ဘက်မှ(၂)ဦးသေဆုံးပြီး(၂)ဦး ဒဏ်ရာရရှိသွားကြောင်းထပ်မံသိရှိရသည်။

အလားတူ ဇန်န၀ါရီ(၁၆)ရက် မနက်ပိုင်းမှ နေ့ လည်ချိန်ထိ မြစ်ကြီးနား-လိုင်ဇာလမ်းပိုင်း မလိချောင်းတံတား အထက်ဘက်တွင် စခန်းချနေသော မြန်မာအစိုးရတပ် ခလရ(၃၈၉)(၃၉၀)ပူးပေါင်းတပ်ဖွဲ့ တို့ အား ကေအိုင်အေ တပ်ရင်း(၂၅၅)တပ်ဖွဲ့ ဝင်များမှ ဆွဲမိုင်းဖြင့် လျှပ်တပြက် ၀င်ရောက်တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ထို့ အပြင် ဇန်န၀ါရီ(၁၆)ရက် ညနေပိုင်း(၅း၀၀)နာရီခန့် တွင် လွိုင်ဂျော်ဘွမ်(Loi Jaw bum) ဘက်သို့ စစ်ကြောင်းထိုးတက်လာသော မြန်မာအစိုးရတပ် ခမရ(၄၃၈)(၃၂၀)ပူးပေါင်းတပ်ဖွဲ့ နှင့်ကေအိုင်အေ တပ်ရင်း(၂၅)မျိုးချစ်တပ်ဖွဲ့ ဝင်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုအား မသိရသေးပါ။
Source ( eedynews)

0 comments: