Thursday, June 30, 2011

Binder 1

အပြည့်အစုံသို့...

CINDERELLA


Heartbreak Station

Waiting at the station
Tears filling up my eyes
Sometimes the pain you hide
Burns like a fire inside
Look out my window
Sometimes it's hard to see
The things you want in life
Come and go so easily

[CHORUS:]
She took the last train
Out of my heart
She took the last train
And now I think I'll make
A brand new start
She took the last train
Out of my heart

Watching the days go by
Thinking 'bout the plans we made
Days turn into years
Funny how they fade away
Sometimes I think of those days
Sometimes I just hide away
Waiting on that 9:20 train
Waiting on a memory

[CHORUS]

My lady's on the fly
And she's never coming back
My love is like a steam train
Rolling down the tracks yea, yeaa

[CHORUS]

အပြည့်အစုံသို့...

Wednesday, June 29, 2011

အလုပ်ခေါ်စာ

"ခုတ်လှဲသင့်တာတွေကိုခုတ်လှဲပစ်ခဲ့
တောင်တစ်ခုလုံးလည်းကတုံးမဖြစ်စေနဲ့"
..............................(သစ်ခုတ်သမား)

"သေနတ်နဲ့ပစ်ပါ
နယူးကလီးယားဗုံးတွေမကြဲနဲ"့
.....................(ရန်ဘက်တို့ရဲ့သဘောတူညီချက်)

"တ၀က်ချန်တ၀က်စားရေးမူနဲ့
မနက်ဖန်ကိုဆက်သွား..လူသားဆန်ဆန်"
...........................(ပန်းသီးထဲကပိုးကောင်တွေရဲ့ဒသန)

"မျိုးချစ်စိတ်မှာအပြစ်မရှိပါဘူး
တခါတခါ ပဋိပက္ခတွေဖူး
တခါတခါ ငြိမ်းချမ်းရေးတွေဖူး
မျိုးချစ်စိတ်ဟာရူးနေတယ်"
.....................(အတ္တဆင်ဖိုနီ)

"ဆီတ၀င်းဝင်း၊ သဲတရှပ်ရှပ်"
...................(မြန်မာစကားပုံ)

"ဇီးကွက်မျက်လုံးနဲ့အမဲလိုက်ထွက်
ပိုးစုန်းကြူးအရေခွံကြောင့်ငတ်ခဲ့တယ်"
............................(ရပ်ကွက်ထဲကဟာသ)

"ချစ်ခဲ့၊ မုန်းခဲ့၊ ချစ်ဆဲ၊ မုန်းဆဲ
ချစ်ဦးမှာပ၊ဲ မုန်းဦးမှာပဲ"
..................(လောလောဆယ်ရုံတင်နေသည့်ဇါတ်ကား)

မှတ်ချက်။ ။ ဘုရားတစ်ပါးအမြန်အလိုရှိ
...............အထက်ပါ ကိစ္စရပ်တို့အား
...............လှပသပ်ရပ်စွာဖြေရှင်းပေးနိုင်သည့်
...............ဖန်ဆင်းအား(သို့မဟုတ်)ညွှန်ပြတရား
...............ရှိပါက
...............အမြန် လျှောက်လွာ တင်ပါ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Dream Theater


Lost in the sky
Clouds roll by
and I roll with them
Arrows fly
Seas increase
and then fall again

This world is spinning around me
This world is spinning without me
Every day send future to past
Every breath leaves me one less
to my last

Watch the sparrow falling
Gives new meaning to it all
If not today nor yet tomorrow
then some other day

I'll take seven lives for one
And then my only father's son
As sure as I did ever love him
I am not afraid

This world is spinning around me
The whole world keeps
spinning around me
All life is future to past
Every breath leaves me one less
to my last

Pull me under Pull me under
Pull me under I'm not afraid
All that I feel is honor and spite
All I can do is set it right

Dust fills my eyes
Clouds roll by
and I roll with them
Centuries cry
Orders fly
and I fall again

This world is spinning inside me
The whole world is
spinning inside of me
Every day sends future to past
Every step brings me closer
to my last

Pull me under Pull me under
Pull me under I'm not afraid
Living my life too much in
the sun
Only until your will is done

အပြည့်အစုံသို့...

Monday, June 27, 2011

ကဗျာ

လာကြဟေ့
ညီအစ်ကိုတော်တို့
မင်းတို့ရဲ့ဘ၀ကို ငါ့ကိုပြောလှည့်ကြ။

လာကြ
ရန်သူက
မင်းကိုယ်ပေါ်မှာ ထားရစ်ခဲ့တဲ့
တော်လှန်ရေးအမှတ်အသားတွေကို ပြစမ်းပ..
လာကြ
ပြောလှည့်ကြ..။

ဒီလက်တွေက
သူတို့ပိုင်မြေတွေကို
ကာကွယ်မိခဲ့လို့ ချိုးချေခံခဲ့ရ
ဒါကို ပြောလှည့်ကြ။

ဒီခန္ဓာကိုယ်က
ကျူးကျော်သူတွေကို ဦးညွှတ်ဖို့ငြင်းဆန်
ဒါကြောင့် နှိပ်စက်ခံခဲ့ရ..
ဒါကို ပြောလှည့်ကြ။
ဒီပါးစပ်က
ငါ့လူထုရဲ့ လွတ်မြောက်ရေးတေး
ရဲရဲရင့်ရင့် ဟစ်ကြွေးခဲ့လို့
တို့မှာ အနာတရ ဖြစ်ခဲ့ရ။

လာကြ
ညီအစ်ကိုတော်တို့
မင်းတို့ဘ၀တွေကို ပြောလှည့်ကြ..
တော်လှန်ရေးအိပ်မက်တွေနဲ့
ငါ့ကို လာဆက်သွယ်ကြ။

ဒါကို
မင်း
မင်းအဖေ
မင်းအဖိုး
ခေတ်အဆက်ဆက်
တိတ်တဆိတ်
အိပ်မက်မက်ခဲ့ကြ
အရိပ်မဲ့ညတွေမှာ
အချစ်တွေ မွေးဖွားရင်းနဲ့ပေါ့။
လာကြ
ပြောလှည့်ကြ။

အခုတော့ ဒီအိပ်မက်တွေဟာ
စစ်တွေ ဖြစ်ခဲ့ပြီ။
သူရဲကောင်းတွေ မွေးဖွားခဲ့ပြီ။
မြေကို ပြန်သိမ်းခဲ့ပြီ။
အမေတွေလည်း ကြောက်ရွံ့ခြင်းကင်း
သားတွေကို တိုက်ပွဲတွင်း လွှတ်ခဲ့ပြီ။

လာကြ
ညီအစ်ကိုတော်တို့
ဒါတွေကို ပြောလှည့်ကြ။
ဒါတွေကို
အရိုးသားဆုံး စကားလုံးများအဖြစ်
ပြုလုပ်ပြီး
ကလေးတွေတောင် နားလည်သည်ထိ
အိမ်တိုင်းစေ့ တံခါးတွေထဲ
လေတွေလို ၀င်သွားတဲ့အထိ
တို့လူထုရဲ့ စိတ်ထဲကို
မီးကျီးခဲတွေလို
ရဲရဲတောက်လာတဲ့အထိ ငါ ပြန်ပြောပြမယ်။

ဒီအခါ
ငါတို့မြေမှာ
ကျည်ဆန်တွေဟာ ပန်းပွင့်တွေ ဖြစ်လာမယ်လေ။ ။

Jorge Rebelo (Mozambique) ရဲ့ Poem ကို ပြန်ဆိုထားတယ်။
ဒေါင်းအိုးဝေ၊ တွဲ-၃ အမှတ်-၈၊ ၁၉၉၅ ခုနှစ် နိုဝင်ဘာလထုတ်မှာ ဖော်ပြခဲ့တယ်။


ယောဟန်အောင်

အပြည့်အစုံသို့...

တော်ကီတွေအပေးများလို့ ကော်ဖီတွေအေးသွားရသလိုပဲ

”သီးခံခြင်းသည်အောင်မြင်ရာ၏”ဆိုတဲ့ စကားအတိုင်း
အထီးကျန်တိုင်းပြည်ထဲက အကျည်းတန်မှုတွေကို
တရားမှတ်သလို သီးခံမှတ်ရှုနေရမှာလား
အကောင်းစားဆောင်းပါးတပုဒ်အတွက် အပေါစားအချပ်ပိုတရွက်ကို
သီးခံပြီးကျော်ဖတ်နေရမှာလား
ဗွီစီဒီတွေထဲက သံစဉ်ဗလာစာသားမပါတဲ့ သီချင်းတွေကို
သီးခံပြီးနားထောင်နေရမှာလား
ရုပ်ရှင်တွေထဲ ရုပ်ရှင်ထပ်ရိုက်ပြနေတာကို
သီးခံပြီးကြည့်နေရမှာလား
ကြော်ငြာတွေထဲ ကြော်ငြာထပ်ဝင်နေတာကို
သီးခံပြီးကြည့်နေရမှာလား
ပန်းချီကားချပ်တွေထဲမှာပဲ စိမ်းလန်းတဲ့ရှုခင်းတွေကို
သီးခံပြီးခံစားနေရမှာလား
ရာဇဝင်ထဲမှာရွှေထီးဆောင်းခဲ့တဲ့ ပုံပြင်တွေကို
သီးခံပြီးနားထောင်နေရမှာလား
ဓာတ်ပုံအဟောင်းတွေထဲက နေ့ကောင်းရက်မြတ်တွေကို
သီးခံပြီးရေတွက်နေရမှာလား
မဂ္ဂဇင်းတချို့တွေထဲက လုပ်ကြံတိုးတက်မှုတွေကို
သီးခံပြီးဖတ်ရှုနေရမှာလား
တလလုပ်မှတရက်စားရပြီး
လက်မလှုပ်နိုင်ရင် အသက်ပြုတ်နိုင်တဲ့ မြို့ပြလူမှုဘဝအခြေအနေကို
သီးခံပြီးလက်ပိုက်ကြည့်နေရမှာလား
ယမ်းငွေ့ကျည်ဆံတွေနဲ့ စာချုပ်ချုပ်တဲထိုးနေထိုင်နေရတဲ့ တောနေလူမှုဘဝအခြေအနေကို
သီးခံပြီးလက်ပိုက်ကြည့်နေရမှာလား
အနာရောဂါထက်ပိုကြီးတဲ့ဆေးဖိုးဝါးခတွေနဲ့ သီးခံပေါင်းသင်းနေရပြီး
အစာအိမ်နဲ့အစေးမကပ်တဲ့ကုန်ဈေးနှုန်းတွေနဲ့ သီးခံမိတ်ဖွဲ့နေရတဲ့
အခြေခံလူတန်းစားတွေအကြောင်းကို
သီးခံပြီးနားထောင်နေရမှာလား
ဘာမဆိုလုပ်တိုင်းဖြစ်နေတဲ့ လူယုတ်လူရိုင်းတွေရဲ့မသမာတဲ့ခေတ်ကြီးကို
သီးခံပြီးလစ်လျူရှုနေရမှာလား
နေရာဒေသအချိန်ကာလမရွေး
လမ်းဘေးကချောင်းပစ်တတ်တဲ့ အဆံချောင် လေသေနတ်သံကြောင်တွေကို
သီးခံပြီးနားထောင်နေရမှာလား
ဒေါနမှာကျောချစရာနေရာမရှိအောင် သစ်ပင်သစ်တောပြောင်နေတာကို
သီးခံပြီးကြည့်နေရမှာလား
နာဂစ်မှာဖာဖြစ်ကျန်ခဲ့တဲ့ ကလေးမလေးတွေအကြောင်းကို
သီးခံပြီးနားထောင်နေရမှာလား........
အဲသလို....... ပြောရင်းဆိုရင်း
အခု ခင်ဗျားနဲ့ကျနော့်လက်ထဲက တိုင်းရေးပြည်ရာ အနှစ်၂၀ကျော်ဟာ
တော်ကီတွေအပေးများလို့ ကော်ဖီတွေအေးသွားရသလိုပဲ။ ။

ဆောင်းယွန်းလ

အပြည့်အစုံသို့...

Saturday, June 25, 2011

ရဲဘော်စိတ်…ဟူသည်

ရဲဘော် မောင်မောင်တိတ်

မိမိတို့နှလုံးသားထဲတွင် စွဲထင်နေသည်က ရဲဘော်စိတ် ပင်ဖြစ်သည်။

ရဲဘော်ရဲဘက်စကားနှစ်လုံးသည် မိမိတို့ဘ၀တလျှောက်လုံးတွင် တန်ဖိုးထားခြင်း မြင့်မားနေဆဲပင်။ ၁၉၂၀ မှ ဖက်ဆစ်တော်လှန်ရေး … လွတ်လပ်ရေးရသည်အထိ သမိုင်းမှတ်တမ်းများ ကြားခဲ့ရသော မျိုးချစ်တော်လှန်ရေးသမားကြီးများ၏ အတွေ့အကြုံများ၊ နှုတ်ဖျားတို့တွင် ၄င်း၏အဓိပ္ပါယ်မှာ နှစ်လုံးသားကို ထိခိုက်လွန်းသည်။ ကြေကွဲဝမ်းနည်းစရာ၊ စွန့်လွှတ်ဖြတ်သန်းမှု ဖြစ်စဉ်များတွင် စိတ်ဓါတ်ခွန်အားတိုးသည့် ဆေးများဖြစ်ခဲ့သည်။ သမိုင်းပေးတာဝန်များ၊ ၀တ္တရားများ၊ သစ္စာတရားများနှင့် စောင့်ထိန်းလာခဲ့ရသည့် ကျင့်ဝတ် ကျင့်စဉ်များဟု ယုံကြည်ခံယူ မိပါသည်။

ပဒေသရာဇ်ခေတ်က ရဲမက်များ၏ သစ္စာတရားများလည်း ဖြစ်ပေလိမ့်မည်။ ဤတန်ဖိုးထားသည့် တော်လှန်ရေးခွန်အား သတ္တိများ၏ အဓိပ္ပါယ်လေးနက်မှုတို့တွင် စစ်အာဏာရှင် ကြီးစိုးလာသော ခေတ်များတွင်မှ အနှစ်သာရတို့ ဖျက်ဆီးခံခဲ့ရသည်။ လေးနက်မှုများ စော်ကားခံခဲ့ရသည်ဟု မိမိတို့ ခံစားမိတော့သည်။


မဆလ ခေတ်က ရဲဘော်စိတ်ဓါတ်ကို လက်ဝဲဆန်သည့်၊ လက်ဝဲယိမ်းသည့် ကွန်မြူနစ်များ လူငယ်များက သုံးသည်ဟု ကြားသိခဲ့ရသည်။ တနည်းတော့ လက်ယာသမားဟု မိမိတို့ကိုယ်မိမိတို့ သတ်မှတ်ခဲ့ကြသောသူများက စိတ်ထဲမှာရွံ့နေဟန် ရှိနေသည်ကိုလည်း ကြားသိခဲ့ရသေးသည်။ ထိုခေတ် ထိုအခါများက လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲများ ပေါင်းစပ်ပြီးအောင်ပွဲခံခဲ့သည့် ရုရှ(ဆိုဗီယက်နိုင်ငံ)၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကျူးဘားနိုင်ငံများ၏ အောင်ပွဲခံသမိုင်းများက ကမ္ဘာကို တုန်လှုပ်စေခဲ့သောကြောင့် ဖြစ်ပေမည်။ လက်ဝဲ စာရေးဆရာကြီးများဖြစ်ကြသော ဂေါ်ကီ၊ လူရွှန်း၊ ချက်ကော့ဖ် တို့၏အဓိက ဇာတ်ကောင်များ၏စိတ်ဓါတ်များ လွှမ်းမိုးနေသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ကွန်မြူနစ်တို့၏ အောင်ပွဲရင့်ကျူးသံသီချင်း။ အောင်ပွဲခံသီချင်း။ ကွန်မြူနစ်မှန်လျှင် မသိမရ၊ မကျူးရင့်နိုင်သော အာဂုံမဆောင်ဘဲ မရနိုင်သော၊ သူတို့ချစ်မြတ်နိုးလွန်းသော သီချင်းတပုဒ်ကား အင်တာနေရှင်နယ် သီချင်း၊ တပုဒ်ပင်ဖြစ်ပါသည်။

သီချင်းအစသည် ထလော့… အငတ်ဘေးကျရောက်သူတို့တတွေ… ထလော့ … ကမ္ဘာ တ၀ှမ်းလုံးက ကျေးကျွန်တွေ… နှင့် စထားပြီး သံစုံပိုဒ်တွင် .. ရဲဘော်တို့လာ … စုရုံးကြဟေ … အဆုံးစစ်ပွဲနွှဲမယ်လေ… အင်တာနေရှင်နယ်… ကမ္ဘ မှာအကုန်ညီစေ… ဟူသောအပိုဒ်က ပိုတက်ကြွစေပြီး ရဲဘော်တို့ဟူသော အသုံးအနှုန်းက ပိုပြီးလေးနက် နေစေခြင်းဖြစ်ပါသည်။ သူတို့၏ ရဲဘော်ဟူသော စကားအဓိပ္ပါယ်သည် စည်းလုံးညီညွတ်ခြင်းနှင့် တိုက်ပွဲဝင်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းတို့ကို ရည်ညွန်းနေပါသည်။

ရဲဘော်၏အနှစ်သာရသည် တိုက်ပွဲကြားမှာ ပိုပြီးပြည့်စုံစွာ ခံစားရပေလိမ့်မည်။ ရဲဘော်နှင့်အတူ ရဲမက်ဟူသော စကားနှင့် ထပ်တူပြုပါလိမ့်မည်။ ရဲဘော်ရဲဘက် သည် စကားဖို၊ စကားမ ဖြစ်ဟန်တူသော်လည်း ဝေါဟာရချည်းဘဲမဟုတ်။ အနှစ်သာရအပြည့်၊ တိုက်ပွဲ၊ ခံစားမှု၊ နှလုံးသား အောင်ပွဲများနှင့် သက်ဆိုင်ပေလိမ့်မည်။

လုပ်ဖော်ကိုင်ဘက်မဟုတ်၊ သေဖော်သေဘက်ဟုဆိုရသော် စကားအစွန်း လွန်မည်ဟု မထင်ပေ။ ၄င်းသည် သစ္စာတရားနှင့် မေတ္တာတရားကို ညွှန်းပေလိမ့်မည်။

၎င်းစကားတွဲဘက်တလုံးကို မဆလတို့ခေတ်က ဆိုက်ဝါးသုံးပြီး ဖျက်ဆီးခဲ့ဟန်တူသည်။ ကွန်မြူနစ်တို့ချစ်သော မြတ်နိုးသောဝေါဟာရ ရဲဘော်ကိုဖြုတ်၍မရတော့ ရဲဘက် ကိုခွဲပြီးသုံးဟန်တူပါသည်။ သာမန်ရာဇ၀တ်မှုအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို ရောသမပြီး အပြင်ထုတ် အလုပ်ကြမ်းခိုင်းပြီး ပေါ်တာ၊ ချွေးတပ်ဆွဲသည်ကို ဖျောက်ရန် စကားလုံးကိုသုံးကြသည်။ တချက်ခုတ်နှစ်ချက်ပြတ် ရဲဘက် ထုတ်သည်ဟု ဆိုတော့သည်။ စစ်သားများကို ရဲဘော်များဟု တင်စားချီးကျူးထားသည်ကို ဖြုတ်၍မရသောအခါ စစ်သားများနှင့် တူသယောင်ယောင် ရဲဘက်ဟု ခေါ်ဝေါ်သုံးစွဲပြီး အပြင်ထုတ်ခိုင်းတော့သည်။ ရဲဘက်စခန်းများတဲ့….။ လမ်းဖောက်၊ ကျောက်ထု တောရှင်းကိစ္စများတွင် အမှည့်ချွေ ချွေခိုင်းတော့သည်။ နိုင်ငံရေး၊ လူမှုရေး ကို သင်းကွပ် ညှင်းပမ်း နှိပ်စက်ခြင်းများပင်။

ရဲဘော်စိတ် ရဲဘက်စိတ်ကို ခွဲထုတ်လိုက်တော့သည်။ ရဲဘော်ကား ကျန်ခဲ့ပြီး ရဲဘက်ကား နှောင်းလူတို့အတွက် မကောင်းသောဝေါဟာရ စကားလုံးတလုံးအနေနှင့် ကျန်ခဲ့တော့သည်။ မဆလ ခေတ်ပြောင်းတော်လှန်ရေးမှာ အကြံကြီးလွန်းသည့် ဆိုက်ဝါးပင် ။

မိမိတို့ကျောင်းသားလှုပ်ရှားမှုများတွင် ရဲဘော်ဟုခေါ်ခံရလျှင် ကြက်သီးထသွားလေ့ရှိသည်။ ရဲဘော်ဟူသည် နောက်ဆုံးပိတ်တိုက်ပွဲအထိ တိုက်မည်ဟု သိထားကြသည်။ သေမြေကြီး ရှင်ရွှေထီးဟူသော စကားလုံးထက် သေလျှင်တာဝန်ကျေပြီး မသေလျှင် ပြည်သူတို့နှင့်အတူ အောင်ပွဲခံမည်ဟု ယုံကြည်ထားကြသောကြောင့်ပင်။

မိမိတို့ငယ်စဉ် ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံများထဲမှ ရဲဘော်စိတ်အပြည့်ရှိသူတဦးကို တွေ့ခဲ့ဘူးသည်။ သူ့စိတ်ဓါတ်နှင့် တိုက်ပွဲဝင်မှုက စံပြပင်။ အာဇာနည်ဟုလည်း အလေးပြု မှတ်တမ်းတင်ထားပါသည်။ တက္ကသိုလ်ကျောင်းသားလည်း ဖြစ်သည်။ … သူ့ခေတ်သူ့သမိုင်းကို ဖြတ်သန်းကြတိုင်း အာဇာနည်မှတ်တမ်း သမိုင်းကား တုန်လှုပ်အောင် ကျန်ခဲ့ကြသည်။ …. အညတရ အာဇာနည်များလည်း ရှိခဲ့ကြပါသည်။ မှတ်တမ်းမတင်နိုင်ခဲ့၍ မသိခဲ့ကြသော်လည်း မိမိတို့ တွေ့သိခံစားခဲ့ရသော အတွေ့အကြုံ မှတ်တမ်းကိုတော့ မျိုးဆက်သစ်များအား ပြောရဦးမည့် တာဝန်နှင့်ဝတ္တရားများ ရှိပါသည်။

သက်ကြီးစကား သက်ငယ်ကြားပြီး အားရှိကြမည်။ ခွန်အားတိုးပွားလာကြမည်ဟု နားလည်ယုံကြည်မိသော်လည်း သက်ကြီးအမှား သက်ငယ်ကြားရသည်မှာလည်း ရင်နင့်စရာ၊ စိတ်အားငယ်စရာ၊ ထိတ်လန့်စရာများနှင့် ပြည့်နေတတ်ပါသေးသည်။ … ခံယူတတ်သူ၊ တိုးတက်မှုကိုရရန် ခွန်အားတိုးပွားနေသော မျိုးဆက်သစ်များကား သက်ကြီးစကားနှင့် သက်ကြီးအမှား။ … အမှားအမှန်တိုက်ပွဲများကို ကိုယ်ပိုင်ဥာဏ်ဖြင့်ချင့်ချိန်ပြီး မျိုးဆက်သစ်တာဝန်ကို ထမ်းဆောင်ပေလိမ့်မည်။ မျိုးဆက်သစ်တို့၏တာဝန်သည် အဖိနှိပ်ခံပြည်သူများဘက်မှရပ်ပြီး အောင်ပွဲခံနိုင်ခြင်းပင် ဖြစ်ပါသည်။ အောင်ပွဲရရှိနိုင်ရန် ခေတ်တခေတ်ကို ဖြတ်သန်းခဲ့သည့် အာဇာနည်သူရဲကောင်းတို့စိတ်ဓါတ် တနည်းပြောရလျှင် ရဲဘော်ရဲဘက် စိတ်ဓါတ်သည် ယခုလို ဖြစ်ပေလိမ့်မည်။

ရင်ကွဲတိုက်၊ ကြိုးတိုက် ဘယ်လိုဘဲခေါ်ခေါ် တိုက်(၂)တွင် မိမိတို့ ၇၄၊ ၇၅ အရေးအခင်းက ကျောင်းသား (၅၀)လောက် ရောက်နေသည်။ တဖက် အခန်း (၃၀) မျက်နှာချင်းဆိုင် ခွဲထားပြီး ရှေ့ဘက် (၁၀)ခန်းစီ အခန်း(၂၀)မှာတော့ အကျယ်ဟု ခွဲထားသည်။ သစ်သားတံခါးဖြင့် ပိတ်ထားသည်။ ကျန်အခန်း(၄၀)မှာ မျက်နှာချင်းဆိုင်အခန်း (၂၀)စီ ရှိသည်။ ၄င်းကို အကျဉ်းဟု ခေါ်သည်။ အကျဉ်းက နံပါတ် (၁၁)က စပြီး (၅၀)မှာ ဆုံးသည်။ ပုံစံဆန့်ကျင်၍တွဲဘက်ထောင်မှ ရိုက်နှက်ထုထောင်းပြီး ပို့ထားသည့် ကျောင်းသားများက အကျဉ်းဘက် အခန်းများတွင်ရှိသည်။ အသက် (၂၆)နှစ်က အကြီးဆုံးဖြစ်သည်။ ကျောင်းသားမဟုတ်ဘဲ ဘွဲ့ရသူတဦး(ကိုကျော်စိုး သင်္ချာ၊ သက္ကလအသင်းရွာ၊ ကိုးကိုးကျွန်းပြန် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဗဖူးညွှန့်)နှင့် ဦးကျော်လင်း (အထက်တန်းရှေ့နေကြီး အင်းစိန်) ကိုတော့ တခန်းစီခွဲထားသည်။ ၄င်းတို့နှစ်ဦးကို ဦးဆောင်ခဲ့သည်ဆိုပြီး သီးခြား တခန်းစီ ခွဲထားသည်။ မိမိတို့က တခန်း (၈)ယောက်၊ (၄)ယောက်၊ (၅)ယောက်၊ (၇) ယောက်စီ စသည်ဖြင့် ထည့်ထားသည်။ အ၀တ်တထည်ကိုယ်တခုနှင့် လမ်းတွင်လည်း ရိုက်နှက်လာကြသည့်အပြင် တွဲဘက်အဆောင်(၂)မှ ထွက်တုန်းကလည်း ၀ိုင်းသမကြသဖြင့် ကိုသက်လှိုင်(အာအိုင်တီ မြို့ပြ စတုတ္ထနှစ် အမေရိကန် ကွယ်လွန်) က ခေါင်းကွဲသည်။ အောင်ကို (အထက်တန်းကျောင်းသား တောင်သာ) စောလှငွေ(စတုတ္ထနှစ် စိတ်ပညာ) ခေါင်းကွဲပြီး မိမိကတော့ ဘယ်လက်မောင်းရိုး အက်သွားပြီး ဖူးယောင်သွားသည်။ ကျန်သူများမှာ မကွဲကြသော်လည်း အာလူးသီး အနည်းဆုံးနှစ်လုံးမှ သုံးလုံးထိ ဖူးယောင်သွားကြပြီး တချို့မှာ မျက်ကွင်းတဖက်ညိုကြ နှစ်ဖက်ညိုကြသည်။ နံနိမ့်သွားကြသည်။ တယောက်မှ အကောင်းပကတိ မရှိ။ လာလူး(အထက်တန်းကျောင်းသား မွတ်ဆလင်)နှင့် ထွန်းထွန်း(စတုတ္ထ ရူပဗေဒ စာရေးဆရာ တောင်တွင်း ဦးကိုကိုကြီးသားလတ် နယ်စပ်သေဆုံး)တို့ကတော့ ခေါင်းမှာ သွေးစလေးတွေနှင့် ရှိနေသည်။ မချုပ်ပေးပါ။ နောက်တနေ့ကျမှ အပ်ချည်နှင့် အစိမ်းချုပ် ချုပ်ပေးသည်။ ဘယ်သူမှ မညည်းကြ။ အံကြိတ်ထားကြသည်။

အဲဒီတုန်းက ကြိုးတိုက်တွင် နိုင်ငံရေးမှုနှင့် ကြိုးကျနေသူ လူငယ်ကျောင်းသား (၃)ဦး ရှိသည်။ ကိုတင်မောင်ဦးက ၇၄၊ ၇၅၊ ၇၆ ကျောင်းသား၊ စောလှဝင်းနှင့် ဗဆွေလေး (တကသ မဟုတ်) တို့က ပြည်ချစ်အဖွဲ့နှင့် ဆက်သွယ်၍ ပြန်လာသူများ၊ ဖောက်ခွဲရေးအမှုဟု စွဲချက်တင်ပြီး သေဒဏ်ပေးခြင်း ခံရသူများ ဖြစ်သည်။ အခြား ရာဇ၀တ်မှုများနှင့် သေဒဏ်ကြိုးပေးခံရသည့် အကျဉ်းသား(၃)ဦးကိုလည်း တခန်းစီ ထားကြသည်။ အဲဒီအချိန်က ၄င်းတို့က ဆန်ဖြူနှင့် အသားဟင်းတခွက် ပုံစံစားရသေးသည်။ နေ့လည် (၁)နာရီတွင် ရေချိုးခွင့် အ၀တ်လျှော်ခွင် လမ်းလျှောက်ခွင့် ရသေးသည်။ မိမိတို့ဘက် မလာရဟု အမိန့်ထုတ်ထားသည်။ တပါတ် နီးပါးကြာတော့ ကိုတင်မောင်ဦးက အောက်ခံဘောင်းဘီလေးနှင့် ခပ်သွက်သွက်လေး ပြေးလာပြီး ဘယ်သူတွေလဲ၊ ဘာဖြစ်တာလဲလို့ မေးသွားသည်။ … အစောင့် ၀ါဒါအလစ်မှာ ပြေး ပြေးလာခြင်း ဖြစ်သည်။ … စောလှဝင်းနှင့် ဗဆွေလေးတို့နှစ်ယောက်လည်း အလစ်အလစ် ပြေးလာတတ်ကြသည်။

မိမိတို့ထဲမှ မောင်အုန်းမြင့်လေး (အလယ်တန်းကျောင်းသား)ဖျားသည်။ အရိုက်ခံရသည့်အရှိန်နှင့် စိတ်ပင်ပန်းလွန်းသောကြောင့် ဖြစ်သည်။ သူတို့အခန်းတွင် (၈)ယောက်ဘဲ ရှိသည်။ အသက် (၁၇)နှစ်အောက်များပင်။ ထမင်းမစားနိုင်။ အခန်းတွင် ဂံဖလား (၂)လုံးသာ ပေးထားသောကြောင့် သေး၊ ချေး လျှံနေသဖြင့် အလှည့်ကျဝါဒါအား ပြောပြီး အပြင်ထွက် သွန်ကြရသည်။ သွန်ပြီးချက်ချင်း ပြန်ပိတ်သည်။ အတတ်နိုင်ဆုံး ဒီဒုက္ခတွေကို ကြိတ်မှိတ်ခံကြသည်။ ထောင်ပုံစံတော့ အကိုင်မခံနိုင်ဟု စိတ်ထဲတင်းထားကြသည်။ … နံနက်စာ လုံးတီးနှင့် ပဲမဲရည်ကျဲပုံစ။၊ ညနေစာ ရွက်စုံ ဟင်းရည်ကျဲ မဲမဲနှင့် ပုံစံ။ ထောင်မျှင်ငပိတကော်၊ ဘဲချေးရောင်။

ထောင်တွင်းပုံစံစကိုင်နေပြီ။ အဆောင်(၃)အပေါ်ထပ် အခန်း (၃)တွင် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကို သာမန်အကျဉ်းသားများနှင့် ရောထည့်ထားသည်။ ကျောင်းသားများက အကြိုးအကြောင်း ပြောပြသော်လည်း အခန်းကိုအတင်းဝင်သဖြင့် ၀ါဒါများနှင့် ကျောင်းသားများ ရိုက်ပွဲဖြစ်ကြသည်။ ကျောင်းသားများ အားလုံး မှောက်ကုန်သည်။ ၀ါဒါတချို့လည်း ကွဲပြဲသည်။ သူတို့ကလူစုများ၍ ခံလိုက်ရသည်။ ပုံစံကိုင်သည်။ ၄င်းအကြောင်းကို ကိုတင်မောင်ဦးဆီမှ သတင်းရသည်။ မိမိတို့အားလည်း ပြင်ဆင်ထားရန် သတိပေးသည်။ ကိုတင်မောင်ဦးဆီမှ သတင်းများ နေ့ခြင်းရောက်တတ်သည်။ မိမိတို့အားလည်း ပြန်လည် တုန့်ပြန်ရန် ပြင်ဆင်ထားရန် ပြောသည်။ သူလည်း မိမိတို့နှင့်အတူ တိုက်ပွဲဝင်ရန် ပြင်ဆင်ထားသည်ဟု ပြောသည်။ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိသည့် ကိုတင်မောင်ဦးဆီမှ သတင်းက မိမိတို့အတွက် တန်ဖိုးကြီးလှသည်။

မောင်အုန်းမြင့်လေး ဖျားနေသဖြင့် ထမင်းမစားနိုင်ကြောင်းပြောသည့်အခါ ကိုတင်မောင်ဦးက ထွန်းထွန်းကြီးကိုပြောသည်။ …. ကိစ္စမရှိဘူး… ငါ ထောင်ဝါဒါလေးကို စာပြပြီး စည်းရုံးထားတယ်။ ငါ့ ပုံစံထမင်းဖြူနဲ့အသားဟင်းတပွဲကို ပို့ပေးလိုက်မယ်။ တိတ်တိတ်ကြိတ်စားကွာ … မင်း အတွက်ကရော … ငါ မင်းတို့ပုံစံထဲကဘဲ ယူစားလိုက်မယ်။ ညီလေးတွေကို ဂရုစိုက်ကြကွာ.. ဒါ ငါတို့ရဲဘော်လေးတွေဘဲ .. ဒီကောင်လေးတွေက ငယ်ပေမဲ့ ငါတို့ထက်တော်တယ်.. ပြတ်သားတယ်ကွ.. ။

ထွန်းထွန်းကြီးက မိမိဘေးက သံတိုင်ကိုင်ပြီးပြောတဲ့အခါ အပြင်ဘက်မှာ အားကစားလုပ်ဟန်ပြပြီး ပြန်ပြောနေတဲ့ ကိုတင်မောင်ဦးရဲ့ ရင်တွင်းကစကားတွေက မိမိနှလုံးသားထဲမှာ စူးနစ်နေသည်။ အစောင့်ဝါဒါက .. ဟေ့ကောင်တင်မောင်ဦး .. ပြန်လာခဲ့တော့.. မင်းအခွင့်အရေး သိပ်မယူနဲ့ကွတဲ့.. ။ အိုကေ… နံနက်စာ စပြီးပို့လိုက်မယ်။ အိုး… ကြည်နူးဝမ်းသာစရာကောင်းလိုက်တဲ့ ကိုတင်မောင်ဦးရဲ့စိတ်ဓါတ်က ဘယ်လောက်များမြင့်မြတ်လိုက်ပါသလဲ။ ၀တ္ထုထဲမှာ ဖတ်ဘူးကြားဘူးတယ်။ ဒါကတော့… ကိုယ်တွေ့။ ပထမဦးဆုံးပါဘဲ။

မိမိတို့အခန်းထဲမှာရှိတဲ့ ကျန် (၅)ယောက်က ကိုထွန်းထွန်းကြီးနဲ့ ကိုတင်မောင်ဦးကို ငေးကြည့်နေမိတယ်။ ကြိုးသမားက သူ့ရိက္ခာကို မိမိတို့ဆီ ရဲဘော်ရဲဘက်စိတ်တွေနဲ့ ပေးနေပါပကော..။ သူ့ရဲ့နောက်ဆုံးနေ့များအထိ စိတ်ဓါတ်က မိမိတို့နှလုံးသားကို တုန်ခါသွားစေတာဘဲ။ … လာမဲ့တိုက်ပွဲတွေအတွက်လည်း မိမိတို့နဲ့အတူ တိုက်ပွဲဝင်မည့် ညီငယ်များအတွက်လဲ ပြင်ဆင်ပြီးသား ဖြစ်သွားတော့တယ်။ ကိုတင်မောင်ဦး ကြိုးပေးမခံရခင် နှစ်ပါတ်လောက်က မိမိတို့ကို ရဲဘော်ရဲဘက် စိတ်ဓါတ်နဲ့ လေ့ကျင့်သင်ကြားပေးခဲ့ပါပကော။ သူတပါတ်တိတိ ရဲဘော်အုန်းမြင့်လေး နေကောင်းတဲ့အထိ သူ့ရာရှင်ကို ပေးခဲ့တယ်။ သူကတော့ ပုံစံလုံးတီးဆန်ကြမ်းနဲ့ နိုင်လွန်ဟင်းချို မဲပြစ်ပြစ်။ တခါတလေ တီကောင်နဲ့ ပိုးဟပ်၊ ပုရစ် ရောပြွန်းချက်လာတဲ့ဟင်းချိုကို အားပါးတရ ပြုံးပြုံးရွှင်ရွှင်နှင့် လွေးနေတာကို မိမိတို့ မြင်ယောင်နေမိကြသေးသည်။

ကိုတင်မောင်ဦး …. ဆလိုင်းတင်မောင်ဦး.. ရဲဘော်တင်မောင်ဦး…. ခင်ဗျားရဲ့ ရဲဘော်ရဲဘက် စိတ်ဓါတ်ကို ကျနော်တို့မသေခင် ပြောခွင့်တွေရခဲ့ရင် ပြည်သူလူထုနဲ့ နောင်မျိုးဆက်သစ်တွေကို ပြောပြချင်တယ်ဗျာ…. ဟု ။

သူ့ရဲ့ကြီးမားလွန်းတဲ့ တော်လှန်ရေးသစ္စာ၊ တော်လှန်ရေးမေတ္တာ၊ …. သေဒဏ်ကျကြိုးပေးခံရနီးအထိ။ … နောက်ဆုံးပိတ်တိုက်ပွဲဝင် အသက်စွန့်သွားဆဲအထိ ပြသွားတဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်တွေဟာ …. ။

ကျနော်တို့မေ့လို့ရမလားဗျာ။ တော်လှန်ရေးကိုစွန့်ခွာပြီး သွားလို့ရမလားဗျာ။ …. ကျနော်တို့ရဲ့ဘ၀လေးတွေကို ငဲ့ညှာပြီး တွေဝေ…. နေချင်လို့ ရမလားဗျာ…။

ခင်ဗျားရဲ့ ခွင့်လွှတ်တဲ့အပြုံးကို ကျနော်တို့မမြင်ချင်ပါဘူး။ …. ခေါင်းညိမ့်ပြီး လက်မထောင်နေတဲ့ အပြုံးလေးဘဲ မြင်ရပါစေမယ်။

(၁၉၇၆၊ ဂျွန် ၂၆ တွင် မဆလ စစ်အုပ်စု၏ မတရားစွပ်စွဲ ကြိုးပေးခံခဲ့ရသော ရဲဘော် ဆလိုင်းတင်မောင်ဦးနှင့် ၇၄၊ ၇၅၊ ၇၆ … ၈၈ …. ၉၆ … ၂၀၀၇ မှသည် ယနေ့အထိ ခေတ်အဆက်ဆက် မျိုးဆက်သစ်တာဝန်ကျေခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွှတ်လျှက် …)

ရဲဘော် မောင်မောင်တိတ်
(မကဒတ) ကျောင်းသားတပ်မတော်

၂၆၊ ၆၊ ၂၀၁၁

အပြည့်အစုံသို့...

Friday, June 24, 2011

မန္တလေးမှာ ဒုတိယအကြိမ် ဗုံးပေါက်ကွဲ

ဆုံဆည်းရာ၊ ဇွန်လ ၂၄ ရက် ၂၀၁၁ (မြန်မာစံတော်ချိန် ၃ နာရီ ၁၀ မိနစ်)

မန္တလေး ၈၄ လမ်း ၃၁ နဲ့ ၃၂ ကြား ဝင်းလိုက်ရုံ မရောက်ခင်တစ်ပြ ACC Computer Centre ရှေ့ ရွှေနိုင်ငံ စိန်ရွှေ ရတနာဆိုင် အနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဗုံးတစ်လုံးတွေ့ရှိပြီး စစ်ဆေးနေစဉ် ဒုတိယဗုံး ထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရှိရပါတယ်။ ယခု ဒုတိယအကြိမ်ဗုံးပေါက်ကွဲမှုကြောင့် သက်ဆိုင်ရာ လုံခြုံရေးနှင့် ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိမရှိကို မသိရှိရသေးပါ။ ပထမအကြိမ် ပေါက်ကွဲစဉ်က နေ့လည် ၁၂ နာရီခန့်တွင်ဖြစ်ပြီး ဒုတိယ ဗုံးပေါက်ကွဲတာကတော့ မြန်မာစံတော်ချိန် ၃ နာရီခန့်တွင် ထပ်မံပေါက်ကွဲတာဖြစ်ပါတယ်။ ယခုလ ၁၀ ရက်နေ့တုန်းကလည်း နေပြည်တော် မြို့မဈေး အမျိုးသား အိမ်သာတွင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အပြည့်အစုံသို့...

မန္ထလေး၊ မေမြို့နှင့် ကျပ်ပြေး သုံးနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်

ဆုံဆည်းရာ၊ ဇွန်လ ၂၄ ရက် ၂၀၁၁

ယနေ့ တနေ့တည်းမှာပဲ မန္ထလေး၊ မေမြို့နှင့် ကျပ်ပြေး သုံးနေရာ ယနေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မန္တလေးမှာ ယနေ့နေလည် ၁၂ နာရီ ခန့်က မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ၃ ဦး ဒဏ်ရာပြင်းထန်စွာရှိပြီး အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ထို့အပြင် မေမြို့ ရပ်ကွက်ကြီး ၂ အကွက်(၄) လူမနေတဲ့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များရှိရာ အိမ်တအိမ်မှာလည်း ယနေ့နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

မန္တလေးဗုံးပေါက်ကွဲပြီး မရှေးမနှောင်းမှာပဲ ကျပ်ပြေးနေပြည်တော်မှာတော့ ယနေ့နေလည် ၁ နာရီက ပေါက်ခဲ့တာဖြစ်ပြီး သပြေကုန်းရပ်ကွက် သပြေကုန်းဈေးအနောက်ဘက် ရွှေလာဘ်ကောင်လမ်းကြား အိမ်အမှတ် (၄၆) နေအိမ် ၂ ထပ်တိုက် အပေါ်ထပ်မှာဖြစ်ပါတယ်။ ကျပ်ပြေးဗုံးပေါက်ကွဲမှုမှာ ၂ ဦးဒဏ်ရာရှိမှု ဖြစ်ပွားခဲ့ပါတယ်။

ယခုဗုံးပေါက်ကွဲမှုဟာ မည်သူ့လက်ချက်ဖြစ်ကြောင်းကို ပြောဆိုသုံးသပ်မှုတွေ မရှိသေးပါဘူး။ နအဖ သတင်းမီဒီယာများနှင့် သတင်းစာရှင်းပွဲပြုလုပ်မှ သိရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။


အပြည့်အစုံသို့...

Wednesday, June 22, 2011

သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်

၁။
အရှင်...
သင်၏ခေါ်ရာ
ထပ်ချပ်...ငါ...လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို...ထူပါ။

ဟိုးမှာ...
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။

ဒီမှာ...
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ...ဘာတွေ တွေးပြီနည်း။

စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့စွမ်းမလဲကွယ်။

အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှားလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။

ဝါးတစ်ပင်ရိပ်မှာ

ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။

အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ...ရောက်အောင်သွားပါမည်လေ...။

၂။
နွေ...နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။

ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော ... နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။

သဲကန္တာရက
သဲတွေနဲ့ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ်။

ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။

သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။

ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျော်စရာမှမဟုတ်ပဲကွယ်။

၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား...ဆွဲခေါ်
ငါ... မမွေ့ပျော်တော့ပါပြီ အရှင်။

၃။
ငါသည်...တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။

မိုး၏အမြင့်ကိုမသိ...ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား...
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။

စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။

ထိုသော... မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။

ဤယနေ့ ... ငါ ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။

၎။
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။

ငါတို့သည်...လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာပါလေသည်။

ဟိုချိုး ... သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။

အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။

အို ... ``လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။

သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။

နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။

၅။
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။

စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။

ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။

ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။

အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။

ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ ... ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။

ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။

၆။
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။

လက်သီးဆုပ်ခြင်း ... ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။

ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်

တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို ... ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။

မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် ...။

၇။
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ ... နိမ့်ဝင်သွားတတ်၏။)

ကြက်ခြေခတ် ... ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။

ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။

ထို့နောက် ...
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် ...
လူချင်းလဲကြပြန်၏။

အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။

သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။

သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။

၈။
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။

ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။

ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှေက်
ခြောက်ခြားဖူးသည်။

တုတ်ကောက်မရှိသူ ... နှင့်
ချိုင်းထောက်မရှိသူ ...
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။

တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးလိုပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။

မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။

ထိုသို့ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ ... ထားခဲ့ချင်ပါပြီလေ။

၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။

ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။

ဘုရားပြောတာကိုမှ
ငါ... မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ... ယုံရတော့မည်လော။

အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး ...နီး ...နီး၍လာခဲ့ပြီ။

မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။

တရားရိပ်မှာ

စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ ...
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။

စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို ... အရှင် ...
မြေမှထသော ငါ့ကိုမြင်ပါ။

၁၀။
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။

လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖြစ်သင့်သည်။

အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။

အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။

ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ ... ကြားနေရ၏။

လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။

ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့။
ထိုသူတို့နောက်
ငါ တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ ... မြတ်သော ငါ့ ...အရှင်။ ။

(ဗုဒ္ဓ ... သို့)
တာရာမင်းဝေ

အပြည့်အစုံသို့...

Monday, June 20, 2011

ဘီယာတစ်ခွက်ရဲ့ထွက်ဆိုချက်

ကြိုက်သူတွေစိတ်ချမ်းသာမငြိုငြင်ဖို့အရေး
လှိုက်ဆူကာမရှိရှိတာလေးနဲ့အမြှုပ်ထလှပဟန်ရေးပြနေရ
ငါကဘီယာတစ်ခွက်ပါ။

မယ်မယ်ရရအဓိပါယ်ရှိတဲ့ဘ၀ကိုရချင်လို့
အလဟသအဆိပ်ပြယ်သွားမှာကိုစိုးရွံ.နေတာပေါ့
အရည်အချင်းတွေလေသလပ်မသွားခင်အချိန်လေးမှာ
ဘယ်သူလာကောက်သောက်ပါ့မလဲ
စောင့်ရုံပဲတတ်နိုင်တဲ့ဘီယာဘ၀နဲ့
မသတီစရာပါးစပ်တွေကိုပေါင်းသင်းဆက်ဆံခဲ့ရတာ
တခါတခါ
ပေါက်ကရပြောပေါက်ကရစားတတ်တဲ့ပါးစပ်တွေအတွက်
ဒိထက်အဆများစွာမြင့်တဲ့ပြင်းအားကိုရလိုက်ချင်ရဲ့
ငါ့ကိုယ်ငါပြန်လည်ကျိုချက်ခွင့်မှမရှိတာပဲ
ထွက်သက်မှာလက်လှမ်းမှီရာနဲ့လုပ်ကြံပစ်လိုက်တယ်
ခင်ဗျားတို့ရဲ့လည်ချောင်းထဲ
ပူရှကျိန်းစပ်အတွင်းနံရံတွေပြိုပျက်စေရမယ်

ဒီအတိုင်းသာနေ့တိုင်းသောက်
သေချာပေါက်သေလိမ့်မယ်
(သို.သော်ကျိန်စာဟာဆွံ.အခဲ့တယ်)

လောကမှာ
ဘီယာတစ်ခွက်လိုလူတွေရဲ့သချိုင်းဟာ
ပါးစပ်တစ်ပေါက်လိုလူတွေရဲ့လည်မြိုထဲမှာရှိသတဲ့
အရင်းရှင်စနှစ်ရဲ့ အ..နှစ်..သာ..ရ..တွေ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

ကမ္ဘာမြေခမ်းခြောက်ခြင်း

စမ်းချောင်းကလေးရဲ့ ငြိမ့်ညောင်းပြေပြစ်ဟန်ကို ကြိုက်လို့
မြစ်တစ်စင်းရဲ့ ရုန်းကန်ချီတက်ရေးနဲ့ ကံကြမ္မာကိုတီးခေါက်ကြည့်မိတာပါ
ဟောဟိုမှာ ရှင်သန်လူသားမြောက်တော့မဲ့ နေ့တစ်နေ့ဟာ
(ဒါမှမဟုတ်)
ရွေ့လျားကြီးထွား လူပါးဝတော့မဲ့ နေ့တစ်နေ့ဟာ
ရွှေအိုရောင်သားအိမ်တိမ်တိုက်တွေကို အံကြိတ်တွန်းဖွင့်
ဘီးလိမ့်စနေရောင်နီဟာ ခရီးရှည်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ ခါးကိုင်းလို့
အစို့ပေါက်စရှင်သန်ခြင်းမှာ စိမ်းမြဝေဆာရမယ်ဆိုတဲ့ သမိုင်းပေးတာဝန်တွေပိလို့
ဘာမသိညာမသိ ကျေးဇူးတင်လိုက်ပြီ
သန့်စင်ကြည်လင်တဲ့ မိုးစက်မိုးပေါက်တစ်ယောက်အဖြစ်နဲ့
လူ့ဘဝထဲခုန်ချခွင့်ရခဲ့တယ်
မြောင်းပုတ်ကြီးရဲ့ခေါ်ဆောင်ရာ ဘဝတစ်လျှောက်လုံးညစ်ပေနံစော်ခဲ့ရ
အဝတ်လျှော်စက်ထဲ ခုန်ချလိုက်ဖို့ကလည်း
ကိုယ်လိုကောင် ညစ်ပေပေငမွဲတွေက အထဲမှာပြည့်ကြပ်လို့
တခါတခါ
စမ်းချောင်းဟာလောဘမှန်သမျှကို ခမ်းခြောက်ခြင်းထဲသာ ပစ်ချလိုက်ချင်တော့တယ်
ပင်လယ်ဆိုတာကလည်း ခမ်းခြောက်ခြင်းတစ်မျိုးပဲ မဟုတ်လား
ကိုယ့်စိတ်ဓါတ်အသားတစ်ဖတ်နဲ့ ပါးစပ်များစွာ ညှိနှိုင်းမရခဲ့တာပါ
ဘဝဆိုတာ
နိမ့်ရာတွေကြီးပဲရွေးပြီး စီးဆင်းတတ်တဲ့ မြစ်တစ်စင်းလည်း မဟုတ်ဘူး
အနောက်အရပ်တစ်ခုထဲကိုပဲ ရွေ့လှမ်းတတ်တဲ့ နေတစ်လုံးလည်း မဟုတ်ဘူး
ကြိုးစားခဲ့သမျှ မျက်စိဖွင့်ခြင်းနဲ့ အဆုံးသတ်မယ်ဆိုတဲ့ ညတစ်ညလည်းမဟုတ်ဘူး
(ခပ်ရှင်းရှင်းထပ်ပြောရရင်)
ဘဝဆိုတာ သမရိုးကျဥပဒေသ မဟုတ်ဘူး
ကိုယ့်ပင်လယ်မှာ ကိုယ့်စိတ်ကြိုက် ကူးခပ်ရင်း
ကိုယ့်ရင်ခွင်ပေါ် ကိုယ်ခြေက်သွေ့ရင်း
ဂြိုလ်ကြီး ရှစ်လုံးကို ထဲ့မတွက်ခဲ့မိတဲ့ ကမ္ဘာအတွက်
စင်္ကြဝဠာဟာ ကျဉ်းကျဉ်းလေး ဖြစ်သွားတော့တယ်။ ။

သုအိုင်စံ
ချယ်ရီ၊ ဇန်နဝါရီ၊ ၂၀၀၂

အပြည့်အစုံသို့...

Sunday, June 19, 2011

ပိုလျှံနေသော ၀ါကျများ

(၁)

ငါးဟာ့ 
ရေကိုမသိသလို
လူတွေဟာ့ 
မသိတာကလွဲလို့
အားလုံးသိခဲ့ကြတယ်။

(၂)

ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်ကအစ
တစ်ခါသုံးဘောပင်အထိ
ကျွန်တော်တို့ 
ဖန်းဆင်းခဲ့ကြ။
ဘာသာစကားကနေ
ဆင်ဖိုနီဓာတ်ပြားအထိ
အင်တာနက်ကနေ
ထရိုဂျင်းနစ် မြင်းရုပ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
စည်သွပ်ဘူးကနေ
ဆိုကရေတီး အဆိပ်ခွက်အထိ
အိတ်ခ်ျအိုင်ဗွီပိုးကနေ
အင်္ဂါဂြိုဟ်သွားယာဉ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
ပိရမစ်ကနေ
စက္ကူနဲ့လုပ်တဲ့ပန်းအထိ
ဆံပင်ဆိုးဆေးကနေ
အာဏာရှင်စနစ်အထိ
လူကနေ့ 
လူပုံတူမျိုးပွားအထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

(၃)

ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်ကဆင်းပြီး
အချင်းချင်းလက်ဆွဲနှုတ်ဆက်
ဟဲလို၊ဟိုင်း၊ဟေး
ယဉ်ကျေးခဲ့ကြပါတယ်။
လေးနဲ့မြားကိုတင်တတ်အောင်
ကောက်တဲ့အခွန်ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေ၀င်ရင် မီးဖွင့်တတ်အောင်
တိုက်ပုံအင်္ကျီ ၀တ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ရေးချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံးသုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယား ဗုံးလုပ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
လပေါ်လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေား ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံးခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

(၄)

ဒီလိုနဲ့ 
ကျွန်တော်တို့
စားဖို့အတွက်
ပန်းကန်နဲ့ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများအသက်နဲ့။
သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။
နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။
ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ပန်းချီပြတိုက်နဲ့
တတ်ယောင်ကား မျက်စိနဲ့။
နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ဓာတ်ပြားနဲ့နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။
ရှူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။
စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ၀ါဒနဲ့။
စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက်ဝါဒနဲ့။
အပျင်ဖြေဖို့အတွက်
စီးကရက်နဲ့အလေလိုက်စရာနဲ့

အမဲပစ် ရိုင်ဖယ်နဲ့။
ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံးလေတစ်လုံးဘ၀င်နဲ့။
ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။
သေဆုံးဖို့အတွက်
သံသရာနဲ့သချို င်္င်းနဲ့
(သေပြီးမှ)့ 
သတိရကြမယ့် လူတွေနဲ့။

(၅)

ကျွန်တော်တို့မှာ
ဂေါတမဗုဒ္ဓရှိတယ်
နစ်ရှေးရှိတယ်။
မဟတ္ထမဂန္ဒီရှိတယ်
စတာလင်ရှိတယ်။
မိုးဇက်ရှိတယ်
ဗာဂျီးနီးယားဝုဖ်ရှိတယ်။
သောမတ်အယ်ဒီဆင်ရှိတယ်
ဂျက်ဆင်ပိုးလော့ရှိတယ်။
အက်တလတ်ရှိတယ်
ပီတာဝိုင်ယာရှိတယ်။
ဆစ်မဂန်ဖရွိုက်ရှိတယ်
ကိတ်ဝင်းဆလက်ရှိတယ်။
ဖူကူမားယားရှိတယ်
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်း ရှိတယ်
အိုစမာဘင်လာဒင်ရှိတယ်။
ကျွန်တော်တို့မှာ
တိရိစ္ဆာန်ရုံရှိတယ်
ဘေးမဲ့တောရှိတယ်။
ဂေါက်ကွင်းရှိတယ်
အကျဉ်းထောင်ရှိတယ်။
စိပ်ပုတီးရှိတယ်
ဆန့်ကျင်ဘက်လိင်ရှိတယ်။
စီးနေတဲ့မြစ်တွေရှိတယ်
ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။
ဝိုင်အိုလက်ပေါင်ဒါရှိတယ်
အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။
သစ်ခွပန်းရောင်စုံရှိတယ်
အသားကြိတ်တဲ့စက်ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်
လကွယ်ညရှိတယ်။
ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်
ချွေးနံ့ပျောက်ဆေးရှိတယ်။

(၆)

ဒီလိုနဲ့
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။
ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံဝါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓာတ်လှေကား အလုအယက်ဆင်လို့။
ပိုတမ်ကင်သဘောင်္က အမြောက်သံကို
စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကိုမပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ့်နဲ့တော်သလို အကျီ င်္ချုပ်ဝတ်လို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေညာလို့
စစ်ပြေငြိမ်းလို့
သစ်ပင်တွေကိုခုတ်လို့
သစ်ပင်တွေကိုစိုက်လို့
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့
ရေကိုစုန်လို့
ရေကိုဆန်လို့
တစ်ဝက်ကိုစားလို့
တစ်ဝက်ကိုထွေးလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေမျှားလို့
ငါးတွေလွှတ်လို့၊
မှားတာတွေမှန်လို့
မှန်တာတွေမှားလို့
သေရမှာကြောက်လို့
သေရမှာမကြောက်လို့။

(၇)

သမိုင်းနိဂုံးချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာငွေကိုခေါ်တယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင် တိတ္ထုံကိုကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေးကျတယ်။

(၈)

သင့့် 
နေထိုင်ဖို့ရာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွှင် နေထိုင်ဖို့ရာ
ဘာမှ
မလိုပါ။
ဥပမာ
ဒီဝါကျတွေက အစ မလိုသလိုပေါ့။

သစ္စာနီ
(ဟန်သစ်မဂ္ဂဇင်း၊၂၀၀၄၊ နိုဝင်ဘာ)

အပြည့်အစုံသို့...

Saturday, June 18, 2011

THE FLYING OBJECT

I ever run
I never stop
I get nowhere

Where was my entery
Where will be my exit
Circulating in existence

Am I a car
Or am I a driver
On the road of Creator

No matter how high I reach
No matter how wise I know
It's all in the emptiness of Zero

Goodbye is the first song of my album!

A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

EXHAUSTION

The way I walked is so hard
The day I passed is so dark
The things I love felt hurt

Love and kind i can't find
Heart and mind i can't lie
Art in mine I can't smile

All art of all all of us
Just giving a virus of minus
All art of of all of us
Just living on the the earth of virus

To forget my my pain
To format my brain
To brush my thoughts
To wash my faults

Just start for self-destruction!

A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

2 PIECE BAND/COLLABORATED DEBUT

at the music cafe, i ordered a glass of music which is latest
but the waitress brought two and explain to me about that
'these are a glass of the right and the wrong
but they're already mixed before we step on this ground
your mind is a wave on this liquid
your life is the liquid in this glass of music
your glass is only decorative form on this earth
your earth is floating on this temporary universe
your are drunk by being creative
you are locked by your existance
it doesn't matter who compose your music
all we should do is forget unknown part and enjoy it
i am here also customer to listen my own music'
after that, the silence between us was so attractive
so i asked her 'shall we share, i mean it?'
then her smile was more attractive than the silence

four eyes photographed each other
two glasses touched for cheers
one love born or not unclear
because of so young and so whisper

A'karikz Yannaing
THE SECOND SECOND

အပြည့်အစုံသို့...

Friday, June 17, 2011

ကလေးတယောက် စာရေးဖြစ်သွားခြင်း အကြောင်း ….

အတွတ်

ယူကျုဘ် ဆိုရင် အတော်များများက သိပြီးသားမို့ ထူးပြီး မိတ်ဆက် ပေးမနေတော့ ပါဘူး။ တလောလေးက ယူကျုဘ်ကျေးဇူးနဲ့ တေးဂီတ နောက်ခံ ကဗျာကလေးတပုဒ် လို့ ဆိုရင် ရမယ်ထင်ပါရဲ့၊ ကဗျာစာစုကလေးကို အမှတ်မထင် ခံစားဖတ်ရှုလိုက်ရတယ်။ တယောက်ထဲ ခံစားရတာ အားမရနိုင်လွန်းလို့ အများကို မျှဝေချင်တဲ့ ဆန္ဒနဲ့ ဒီစာကို ရေး ဖြစ်ခဲ့ပါတယ်။

အကြောင်းအရာကလေးက ရိုးရှင်းတယ်။ မေ့မရအောင် ခံစားရတယ်။ ဒီကနေ့ ခေတ်စကားနဲ့ ပြောရရင် ဟတ်ထိသွားစေတယ်ပေါ့။ နောက်တခုက ဒီနေ့ခေတ် လူငယ် တွေကို အကဲဖြတ်ရာမှာ သူတို့ရဲ့ ၀တ်စားဆင်ယင်ပုံကို ကြည့်ပြီး အထင်သေး၊ အမြင်သေး မိရင် မှားသွားနိုင်တယ်ဆိုတဲ့ အသိကိုလည်း ရလိုက်ပါတယ်။

ရေးသားသူက အီကို ဒေ့ခ်ကိုနီ ( Eko Daekoni ) ဖြစ်ပါတယ်။ သူဟာ လက်ရှိ ဆာဘီးယားနိုင်ငံ နိုဗီဆက် မြို့မှာနေတယ်။ သူ့ကို ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ( ၇ ) ရက်နေ့ မှာ မွေးဖွားခဲ့တယ်။ ခုဆို ၂၃ နှစ်ကျော်လို့ ၂၄ နှစ်ထဲမှာပေါ့။ သူ့ အကြိုက်ဆုံးစာအုပ်တွေ က ၀ီလျံရှိတ်စပီးယားရဲ့ စာအုပ်တွေ ဖြစ်တယ်။ သူ့မှာ ရေးပြီးသား စာအုပ် နှစ်အုပ် ရှိတယ်။ Diary for an Angel နဲ့ It's a new day and it is beautiful တို့ ဖြစ်ပြီး ရေးလက်စ စာအုပ်ကတော့ For Love, when I imagine ဖြစ်ပါတယ်။

အီကိုဟာ ယောက်ျားကလေး တယောက်ဖြစ်တယ်။ မဆုံးနိုင်တဲ့ အိပ်မက်တွေနဲ့ နေထိုင်သူဖြစ်တယ်။ သူကြိုက်နှစ်သက်တာက မြူးဇစ် (Music) တေးဂီတ ဖြစ်တယ်။ ဗေးထိုးဗင်၊ မိုးဇက်၊ ချိုက်ကော့ဗ်စကီး စတဲ့ စန္ဒယား ဆရာကြီးတွေရဲ့ ဂန္ထ၀င် စန္ဒယား လက်သံတွေကို နှစ်သက်စွဲလမ်းသူ ဖြစ်တယ်။ သူနှစ်သက်တဲ့ တူရိယာ ပစ္စည်းတွေ က တော့ တယော(Violin)၊ အခူးစတစ် ဂီတာ (Acoustic Guitar)၊ စန္ဒယား၊ အာဟူး(Erhu) လို့ ခေါ်တဲ့ ကြိုး၂ချောင်းတပ် တရုတ်တယောနဲ့ ပီးပါး(Pipa)လို့ခေါ်တဲ့ တရုတ်မယ်ဒလင် တမျိုး တို့ ဖြစ်ပါတယ်။ ဖေါ်ပြပါ အီကိုရဲ့ နောက်ခံသမိုင်းကားတွေကိုတော့ သူ့ ဖေ့စ်ဘွတ်ခ် မှာ တင်ထားသမျှသာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ သူနှစ်သက်တဲ့ တေးသီချင်း၊ တေးဂီတနဲ့ သူကိုယ်တိုင်ရေး တေးဂီတနောက်ခံ ကဗျာ (သို့) ရသစာစု ကလေးတွေကို ယူကျုဘ် ( You Tube ) မှာ တင်ပြထားခဲ့ပါတယ်။ အဲဒီ ထဲကမှ ကျနော့်ကို စတင် ခံစားစွဲငြိသွားစေတဲ့ “ အိပ်မက် ( သို့ ) အမှတ်တရလေး တခု ” ( Dream or a Memory ) ဆိုတဲ့ ဂီတ နောက်ခံ ကဗျာ ကလေးပဲ ဖြစ်ပါတယ်။ ကျနော့် ခံစားရမှုကနေ ကျနော့်စာကို ခေါင်းစဉ် ပေးဖို့ စဉ်းစားတော့ “ကလေးတယောက် စာရေးဖြစ်သွားခြင်း အကြောင်း” လို့ ပေးဖြစ် တယ်။

“ ဧည့်ချိန်ဟာ ကုန်ဆုံးသွားခဲ့ပြီ။

အထီးကျန်ဆန်လွန်းလှတဲ့ ကျနော့အတွက် အခန်းကလေးထဲမှာ ကျနော်ဟာ ခေါင်မိုးမျက်နှာကျက်ကို ၀မ်းနည်းစွာ ငေးစိုက်ကြည့်နေရင်း ကုတင်ပေါ်မှာ လဲလျောင်းနေ ခဲ့တယ်။

ဖေဖေနဲ့ မေမေက ကျနော့်ကို သတင်းစာတွေနဲ့ ထားပြစ်ခဲ့ရတယ်။ အဲဒီလိုနဲ့ပဲ အချိန်တွေ မြန်မြန်ကုန်ဆုံးနေပါစေပေါ့။

သို့ဖြစ်သော်ငြား ကျနော် သူတို့ကို ဘယ်တုန်းကမှ၊ ပြီး ဘယ်တော့မှ ပြောပြလိမ့် မယ် မဟုတ်ပါဘူး။ ဒီသတင်းစာတွေကို ကျနော် တစောင်မှ မဖတ်ခဲ့ဘူး ဆိုတာ … ။

သတင်းစာတွေထဲက စာကြောင်းတွေအောက်မှာ ကျနော် မျဉ်းတွေ သားထားခဲ့ တယ်။ ပုံစံကတော့ ကျနော် သတင်းစာတွေကို ဖတ်နေခဲ့တယ်ပေါ့ …။

တကယ့် အရင်းခံမှာတော့ ကျနော်ဟာ အတော့်ကို ငြီးငွေ့ နေခဲ့ပါတယ်။”

ဇာတ်လမ်းထဲက ဇာတ်ကောင် ကလေးဟာ ဆယ့်လေးနှစ်သားလို့ ဆိုပါတယ်။ ဒါပေမဲ့ ဗွီဒီယိုဇာတ်လမ်းထဲက အီကိုရဲ့ တင်ဆက်မှုမှာတော့ ကလေးဟာ သေးကွေး ကျုံလှီလွန်းနေတယ်။ သူနဲ့ဆိုရင် အတော့်ကို ကြီးမားနေတဲ့ သစ်သားကုလားထိုင်ကလေး မှာ ထိုင်နေတယ်။ အခန်းက ခပ်မှောင်မှောင်ရယ်။ ပိတ်ထားတဲ့ ပြူတင်းပေါက်မှန်ကနေ အလင်းရောင်ဟာ ခပ်မှိန်မှိန် ထိုးဖေါက်ဝင်ရောက်နေတယ်။ သူကလေးက ပြတင်းပေါက် ကနေ အပြင်ကို ငေးမျှော်ကြည့်လျက် …. ။

“ အဲဒီလို ငြီးငွေ့မှုတွေကနေ ၀မ်းနည်းမှုတွေကိုသာ ကျနော့်မှာ ပိုင်ဆိုင်နေခဲ့ …

ကျနော့်အနေနဲ့ အသေအချာ ရည်ညွှန်းဖေါ်ပြသင့်တာကတော့ ကျနော်ဟာ အသစ် ဖြစ်တဲ့ နွေးထွေးကြင်နာမှုတခုကို စောင့်မျှော်နေခဲ့တယ်ဆိုတာ …

ဒါပေမဲ့ ဒါဟာလည်း သိပ်တော့ အရေးမကြီးပါဘူးလေ။ ဘာ့ကြောင့်လည်းဆိုတော့ ကျနော့်မှာ အလှူရှင်တယောက်နဲ့ ခွဲစိတ်ဆရာဝန် တို့ အခိုင်အမာ ရှိခဲ့မယ် ဆိုရင်ပေါ့”

ဧည့်ချိန်၊ ပြန်သွားတဲ့မိဘများ၊ အခန်း၊ ကုလားထိုင်၊ ကုတင်၊ အလှူရှင်၊ ခွဲစိတ်မည့် ဆရာဝန်၊ သတင်းစာများ စတဲ့ အချက်အလက်တွေအရ ကလေးဟာ ခွဲစိတ်ကုသ ခံရမယ့် လူနာတယောက်ဆိုတာ သိလာရတယ်။ ဘာရောဂါကြောင့် ဘာကို ခွဲစိတ်ကုသရမှာလဲ။ ဒါကို အီကိုက မပြောဘူး။ ကလေးရဲ့ အထီးကျန်မှုနဲ့ ငြီးငွေ့စွာ နေထိုင်ရမှုတွေကိုပဲ ပြော တယ်။ ပြတယ်။

“ ခုအချိန်မှာ ကျနော် အကြောင်းပြချက်ပေးဖို့အတွက် ဒါကိုရေးပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ခုချိန်မှာ ကျနော် ဒါကို ရေးမိမယ် မဟုတ်ပါဘူး …

ကတိတခုလည်းဖြစ်တယ်။ အဲဒီလိုနေ့ရက်တွေမှာ ကျနော်ပြုမူခဲ့တာအမှန်ပါ။ အခန်းကျဉ်းကလေးထဲ ကျနော့်ရဲ့ သမားရိုးကျ ငြီးငွေ့ အထီးကျန်ဆန်မှု နေ့ရက်တွေ … ခေါင်မိုးမျက်နှာကျက်ကို ၀မ်းနည်းစွာ ငေးစိုက်ကြည့်နေရတဲ့ အချိန်ကာလ များ …”

ရောဂါ ဝေဒနာရှင်ကလေးဟာ ဘာတွေကို ကတိပေးခဲ့သလဲ။ ဘာတွေပြုမူခဲ့သလဲ။ ပြီးတော့ ဘာတွေဖြစ်ခဲ့ပါသလဲ။

“ ထိုစဉ် … အခန်းတံခါးဝဆီက တိတ်တဆိတ် မြည်သံတခု …ရိုးအီ နွမ်းယိနေတဲ့ အခန်းရဲ့ သက်ငြိမ်မှုကို ချေမှုန်းဖျက်ဆီးလိုက်တဲ့ အသံ … ကျနော်ဟာ ဦးခေါင်းကို တဖက်သို့ လှည့်ရင်း အသံလာရာဆီကို ကြည့်လိုက်ပါတယ်။ အဖွားအို တယောက်ပါလား …။ သူမက ဆေးထိုးအပ်ရာ ဒဏ်ရာ ဗရပွရှိနေတဲ့ ကျနော့် လက်ကို ကရုဏာသက်စွာ ကြည့်ရင်းက …

“အဆင်ပြေရဲ့လား ကလေး” လို့ တိတ်တိတ်တိုးတိုးကလေး မေးလိုက်ပါတယ်။ သူမရဲ့ ထူးဆန်းလှတဲ့ အပြုံးဟာ သူ့မေးခွန်းကို လိုက်ပါ ခွန်အားဖြည့်နေခဲ့တယ်။

“ ကျနော် ခွဲစိတ်ဆရာဝန် တယောက်ကို စောင့်နေတာပါ”

သူမဟာ အခန်းထဲကို လှည့်ပတ်ကြည့်တယ်။ ကျနော်ထိုင်နေကျ ကုလားထိုင် ကလေးကို တွေ့တယ်။ ကုလားထိုင်ကို ကျနော့ ဦးခေါင်းနဲ့ နီးရာဆီ ဖြေးဖြေးလေး ဆွဲယူပြီး သက်သောင့်သက်သာ အနေအထားနဲ့ ထိုင်နေတော့တယ်။

“ အမေ့နာမည်က ဂျူးလိယက်ပါ။ သား နာမည်ကရော”

“ ဒင်န်နီ ပါ ”

“ အသက်ကရော ”

“ ဆယ့်လေးနှစ် ”

“ သားကိုတွေ့တော့ အမေ့သားကို အမှတ်ရလာတယ် … ”

အမေအိုရဲ့ မေတ္တာတရားဟာ ကလေးကို ကူးဆက်ခံစားသွားစေတယ်။ ရောဂါ သည် ကလေး တောင်းဆိုလိုချင်နေတဲ့ နွေးထွေးကြင်နာမှု အသစ်ဟာ ဆိုက်ဆိုက် မြိုက် မြိုက် ရောက်ရှိလာခဲ့ပြီကော …

“ ဒီလို သူမနဲ့ ကျနော်တို့ ဆုံတွေ့မှုဟာ ကျနော့်အတွက်တော့ အလွန့်ကို ကြီးမားတဲ့ စိတ်ချလုံခြုံမှုကို ခံစားစေခဲ့ပါတယ်။ အဲဒီခံစားမှုဟာ ကျနော့်အတွက် အလွန့်ကို ရှည်ကြာ နေမယ့် ခံစားမှုမျိုး ဖြစ်ပါတယ် … ။

ကျနော့် လက်တွေက ကျနော့ဗိုက်သားပြင်ကလေးကို ပွတ်သပ် ကိုင်တွယ်မိတယ်။ နေ့စဉ်နဲ့အမျှ သောက်ခဲ့ရတဲ့ ဆေးဝါးတွေက အော့ချင်၊ အန်ချင်ဖြစ်ရတယ်။ သူမရဲ့ လက်တွေက ကျနော်ခံစားနေရတဲ့ ဝေဒနာတွေအပေါ် လွှမ်းမိုးသက်သာ စေခဲ့ပါတယ်။ ပြီး သူမဆီက တိုးတိတ်ညင်သာ အသံကလေးကို ကြားလိုက်ရတယ် …

“အားလုံး ကောင်းသွားပါလိမ့်မယ် ကလေးရယ်”

အမယ်အိုရဲ့ မေတ္တာနဲ့ ကရုဏာတရား အပြုအမူတွေဟာ ရောဂါသည် ကလေးကို နာကျင်အထီးကျန်မှုတွေဆီက လွတ်မြောက်နေစေခဲ့တယ်။

“ စင်္ကြံတလျှောက်မှာတော့ ထွန်းထားတဲ့ မီးသီးများဆီမှ လင်းရောင်ခြည်တန်းများ … အဲဒီ အလင်းတန်းတွေဟာ သူမရဲ့ မျက်နှာပေါ်မှာ မှေးမှိန်သိမ်ငယ်လို့ … သူမရဲ့ နောက်ဖက်မှာတော့ မီးအလင်းရောင်ခြည်တန်းတွေဟာ သူမကို မယှဉ်နိုင် မှေးမှုန်ပျက်ဆီး လို့ …

သူမ တိုးတိုးကလေး ပြောခဲ့တဲ့ အရာရာတိုင်းဟာ တကယ့်ကို ကျနော့်စိတ်ထဲ ပီတိ အထာကျလာနေပါတယ်။ ကျနော် သူမကို ယုံကြည်လာခဲ့တယ်။ သူမဟာ သီချင်းတပုဒ်ကို စတင် သီဆိုလိုက်တယ်။ အဲဒီနေ့က သူမဆိုခဲ့တဲ့ သီချင်းကို ကျနော် မမှတ်မိနိုင်တော့ပါဘူး ။ သီချင်းကို ဘယ်လို ဆက်ဆိုနေခဲ့သလဲ။ မှေးစင်းနေတဲ့ ကျနော့်မျက်လုံးများ … ကျနော့် ၀မ်းဗိုက်ကို ကျနော်ပွတ်သတ်ကိုင်တွယ်နေရင်း …က

“ အမေဟာ နတ်သမီး တပါးလား ဟင်”

သီချင်းသံဟာ ရုတ်ချည်း ရပ်သွားတယ်။

“ သားကြီးလာရင် ဘာလုပ်ချင်၊ ဘာဖြစ်ချင်ပါသလဲ ကွယ် ”

“ ကျနော် စာရေးချင်တယ် အမေ ”

“ ဘာဖြစ်လို့ မရေးနိုင်ရမှာလည်း သားရယ် ”

ကျနော် တိတ်ဆိတ်နေခဲ့တယ်။

“ အမေ့ကို ကတိတခု ပေးရမယ်နော် … အဲဒီကတိကတော့ သား အနေနဲ့ ခု ဒီအိပ်မက်ကို ဘယ်တော့မှ မစွန့်လွှတ်ပါဘူးလို့ ”

“ ကျနော် ကတိပေးပါတယ် ”

ကျနော် ထပ်ပြီး ခံစားနားဆင်ခွင့်ကို ရခဲ့တယ်။ အပြစ်ကင်းစင်ပြီး သိပ်ချစ်စရာ ကောင်းလှတဲ့ သူမသီဆိုနေတဲ့ သီချင်းကိုပေါ့ … ။

ခုထိ ဇာတ်လမ်းက အိပ်မက်ဆန်နေတုန်းပါပဲ။ အမေအိုတောင်းတဲ့ ကတိကို ကလေးက ပေးလိုက်တယ်။ သူကလေးအနေနဲ့ တကယ်ကတိတည်မှာလား။ အိပ်မက် ကရော ဘာပါလဲ …။

“ နောက်တနေ့ နံနက်ခင်းမှာ ကျနော် အိပ်ရာကနေ နိုးလာပါတယ်။ ကျနော့် မျက်လုံးတွေက အမေအိုကို လိုက်လံရှာဖွေလျက် … သူမ မရှိတော့ပါလား။ ကုလားထိုင် ကလေးက နေမြဲအတိုင်း ဘယ်ကိုမျှ မရွေ့လျားခဲ့ သလိုလို …

ကျနော့်အတွက် ငှားထားတဲ့ သူနာပြု ဆရာမလေးကို လှမ်းခေါ်လိုက်တယ်။

“ ဂျူးလိယက် ဘယ်မှာလဲ ဆရာမ ”

“ ဘယ်က ဂျူးလိယက်လဲ ကလေး”

ဆရာမကို ကျနော် အသေးစိတ် ကြိုးစားပြီး ပြောပြလိုက်ပါတယ်။ ညက ဆုံတွေ့ခဲ့ ရတဲ့ အမယ်အို ဂျူးလိယက် အကြောင်းကိုပေါ့။

“ ဒါ အိပ်မက်ပဲ ဒင်န်နီ။ ဒါဟာ အိပ်မက်သက်သက်သာ ဖြစ်တယ် ကလေး”

ဆိုတော့ ဒင်န်နီ နဲ့ ဂျူးလိယက် တို့ရဲ့ တွေ့ဆုံမှုဟာ အိပ်မက် တခုသာ ဖြစ်တယ်။ ဒါပေမဲ့ ဒင်န်နီဟာ အဲဒီအိပ်မက်ကို တကယ့်အဖြစ်အပျက်လို့ သဘောထားခံယူ လိုက်ပုံ ရပါတယ်။

“ ဒီမနက် မိဘတွေ ဧည့်လာတွေ့တော့ အမေ့ဆီမှာ ကျနော် တခု ပူဆာခဲ့ပါတယ်။ အနီးဆုံးနေရာမှာရှိသော စတိုးဆိုင်ကနေ ကျနော့်အတွက် စာတလုံးမျှ ရေးသားထားခြင်း မရှိသေးတဲ့ မှတ်စုစာအုပ် တအုပ်ကို ခုချက်ချင်း ၀ယ်ပေးပါလို့ …

ထိုနေ့ကစလို့ ကျနော် စာကို စတင်ရေးသား နေခဲ့ပါတယ်။ ဘယ်တော့မှလည်း စာရေးခြင်းကို မရပ်ခဲ့ဘူး … ဘယ်တော့မှ … ဘယ်တော့မှ …

“ ကျေးဇူးပါ ဂျူးလိယက် … ”

“ ကျနော့်ရဲ့ အိပ်မက်နတ်သမီး … သို့ ”

အတွတ်
မေ၊ ၂၀၁၁။

ရည်ညွှန်း။ ။ http://www.facebook.com/ekodaekoni
http://www.youtube.com/watch?v=Tmu5slg9nto&annotation_id=annotation_9502&feature=iv

အပြည့်အစုံသို့...

Thursday, June 16, 2011

မြစ်တစ်စင်း၊ချစ်ခြင်းနဲ့ လေညှင်းအရောင်

ခေတ်ပြိုင်ထဲ မြစ်တွေ အများကြီး စီးဆင်းနေဆဲမှာပင် ဖြစ်သည်။ မြစ်တစ်စင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဟောဒီမြစ်တစ်စင်းရဲ့ စီးဆင်းမှု အလျဉ်ကတော့ ခရမ်းပြာ မြင်းရိုင်းတစ်ကောင်လို အတန်ငယ် ကြမ်းရိုင်းသည်ဟုသာ ဆိုရမည်ထင်သည်။ သူသည် ချုပ်ချယ်မှုကို စက်ဆုပ်သူ ပီပီ လွတ်လပ်ကျယ်လွင့်သော ပင်လယ်ဆီ တစ်ဟုန်ထိုး ဦးတည် စီးဆင်းဖို့ တစ်ခုတည်းကိုသာ အာရုံဝင်စား နားလည်သည်။ ထိုအရာမှ တစ်ပါး အခြားမရှိ။ အခြား မသိ။ အခြား ဘာကိုမျှလည်း မကြည့်။ ထိုမြစ်သည် တောကိုတွေ့လည်း မကွေ့၊ တောင်ကို တွေ့လည်း မရှောင်၊ တောင်ဖောက် မြားတစ်စင်းလို ထိုးခွဲ စီးဆင်းဖို့သာ မုန်ပြင်းခဲ့သည်။ ယဉ်ကျေးခြင်း၊ နူးညံ့ခြင်း၊ သိမ့်မွေ့ခြင်း၊ ဟန်ဆောင် ဘာသာစကား အနက် အဓိပ္ပာယ်ကို နားလည်ဖို့ မကြိုးစား။ ခိုတွယ်ဖို့ ပျင်းရိကာ ပစ်ပယ်ခါ ချခဲ့၏။ နေ့မရှိ၊ ညမရှိ၊ နာရီမရှိ။ အချိန်ပြည့် စီးဆင်းဖို့ တစ်ခုတည်းမှာသာ ထာဝရ အာရုံ ငြိလျက်ရှိရာ ပင်ပန်း ဆင်းရဲခြင်းတို့၏ ကုတ်ခြစ်မှုဝယ် သွေးခြင်းခြင်း နီခဲ့ပြီ။ နာကျင်မှု ဒဏ်ရာ ဗရပွဖြင့်လည်း နွမ်းလျလျက် ရှိလေပြီ။

သို့သော် မည်မျှပင် မိုးမည်းမည်း၊ နှင်းသည်းသည်း။ သူ့ရင်ထဲ စမ်းနံဘေးမှာ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ ဆိုတာကတော့ အမှန်တကယ် ဖြစ်ခဲ့လေသည်။

မြစ်တစ်စင်းနှင့် ပမာနှိုင်းနှိုင်း၊ ခရမ်းပြာ မြင်းရိုင်းနှင့် ပမာဆိုဆို။ ဒဂုန်တာရာ ဆိုတဲ့ စာဆိုကြီးကတော့ သူ့ကို အရိုင်း။ အောင်ဆန်း သို့မဟုတ် အရိုင်းဟု တာရာ မဂ္ဂဇင်းက နေ၍ ရုပ်ပုံလွှာ အဖွဲ့တစ်ခုမှာ သွန်းဆစ် ထုပြခဲ့သည်။ထိုအခါ သူက အုံ့ဆိုင်း မှိုင်းညို့ခြင်း မရှိဘဲ ပကတိ အရိုးခံဖြင့် “ဌေးမြိုင်ကတော့ ငါ့ကို အရိုင်းတဲ့ကွာ။ ဒါကတော့ ကြမ်းလွန်းတယ် ထင်တာပဲ။ ငါဟာ ရိုင်းသလောက်တော့ ရိုင်းပါတယ်။ ဒါပေမယ့် မရိုင်းတဲ့ အချက်အလက်တွေလည်း အများကြီး ရှိပါတယ်ကွာ။ မဟုတ်ဘူးလား။ What do you sayဟူ၍ အနီးရှိ ကြင်သူ ဇနီးဘက်သို့ လှည့်ပြီး ပြုံးဖြဲဖြဲနှင့် မေးလိုက်တာကို ကျွန်တော်တို့ မှတ်သားခဲ့ရ ဖူးပါသည်။

တကယ်တော့ သူသည် ပုထုဇဉ် လူသားတစ်ဦး ဆိုသော်လည်း နိုင်ငံရေး သွေးကြောမျှင်များဖြင့် တစ်ကိုယ်လုံး ရက်ဖောက် တည်ဆောက်ထားရာ အနုပညာနှင့်တော့ အနေဝေး အနေ စိမ်းခဲ့ပေသည်။ သို့သော်လည်း လူသာမန်တို့၏ နူးညံ့ သိမ်မွေ့သော စိတ်ထားများ၊ ယဉ်ကျေးမှု အနုပညာကို ခံစား သုံးသပ်လို စိတ်များ လုံးဝချို့တဲ့ ကင်းမဲ့ခြင်း မရှိတာတော့ အမှန်ပဲ ဖြစ်သည်။

၁၉၄၆ ခုနှစ်၏ နှင်းဆွတ် ဒီဇင်ဘာရဲ့ ၀ဲလွင့်နေသော မြူတွေကြား သူသည် အကြေအညာတစ်လွှား ခရီးတွေ တော်တော်များများ သွားခဲ့ရသည်။ ထင်းရှူးနံ့တို့ဖြင့် မွှေးမြနေသော မောတို့၏ ရှမ်းကုန်းမြေမြင့်အရောက်တွင် တိုင်းရေးပြည်ရေး ကိစ္စဖြင့် အလွန်တရာ အလုပ်များခဲ့သော သူ့ဦးနှောက်တွင် အနည်းငယ် ကြည်လင်လာဟန် ရှိသည်။ နှင်းထူထူ မြူဆိုင်းဆိုင်း၊ တောင်ပြာပြာ တောစိမ်းစိမ်း ရှုခင်းများကပဲ ညှို့ချူလာလေသလားမသိ။ ကလောမြို့နား အရောက်မှာ။
“ဂန္ဓမာတောင်___လိုဏ်ချောင် မုခ်နန်းဆီ___ဂုမ္ဘာန် တစ်ထောင် စောင့်ကြပ် ကာဆီးသည်___နတ်ပန်းကလေးနဲ့___နတ်ပန်းကလေးနဲ့ သဏ္ဌာန်တူသည်___ လေယူရာသင်းမွှေးလို့ လှိုင်ကြည်___ဘုန်းသမ္ဘာရှင် မျှော်ကိုးကာ စောင့်ခဲ့ပြီ___” ဟူ၍ သူသည် ကျည်ဆံ တစ်တောင့် ထိုးဆောင့် ထွက်သွားသလိုမျိုး တူရိယာဂီတ မဆန်သော အသံသြသြကြီးဖြင့် အားပါးတရ သီဆိုလိုက်၊ သူ၏ လက်ဝဲဘက်ရှိ ဇနီးသည်၏ ပေါင်ကို လက်ဝါးဖြင့် စည်းချက် လိုက်သလို ပုတ်လိုက် လုပ်နေရာ နောက်နားမှာ ခပ်ကုပ်ကုပ် လိုက်ပါလာသော သတင်းထောက် အဘိုးကြီး ဦးပုကလေး ပင် ပြုံးစိစိနှင့် သူ၏ ကော်ကိုင်း မျက်မှန်ကြီးထဲက တအံ့တသြ ငေးကြောင် ကြည့်နေမိသည်။ ပြီးတော့ ဗိုလ်ထွန်းလှသို့ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

တက္ကသိုလ် အင်းဝဆောင်မှာတုန်းက ကျုပ်အသံက သီချင်းဆိုလို့ လုံးဝ မဖြစ်လို့ပါဟု ၀န်ခံခဲ့ဖူးသော သူက “ဒိုရာသန်းအေး အသံကလေးက ကောင်းတော့ အတော် ကောင်းတယ်ကွ၊ ငါတော့ သူ့အသံရယ်၊ မေရှင့်အသံ ရယ် အကြိုက်ဆုံးပဲ”ဟု ကလောမြို့ အ၀င်တွင် ရင်ဖွင့်လိုက်ပါသေးသည်။ ဒီလိုပါပဲ။ သူခရီး ထွက်တိုင်းလိုလိုပင် ကြည်ကြည်လင်လင်နှင့် စိတ်လို လက် ရရှိသည့် အခါတိုင်း စိတ်ထဲရောက် လာသည့် ကာလပေါ် သီချင်းတွေကို သူ့အသံ သြသြကြီးဖြင့် သူရသလောက် တစ်ပိုင်းတစ်စဖြစ်ဖြစ် ဟစ်လိုက် ညည်းလိုက် လုပ်လေ့ရှိတာ သူနှင့်အတူ ပါလာသူများ အသိပါပဲ။

ပြီးတော့...။
သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ___ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ ဆိုသော ပြည်လှဖေနှင့် မေရှင်တို့၏ သက်ဝေ သီချင်းကား သူ သဘောအကျဆုံး သီချင်း တစ်ပုဒ် ဖြစ်သည်။ သူအိမ်မှာ ရှိနေစဉ် အဲဒီသီချင်း ရေဒီယိုက လာ လို့ကတော့ အိပ်ရာပေါ်မှိန်း၍ ဇိမ်ဖြင့် နားထောင်လေ့ ရှိစမြဲ။ သက်ဝေ သီချင်း ကို သူဘယ်လောက်အထိအောင် စွဲပါ သလဲ ဆိုလျှင် ၁၉၄၇ ခုနှစ် နှစ်ဆန်း၊ သူ ဘိလပ် ရောက်သွားသည့် အထိပင် ဖြစ်သည်။ အဲဒီမှာ သူ့အသည်းစွဲ အဆို တော် ဒိုရာသန်းအေးနှင့် သွားတိုးသည်။ သူတို့ ကိုယ်စားလှယ် အဖွဲ့ ပြည်တော် မပြန်မီညက မန်ချက်စတာ ဟိုတယ်၌ ညစာစားပွဲ ကျင်းပရာ ဘိလပ်ပြန်သန်း လည်း တက်ရောက်သည်။ ထမင်းစား ပွဲအပြီးမှာ ထုံးစံအတိုင်း အဆိုတော်ကို တေးသံသာဖြင့် ဖြေဖျော်ရန် ၀ိုင်းပွဲ တောင်းကြ၏။

ထိုအခါ သူက
“ဒိုရာ၊ ဟိုသီချင်းဟာလေ ဓူဝံ ကြယ်မြေမှာ ခကြွေ၊ အဲ...အဲ။ သက်ဝေ သီချင်း ဆိုစမ်းပါ” ဟု မှတ်မှတ်ရရ တောင်းဆိုပြီး သံပြိုင် ဆိုရမည့် “ဓူဝံ ကြယ်___မြေမှာခကြွေ___”အပိုဒ်သို့ အရောက်တွင် သူကိုယ်တိုင် ပါဝင်၍ သံပြိုင်သီဆိုကာ ဂီတ ရေလျဉ်ကြောတွင် မျောပါခဲ့ဖူးသည် မဟုတ်ပါလား။

“ဟေ့...ဖိုးတာရာ၊ ကဉ္စန သီချင်း တီးစမ်းပါ”
တွန့်ခါ ညံဆူနေတဲ့ အသံထူထူ ကြားမှ ကသောကမျော ပြောလိုက်သူကား ထိုစဉ်က မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်တေဇ ပင် ဖြစ်သည်။ အချိန်ကား ၁၉၄၂ ခု၊ ဧပြီလ ၅ ရက်နေ့ည။ မိတ္ထီလာ ကိုလှမောင် အရေးတကြီး မိန်းမ ယူလိုက်သဖြင့် ဘီအိုင်အေခေတ် ပထမဦးဆုံး ပွဲဦးထွက် မင်္ဂလာဆောင် အခမ်းအနားမှာပါပဲ။ စန္ဒရား တီးနေသော ဒဂုန်တာရာတို့လူစု လည်း ချက်ချင်းပင် ခြောက်ပေါက်သံ ပြောင်း၍ အသံခင်းပေးလိုက်ရသည်။

အဲဒီမှာပဲ...။
“ရွှေသားရုပ်သွင်___ခင်မင် စရာဝယ်__ မျက်နှာတော်ဝါ၀ါဝင်း__ _ရွှေလမင်းကြီးပုံနှယ်___ပတ္တမြား အသွေးနဲ့ တူညီပါတယ်___ပါးကလေး က မြင်ရသူလည်း အသည်းစွဲတယ် ___”
ခြောက်ပေါက်သံလည်း မကျ၊ ခုနစ်သံလည်း မကျဘဲ ဘယ်လိုမှ ဂီတ မဆန်သော သူ့အသံသြကြီးဖြင့် ဆိုချလိုက်ရာ တော်တော်ကြီး ပွဲကျသွားလေ သည်။ သံစဉ်တွေ ဖရိုဖရဲဖြစ်နေ၍ ဗိုလ်ဇေယျ၊ သခင်ချစ်၊ ကိုထွန်းအုံ၊ နယူးဘားမား ကိုတင်မောင်တို့ လူစုက သီချင်းကို သံပြိုင်လိုက်ကာ ကူဆိုပေး လိုက်မှ အပေါက်လမ်း တည့်မတ် သွားခဲ့ဖူးသည်။ တကယ်တော့ သူ့သူငယ်ချင်း ကိုလှမောင် ဖျာပုံသူ အပျိုချော မသန်းရင်နှင့် ချစ်ပွဲဝင်တော့မည့် ညတွင် သူ့စိတ်ထဲ အားကျ သလိုလို ၀မ်းနည်းသလိုလိုနှင့် ဘာလိုလိုဖြစ်ကာ သူ့ ၀ါသနာ သူ့အရာ မဟုတ်သော သီချင်းကို ကောက်ကာငင်ကာ ဆိုလိုက်ခြင်း ဖြစ်ပေသည်။

ပြီးတော့ ဆရာကြီး သခင်ကိုယ် တော်မှိုင်းအား “ဖိုးလှမောင် တစ်ယောက် မကောင်းဘူး ဆရာကြီးရဲ့။ ကျွန်တော်တို့ လုပ်ငန်းတွေ မပြီးခင် မိန်းမယူတယ်”ဟု ရယ်သလို မောသလို တိုင်တောခဲ့သေးသည်။ ထို့နောက် သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင် လူအေးတို့ ရှေ့ဆင့် နောက်ဆင့် အိမ်ရာ ထူထောင် သွားကြသည်။ အမှန်အတိုင်း ဆိုလျှင် သူလည်း ရွှေလည် တွဲချင်လှပြီ။ ကမ်းရှာ ငှက်တစ်ကောင်လို မေတ္တာ အေးရိပ်တွင် မှေးမှိတ်ချင် လှပြီ။ သို့ဖြင့် “ငါတို့တစ်တွေ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းပြီးမှ အိမ်ထောင်ပြုကြမယ်”ဟူသော အယူ အဆကို မှန်ပါလေစ၊ သဘာဝကျပါ စဟု ဆဆ၀ါးဝါး အတွေး ပွားလာမိလေသည်။ အဘယ်ကြောင့်ဆိုသော် “ငွေသော်တာ ရောင်ခြည် ထိန်လင်းတော့သည်___ဘုံကြိုး ပြတ်တဲ့ မိုးနတ်မဒီ၊ သဒ္ဓါကပိုသည်။ ဆရာမကိုပဲ အသည်းစွဲ အောင် ချစ်မိပြီ” မို့ ဖြစ်၏။

လဟာ ညနဲ့ ငြိနေသလိုမျိုးဟု လည်း ဆိုနိုင်သည်။
ဖြစ်ပုံက ဤသို့...။
သူနေ့မသိ ညမသိ မနားမနေ အလုပ် လုပ်လွန်းသဖြင့် ပင်ပန်း နွမ်းနယ်ကာ အပြင်းအထန် ပန်းဖျားဖျားရာ အတန်တန် ငြင်းဆန်နေသည့် ကြားမှ ဆေးရုံကြီးသို့ တက်ရောက် ကုသရင်း အနားယူဖို့ အကြောင်းက ဖန်လာသည်။ အဲဒီမှာ စိတ်ရှည်ရှည်နှင့် သည်းခံပြုစု ပေးရှာသည့် ဣနြေ္ဒရှင် လုံးကြီးပေါက်လှ သူနာပြု ဆရာမနှင့် တွေ့ဆုံပြီး ကြင်နာ နွေးထွေးသော ပြုစုယုယမှု အောက်တွင် သူ၏ မာတောင့် အေးခဲနေသော စိတ် ဓာတ်သည် အရည် ပျော်ပျော့ပျောင်းလာ ရုံမက ဆေးဆိုလည်း ဆရာမ မခင်ကြည်တိုက်မှ၊ အစာဆိုလည်း ဆရာမ မခင်ကြည်ကျွေးမှ အထိ ဖြစ်လာလေ တော့သည်။

လရောင် သွန်းဖွဲသော ညတစ်ည မှာပါပဲ။သူသည် ဗိုလ်စကြာနှင့် အတူ ရောက်လာပြီး ဒေါက်တာ မြင့်ဆွေကို ခေါ်သည်။ “တယောယူပြီး လိုက်ခဲ့စမ်း ပါဗျာ။ ဟိုဆရာမ မခင်ကြည်တို့ဆီ အလည် သွားရအောင်”ဟု ဆိုကာ ဘီအိုင်အေ ဆေးရုံကြီး အပေါ်ဆုံးထပ် အနောက်တောင်ထောင့် အခန်းသို့ ချီ တက်သွားလေသည်။ အခန်းဝ ရောက်သည့်အခါ သူက “ဆရာမ ဧည့်သည် လာတယ်”ဟု အသံပြုသည်။ ဆရာမက အံ့သြပြုံးရွှင်စွာ “ဗိုလ်ချုပ်တို့ အလည် လာကြသလား၊ ထိုင်ကြပါ၊ ဧည့်ခန်းထဲ က အိုက်ပါတယ်။ ၀ရန်တာ ထွက်ရအောင်” ဟု ပဋိသန္ဓာရပြု ဖိတ်ခေါ် သည်။

“ဆရာမ၊ ကျွန်တော်တို့ တစ်တွေဟာ လွတ်လပ်ရေး ရဖို့ ကြိုးပမ်းတဲ့ ခရီး တစ်လျှောက်မှာ ဆရာမတို့လို ကြင်ကြင်နာနာ ယုယုယယ ပြုစုတာကို တစ်ခါမှ မခံစားခဲ့ရပါဘူး။ ဒီဆေးရုံ ရောက်မှ အခုလို ပြုစု ယုယတဲ့ ဆရာမ တို့နဲ့တွေ့တော့ စိတ်ထဲမှာ ချမ်းမြေ့ ကြည်နူးမိတယ်ဗျာ”ဟု ပီတိနှောပြော ပြီး ဆိုင်းမဆင့် ဗုံမဆင့်ပင် “ကိုင်း... ဆရာမ သီချင်း တစ်ပုဒ်လောက်ဆို စမ်းပါ၊ ဒေါက်တာမြင့်ဆွေက တယော ကိုင်ဗျာ” ဟု ဇွတ်ကြီး ပွဲတောင်းတော့သည်။
“အို...ဗိုလ်ချုပ်ကလည်း ရှက်စရာ ကြီး၊ ဘယ်ဆိုတတ်ပါ့မလဲ”ဟု မူနွဲ့ နေရာ
“ဆိုသာဆိုပါ။ ရှက်စရာ မရှိပါဘူး။ ကျွန်တော်တို့ချည်းပဲ ရှိတာပါ” ပြောသဖြင့် ဆရာမခမျာ အဆိုတော် မေရှင်၏ မယ်ခုမျှော်ကို ဆိုပြရသည်။ သီချင်း ဆုံးသွားသည်နှင့် “သိပ်ကောင်း တာပဲဗျာ။ တစ်ခေါက် ထပ်ဆိုပြပါဦး” ဟု ပူဆာပြန်သဖြင့် ဒုတိယမ္ပိ ဆိုပြရ ပြန်သည်။ ပြန်ပြောလျှင် သံယောဇဉ် ရယ်ပေါ့။

တစ်နေ့...။
ညနေ ငါးနာရီခန့်တွင် သူသည် ရွှေပေါက်ပင် ဦးဘသိန်းနှင့် အတူ ဒေါက်တာမြင့်ဆွေ အခန်းသို့ ရောက်လာပြီး “လာဗျာ၊ မိန်းမ သွားတောင်းမလို့ လိုက်ခဲ့စမ်းပါ”ဟု ကောက်ကာငင်ကာ ခေါ်သဖြင့် ဒေါက်တာမြင့်ဆွေ လိုက်သွားခဲ့ရသည်။ မခင်ကြည်တို့ အခန်းဝ ရောက်သည့် အခါ သူက “မိန်းမ တောင်းရ အောင်လာတယ်”ဟု ပေါ်တင်ကြီး အော်ပြော လိုက်သဖြင့် မခင်ကြည် ရှက်ကိုး ရှက်ကန်းဖြင့် အခန်းထဲ ပြေးဝင် သွားရသည်။ ဒါလည်း မရပါဘူး။ အတင်းအော် ခေါ်နေသဖြင့် အခန်းထဲက ထွက်လာရပြန်သည်။ ထိုအခါ သူက “ကျွန်တော် လာတာ တခြား မဟုတ်ဘူး။ မိန်းမတောင်း ရအောင် လာတာ”ဟု အတည်ပေါက် ပြောလိုက်ရာ ဣနြေ္ဒရှင်ခမျာ နှင်းဆီသွေး ဖြန်းနေသည့် မျက်နှာကို အောက်သို့ ချလျက် ခေါင်းမဖော်ဘဲ ရှက်ပြုံးပြုံးနေရရှာလေသည်။
အို...ဘယ်လိုလူကြီးလဲ။
သူဆေးရုံက ဆင်းသွားပြီး တစ်နေ့သော ညနေခင်းတွင် သူက ဆရာမအား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထိုဒင်နာတွင် ဆရာမကို သူ၏ ဘ၀ ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်ရာ ဆရာမလည်း မငြင်းသာတော့ဘဲ ခေါင်းညိတ်ခဲ့ ရလေသည်။ သို့ဖြင့် ၁၉၄၂ ခု၊ စက်တင်ဘာ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ် ဆေးရုံကြီးပေါ်မှာပင် မင်္ဂလာပွဲ ဆင်ယင်ကျင်းပ ဖြစ်သွားလေသည်။ သတို့သားက စစ်ဝတ်စုံကို ၀တ်လျက် ဂျပန် စစ်ဦးထုပ်ကို ဆောင်းပြီး သတို့သမီးနှင့် ယှဉ်တွဲကာ အပျိုရံ၊ လူပျိုရံများဖြင့် ခြံရံကာ ရောက်ရှိလာသည်။
အဲဒီမှာ...။
“သစ္စာမဏ္ဍိုင်___မြဲခိုင်ခဲ့ပေ__ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ___ အသည်းမှာ စွဲမက် အသက်ကို ပုံတယ်လေ” ဟူ၍ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း)၏ စန္ဒရား လက်သံနှင့် အတူ ဆရာကြီး ဒေါက်တာ ဦးဘသန်းနှင့် သမီးတို့က သူ့အသည်းစွဲ သက်ဝေ သီချင်းဖြင့် မင်္ဂလာလက်ဖွဲ့သီချင်း ဖျော်ဖြေပေးခဲ့ကြသည်။ ထိုပွဲတွင် အမှတ်မထင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးသည်။
မင်္ဂလာ အခမ်းအနားသို့ ရောက်လာသော သတို့သားနှင့် သတို့သမီးတို့အား ခန်းမထဲမ၀င်မီ ဆေးရုံကြီးမှ ကိုကျော့မောင်နှင့် အခြားတစ်ဦးက အပေါက်ဝမှ ဆီး၍ ရွှေကြိုးဖြင့်တားသည်။ တိုင်းပြည် လွတ်လပ်ရေးမှ လွဲ၍ အခြားဘာကိုမှ စိတ်မ၀င်စား၊ လောက၀တ် ဓလေ့ထုံးတမ်းများကိုလည်း နားမလည် ဂရုစိုက်လေ့ မရှိသော သတို့သားသည် သူ့ရှေ့တွင် တားလာသည့် ရွှေကြိုးကို သူ့ညာလက်ဖြင့် ဖျတ်ခနဲ ဆောင့်ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး သတို့ သမီးလက်ကို ဆွဲလျက် တည်ကြည်သော မျက်နှာလေးနှင့် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန်ဖြင့် မင်္ဂလာစင်မြင့်ဆီသို့ ဆက်လက် လျှောက်သွားလေသည်။
အဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လွန်းရာ သူ့အပြုအမူကို အားလုံးက မှင်တက်မိကာ အံ့အားသင့်သွားကြသော်လည်း သူကတော့ ဘာမှ မဖြစ်သလိုပါပဲ။ သူကား အဲသလို လူစားမျိုး ဖြစ်သည်။

သခင့်အပါးတွင် နေထိုင်ခွင့်ကို
တစ်ခဏမျှ ပေးသနားရန်
ငါတောင်းပန်ပါ၏။
လက်ဝယ်ရှိသည့်
ပြုဖွယ်ကိစ္စ ဟူသမျှကို
နောင်ကျမှသာ ပြီးစီးစေပါတော့အံ့။
တဂိုး၊ ဂီတဉ္ဇလီ-၅

တကယ်ဆို...။
သူ့နှလုံးသားသည် နားနေခြင်းကိုလည်း မသိ၊ ဖြေသိမ့်ခြင်းကိုလည်း မသိရှာဘဲ နာကျင် နွမ်းလျလျက် ရှိခဲ့တာ ကာလကြာခဲ့ပြီ။ ပခုံးပေါ်က သူ့အလုပ် တာဝန်တွေကလည်း တိမ်တစ်ဆုပ်လို ပေါ့ပေါ့ပါးပါး မဟုတ်။ ရွာမည် တကဲကဲဖြင့် ထာဝစဉ် အုံ့ခဲဆိုင်းညို့လျက်။ သောင်ကမ်း မရှိသော အခက်အခဲ ပင်လယ်မှ အဆုံးမရှိသော လှိုင်းတံပိုးတို့ သူ့ဘ၀ လှေကလေးကို တ၀ုန်းဝုန်း ရိုက်ပုတ် ချိုးဖဲ့လျက် ရှိသည်။
ကြည့်လိုက်တော့လည်း...။
သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှ အပကို မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ် ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ သဘင်၊ ပန်းချီ စသော အနုပညာ ရပ်များကို မလိုက်စားဟူသော ဆရာ ဒဂုန်တာရာ စကားအတိုင်း သူ့ကိုယ် သူ အတင်း ယဉ်ကျေးအောင် မလုပ်၊ သူနေတတ်သလို သူ၏ နဂိုအတိုင်း ခပ် ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင် ဘဲ နေတတ်သူ။
အဲဒီလို မာမာထန်ထန် ထာဝရ မှုန်ဆန်နေသော လူတစ်ယောက်သည် အခုတော့ အချစ်၏ ရှေ့တော်မှောက်သို့ ရောက်ရှိကာ အချစ်နှင့် တို့ထိခြင်းကို ခံရလေပြီ။ ဂရိတွေးခေါ်ရှင်ကြီး ပလေတိုကတော့ အချစ်နဲ့ တို့လိုက်ရင် လူတိုင်းဟာ ကဗျာ ဆရာဖြစ်လို့ လာတယ်ဟု အခိုင်အမာ ဆိုခဲ့ဖူးပါသည်။ အခုလည်း ဘာထူးလဲ။ သူ့ရင်ထဲ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ မဟုတ်လား။

မင်းချမ်းမွန်
(ဒေါက်တာ မြင့်ဆွေ၊ ဂျပန်ခေတ် ဆေးရုံကြီးပေါ်ဝယ်နှင့် ဒဂုန်တာရာ၏ အောင်ဆန်း (သို့မဟုတ်) အရိုင်းတို့ကို ဖတ်ရှု ခံစားရေးဖွဲ့ပါသည်။)

အပြည့်အစုံသို့...

Wednesday, June 15, 2011

KIO/KIA တပ်များ တိုက်ပွဲအရှိန်အဟုန်မြှင့်၊ နအဖ စစ်တပ်မှ စစ်သား ၁၀၀ ကျော်သေ

ဆုံဆည်းရာ၊ ဇွန်လ ၁၅ ရက် ၂၀၁၁

မြန်မာ စစ်အစိုးရတပ်တွေနဲ့ ကေအိုင်အို-ကေအိုင်အေ တပ်များ ဇွန် ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲလွန်ကာလ စတင်ပြီး နအဖ စစ်တပ်က ကေအိုင်အို-ကေအိုင်အေ တပ်များ နယ်ခြားစောင့် တပ်အဖြစ် လက်မခံတဲ့အပေါ် နအဖ စစ်တပ်နဲ့ ကေအိုင်အို-ကေအိုင်အေ တပ်များ စစ်ရေးအရ တဖက်နဲ့တဖက် တင်းမာခဲ့တာပါ။ နအဖ စစ်တပ်ဖက်ကနေပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်ကို ချိုးဖောက်ပြီး စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နအဖ စစ်တပ်ဖက်က တံတားတွေကို အသုံးပြုပြီး KIA ထိန်းချုပ် ဒေသတွင်းကို တပ်အင်အားတွေ တိုးချလာ နေတာကြောင့် ကေအိုင်အေ ဘက်မှ တံတားတချို့ကို မိုင်းခွဲဖျက်စီးခဲ့ပြီး ၀ိုင်းမော်မြို့ရှိ တန် ၆၀ ခံ နန့်မြစ် (N-Myen Hka)ချောင်းကူးတံတား၊ KIO ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ မလီ(Mali Hka) ချောင်းကူးတံတား၊ လန်နုတံတား တို့ဖြစ်ကြောင်း သိရပါတယ်။

ရှမ်းပြည်နယ် KIA တပ်မဟာ (၄) အနီးရှိ မန္တလေး-မူဆယ် ကားလမ်းမှ နမ်ဖတ်ကာတံတားနှင့် တာမိုးညဲ-မုန်းစီကားလမ်းရှိ နမ်ဆာခမြစ်တံတား၊ (၂)စင်းလည်း ပျက်စီးခဲ့ပြီး တာခေါခ(တာပိန်မြစ်) ရေကာတာ ၂ ခုရှိရာသို့ အဓိက ဆက်သွယ်ပေးနေသည့် နမ်ဖတ်ခ ချောင်း တံတားလည်း ဇွန်လ (၁၃)ရက်နေ့ ည ၉ နာရီကျော်တွင် KIA ဘက်မှ ဗုံးခွဲဖျက်ဆီးလိုက်တာပါ။

နအဖ စစ်တပ်ဖက်မှ ဖေါက်ခွဲမှု ခံရတဲ့ ဝိုင်းမော်မြို့ရှိ နန့်မြစ် ချောင်းကူးတံတားကို တပ်အင်အား ဖြည့်စီးရန်အတွက် ပြန်လည် ပြုပြင်နေပြီး နအဖ စစ် မော်တော်ယာဉ်တန်းများ ပြန်လည် ဖြတ်ကျော်နေပြီ ဖြစ်ကြောင်းသိရပါတယ်။ ထို့အပြင် နအဖ စစ်တပ်မှ ယခု တိုက်ပွဲများအတွင်း ရာဇ၀တ် အကျဉ်းသားများကို ပေါ်တာအဖြစ် အသုံးပြုရန် မြစ်ကြီးနားထောင်၊ ဗန်းမော်ထောင်တို့မှ ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ဇွန် ၉ ရက်နေ့မှ စတင် ဖြစ်ပွားနေသည့် KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများတွင် KIA ဘက်မှ ၃ ဦးကျဆုံးပြီး တဦး ဒဏ်ရာရကာ အစိုးရတပ်မှ ဗျူဟာမှူး အပါအဝင် ၁၀၀ ကျော် ကျဆုံးကြောင်း တိုက်ပွဲသတင်းများအရ သိရှိရပါတယ်။ ထိုတိုက်ပွဲများကြောင့် ကေအိုင်အို -ကေအိုင်အေ ထိန်းချုပ်ရာဒေသတွင်းမှ ကချင် ပြည်သူ ၃၀၀၀ ကျော် ကေအိုင်အေ ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် တရုတ်နိုင်ငံဘက်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

ကိုးကား။ ။ KNG

အပြည့်အစုံသို့...

ဇွန်လ၊ မိုးစက်များနှင့် သမိုင်းဝင် အမှတ်တရမှတ်တမ်းများ

ညွှန်းဆက်

ဇွန်လသည် မိုးစက်ကလေးများနှင့်အတူ ဆိုက်ရောက်လာတတ်သည်။ ဇွန်သည် မိုးဦး၏ ရှေ့တော်ပြေး။ ၀ဿန္တ၏ နိမိတ်ပုံ။ တနွေလုံး ပူလောင်ကျွမ်းမြိုက်ခဲ့သမျှ ဇွန်လ၏ မိုးစက်ကလေးများ ရင်ခွင်တွင် အေးရိပ်ခိုလှုံ …။

မိုးရာသီမို့ ထက်ရပ်ဝန်းကျင်တွင် မိုးသားတိမ်တိုက်တွေချည်းသာ မင်းမူနေတတ် သည်။ အနောက်တောင် မုတ်သုန်လေဦးကလည်း ဒေါနှင့်၊ မောနှင့် ၀င်လာတတ်ပါသည်။ သူ့ကို လူတို့ မေ့ထားခဲ့သည်ကော။ သူက သိမ်မွေ့ညင်သာ မလာတတ်ပါ။ တခါတရံ မိုးသက် လေပြင်း၊ တခါတခါ ဒေါသမုန်တိုင်း။

ထစ်ချုန်းလျှပ်စစ် မိုးသက်မုန်တိုင်းတို့ဖြင့် ညစဉ် အမေ့ရင်ခွင်ထဲ ခိုဝင် အိပ်စက်ခဲ့ သည့် အရွယ်။ ၁၉၇၄ ခုနှစ်၊ ကျနော် ဆယ့်နှစ်နှစ်သားအရွယ်။ ခြောက်တန်း ကျောင်းသား ကလေးတယောက် ဖြစ်သည်။ မှတ်မိသည်တို့ ရှိသလို၊ မေ့လျော့သည်က များပါသည်။


စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး နေထိုင်ခဲ့သော သူတို့ခေတ်က ဒွန်ဆင် ဘဏ်တိုက်ကြီး။ သုံးထပ်တိုက်ကြီး ဖြစ်ပါသည်။ ကျနော်တို့ ကျောင်းသားဖြစ်တော့ မြို့၏ အ.ထ.က (၂) စာသင်ကျောင်း ဖြစ်နေသည်။ မြို့၏ တစင်းတည်းသော မြစ်နှင့် တခေါ်လောက်သာ ဝေးသည်။ ဂျပန်ခေတ်က ကင်ပေတိုင်ရုံး ဖွင့်ခဲ့သည်ဟုလည်း သက်ကြီးများပြောသမျှ သိခဲ့ရသည်။ ထိုကျောင်းတော်ကြီးတွင် ကျနော် အထက်တန်း အထိ ပညာသင်ကြားခဲ့ပါသည်။

ဂျာနယ်ကျော် မမလေး၏ “သူလိုလူ” ၀တ္ထုကြီးကို ဖတ်ရသည့်အခါ ဆရာမကြီး နေခဲ့သည့် ကျနော်၏ ငယ်ဘ၀ စာသင်ကျောင်းကြီးကို ပြန်ရောက်သွားသည်။ ထီးကြီးတလက်ကိုဆောင်းထားပြီး ခုံဖိနပ်ကြီးစီးကာ ပင်နီတိုက်ပုံအင်္ကျီကြီးဖြင့် ဆရာကြီး ဦးချစ်မောင်ကို မြင်လာသည်။ မတင်လှိုင် (ခေါ်) သူ့စာရေးဆရာမ ဂျာနယ်ကျော် မမလေးထံ အလည်လာခြင်း ဖြစ်သည်။

“ မမ အိမ်ရှေ့မှာ လူတယောက် ရောက်နေတယ်”

“ဟဲ့ ဘယ်သူလဲ။ အိမ်ထဲ ခေါ်လိုက်လေ”

“ ဘုန်းကြီးဆောင်းတဲ့ ထီးလိုမျိုးကြီးနဲ့၊ ခုံဖိနပ်ကြီးစီးလို့”

သူကား ဂျာနယ်ကျော်တိုက်၏ တာဝန်ခံအယ်ဒီတာဖြစ်သူ ဂျာနယ်ကျော် ဦးချစ်မောင်ပင်တည်း။ မမလေး၏ ဖိတ်ခေါ်ချက်အရ အလည်လာခဲ့ခြင်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်၏ မိုးစက်များ အောက်တွင် တကိုယ်လုံး ပက်ရေတို့ဖြင့် ရွှဲရွှဲစိုလျက်။ အိမ်ရှင်တို့ဟု မခေါ်။ ဒီအတိုင်း တံခါးမကြီးရှေ့တွင် မတ်တပ်ရပ်လျက် နေလေသည်။ သူတဖက်သားကို အားနာလိုက်သည်များ မုန့်လေပွေကို ညဘက်စားရာတွင် သူများတွေ အိပ်ရာနိုးမည် စိုး၍ ရေအိမ်ထဲ သွားစားသည် ဟူသတတ်။

မမလေး ရန်ကုန်ရောက်တော့ ကိုချစ်မောင်က လာ တွေ့သည်။ စကားတွေလည်း အများကြီးပြောပြီးပြီ။ နှစ်ဦးသား ပြောစရာမရှိတော့ ကိုချစ်မောင်က ဒီအတိုင်း ငုတ်တုတ်ကြီးထိုင်နေသည်။ ကြာတော့ မမလေးက

“ ဟို ကိုချစ်မောင် ကျမ သွားစရာလေး ရှိနေပါတယ်”

“ဟုတ်ကဲ့ ကျနော်လည်း ပြန်မလို့ ပြောရမှာ အားနာနေလို့”

အမလေး ကိုချစ်မောင်ရယ် …. မမလေး၏ ရင်ထဲက အငြီးစကားများ …

“ ကိုချစ်မောင် ဘယ်ပြန်မှာလဲ။ ကျမက မြို့ထဲသွားမှာ … လမ်းကြုံရင် လိုက်ခဲ့ပါလား”

“ ဟို … ဟို … လိုက်တော့ လိုက်ချင်ပါတယ်။ ကျနော်နဲ့ မမလေး နှစ်ယောက်ထဲ သွားရင် လူတွေက တမျိုး မြင်နေမလားလို့”

အောင်မယ်။ သူကများ အကဲပါနေသေးတယ်။ မလိုက်ချင် နေခဲ့။ မမလေး၏ အသံတိတ် ရင်တွင်းစကားများ …

“ဟိုလေ … မမလေးရဲ့ ဂုဏ်သိက္ခာကို ငဲ့လို့ပါ။ ကျနော် မလိုက်တော့ပါဘူး”

ဦးချစ်မောင်လို သူလိုလူသည် မချင့်မရဲ ဖြစ်စရာ အလွန့်ကို ကောင်းသူ ဖြစ်သည်။ သို့သော် သူသည် ဂျာနယ်အတွက်၊ တိုင်းပြည်အတွက်ကို ပြုမူဆောင်ရွက်ပုံမှာ ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့ကပင် အသိအမှတ် ပြုကြရသည်။ သူသည် ကျန်းမာရေးကို ဂရုမစိုက်၊ အအိပ်မမှန်၊ အစားမမှန် အလုပ်တွင်သာ ဘ၀ကို မြှုပ်နှံထားသူ ဖြစ်သည်။

ဗမာပြည်သည် အင်္ဂလိပ်နယ်ချဲ့ အစိုးရ လက်အောက်တွင် ရောက်ရှိနေရသည်။ အင်္ဂလန်က ဗမာပြည်ကို ဘုရင်ခံထား အုပ်ချုပ်နေသည်။ အင်္ဂလန် ထီးနန်းတွင် ဘုရင်အဖြစ် နန်းတက်လာသည့် ဆဋ္ဌမမြောက် ဂျော့ခ်ျဘုရင် အက်ဒွပ်(23 June 1894 – 28 May 1972)သည် အမေရိကန်သူ တခုလပ်မ တယောက်နှင့် ချစ်ကြိုးသွယ်နေခဲ့သည်။ ထို့ကြောင့် အက်ဒွပ်အနေဖြင့် အမေရိကန် တခုလပ်မကို ယူမည်လော၊ ထီးနန်းကို စွန့်မည်လော ဟု နန်းတွင်း ပြဿနာ တက်နေခဲ့သည်။ အင်္ဂလန်ပြည့်ရှင် အက်ဒွပ် ဘုရင်မင်းကြီးသည် ထီးနန်းကိုစွန့်ကာ တခုလပ်မ( Wallis Simpson)ကို မြတ်နိုးစုံမက် လက်ထပ် ပေါင်းသင်းခဲ့ပါသည်။

ထိုသတင်းကို အင်္ဂလိပ် နေမ၀င် အစိုးရများက သတင်းအမှောင် ချထားခဲ့သည်။ ဦးချစ်မောင်က သူ၏ ဂျာနယ်ကျော်တွင် ဘရိတ်ကင်းန် နယူး အဖြစ် ဖေါ်ပြလိုက်သည်။ ဦးချစ်မောင်ကို နယ်ချဲ့ အစိုးရက ခေါ်ယူကာ သတင်းမှားကို ထည့်ရပါမည်လောဟု ကြိမ်းမောင်း ခြိမ်းခြောက်လေတော့သည်။ ဦးချစ်မောင်က သူ့သတင်း မမှားကြောင်း၊ ခင်ဗျားတို့အနေနဲ့ အတိအကျသိချင်ရင် ခု လန်ဒန်ကို မေးကြည့်လိုက်ဟု ရဲတင်းစွာ ပြန်ပြောခဲ့သည်။ ဦးချစ်မောင် ပြောသည့်အတိုင်း အက်ဒွပ် ဘုရင်သည် ထီးနန်းကို စွန့်သွားခဲ့ပြီကော ….။ သူ၏ ဘုရင်သက်တန်းမှာ ဇန်န၀ါရီလ ၂၀ ရက်၊ ၁၉၃၆မှ ဒီဇင်ဘာ ၁၁ ရက်၊ ၁၉၃၆ အထိသာ …။

ရွှေလင်းယုံ ကလောင်အမည်ဖြင့် ဂျာနယ်ကျော် ဦးချစ်မောင်သည် လူထုမျက်ပွင့် ဂျာနယ်ကျော်ကို ထုတ်ဝေကာ စာပေလက်ရာ အမြောက်အမြားကို ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။ မတင်လှိုင် ခေါ် ဂျာနယ်ကျော်မမလေးသည် သူ၏ ပါရမီဖြည့်ဖက် ဘ၀ကြင်ဖေါ် ဖြစ်လာခဲ့ပါသည်။

“တကယ်တော့ မတင်လှိုင်ဟာ သိပ်တော်တဲ့မိန်းမပဲ။ ဒို့မြို့အတွက် ဂုဏ်ယူ စရာကောင်းတဲ့ အမျိုးကောင်းသားသမီးတယောက်ဖြစ်တယ်။ သူက ကင်းဘတ် ဖိနပ်စီးတယ်။ ဘောင်းဘီရှည်ဝတ်တယ်။ အားကစားလိုက်စားတယ်။ ယောက်ျားကလေး တွေနဲ့ ရိုးရှင်းစွာ ပေါင်းသင်းဆက်ဆံတယ်။ ဒါကို အဖွားတို့တတွေက ကြည့်မရဘူး။ ပစ်စာ တွေ ပို့တယ်။ မမလေးကတော့ မဖြုံဘူး။ သူယုံကြည်တာ သူဆက်လုပ်တယ်။ သတ္တိလည်း ကောင်းတယ်။ ခုမှ အဖွားတို့တတွေ သူ့အပေါ် မှားယွင်းစွာ မြင်ခဲ့မှန်း သိကြရတယ် …”

ကွယ်လွန်သွားသော အဖွားဖြစ်သူ၏ သူမသေခင်က မြေးများကို ပြောသွားခဲ့သော ဂျာနယ်ကျော် မမလေးသို့ အလွမ်းစကား ဖြစ်ပါသည်။ မှတ်မိနေသည်မှာ ထိုညက လမင်းသည် အနှောက်အယှက် ကင်းစွာ လှလှပပ သာနေသည်ကို ဖြစ်သည်။

ငယ်ငယ်က ကျောင်းပိတ်လျင် သိပ်ပျော်သည်။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထဲတွင် ဗိုလ်နေ၀င်းက သူ့စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် ဆန္ဒခံယူပွဲ ကျင်းပသည်။ မဲပေးရသည်။ မဲရုံကိုလည်း သူ့လူတွေကိုသာ စောင့်ခိုင်းသည်။ တတိုင်းပြည်လုံး ကန့်ကွက်မဲမရှိ ထောင်ခံသည်ဟု ကြေညာသည်။ ၁၉၇၄ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ၁၉၇၄ အခြေခံ ဥပဒေဟု အမည်တွင်ခဲ့သည်။ ထိုဥပဒေဖြင့် ဗိုလ်နေ၀င်းက ဦးနေ၀င်းကို အာဏာလွှဲပြောင်း အပ်နှင်းလိုက်ပါသည်။ နေ၀င်း နှစ်ဝင်းစလုံး သူတယောက် တည်းသာ ….။

၁၉၇၄ ဇွန်လတွင် ဗမာပြည်ရှိ အလုပ်သမားများ အစိုးရကို ကန့်ကွက်ဆန္ဒပြကြ သည်။ တရားဝင် အလုပ်သမား သမဂ္ဂကို ဖွဲစည်းတည်ထောင်ခွင့်နှင့် အလုပ်သမားထု၏ ရပိုင်ခွင့်များကို တောင်းဆိုခဲ့သည်။ ဗမာပြည် အရပ်ရပ်ရှိ စက်ရုံ၊ အလုပ်ရုံပေါင်း ၁၀၀ ကျော်မှ အလုပ်သမားများ အင်နှင့်အားနှင့် အထွေထွေ သပိတ်တိုက်ပွဲကြီးကို ဆင်နွဲခဲ့ကြ သည်။ ရန်ကုန်၊ မန္တလေး နှင့် မော်လမြိုင် မြို့ကြီးများတွင်ကား သပိတ်အရှိန် အမြင့်ဆုံး နေရာများပင်ဖြစ်သည်။

၁၉၇၄ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် အလုပ်သမားသပိတ်ကို စစ်တပ်ဖြင့် ပစ်ခတ်ချေမှုန်း စေခဲ့သည်။ ထိုသို့ စစ်တပ်က ပစ်ခတ်ချေမှုန်းနေစဉ် ဗိုလ်နေ၀င်းသည် သြော်စတေးလ်လီယား နိုင်ငံသို့ တရားဝင်ဖိတ်ကြားချက်အရ ရောက်ရှိနေသည်ဟု ဆိုပါသည်။ သမိုင်း ခြည်မျှင်နှင့်အထည်စက်ရုံ၊ ဆင်မလိုက် သင်္ဘေကျင်း တို့တွင် အလုပ်သမားနှင့် ကျောင်းသား စုစုပေါင်း ၁၀၀ ကျော်ခန့် ပစ်ခတ်ခံခဲ့ရသည်။ ဗမာပြည်သမိုင်းတွင် “ဂျွန်-၆” အလုပ်သမား သပိတ်တိုက်ပွဲကြီးသည် ကမ္ဘာတည် သရွေ့ ဂုဏ်ရောင်ပြောင်နေမည် ဖြစ်သည်။

အမေရိကန် အလုပ်သမားထု၏ သမိုင်းဝင်မှုကား ၁၈၈၆ ခုနှစ် မေလ (၁) ရက် မေဒေး ….

ဗမာပြည် အလုပ်သမားထု၏ သမိုင်းဝင်မှုကား “ဂျွန်-၆”

ကမ္ဘာ့ အလုပ်သမားထုကြီးတရပ်လုံး စည်းလုံး ညီညွတ်ကြစေသတည်း … ။ ။

ညွှန်းဆက်

ဇွန်လ၊ ၂၀၁၁။

ကိုးကား။ ။ http://en.wikipedia.org/

အပြည့်အစုံသို့...

Tuesday, June 14, 2011

မြေဇာပင်များအကြောင်း

မျိုးကို

ရင်ဖုံးအင်္ကျီအား တောဆန်သည်ဟုထင်မှတ်နေသော မီးမီးက စားပွဲပေါ်ရှိ ပန်းအိုးထဲမှ နှင်းဆီပန်းတပွင့်အား လှမ်းယူကာ ဟန်လုပ်၍ မွှေးနေပြန်သည်။ တဘက်နံရံ၌ ချိတ်ဆွဲထားသော မှန်ဘေင်သွင်းထားသည့် ရှေးဟောင်းပန်းချီကားတချပ်ကို အထင်သေးရှုတ်ချသော မျက်လုံးများဖြင့် ကြည့်ရှုနေသော တရုတ်သူဌေးကို ပန်းရောင်ဆိုးထားသော နှုတ်ခမ်းလေးအား လှပသည်ဟုထင်ရအောင် စူစူလေးလုပ်၍ကြည့်လိုက်သည်။

ဝဝဖိုင့်ဖိုင့်တရုတ်သူဌေးက မီးမီ၏ဟန်ရေးပြအလှကို သတိထားမိဟန်မတူပေ။ စိတ်မရှည်တော့သည့်ဟန်ဖြင့် မီးမီးက ကိုယ်တော်ချော၏လက်မောင်း ကနွဲ့ကလျဖြင့် လှုပ်ယမ်းလိုက်တော့မှ...
“စားပွဲထိုးကို ချစ်ချစ်စားချင်တာတွေ မှာထားတယ် မဟုတ်လား၊ လာမှာပေါ့ ချစ်ချစ်ရယ်”

“ပြောစရာရှိလို့ ကိုကြီးကို၊ ဒီတခါ တရုတ်ပြည်သွားရင် မီးအတွက် ပိုးထည်လှလှလေးတွေ ဝယ်ပေးခဲ့ဦးနော်”

“ဟိုတခါလည်း ဝယ်ပေးခဲ့ပြီ မဟုတ်လား”တရုတ်ပြည်နှင့် မြန်မာပြည်ကို ကူးချည်သန်းချည်လုပ်နေသော ကိုယ်တော်ချောက မေးလေသည်။

“မီးအဒေါ်တွေက လိုချင်တယ်ပြောလို့ သူတို့ကိုလည်း ပေးလိုက်တယ်လေ”

“အေးဒီတခေါက်သွားရင် ဝယ်ပေးခဲ့မယ်လေ”

“အိုး . . . ဒါကြောင့် ရှင့်ကိုချစ်နေရတာ”
လွှတ်တော်၏ ဂုဏ်ကျေးဇူးသည် သာလွန်ကောင်းမွန်လှပါသည်ဟု သတင်းစာများရေးသား ချီးကျူးနေသော တိုင်းပြည်၌ လူအများကြားထဲ၌ မီးမီးယခုလို ပြောဆိုခြင်းမှာ လွန်သည်ဟု မဆိုနိုင်ပေ။

ထိုအခိုက် စားပွဲထိုးရောက်လာကာ မြန်မာ့အမျိုးကောင်းသမီးနှင့် တရုတ်သူဌေးတို့မှာထားသော စားသောက်စရာများလာချပေးသည်မှာ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးပွဲထက်ပင် ပို၍များပြားလှပေ၏။ စားသောက်စရာများချပေးပြီး စားပွဲထိုးက “အကိုတို့၊ အမတို့ လိုအပ်တာရှိရင် လှမ်းခေါ်လိုက်ပါ”ဟုဆိုကာ မီးဖိုချောင်ခန်းထဲသို့ ဝင်သွားသည်ကို မြင်ရသည်။


ကျနော်သည်လည်း သူတို့ကဲ့သို့ပင် စားသောက်ဆိုင်တွင်း၌ ရှိနေသည်။သို့သော် ကျနော်သည်ကား စားသောက်ဆိုင်ရှေ့တွင် “ အလုပ်သမား အလိုရှိသည်”ဆိုသော ကြော်ငြာဆိုင်းဘုတ်ကြောင့် စားသောက်ဆိုင်အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ မန်နေဂျာ အိမ်သာသို့သွားသည်ဟု ဆိုင်မှစားပွဲထိုးတယောက်က ပြောပြသောကြောင့် အလုပ်လိုချင်သော ကျနော်သည် စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေရခြင်းဖြစ်သည်။

“အကို အကို” အသံတိုးတိုးဖြင့် ခေါ်သော စားပွဲထိုး၏အသံကြောင့် ကျနော်လှည့်ကြည့်လိုက်သည်။

“ဟိုမှာ ထွက်လာတာ မန်နေဂျာပဲ၊ အကို အလုပ်လိုချင်တယ်ဆိုရင် သူနဲ့ပြောကြည့်လေ၊ ကျနော်လည်း လုပ်စရာရှိသေးတယ်”ဟုဆိုကာ စားပွဲထိုးသည် ထွက်သွားလေသည်။
မန်နေဂျာ ကောင်တာ၌ ဝင်ထိုင်ခိုက် ကျနော်သည် ထိုင်နေရာမှထ၍ သူ့ထံသို့ သွားပြီး ကောင်တာရှေ့၌ ရပ်လိုက်သည်။ “အကို အကို”ဟုဆိုကာ ကျနော်၏ ခေါ်သံကြောင့် မျက်မှန်အား အောက်နိမ့်ချပြီး မျက်ခုံးကိုမြှင့်၍ကြည့်ကာ “ဘာများ မှာစရာရှိလို့လဲ ငါ့ညီ”

“မှာစရာ မရှိပါဘူး အကို၊ ဆိုင်ရှေ့မှာ ထောင်ထားတဲ့ အလုပ်သမား ကြော်ငြာအကြောင်းလေး သိချင်လို့ပါခင်ဗျာ”

“အော် အဲဒါလား ပန်ကန်ဆေးရမယ်၊ တလကို ငါးထောင်ရမယ် ဆိုင်မှာပဲနေရမယ်လေကွာ၊ လုပ်နိုင်မယ်ဆိုရင် ချက်ခြင်းအကြောင်းပြန်ပြီး မနက်ဖြန် အလုပ်ဝင်လို့ရပြီ၊ လုပ်မလား ငါ့ညီ”

“ကျနော့်အမေနဲ့ ပြန်တိုင်ပင်ကြည့်လိုက်ဦးမယ် အကို၊ အခုတော့ ကျနော့်ကို ပြန်ခွင့်ပြုပါဦး ခင်ဗျာ”ဟုဆိုကာ စားသောက်ဆိုင်တွင်းမှ ထွက်လာခဲ့သည်။

တလတွင် အနည်းသုံးသောက်ရှိမှသာ မသေရုံတမယ် စားသောက်နေရသော ခေတ်၌ ကျနော့်တွင် ကျောင်းနေအရွယ် ညီ၊ ညီမငယ်များရှိသောကြောင့် ၎င်းအလုပ်သည် ကျနော်နှင့် အဆင်မပြေဟု တွေး၍ လမ်းလျှောက်ခဲ့ရာ အတွေးများဖြင့် ဝဲလည်နေသော ကျနော်သည် ဘူတာရုံရှေ့သို့ ရောက်မှန်မသိ ရောက်လာတော့သည်ကို သတိထားလိုက်မိသည်။

ဘွဲ့ရပြီးချိန်မှစ၍ နေ့တိုင်းနီးနီးပါးမျှ အလုပ်ရှာနေသော ကျနော်သည် ယနေ့လည်း မိသားစုအား ဝမ်းဝအောင် မကျွေးနိုင်သည့် အလုပ်ကို တွေ့ရှိခဲ့၍ ထိုင်နေကျနေရာ ဘူတာရုံကြီးထဲရှိ ခရီးသည်များထိုင်ရန်စီစဉ်ပေးထားသော နေရာ၌ ဝင်ထိုက်လိုက်သည်။ ညနေခင်းတွင် မန္တလေးသို့တက်မည့် မန္တလာရထားမှလွဲ၍ အခြားရထားများ မဆိုက်ကပ်သောကြောင့် လူမများပြားလှပေ။ ရှေ့၌ရှိသော ရထားသံလမ်း အငေးသားကြည့်ခိုက်…..

“အဖေတို့ အမေတို့ဟာ စားရမဲ့ သောက်ရမဲ့တွေပါ သားရယ်၊ စေတနာ သဒ္ဒါသလောက် လှူဒါန်းပေးခဲ့ပါကွယ်” ဂျပန်ငလျင်လှုပ်တုန်းကထက် ကြေကွဲဖွယ်ကောင်းသော ဇာတ်လမ်းတပုဒ်ကို ကျနော်ကြားလိုက်ရသည်။

စုတ်စုတ်ပြတ်ပြတ်ဖြစ်နေပြီး အားအင်ချည့်နဲ့နေသည့် အဘိုးအို၊ အဖွားအို လင်မယားနှစ်ယောက်သည် ကျနော့်ထံမှ တစ်ရာစ၊ နှစ်ရာစ တောင်းခံနေကြသည်။ သမုဒ္ဒရာဝမ်းတထွာအဆင်ပြေရန် တမြို့ဝင်တမြို့ထွက်ဖြင့် မျက်စိလည်လမ်းမှားကာ ကျနော်နေထိုင်သောမြို့သို့ ရောက်ရှိလာကြခြင်းဖြစ်ဟန်တူ၏။ ဒီမြို့သားများက အမယ်အိုလင်မယားရှိသည်ဟုပင် သဘောထားမိဟန်မတူပေ။ ကျနော်ရှေ့တွင် ဖြတ်သွားဖြတ်လာလုပ်ကာ အိုဘားမားထက်ပင် အလုပ်ရှုပ်နေသည့်ပုံစံဖြင့် ဟန်ရေးပြနေကြသည်။

သည်အခိုက်တွင် ကျောင်းနေရမည့်အရွယ်ဖြစ်သော အသက် ၈ နှစ်အရွယ် ကလေးနှစ်ယောက်သည် ရေသန့်ဗူးခွံတခုကို သူ့ဟာ ငါ့ဟာဟုဆိုကာ နေပူကျဲကျဲတွင် ဦးထုပ်မပါ၊ ဖိနပ်မပါပဲ ရထားသံလမ်းပေါ်တွင် လုနေကြသည့်အဖြစ်ကို တွေ့ရသည်။

ကလေးသူငယ်တိုင်း ပညာမသင်မနေရ ဥပဒေထုတ်ထုတ်၊ ကလေးများ၏စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းမရှိလျှင် အရေးကြီးသော ဝမ်းရေးကိုသာ ရသည့်နည်းဖြင့် ဖြေရှင်းကြရမည်ဖြစ်သည်။

ကျောင်းမနေရပဲ ရေသန့်ဗူးခွံကောက်၍ ဝမ်းစာရှာဖွေနေရသော ကလေးနှင့် ဘူတာရုံတွင် တောင်းရမ်းစားသောက်နေရသော အမယ်အိုလင်မယားတို့မှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော အကြောင်းအရာများဖြစ်၍ လေးလေးနက်စဉ်းစားစရာ မရှိပေ။

ခြေစောင့်လက်စောင့်အဖြစ် ခြစ်ကုတ်ထားသော အိတ်ကပ်အတွင်းမှ ငါးရာတန်အဟောင်း တရွက်ရှိနေသော်လည်း ဝမ်းတထွာအတွက် တမြို့ဝင်တမြို့ထွက်ဖြင့် အသက်ရှင်နေနိုင်ရေးအတွက် လိုက်လံတောင်းရမ်းစားသောက်နေရသော အမယ်အိုလင်မယားတို့သည် တကျပ်မျှပင်ထွက်နိုင်ပုံမပေါ်သော ကျနော့်ထံပါးမှ ထွက်ခွာသွားကြသည်။

ကျနော်သည်လည်း နှေးကွေးလေးလံသောခြေလှမ်းများဖြင့် ဘူတာရုံအတွင်းမှ ထွက်ခွာခဲ့သောအခါ ကျနော်၏ဝမ်းဗိုက်အတွင်းမှ အော်မြည်သံများဖြင့် ဆူညံနေပါသည်။စားသောက်ဆိုင်အတွင်းမှ ကြုံတွေ့ခဲ့ရသောအကြောင်းအရာနှင့် ဘူတာရုံအတွင်း ကြုံတွေ့ခဲ့ရသော အဖြစ်များသည် ထမင်းဆာလောင်ခြင်းကို မေ့လျော့စေပါသည်။

ဟိုတပျောက် ဒီတပျောက် ခပ်မှိန်မှိန်လင်းနေသော ပြုံးရွှင်နေသည့် ညဆည်းဆာအလှကို တွေ့ရပါသည်။ ပိုက်ဆံငါးသိန်းရှိလျှင် ကမ်ဘိုတစီးရနိုင်သော တရုတ်နိုင်ငံထုတ်မော်တော်ဆိုင်ကယ်များသည် မြို့၏ညလယ်လမ်းမကြီးတွင် တအိအိပြေးလွှားနေကြသည်။ ရိုးရာအရက်များသာရောင်းသော လိုင်စင်မဲ့အရက်ဆိုင်များမှ သီချင်းသံများကလည်း လွင့်မျောနေသည်။မိသားစုဝမ်းရေးအတွက် ကျနော်သည် မလွင့်မျောမိသေးပေ။

ကျနော်သည် တဖြည်းဖြည်းလျှောက်ခဲ့ရာ အမေနှင့် ညီ၊ ညီမငယ်များနေထိုင်သော မြို့စွန်ရှိ တင်းကုတ်ရှေ့သို့ ရောက်လာသည်ကို သတိပြုမိတော့သည်။ ညီ၊ညီမငယ်များ မရှိကြပေ။ ညအခါ ဆောင်းတွင်းဆိုလျှင် မီးလင်းသော ဓာတ်တိုင်အောက်၌ လာရောက်သည့် ပုရစ်များကို ဖမ်း၍ကြော်ရောင်းကာ ကျောင်းစရိတ်ရှာနေရသဖြင့် လမ်းကြိုလမ်းကြားထဲတွင် ရှိနေလိမ့်မည်။

“အမေ”

“သား ပြန်ရောက်ပြီလား၊ အလုပ်ရရဲ့လားသား ” အမေက ပင်ပန်းလှ၍ စီးကျနေသော ချွေးများကို သုတ်ရင်း ကျနော့်အား လှမ်းမေးလေသည်။

“အမေ မှောင်ကမှောင်နဲ့ ဘာတွေလုပ်နေတာတုန်း၊ ပုရစ်တွေသီနေတာလား” ငါးကောင်ကျစီ တုတ်တံလေးအတွင်းသို့ ပုရစ်များအား ထိုးနေသော အမေ၏အမေးကို အဖြေဘဲ ကျနော်၏ပူပန်ခြင်းကိုသာ ပြန်ပြောလိုက်သည်။အမေကလည်း ကျနော်အလုပ်မရမှန်းသိနေသည်။ “အခုပဲကြော်ပြီးလို့ ပုရစ်တွေသီနေတာလေကွယ်၊ သား အခုထမင်းစားတော့မလား၊ ရေချိုးပြီးမှ စားမလား”ဟု ပြန်၍ပြောရင်း ကျနော့်အား မေးရှာလေသည်။

“ရေချိုးပြီးမှပဲ စားမယ် အမေ”မိခင်ကြီးနှင့် ညီငယ်၊ နှမငယ်များ ရှာဖွေနေသည့် မသေရုံတမယ်စားနေရသော လုံးတီးဆန်ကို မျိုကျအောင် မစားရက်သော်လည်း စားရပေဦးမည်။

ရေချိုးပြီးပြန်လာ၍ ငပိရည်တခွက်ဖြင့် ထမင်းစားနေသော ကျနော်သည် ဟိုတွေးဒီတွေးနှင့် စားသောက်ဆိုင်အတွင်း၌ ဘုန်းကြီးပွဲထက်ပင် ပို၍များပြားလှသော ဟင်းလျာများကို စားသောက်နေသည့် မြန်မာ့အမျိုးကောင်း သမီးနှင့် တရုတ်သူဌေးကြီး၊ ဘူတာရုံအတွင်း၌ ကြုံတွေ့ခဲ့ရသော အမယ်အိုလင်မယားနှင့် ရေသန့်ဗူးခွံကောက်နေသောကလေးတို့၏ဘဝကို၏ဘဝကို နှိုင်းယှဉ်မိသည်။ ကျနော်သည် ထမင်းတလုပ်အား မျိုကျအောင်စားနေရသောအချိန်၌ မီးမီးအား ဝယ်ပေးမည်ဟု ပြောသော ပိုးထည်များအကြောင်းအား ဖွဲ့နွဲ့စွာ ပြောဆိုနေလိမ့်မည်ဟု မှန်းဆမိပါသည်။

မျိုးကို

၁၈ ရက်၊ ဧပြီလ၊ ၂၀၁၁

အပြည့်အစုံသို့...

မိုးဦးဇွန်လ၊ ဆယ်လမွန်ငါးနှင့် ကလေးများအတွက် ကျောင်းဖွင့်ချိန်

တင်ကိုမင်းညို

ငယ်ဘ၀ မိုးဦးဇွန်လများ

မိုးဦးကျ၊ ဇွန်လသည် အနောက်တောင်မုတ်သုံလေနှင့်အတူ မိုးစက်ကလေးများကို ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။ သခွပ်ပန်းတို့ ပွင့်ချိန်ဖြစ်သည်။ လယ်သမားများ၏ လုပ်ငန်းခွင် ရာသီကို ရောက်ရှိခဲ့ပြီကော …။ ကလေးများအဖို့တော့ ကျောင်းပြန်ဖွင့်ချိန် ရင်ခုန်ရာသီ …။

ငယ်ဘ၀၏ ဇာတိအိမ်ကို ပြန်ရောက်သွားသည်။ ပြင်ထောင် ဓနိမိုး အိမ်ကလေး။ မှတ်မိသည့် ကျောင်းတက်စ အရွယ်၊ တတန်းကျောင်းသား ကလေးဘ၀။ မိုးကာ ၀ယ်ရမည်။ လွယ်အိတ် ၀ယ်ရမည်။ မိုးတွင်းစီး ဖိနပ်တရံ ၀ယ်ရမည်။ ကျောက်သင်ပုန်း၊ ကျောက်တံ၊ စာအုပ်၊ ခဲတံ၊ ကျောင်းအပ်ခ … အမေ့ငြီးသံများ၊ အဖေ့ သက်ပြင်းမောချသံများ … ရိုးသား နွမ်းပါးသည့် မိသားစု ဖြစ်နေပါသော်ငြား သားသမီးအားလုံးကို မဖြစ်ဖြစ်အောင် ကျောင်းထား စာသင်စေခဲ့ပါသည်။

တနွေလုံး လွမ်းခဲ့ရသည့် စာသင်ကျောင်းကလေးများ၏ မျှော်လင့်ခြင်း တံခါးတို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီ။ ပျောက်ဆုံးသွားသည့် မျက်နှာကလေးများ ရှိခဲ့သလို၊ အသစ် အသစ်သော မျက်နှာကလေးများကို မြင်တွေ့ရသည်။ လွယ်အိတ်အသစ်ကလေးများ၊ စာအုပ်အသစ် ကလေးများ၊ ထီး ဖိနပ် မိုးကာ အသစ်ကလေးများ၏ ရနံ့တို့ဖြင့် စာသင် ကျောင်းကလေးသည် ထုံသင်းမွေးပျံ့ နေတော့သည်။

ထိုကဲ့သို့သော ရနံ့များ၏ နောက်ကွယ်တွင် ဂုဏ်ယူပီတိဖြစ်မှုများ။ ကြွားဝါ ၀င့်မော် နေမှုများ၊ နေ့ပြန်တိုး အကြွေးများ၊ မျက်ရည်များ၊ သက်ပြင်းမောများဖြင့် အတိပြီးနေသည်။ မည်သို့ပင်ဖြစ်စေ ကလေးများအားလုံး ဇွန်လ၏ မိုးရေစက်များအောက်တွင် စာသင်ကျောင်းသို့ သွားနေကြမည် ဖြစ်သည်။ ကလေးများ အားလုံး စာသင်ကျောင်းခန်းထဲသို့ သွားနိုင်ကြပါရဲ့ လား။

တတန်းပြီး တတန်း အောင်မြင် အတန်းတက်သွားသည့်အခါ တရစ်ပြီး တရစ် ကျောင်းအပ်ခက မြင့်မားသီခေါင် လာခဲ့သည်။ အမေ့ မျက်ဝန်းတွင် ကြိတ်၍ကျစရာ မျက်ရည်စတို့ ကုန်ခန်းသလောက်ရှိခဲ့ပြီ။ အဖေ့ မေးရိုးသည် အရင်နှစ်များထက် ပိုလို့ တင်းမာနေ သယောင်။

“ မဖြစ် ဖြစ်တဲ့နည်းနဲ့ ကလေးတွေကို ကျောင်းဆက်ထားမယ်”

ဆယ်လမွန်ငါးများ

ဆယ်လမွန်ငါးသည် ရေချို မြစ်ချောင်းများတွင် ပေါက်ဖွားပြီး ပင်လယ်သမုဒ္ဒရာများ ဆီသို့ ရွှေ့ပြောင်းသွားလာသည့် ငါးတမျိုးဖြစ်သည်။ သူ၏ထူးခြားချက်မှာ တနှစ်တခါ သား ဖောက်ရာသီရောက်ချိန်၌ သူ့ဇာတိချက်ကြွေ၊ မွေးရပ်မြေဆီသို့ ပင်လယ်သမုဒ္ဒရာ မြစ်ချောင်း အင်းအိုင်များကို ဆန်တက်ပြီး ခက်ခဲကြမ်းတမ်းသည့် ခရီးရှည်ကြီးကို ဖြတ်သန်း ကူးခတ်ကာ မဖြစ်အနေ အရောက်ပြန်တတ်သည့် ငါးတမျိုးဖြစ်ပေသည်။ သူတို့ သားဖေါက် မည့် နေရာသို့ သွားရာ ခရီးလမ်းတွင် ရေတံခွန်များ ကာဆီးထားလျင်လည်း ခုန်တက် ကူးခတ် သွားနိုင်ကြ သည်။

ဗမာပြည်၏ ဒြပ်မဲ့ပန်းချီ ( Abstract) ကားများကို ရေးဆွဲသည့် ပန်းချီဆရာ၊ သီချင်း ရေးသူ၊ အဆိုတော် ကွယ်လွန်သူ ကိုခင်ဝမ်းက “ဆယ်လမွန် ငါးတို့ အပြန်” သီချင်းကို ဖွဲ့သီ ဆိုခဲ့ပါသည်။ ကိုခင်ဝမ်း၏ ဆယ်လမွန်ငါးသည် ဘ၀အရ လက်တွေ့ကျသော အဘိဓမ္မာတို့ သက်ဝင်နေသည်ဟု ခံစားရသည်။

“ရေလွှာလည်း ခင်းပျံ့ကြည်လင်စေ … မိုးဦးလည်း လှပသာယာစေ … ဘ၀စေရာ တာဝန် … ကျေပွန် ဆောင်ရွက်ခဲ့သူတို့ … ရေစုန်ကို ဆန်ကာ ပြန်ခဲ့ပြီ … မိုးဦးရေဆန် … မိုးဦးရေဆန် … ဆယ်လမွန်ငါးတို့ အပြန် …”

ဆယ်လမွန်ငါးသည် တိရိစ္ဆာန်မျိုးနွယ်ပင် ဖြစ်နေသော်ငြား ဘ၀၏ စေရာတာဝန်အရ အလုပ်လုပ်သူဖြစ်သည်။ ရေကြည်ရာ၊ ဘ၀ဆက်ရာ အခြားတပါးသော သမုဒ္ဒရာရပ်ဝန်းဆီသို့ သွားရောက် အခြေချကာ အချိန်တန်လျင် ဇာတိအိမ်ကို မရောက်ရောက်အောင် ပြန်လာတတ် သော မိုင့်ဂရင့် အလုပ်သမား ငါးအမျိုးအစားလည်း ဖြစ်ပါသည်။

ကလေးများအတွက် ကျောင်းတွေဖွင့်တော့မည်။ စာတော်သည့် ကလေးများ အပါ အ၀င် ကလေး အတော်များများ ကျောင်းထွက်သွားခဲ့ပြီ။ တဦးချင်းကို လိုက်မေးဖို့ မဖြစ် နိုင်။ သူတို့ အားလုံး မဖြေချင်ကြ။ မျက်နှာကလေးများက ငိုမဲ့မဲ့ …။ မိုင့်ဂရင့် အလုပ်သမား များ၏ သားသမီးများ ဖြစ်ကြသည်။ သူတပါးနိုင်ငံ နယ်စပ်တွင် တရားဝင်မှုနှင့် တရားမ၀င်မှု သည် ကား ပါးပါးကလေးသာဖြစ်သည်။

သြော် ဗမာပြည်မှ တပါးနိုင်ငံသို့ ရေကြည်ရာ မြက်နုရာ လာရောက်လုပ်ကိုင် စား သောက် နေရရှာသော မိုင့်ဂရင့်အလုပ်သမားများ … ။ သူတို့၏ ချစ်သော ကလေးငယ်များ။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို ကျောင်းဆက်ထားချင်၊ ပညာတတ်တွေ ဖြစ်စေချင်ကြမည် မှာ သေချာသည်။ သို့သော် … သူတို့၏ ဘ၀တွေမှာတော့ …

အုပ်စုလိုက် သီးသန့်နေတတ်သော ဆယ်လမွန်ငါးများကို လူတွေက ဖမ်းယူ စား သောက်ရလွယ်သည်ဟု ဆိုကြသည်။ သူတို့၏ မလျော့သော ဇွဲသတ္တိကိုကား ဖမ်းဆီး၍ မရပေ။ ဆယ်လမွန်ငါးတို့ သားဖေါက်ရာ အရပ်ဆီ ပြန်နေကြဆဲ၊ ပြန်နေဦးမည်ဖြစ်သည်။ မည် သို့ပင်ဖြစ်စေ မိမိသားသမီးကို မဖြစ်ဖြစ်အောင် ကျောင်းဆက်ထား ပညာသင်ပေးနေသော မိဘများသည် ဆယ်လမွန်ငါးတို့၏ သတ္တိမျိုးဖြင့် ဘ၀ကို ရင်ဆိုင် ရှင်သန်နေကြသူများဟု ခံစားမိသည်။ ဘယ်လိုနည်းနဲ့မျှ ကျောင်းဆက်မထားနိုင်ရှာသော မိဘတို့သည်ကား ပိုက်ကွန် အတွင်း သက်ဆင်းချုပ်နှောင်ခံလိုက်ရသည့် ဆယ်လမွန်ငါးတွေများလား ……။

ကျောင်းဖွင့်ချိန်

တနွေလုံး လွမ်းခဲ့ရသည့် စာသင်ကျောင်းကလေးများ ပြန်လည်ဖွင့်လှစ်ခဲ့လေပြီ။ ၁၉၈၈ အရေးတော်ပုံကြီး နောက်ပိုင်းတွင် ကွယ်လွန်သူ ကဗျာဆရာ ရွှေဘုန်းလူ (တာရာမင်းဝေ) က နာမည်ကျော် “ကျောင်းဖွင့်ချိန်” ကဗျာကို ရေးသားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးခန်းတွင် ထိုကဗျာအား ဂုဏ်ပြုကာ အများဖတ်ဖို့ နံရံတွင် ကပ်ထားခဲ့သည်ဟု တဆင့်စကား ကြားခဲ့ရသည်။

“ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။”

သူ့ကဗျာထဲက လူတစုသည် လက်တဆုပ်စာ စစ်အုပ်စုကို ဆိုလိုသည်။ သူတို့ ထုဆစ်နေသည်ကား ဒုတိယ ကမ္ဘာစစ်၏ ဇာတ်ကောင် ဖက်ဆစ်နာဇီ အာဏာရှင် ဟစ်တလာ … အရေးတော်ပုံကြီးအပြီး စစ်အုပ်စုက ဗမာပြည်တွင် ကျောင်းများ ပြန်ဖွင့်ချိန် ….။

သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

လက်ရှိ ဗမာပြည်တွင် ခုဆိုကျောင်းများ ပြန်ဖွင့်နေလောက်ပြီ။ ကလေးတယောက်၏ ကျောင်းစားရိတ် ကုန်ကျမှုသည် သိန်းချီကုန်ကျနိုင်ပါသည်။ လမ်းပေါ်တွင် ရရာအလုပ်ကို ရှာဖွေလုပ်ကိုင်ရင်း ကလေးအလုပ်သမားများ ဖြစ်နေကြပေသည်။ ကလေးစစ်သား၊ ကလေး လိင်အလုပ်သမား၊ ကလေး ပန်းရံသမား … အို … စုံလို့ပါပဲ …

လက်ရှိရောက်ရှိနေထိုင်နေသည့် အရပ်တွင် တရားမ၀င် ကလေး အလုပ်သမားများကို တွေ့နေရသည်။ အမှိုက်ကောက် အလုပ်က စလို့ နေရာမျိုးစုံတွင် တွေ့နေရသည်။ မြင်နေရ သည်။ မိုင့်ဂရင့် စာသင်ကျောင်းကလေးများ၏ ကျေးဇူးဖြင့် ကလေးများ ပညာသင်ကြားခွင့် ရနေကြသည်။ သို့သော် အချို့သော ကလေးငယ်များသည်ကား အလုပ်ရလျင် ကျောင်းထွက် သွားကြတော့သည်။ မိဘများကလည်း မိသားစု စားဝတ်နေရေးအပေါ် ကလေးများ၏ လုပ်အားဖြင့် ပါဝင်ဖြည့်ဆည်းကြမှသာ အောက်မေးလှုပ်နိုင်မည့် ဘ၀တွေ ဖြစ်နေကြသည်။

“ ကျောင်းလခ မပေးရဘူး … ဒါပေမဲ့ ကျောပိုးအိတ်၊ စာအုပ်စာတန်း၊ ၀တ်စုံ တို့တော့ ၀ယ်ရတယ်။ အင်းမကုန်ဘူးဆို ထိုင်းဘတ်ငွေ လေးငါး ခြောက်ရာတော့ ကုန်တာပေါ့။ ”

အပြင်နေ ကျောင်းသားကလေးတယောက်၏ ကျောင်းဖွင့်ချိန် ကုန်ကျစားရိတ်ဖြစ် သည်။ ထိုင်းဘတ်ငွေ လေး၊ ငါးခြောက်ရာ ကုန်သည်မှာ အနည်းဆုံး ကုန်ကျစားရိတ်ဖြစ်သည် ဟု ကလေးက ဆက်ပြောသည်။

“ သားက ရန်ကုန်ကပါ။ ငါးတန်းအောင်တယ်။ ခြောက်တန်းတက်ရမှာ။ အဖေက လေဖြတ်သွားတယ်။ အမေ့ ခေါင်းပေါ်က ကုန်ဈေးဈေးဗန်းကလေးနဲ့ ဘယ်လိုမှ စားလို့ မလောက်တော့ ဘူး။ သားက အကြီးဆုံး။ သားအောက်မှာ ညီလေးနဲ့ ညီမလေး ရှိတယ်။ အဲဒါကြောင့် သားခုလို အလုပ်ထွက်လုပ်နေရတာပါ ဦးရယ်”

စိန်ပန်းနီနီတို့ ပွင့်သလို ငုဝါတွေကလည်း အပြိုင်ပွင့်နေကြသည်။ ရာသီကား ဖေါက်လွှဲ ဖေါက်ပြန် … နွေခေါင်ခေါင် မိုးတွေရွာနေခဲ့သည်။ မေသည် မိုးဦးကို စိတ်ကောက်သွားခဲ့သည်။ ဇွန်လသည် မိုးဦးပီသနိုင်မည်လား … ။ ကမ္ဘာပေါ်တွင် ၁၄ နှစ်အောက် တရားမ၀င် ကလေး သူငယ် အလုပ်သမားများ နေထိုင်ကုန်ကြသောအရပ်သည် သူတပါးနိုင်ငံ နယ်စပ်မြို့ကလေး ဖြစ်နေသည်။ သက်ဆိုင်ရာ တာဝန်ရှိသူတို့သည်ကား လေအေးပေးစက်အောက် ပုလ္လင်ထက် တွင် သွားကြားထိုးမပျက်၊ မျက်နှာပြောင်တိုက်လျက် … ။ နည်းပညာခေတ်ကြီးတဲ့ …။ ကျောင်းမတက်နိုင်သည့် ကလေးများ အတွက်တော့ ဘ၀၏ သရော်ချက်လေလား။ ကျနော်တို့ ၏ မျက်နှာများတွင် အရှက်က တိုက်ပွဲကို ပြတ်ပြတ်သားသား တောင်းဆိုနေပြီကော …။ ။

တင်ကိုမင်းညို
၂၀၁၁။

စာကိုး။ ။ http://www.britannica.com
“ ဆယ်လမွန်ငါးတို့ အပြန်” - ကိုခင်ဝမ်း
“ ကျောင်းဖွင့်ချိန်” ရွှေဘုန်းလူ

အပြည့်အစုံသို့...

အရောင်နှင့် စကားပြောသူ

နွေသစ်ဦး

သူ့ကို ၁၈၅၃- ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူ သေဆုံးချိန်တွင် ၃၇- နှစ်သာ ရှိသေးသည်။ ၁၈၉၀- ခု။

ဒတ်ခ်ျ လူမျိုး၊ ပရိုတက်စတင့် ဘာသာဝင် မိဘများမှ သူ့ကို မွေးဖွားခဲ့သည်။ သူ့အဖေသည် သင်းအုပ် ဘုန်းတော်ကြီးတပါးဖြစ်သည်။ ညီအကို မောင်နှမထဲတွင် အကြီးဆုံးသားလည်း ဖြစ်သည်။

လန်ဒန်ရှိ သူ့ဦးလေးဖြစ်သူ ပိုင်ဆိုင်သည့် ပန်းချီအရောင်းဆိုင်တွင် အရောင်းစာရေး ၀င်လုပ်သည်။ ပန်းချီကားများကို ရောင်းချရာတွင် အဆင်မပြေခဲ့။ အရောင်းသမားကောင်း တယောက် မဖြစ်ခဲ့။ ပန်းချီကား ၀ယ်ရန်လာသူ လူကုန်ထံများအား ပန်းချီကားကောင်းများ ကို မခံစားတတ်ကြောင်းကို အားမနာတန်းပြောသည်။ သူငှားနေသော အိမ်ပိုင်ရှင်၏ သမီး ဖြစ်သူ အာဆူလာအပေါ် ချစ်ခင်မြတ်နိုးခဲ့သည်။ အာဆူလာက သူ့ကို မချစ်။ သူက လက်ဆွဲပြီး စကားပြောသောအခါ အာဆူလာက ဆောင့်ရုန်းကာ ….

“ခေါင်းနီ အရူး”

“ရှင် ထွက်သွား … သွား မနေနဲ့”

သူ့မိဘများရှိရာ ဟော်လန် ကျေးလက်သို့ အသည်းကွဲသူ အဖြစ်ပြန်သွားခဲ့ရသည်။

သူ၏ ဦးလေး ရေတပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဂျိုဟန်နက်စ် ဗင်ဂိုးရှိရာ နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်သို့ရောက်သွားသည်။ ဦးလေးဖြစ်သူက သူ့ကို လက်တင်နှင့် ဂရိဘာသာ သင်ကြားရန် မင်းဒက်စ် ဒါကော့စတာ ဆိုသည့် ဆရာထံတွင် အပ်နှံပေးခဲ့သည်။ ဆရာက သူ့ကို ပန်းချီကားများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်။ သူသည် တနေ့လျင် နာရီ (၂၀) မျှ စာကျက်သည်။ ဆရာမင်းဒက်စ်က သူ့ကို ဒတ်ခ်ျပန်းချီ ဆရာကြီး ရမ်းဘရန့်စ် အကြောင်းကို မိတ်ဆက်ပေးသည်။ ပန်းချီကားရောင်းသူနှင့် ပန်းချီ အနုပညာဆရာကို ခွဲခြားပြပေးခဲ့သည်။

“လူတိုင်းမှာ ရိုးသားဖြောင့်မတ်မှု တခုဟာ ရှိတယ်။ ဒါဟာ လူ့အကျင့် စာရိတ္တရဲ့ ဂုဏ်၊ အရည်အသွေးပဲ။ တကယ်လို့ လူဟာ အဲဒါကို သိမြင်နားလည်မယ်ဆိုရင် သူဘာပဲ လုပ်လုပ် သူ့အလုပ်ရဲ့ အဆုံးသတ်ဟာ ကောင်းမှာပဲ”

သူ့ဆရာ၏ စကားကို မမှိတ်မသုန် နားထောင်နေခဲ့သည်။ ထိုအတိုင်းလည်း သူ့ဘ၀ကို ကျင့်ကြံနေထိုင်သွားခဲ့သည်။ သူကား လူသာ သေသွားခဲ့သော်လည်း နာမည် မသေခဲ့သည့် ပန်းချီဆရာကြီး ဗင်းဆင့် ဗင်ဂိုး ….. ဖြစ်သည်။

ဗင်းဆင့်သည် ဘယ်ဂျီယံအမျိုးသားများ၏ အီဗန်ဂျယ်လစ် ဓမ္မဆရာများ စည်းရုံးရေး ကော်မီတီတွင် ၃- လသင်တန်းတက်ခဲ့သည်။ သင်တန်းပြီးသောအခါ ဓမ္မဆရာ အဖြစ်နှင့် ဘယ်ဂျီယံတောင်ပိုင်းရှိ ဘိုးရင်းနိတ် ကျောက်မီးသွေးတွင်းသို့ သွားရောက်ကာ မိုင်းအလုပ်သမားများကို ဘုရားသခင်နှင့်တွေ့ဆုံပေးခဲ့သည်။

ဘိုးရင်းနိတ်တွင် ကလေးမိုင်းအလုပ်သမားများနှင့် တွေ့ဆုံခဲ့ရသည်။ သူ့မှာရှိသမျှ အ၀တ်အစားများကို နွမ်းပါးလွန်းလှသည့် မိုင်းအလုပ်သမားများကို ဝေငှပေးခဲ့သည်။ မြေအောက် ကျောက်မီးသွေးမိုင်း အလုပ်သမားများ၏ ဘ၀ကို အရင်းခံကျကျ စာနာနေထိုင်ခဲ့သည်။ မြေအောက်မိုင်းထဲသို့ ဆင်းသည်။ အလုပ်သမားများ၏ နေ့လည်စာ သည် ကော်ဖီကြမ်းတခွက်၊ ကျောက်မီးသွေးမှုံ့များ ပေကျံနေသော ပေါင်မုန့်ကြမ်း တလျှက် သာ။ တနေ့ မိုင်းတွင်း ပေါက်ကွဲမှုဖြစ်သည်။ သူချစ်ရသော မိုင်းအလုပ်သမား အချို့ သေဆုံးကြရသည်။

သူ့ ဓမ္မအသင်းမှ လူကြီးများ ရောက်လာသည်။ လူရုပ်ပင်မပေါ်တော့သော ဗင်ဂိုးကို တွေ့တော့ စိတ်ပျက်ချောက်ချားသွားကြသည်။ ဗင်ဂိုးကို ဘုရားသခင်အား အကြည်ညို ပျက်အောင်လုပ်သည်ဆိုကာ တရားဟောခွင့်ကို ရုတ်သိမ်းလိုက်သည်။ ထိုမှစ၍ ဗင်ဂိုး ပန်းချီကို စဆွဲတော့သည်။ သူ့ညီ သီအိုဗင်ဂိုးက ဆေးတွေ၊ စာရွက်တွေ ပို့ပေးသည်။ ပန်းချီ ကို ထမင်းမစား၊ ဟင်းမစား ဆွဲတော့သည်။ သူဆွဲသည့် ဇာတ်ကောင်များမှာ မိုင်းအလုပ်သမားများပင် ဖြစ်သည်။ တနေ့ သီအိုရောက်လာသည်။ ဖျားနေသော၊ လူရုပ် မပေါ်တော့သော သူ့အကိုကို တွေ့တော့ငိုသည်။ ပြီး အစားကောင်းကောင်း ချက်ကျွေးကာ သူ့ကို ပြန်ခေါ်သွားတော့သည်။

ပါရီရောက်တော့ ဂေါ်ဂင်နှင့်တွေ့သည်။ ဆူးထရက်နှင့် တွေ့သည်။ စေးဇန်းနှင့် တွေ့သည်။ ပန်းချီဆေးရောင်းသူ ပီရီတန်ဂိုင်းနှင့်တွေ့သည်။ ပန်းချီတွင် ခေတ်သစ်တခုကို ထူထောင်နေသည့် တော်လှန်ပန်းချီဆရာ လူငယ်များ ဖြစ်ကြသည်။ သူတို့အားလုံးက ဗင်ဂိုးကို ချစ်သည်။ ဗင်ဂိုး ယုံကြည်သည့် အယူအဆမှာ “ လူဟာ သူစွမ်းသမျှလုပ်ပြီး လိုအပ်သမျှ ယူ” ဖြစ်သည်။

ပါရီကို မရောက်မီ သူ့မိဘများရှိရာ အက်တင်သို့သွားသည်။ သူဆွဲထားသော ပန်းချီကားများကို သူ့မိဘများက မကြိုက်။ မခံစားတတ်။ ဗင်ဂိုးကတော့ ပန်းချီကားတွေ သာ ဆက်ဆွဲနေသည်။ နောက်တော့ မြို့တော် ဟေ့ဂ် သို့ ရောက်ရှိသွားသည်။ ဟေ့ဂ်မှ တဆင့် နျူနင် သို့ရောက်သွားပြန်သည်။ ရောက်ရာအရပ်တိုင်းတွင် ပန်းချီကိုသာ ဆွဲနေခဲ့ သည်။ နျုနင်မှသည် ပါရီသို့ …

ဗင်ဂိုးသည် အချစ်ရေးတွင် ကံဆိုးသူတဦးဖြစ်ခဲ့သည်။ သူ၏ ပန်းချီအပေါ်ထား သော သစ္စာတရားနှင့် ရပ်တည်ချက်သည် သူ့ကို လူတွေက အရူးဟု ခေါ်သည်အထိ ဖြစ်ခဲ့ ရသည်။ တကယ်လည်း ရူးသွပ်သည်အထိ ပန်းချီကိုဆွဲခဲ့သည်။ ညီဖြစ်သူ သီအိုက သူ့ကို တလလျင် ဖရန့်ငွေ ၃၀၀ ပေးသည်။ သူက ပေါင်မုန့်အသိုးတွေသာ စားပြီး ပန်းချီဆွဲခဲ့သည်။ သူ့ပန်းချီကားများကို လူတွေက တန်ဖိုးမထားကြ။ သို့သော် သူသည် သူယုံကြည်သည့်အတိုင်း ပန်းချီကို ဆွဲခဲ့သည်။ အရောင်နှင့် ပတ်သက်လျင်လည်း ခံစားမှု အားကြီးသည်။ အ၀ါရောင်တွင် ဗန်ဂိုး၏ အ၀ါရောင် ဟူ၍ပင် ဖြစ်ခဲ့သည်။

အာလူးစားသူများ၊ နေကြာပန်း၊ ဆိုက်ပရပ်ပန်းများ၊ ဂျုံခင်းနဲ့ ကျီးကန်းများ၊ ပေါ့ထရိတ် ပုံတူပန်းချီကားများ … စသည်ဖြင့် ပန်းချီကားပေါင်း ထောင်ကျော် ရေးဆွဲသွားခဲ့သည်။ သူ သက်ရှိထင်ရှားရှိနေစဉ်က သူ့ပန်းချီကားကို မည်သူကမျှ မ၀ယ်ခဲ့။ သူကလည်း ရောင်းဖို့ထက် ရေးဖို့သာ ပန်းချီဆွဲခဲ့သူ။ အားလ်စ် မြို့သို့ သူရောက်သွား သည်။ အားလ်စ်သည် ကျွက်ကျွက်ဆူအောင် နေပူလှသည့် အရပ်ဖြစ်သည်။ ဗင်ဂိုးသည် ထိုအပူအောက်တွင် ပန်းချီကို နေ့မသိ၊ ညမသိ ဆွဲနေခဲ့သည်။ ကြာတော့ သူ့ ဦးခေါင်းကို ဒုက္ခပေးတော့သည်။ တခါ တရံ သူ့နားထဲ အသံတွေ မခံသာအောင် ကြားလာတော့သည်။ ဟင်းအိုးထဲသို့ ဇွန်းနှင့်မမွှေ ပန်းချီစုပ်တံတွေနှင့် မွှေသည်။ ကလေးများက ခေါင်းနီ အရူးဟု ခေါ်ကာ ခဲများနှင့် ၀ိုင်းပေါက်သည်အထိ။ တညတွင် သူချစ်သော ပြည့်တန်ဆာမလေးထံ သူ့နားရွက်ကို ဖြတ်ပြီး ပါဆယ်ထုပ် သွားပို့ခဲ့သည်။ နောက်တော့ စိန့်ရီမီ အရူးဆေးရုံသို့ တက်ရောက် ကုသခံရသည်။ နည်းနည်း ဝေဒနာ သက်သာသည်နှင့် ပန်းချီကို ဆွဲတော့သည်။ သို့သော် ပင်ပန်းသည်နှင့် ရောဂါက ပြန်ထသည်။

သီအိုက ဗင်းဆင့်ကို ဒေါက်တာဂါချက်ဗ်နှင့် ဆက်လက် အပ်နှံ ကုသပေးသည်။ သြဗားစ် မှာဖြစ်သည်။ သီအိုလည်း အိမ်ထောင်ကျ ကလေးပင်ရနေပြီ။ ဗင်ဂိုးသည် ဒေါက်တာ ဂါချက်ဗ်ထံတွင် ဆေးကုသခံရင်း ပန်းချီကိုသာ ဆွဲနေခဲ့သည်။ သီအိုသည် ဗင်ဂိုးကို အရင်လို မထောက်ပံ့နိုင်တော့။ စီးပွားရေးကလည်း ကျနေပြီ။ ကလေးအတွက်၊ မိန်းမအတွက်နှင့် ကသီလာသည်။ ဗင်ဂိုးက သူ့ကို မထောက်ပံ့တော့ဖို့ တောင်းဆိုသည်။ သူ့ကိုယ်သူလည်း အလကားကောင်ဟု ခံစားလာရသည်။ ရောဂါဟောင်းက သုံးလ တကြိမ်ပြန်ပြန် ထလာတတ်သည်။ သေနတ်တလက် ၀ယ်လိုက်သည်။ ဗင်ဂိုး … သူ့ကိုယ်သူ …။

ခုဆို ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုး သေသည်မှာ နှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီ။ ဗင်ဂိုး၏ ပန်းချီကားများသည် ခုဆို ဒေါ်လာ သန်းပေါင်း ရာချီတန်သည်အထိ ဖြစ်နေသည်။ ယနေ့ခေတ် လူငယ်ပန်းချီဆရာများက ဗင်ဂိုးကို အတုယူ လေ့လာကြရသည်။ ဥရောပ တလွှားရှိ အင်္ဂလန်၏ လန်ဒန်မြို့တော်၊ ပြင်သစ်၏ ပါရီမြို့တော်၊ အီတလီ၏ ဗင်းနစ်၊ နယ်သာလန်၏ အမ်စတာဒမ် မြို့တော်တို့တွင် ဗန်ဂိုးပန်းချီပြခန်းများ နာမည်ကျော်နေဆဲ ဖြစ်သည်။ သူ့ ပန်းချီကားတွေကို ကြည့်ရင်း ရှိုက်ကြီးတငင် မျက်ရည်ကျသူတွေက မနည်း။

နာမည်ကြီး အဆိုတော် ဒွန်မက်ဂ်လင်း (Don Mclean) က ဗင်းဆင့် ( Vincent, Starry Starry Night ) သီချင်း ကို သီဆိုခဲ့သည်။ တေးရေး ကိုဝင်းမင်းထွေးက ကော်ပီရေးကာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်က “ဗင်းဆင့် ဗင်ဂိုးတမ်းချင်း” အဖြစ် မြန်မာမှုပြု သီဆိုခဲ့သည်။

စာရေးဆရာကြီး အိုင်ရဗင် စတုန်း ( Irving Stone) က ပန်းချီဆရာကြီး ဗင်းဆင့် ဗင်ဂိုး အတ္ထုပ္ပတ္တိကို ရမ္မက်မီး (Lust for Life) အမည်ဖြင့် ရေးသားသွားခဲ့သည်။ အဆိုပါ မူရင်းဝတ္ထုကြီးအား ယခုကွယ်လွန်သူ စာရေးဆရာကြီး မောင်ထွန်းသူ မှ ဘာသာပြန်ဆိုခဲ့သည်။ ၂၀၀၀ ခုနှစ် ဇူလိုင်လတွင် ဦးလှမြင့် (နွယ်နီ စာပေ) မှ ပထမ အကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့သည်။ ဦးလှမြင့် (နွယ်နီ စာပေ) သည်ကား မကြာသေးခင်ကမှ ကွယ်လွန်သွား သော စာရေးဆရာ နတ်နွယ် ပင်တည်း။ လူတို့ သေခဲ့ပြီ။ သို့သော် သစ္စာတရားဖြင့် ရေးထိုးခဲ့သော သူတို့၏ အနုပညာ အမည်နာမတို့သည်ကား မသေ ….။

ရောင်ခြည်ဦး စာဖတ်ပရိသတ်အတွက် ဖေါ်ပြပါ ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုး၏ အတ္ထုပ္ပတ္တိ စာအုပ်အား ညွှန်းဆို ရေးသား အပ်ပါသည်။ ။

နွေသစ်ဦး
၂၀၁၁။

အပြည့်အစုံသို့...

အရေးမကြီးသော စကား ( ဟန်သစ် မဂ္ဂဇင်း၊ ဇွန် လ ၁၉၉၅ )

တစ်နေ့ သ၌ ဇော်မြင့်သည် ဘာလုပ်မည်ဟု မသိဘဲ ရည်ရွယ်ချက်မဲ့ လက်လျှောက်လာစဉ် မထင်မှတ်ဘဲ ကောင်းကင်တစ်ခွင်လုံး မည်းနက်လာကာ ရွာချလိုက်သည့်မိုးနှင့် ကြုံသဖြင့် မိုးခိုရန် နီးစပ်ရာ အဆောက်အအုံ တစ်ခုအတွင်း ၀င်လိုက်သောအခါ မတိုက်ဆိုင်စွာပင် ထိုအဆောက်အအုံမှာ ပန်းချီ ပြခန်းတစ်ခု ဖြစ်၍နေလေသည်။

" ကမ္လာကြီးရဲ့ မိတ္တူ" ပြပွဲ၏ အမည်ကို အပေါက်ဝတွင် ပိုစတာတစ်ချပ်နှင့် ရေးထောင်ထား၏ ။ ပုဏ္ဏကဟူသော ခပ်ဆန်းဆန်း အမည်ရှိသော ပန်းချီဆရာတစ်ယောက် ခင်းကျင်းပြသနေသည့် တစ်ကိုယ်တော် ပြပွဲပင်ဖြစ်သည်။ အရောင်းကောင်တာဟု ယူဆရသော ထောင့် စားပွဲဖြူတစ်လုံးတွင် မီးသေနေသော ဆေးပေါ့ လိပ်ကို လက်ကြားညှပ်ကာ အိပ်ငိုက်နေသော ခပ်ပွပွဘောင်းဘီရှည်နှင့် ခပ်ပိန်ပိန်လူတစ်ယောက်ကို တွေ့ ရ၏ ။ နောင်သောအခါ ထိုလူမှာ ဤပြခန်း (ဂလယ်ရီ)ပိုင်ရှင် ကိုတင်မောင်ဝင်း ဆိုသူဖြစ်ကြောင်း သိရလေသည်။

ပန်းချီပြခန်းများမှာ ချစ်တီးထမင်းဆိုင်များလိုပင် ဇော်မြင့် ၀င်ရောက်လေ့ မရှိသော နေရာများဖြစ်သော်လည်း မိုးစဲအောင် အချိန်ဖြုန်း သည့်အနေဖြင့် ပြခန်းကို လှည့်ပတ်ကြည့်မိလေသည်။ ဇော်မြင့်သည် ပန်းချီပြခန်းထဲတွင် တွေ့ ရသော ပုဏ္ဏက၏ ပန်းချီကားများမှာ ယခင်က သူ သိဖူးမြင်ဖူးသော ပန်းချီကားများနှင့် လုံးဝဆန့် ကျင်ကွဲပြားနေခြင်းက ဇော်မြင့်ကို အတန်ငယ် အံအားသင့်စေ၏ ။ ပန်းချီကားများဟု ဆိုသော်လည်း ထိုပန်းချီကားများတွင် အရုပ်ဟူ၍ လုံးဝမတွေ့ ရဘဲ ဆေးရောင်များ သက်သက်သာ သုတ်လိမ်းထားသည်ကို တွေ့ ရသောကြောင့် ဖြစ်သည်။ နောင် တွင် ဤပန်းချီကားများမှ စိတ္တဇနှင့် ရေးသားထားသော နည်းထဲမှ တစ်နည်းဖြစ်သည့် ဒြပ်မဲ့ ရောင်ခြယ်နည်း ဖြစ်ကြောင်း သိရလေသည်။

" ဒါ ပန်းချီကားတွေပေါ့ နော် "

သူ့ မေးခွန်းကြောင့် အိပ်ငိုက်နေသော ပန်းချီဆရာက မော်ဒန်ပန်းချီအုပ်စုမှာ အရောင်းရဆုံး ပန်းချီဆရာတစ်ယောက်ပဲ၊ ပြပွဲဖွင့်ထား တာ သုံးရက်ပဲရှိသေးတယ်။ ဒီထဲက ပန်းချီကား တစ်ဝက်ကျော်ကျော်လောက် ရောင်းပြီးသွားပြီ "

" ဒါတွေကို ပန်းချီကားလို့ ခေါ်ရင် ဒါမျိုးတွေကို ကျွန်တော်လည်း ရေးတတ်တယ် ထင်တယ် "

" ရေးတတ်ရင် ရေးပေါ့ "

သို့ ဖြင့် ဘာလုပ်ရမှန်းမသိဘဲ သင်္ဘောလိုက်သွားရာမှ သုံးနှစ်ကြာသောအခါ သင်္ဘောပေါ်မှ ပြန်ရောက်ပြီး၊ တစ်နှစ်ကျော်ကြာသည် အထိ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေသော ဇော်မြင့်သည် ပန်းချီဆရာလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

နောက်ခြောက်လကြာသောအခါ ဇော်မြင့်သည် အောင်မြင်စပြုနေသော ပန်းချီဆရာဖြစ်၍ လာလေသည်။ သူ့ ပန်းချီကားတွေကို ကိုတင်မောင်ဝင်းပိုင် ဂလယ်ရီတွင် တင်လိုက်ရာ ကားတိုင်းလောက်နီးပါးပင် ရောင်းခဲ့ ရလေသည်။ သူသည် အင်္ဂလိပ်လို ရေးထားသော ပန်းချီ စာအုပ်များကို ၀ယ်ယူကာ အချိန်ယူ ဖတ်ရှုခဲ့သည်။ အခုတော့ ဗင်ဂိုးနှင့် ဂေါ်ဂင်ကအစ၊ ဒါလီနှင့် ချာဂေါ် အလယ် ၊ ရိုချင်ဘတ်ဒိကူးနင်း၊ ဂျက်ဆင်ပူးလော့နှင့် အင်ဒီဝါးဟိုးအဆုံး သူ လေ့ လာတီးခေါက်မိသည့် အင်ပရက်ကားတွေအကြောင်း သူ နှုတ်တိုက်ရွရွ ရွတ်ဆိုတတ်လာပြီ။ ကိုတင်မောင်ဝင်းက ခင်ဗျား မဆိုးဘူးဟု ပြောသည်။ ကျွန်တော်ဆို ပန်းချီပြခန်းဖွင့်တာကြာပြီ။ ဒါပေမယ့် ရေဆေးကားနဲ့  ဆီဆေးကားကိုတောင် မကြာသေးခင်ကမှ ခွဲခြားတတ်တာဟု ပြောသည်။ " ခင်ဗျား ဘာလို့ ဒီအလုပ်ကို ရွေးချယ်ခဲ့တာလဲ" လို့ သူက မေးတော့ " တခြားလုပ်စရာ မရှိလို့ ပေါ့ ။ ဒီအလုပ်က မြွေအလမ္ပာယ်ဆရာထက်တော့ သာတာပဲ မဟုတ်လား။ ပန်းချီကားတွေအလယ်မှာ နေရတာ မြွေတွေအလယ်မှာ နေရတာထက် ပိုပြီး လုံခြုံမှုရှိတယ်လေ။ အင်း မျက်စိတော့ နည်းနည်းကျိန်းတာပေါ့ ဗျာ " ဟု ဖြေလေသည်။



*



တစ်နေ့ သ၌ ဇော်မြင့်သည် သူ ငှားရမ်းနေထိုင်ရာ တိုက်ဝါ၀ါကြီး၏ တတိယထပ် ၀ရန်တာမှ လမ်းမပေါ် ငုံ့ ကြည့်လိုက်ရာ၊ မထင်မှတ်ဘဲ ရွေ့ လျား နေသော အနီဝိုင်းလေးတစ်ခုကို မြင်ရကာ ချစ်ခင်သွားလေသည်။ ထိုဝိုင်းဝိုင်းနီနီကလေးမှာ မိန်းကလေးတစ်ယောက် ဆောင်းထားသော ခေါက်ထီး လေးတစ်လက်၏ အရောင်ပင်ဖြစ်လေသည်။ ခေါက်ထီးရှင်မှာ ဇော်မြင့် နေထိုင်သောလမ်း၏ တစ်ဘက်တွင် ရှိသည့် ရုံးကြီးတစ်ရုံးမှ ခင်မြင့်ကြီး အမည်ရှိ စာရေးမလေးဖြစ်၏ ။ ခင်မြင့်ကြီးနှင့် မျက်မှန်းတန်းမိသလောက် ရှိသောအခါ ဇော်မြင့်သည် မကြာမီ ဖွင့်လှစ်မည့် သူ့ တစ်ကိုယ်တော် ပန်းချီ ပြပွဲ၏ ဖိတ်စာတစ်စောင်ကို ကိုယ်တိုင် အရဲစွန့် ကာ ပေးခဲ့ လေသည်။

သူ့ တစ်ကိုယ်တော် ပန်းချီပြပွဲ၏ အမည်မှာ အမည်မဲ့ ဖြစ်လေသည်။ ခင်မြင့်ကြီးသည် ပန်းချီပြပွဲကို သူထင့်သည့်အတိုင်း လာရောက် ခဲ့ သည်။ သို့ သော် ခင်မြင့်ကြီးသည် သူ့ ပန်းချီကားများထက် သူဖိတ်ကျွေးသော ညစာစားပွဲမှ ဟင်းလျာများကိုသာ ပိုမို စိတ်ဝင်စားခဲ့၏ ။ နောက် သုံးလေးလအတွင်းမှာ သူသည် ခင်မြင့်ကြီးနှင့် ချိန်းဆိုကာ ရုပ်ရှင် ငါးခါ ကြည့်၍၊ ညစာ သုံးခါ အတူစားခဲ့ကြသည်။ သူက ခင်မြင့်ကြီးကို လက်ထပ် ခွင့် တောင်းရန် စိတ်ကူးနေဆဲ မထင်မှတ်သော ကိစ္စတစ်ခု ဖြစ်ပေါ်လာလေသည်။

တစ်ရက်တွင် သူ့ ထံသို့  သူစိမ်းနှစ်ယောက် ရောက်လာကာ သူ့ အမေသည် ကိုယ်ရေပြားရောဂါဖြင့်ပင် ကိုယ်ရေပြားရောဂါသည်များ စုပေါင်းနေထိုင်ကြသည့် ထောက်ကြံ့အနီး ရွာကလေးတွင် ဆုံးပါးသွားကြောင်း သတင်းပို့ လာ၏ ။ ထိုသူနှစ်ယောက်မှာလည်း ထိုရွာလေးတွင် နေထိုင်ကာ ကိုယ်ရေပြားရောဂါရှင်များပင်ဖြစ်၍၊ သူ သေပါက အသုဘကိစ္စအ၀၀အတွက် သွားရောက် သတင်းပေး ဆက်သွယ်ရန် မသေခင် မှာကြားခဲ့ သည်ဆိုသည်။

တကယ်တော့ ကိုကျော်မင်းဆိုသူမှာ လွန်ခဲ့ သော တစ်နှစ်ခန့် က သူ လက်လွှဲယူခဲ့သော ဤအခန်းပိုင်ရှင် မျက်နှာဖြူဖပ်ဖြူရော်နှင့် လူသာဖြစ်သည်။ သေဆုံးသွားသော အရေပြားရောဂါသည် အမေ၏ မြေကျကိစ္စအ၀၀ကို ဆောင်ရွက်ရန် ကိုကျော်မင်းကို ဘယ်နေရာတွင် လိုက်ရှာ ရမည်နည်း သူ မသိ။ မည်သူမျှလည်း သိလိမ့်မည်မထင်။ ကိုယ်ရေပြားရောဂါသည် အမေကို အသိမပေးဘဲ ပြောင်းရွှေ့ သွားခဲ့ ပုံကို ထောက်ချင့်၍ ကိုကျော်မင်းသည် ဤကိစ္စရပ်များကို ရှက်ရွံ့ ဖွယ်ဟု ယူဆကာ၊ ခြေရာဖျောက်လိုသော ဆန္ဒရှိပုံရကာ နောက်ဆုံးတော့ ဤကိစ္စများပင် ရှင်းမနေတော့ ဘဲ ကူညီသူ ကင်းမဲ့ နေသည့် ကိုယ်ရေပြားရောဂါသည် အဘွားကြီး၏ အသုဘတာဝန်ကို သူ ယူလိုက်လေသည်။ သူသည် ငယ်စဉ်ကပင် မိဘမဲ့ တစ်ယောက်အဖြစ် သာသနာပြု မိဘမဲ့ ကျောင်းတွင် ကြီးပြင်းလာခဲ့ ရသူဖြစ်၏ ။

ကိုဇော်မြင့်၏ အမေ ကိုယ်ရေပြားရောဂါသည် အမေကြီးသည် ထိုဝေဒနာဖြင့်ပင် ရောဂါသည်များ စုပေါင်းနေထိုင်ရာ ရွာတွင် သေဆုံး သွားသဖြင့်၊ ကိုဇော်မြင့်ကိုယ်တိုင် သင်္ဂြီုဟ်ခဲ့ကြောင်း သတင်းစကားမှာ ရက်ပိုင်းအတွင်းမှာပင်၊ သူနေထိုင်ရာ တိုက်ခန်းမှတစ်ဆင့် လမ်းတစ်လမ်းလုံး သို့  ကူးစက်ရောဂါ တစ်ခုနှယ် လျင်မြန်စွာ ပြန့် နှံ့ သွားလေသည်။

ယခင်က သူ့ ကို ပြုံးရွှင်စွာ နှုတ်ဆက်စကား ပြောခဲ့ သူများမှာ ယခု သူ့ တွေ့ လျှင်၊ မျက်နှာလွှဲကာသွားကြ၏ ။ ရွံတတ်သူ နာမည်ကြီး သော အရာရှိကြီး တစ်ဦးကမူ သူနှင့် လှေကား အတက်အဆင်းတွင် ကြုံသောအခါများ၌ သူ့ နှာခေါင်းကို လက်ကိုင်ပုဝါဖြင့်ပင် ပတ်၍သွားလေသည်။ ခင်မြင့်ကြီးကတော့ သူ့ ကို မျက်နှာချင်းဆိုင်ကာ မေးခဲ့၏ ။

" ကိုဇော်မြင့် ရှင့် အမေက ကိုယ်ရေးပြားရောဂါသည်ကြီးဆို၊ ဟုတ်သလား"

သူက မေးခွန်းတစ်ခုအား ပြန်လည်မေးခဲ့သည်။

" ဟုတ်တော့ရော ဘာဖြစ်သလဲ"



*



တစ်နေ့ သ၌ ဇော်မြင့်သည် ပန်းချီဆရာပုဏ္ဏက နေထိုင်ရာသို့ ထွက်လာခဲ့လေသည်။ ပုဏ္ဏက၏ အိမ်လိပ်စာကို ကိုတင်မောင်ဝင်းအိမ်မှ ရခဲ့ ခြင်း ဖြစ် သည်။ လွန်ခဲ့ သော တစ်လခန့် က သူသည် ပန်းချီကားတစ်ကားကို စတင်ရေးခဲ့ ရာ ယခုထက်တိုင်အောင်ပင် လက်စမသတ်နိုင်သေးသော ဒုက္ခနှင့် တွေ့ ကြုံနေရ၏ ။

ကြီးမားသော ကင်းဗတ်စကြီးကို မြေကြီးပေါ်တွင် အပြားလိုက်ချကာ သင်္ဘောဆေး ရောင်စုံဘူးတွေကို သွန်လောင်းချရင်း ရေးဆွဲတတ် သည့် ဂျက်ဆင်ပူးလော့ခ်က၊ သူ့ ပန်းချီကားပေါ်တွင် မတော်တဆ ကျသွားသော ဆေးစက်ဆို၍ တစ်စက်ကလေးမျှပင် မရှိခဲ့ ပါဟု ဆိုခဲ့ ဖူးလေသည်။ ထိုပန်းချီကားမျိုးမှာ လက်ဖြင့်ရေးရခြင်းမဟုတ်ဘဲ အာရုံဖြင့် ရေးရခြင်းဖြစ်၏ ။

ဤအမည်ပေးမထားသော ပန်းချီကားချပ်ကို ရေးခြင်းအကြောင်းမှာ မတွေ့ မြင်ရတာ ကြာပြီဖြစ်သည့် ခင်မြင့်ကြီးကို ညဘက်ပေးသော ပါတီတစ်ခုတွင် မထင်မှတ်ဘဲ ပြန်လည်တွေ့ ဆုံရခြင်းက လှုံ့ ဆော်မှုပြုခဲ့ ၍ဖြစ်၏ ။ ခင်မြင့်ကြီးသည် သူ့ ကို ကိုယ်ရေပြားရောဂါသည်ကြီး၏ သားဟု မှတ်ယူသွားကာ၊ ဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့လေသည်။ ထိုပွဲတွင် သူ့ ကို မြင်သော်လည်း ခင်မြင့်ကြီးက နှုတ်မဆက်ဘဲ၊ ထိုညက ခင်မြင့်ကြီး အပါးက မခွာဘဲ အရေးတယူ စကားပြောခဲ့ သူမှာ အနောက်တိုင်းဝတ်စုံကို အကျအန ၀တ်ဆင်ထားသည့် မျက်နှာဖြူဖတ်ဖြူရော်နှင့် လူတစ်ယောက် ဖြစ်ပါသည်။ ထိုသူသည် ကိုဇော်မြင့် လက်ရှိနေထိုင်လျက်ရှိသော အခန်း၏ မူလပိုင်ရှင်ဟောင်း ကိုကျော်မင်းဆိုသူ ဖြစ်လေသည်။

ထိုညက ပါတီပွဲမှ ပြန်လာခဲ့ ၍ အိမ်ရောက်လျှင် ရောက်ခြင်း၊ သူသည် ပန်းချီကားတစ်ချပ်ကို စတင်ရေးဆွဲခဲ့ လေသည်။ သို့ သော် တစ်လခန့် ကြာမြင့်သည့်တိုင်အောင်ပင် ထိုပန်းချီကားမှာ အဆုံးမသတ်နိုင်ဘဲရှိ၏ ။ ထို့ ကြောင့်သူ ပုဏ္ဏက အိမ်သို့ ထွက်လာခဲ့ခြင်းဖြစ်၏ ။ ပုဏ္ဏက က ပန်းချီရေးနေသော စတူဒီယို အခန်းထဲသို့  သူ့ ကို ခေါ်ဆောင်သွားခဲ့၏ ။ ဆိတ်ငြိမ်သော အခန်းထဲတွင် ပုဏ္ဏက ပန်းချီရေးနေသည်ကို သူ ထိုင်ရင်း ကြည့်နေခဲ့၏ ။ ဆေးရောင်သုံးစွဲပုံ စုတ်ချက်တို့ မှာ ရဲရင့်သည်နှင့်အမျှ တိကျသေသပ်လှသည်။ သူ ပိုအံ့သြမိသည်မှာ ပုဏ္ဏကသည် မျက်မှန် နက်နက်ကြီး တစ်လက်ကို တပ်ကာ ပန်းချီရေးနေသောအချက် ဖြစ်၏ ။ ပုဏ္ဏကက သူ့ ကို လှည့်မကြည်ဘဲ မေးသည်။

" ကျွန်တော် ဘာကူညီရမလဲ မိတ်ဆွေ "

" ခင်ဗျားရဲ့  ပန်းချီကားတွေဟာ ကျန်တဲ့ သူတွေ အံ့သြလောက်အောင် အောင်မြင်နေတယ် ကိုပုဏ္ဏက၊ အဲဒါ လျှို့ ဝှက်ချက်က ဘာလဲ "

ဇော်မြင့်က ထောက်လာသည့် သူ့ ရင်ထဲက ဖြစ်ပေါ်လာသော မေးခွန်းတစ်ခုမေးလိုက်၏ ။ ပုဏ္ဏကက လေသံဖြင့် ဖြေ၏ ။

" ဒီ ပန်းချီကားတွေလောက်ကတော့ ၀က်တစ်ကောင်ရဲ့ အမြီးမှာ စုတ်တံချည်ပေးလိုက်ရင်တောင် ဖြစ်နိုင်ပါတယ်။ အဲ . . . လျှို့ ဝှက် ချက်ဆိုတာကတော့ ရှိတာပေါ့ ဗျာ။ ကျွန်တော့်ရဲ့ လျှို့ ဝှက်ချက်ကတော့  ကျွန်တော်ဟာ မျက်စိမမြင်သူဖြစ်တယ်ဆိုတာ ကျွန်တော့ ပန်းချီကား ၀ယ်တဲ့ သူတွေ မသိအောင် ဖုံးဖိထားနိုင်တဲ့  အချက်ပဲဗျ "

ပုဏ္ဏကဆီမှ ပြန်လာပြီးနောက် ဇော်မြင့်သည် ရေးလက်စပန်းချီကားအား အပြီးသတ်အောင် ဆက်လက်ဆွဲရန် အလုပ်စတင်သည့် အနေဖြင့် သူ့ လက်ထဲက စုတ်တံကို ဆေးခွက်အနက်ထဲသို့ နစ်လိုက်လေသည်။

သစ္စာနီ

အပြည့်အစုံသို့...