Thursday, January 12, 2012

KIA တပ်မဟာ(၄) ၊တပ်မဟာ(၅)နယ်မြေ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

ဇန်န၀ါရီ (၁၂)ရက် ၂၀၁၂

ကချင်လွတ်မြောက်ရေး တပ်မတော် ရှမ်းပြည်အခြေစိုက် တပ်မဟာ(၄)နယ်မြေ ဆွန်လုံ(ခလွမ်ပါ) ဒေသဘက်မှ ဆင်းလာသော မြန်မာစစ်ကြောင်း ခမရ (၅၆၇)တပ်ဖွဲ့ အား ကေအိုင်အေ တပ်ရင်း(၉)တပ်ဖွဲ့ ဝင် တို့ မှ ဇန်န၀ါရီ (၁၁)ရက် မနက်(၃း၀၀)နာရီအချိန်ခန့် က ဟူမုန်းကျေးရွာ(Hu Mung)အနီးတွင် စောင့်ကြိုတိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ဆမား(Sa Ma) လမ်းပိုင်းရှိ ဆမားလမ်းဆုံနေရာတွင်ရောက်ရှိတပ်စွဲကာ နေရာဝင်ယူထားသော မြန်မာစစ်တပ် ခမရ (၃၈၉)(၃၉၀)တပ်ဖွဲ့ ဝင်များဟုယူဆရသော အစိုးရစစ်တပ် နှင့် ကေအိုင်အေ တပ်ပေါင်းစုတပ်ဖွဲ့ ဝင်တို့  ဇန်န၀ါရီ(၁၁)ရက် နေ့ လည်ခင်း(၁း၀၀)နာရီ အချိန်ခန့် က အဆိုပါဒေသ တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ထို့ အပြင် ဇန်န၀ါရီ(၁၀)ရက်နေ့ မနက်အစောပိုင်း(၃း၃၀)နာရီ အချိန်ခန့် က ကေအိုင်အေ တပ်ရင်း(၁) မျိုးချစ်တပ်ဖွဲ့ ဝင်များမှ တပ်မဟာ(၃)နယ်မြေ လွယ်ဂျယ် တွင်တပ်စွဲထားသော မြန်မာစစ်တပ် ခလရ(၃၂၁)တပ်ဖွဲ့ များအား ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။အသေးစိတ် သတင်းအားမသိရှိရသေးပါ။

ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ ဖော်ဒေါ (Hpaw Daw) နှင့် လုံဂျင်း(Lung Jing)ကြားဒေသ တွင် ကွတ်ခိုင် ဘက်မှတက်လာသော မြန်မာစစ်တပ် ခလရ(၆၉)တပ်ဖွဲ့ အား ဗိုလ်ကြီး လဗျလနူး ဦးစီးသော ကေအိုင်အေ တပ်ဖွဲ့ ဝင်တို့ မှ ဇန်န၀ါရီ(၁၀)ရက်နေ့ က ပြောက်ကျားနည်းဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ (၂)ဦး သေဆုံးကြောင်းသိရသည်။

Source ( Kachinnet)

0 comments: