Sunday, January 15, 2012

တရုပ်နိုင်ငံသား ကချင်လူမျိုးတစ်ဦးအား မြန်မာစစ်တပ်မှပစ်ခတ်သတ်ဖြတ်

ဇန်န၀ါရီ(၁၅)ရက် ၂၀၁၂

ဇန်န၀ါရီ(၁၂)ရက် ကြာသပတေးနေ့ ညနေပိုင်းအချိန်က လွယ်ဂျယ်မြို့ မုဘွမ် (Mu Bum)တွင် စခန်းထိုင်သော ရွှေညောင်ပင်တပ်ရင်း ခမရ (၃၂၁)မှ တပ်ဖွဲ့ဝင်များသည် တရုပ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ကာ နယ်စပ်မှ တစ်မိုင်ခန့် ဝေးကွာသော နေရာတွင် တောင်ယာလုပ်ကိုင်နေသော တရုပ်ပြည် လွိုင်လုံကျေးရွာ (Loi Lung) တွင်နေထိုင်သော တရုပ်နိုင်ငံသား ကချင်မျိုးနွယ် ကချင်အမျိုးသား ဦးလဖိုင် ဇော်လွန်( Lahpai Zau Lawn) အသက် ( ၅၃) နှစ် အား မြန်မာစစ်သားများမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ ဦးခေါင်းအား ရိုက်နှက်ထားသောကြောင့် ကြေမွနေပြီး ခန္စာကိုယ်ပေါ်တွင် သေနတ် ဒဏ်ရာ(၆)ချက် တွေ့ရှိရကြောင်း သိရသည်။

ဦးလဖိုင်ဇော်လွန် ၏ အလောင်းအား ရွာသားများမှ ဇန်န၀ါရီ (၁၄)ရက်နေ့မှ သွားရောက် ရှာဖွေတွေ့ရှိရပြီး သေနတ်ဖြင့် ပစ်သတ်ထားသောနေရာမှ ကိုက်(၃၀၀)ခန့် ဝေးသောနေရာတွင် ရှာဖွေမတွေ့နိုင်ရန် မြန်မာစစ်သားများမှ ၀ှက်ထားကြောင်းနှင့် အဆိုပါ အလောင်းအား ၀ှက်ထားသော နေရာတစ်ဝိုက် နင်းမိုင်း နှစ်လုံးကိုပါ ထောင်ထားကြောင်း သိရှိရသည်။ ပြန်လည်ရှာဖွေတွေ့ရှိရသော ရုပ်အလောင်းအား ဇန်န၀ါရီ (၁၄) မနေ့က ရွာသူရွာသားများမှ မြုပ်နှံသဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

(Jinghpaw Kasa)(ကချင်သတင်းဌာန မှ အင်္ဂလိပ်ဘာသာ သတင်း )
http://www.kachinnews.com/news/2210-burma-army-kills-chinese-civilian-in-yunnan.html...

0 comments: