Thursday, January 12, 2012

မြ၀တီတွင် စက်မှုဇုန် တည်ဆောက်ခွင့်ရပြီ

YGN၊ ဇန်န၀ါရီလ ၁၂ ရက် ၂၀၁၂

မြဝတီမြို့တွင် စက်မှုဇုန်တည်ဆောက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီး ဦးစိုးသိန်းက ယနေ့ KNU ငြိမ်းချမ်းရေးသဘောတူ စာချုပ်လက်မှတ် ရေးထိုးပွဲတွင် ပြောကြားလိုက်သည်။ ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ပထမဆုံးအနေဖြင့် ဘားအံမြို့နယ်တွင် စက်မှုဇုန်တည်ဆောက်ခွင့် ပြုခဲ့ပြီ ဖြစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဘားအံမြို့တွင်ပြုလုပ်သော KNU နှင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ်လက်မှတ် ရေးထိုးပွဲ အပြီးတွင်ယင်းသို့ စက်မှုဇုန် တည်ဆောက် ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်းသည် ယခင်ကတည်းကပင် နိုင်ငံတော်အစိုးရက ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူထောင်ရန် စီစဉ်ထားသော စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ အချိန်တိုအတွင်း မြဝတီတွင် စက်မှုဇုန် တစ်ခုထူ ထောင်ပေးရန် ထပ်မံ ကတိပြုခဲ့ခြင်း ဖြစ်သည်။

0 comments: