Monday, December 24, 2012
ABSDF ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ရှိ
Posted by
ကိုဈာန်
at
9:06 PM
0
comments
Labels: ဓာတ်ပုံ
Thursday, February 3, 2011
ကျောင်းသားတပ်မတော် စစ်ရေး လှုပ်ရှားမှု ဓါတ်ပုံများ
ဖေဖော်ဝါရီ ၁ ရက်နေ့က ကျောင်းသာတပ်မတော် ရဲဘော်များ ရှေ့တန်းစစ်မျက်နှာပြင်တွင် တွေ့ရစဉ်...
နအဖ စစ်မြေပြင်စခန်းကို ပျောက်ကြားစစ် တိုက်ခိုက်ရန် ပြင်ဆင်စဉ်...
ကျောင်းသာတပ်မတော်မှ ရဲဘော်များ ရှေ့တန်းစစ်မျက်နှာပြင်တွင်....
စစ်ရေးဆွေးနွေးနေစဉ်...
Posted by
ဆုံဆည်းရာ
at
4:13 PM
2
comments
Labels: ဓာတ်ပုံ
Friday, December 3, 2010
ယနေ့ သတင်း (၃ ရက် ဒီဇင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၃ ရက် ဒီဇင်ဘာလ ၂၀၁၀
သတင်း
ရှမ်းပြည်နယ်
နေ့လည် (၁ နာရီ ၁၅ မိနစ်) နအဖ စစ်တပ်မှ ရှမ်းပြည်ဘက်မှာလည်း တပ်အားအားတွေ တိုးချဲ့နေပါတယ်။ နေပြည်တော်ကနေပြီး ရှမ်းပြည် ကွန်ဟိန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကား ၆ ဘီးကား ၅ စီး စစ်သား ၁၀၀ ခန့် မိုင်းနောင် - မိုင်းရှူးဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။ နအဖ စစ်တပ်မှ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှာရှိတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၁) ဆက်ဆံရေးရုံးခွဲတွေ ပိတ်ဖို့လည်း တန့်ယန်းမြို့ ဗျူဟာမှူးက ပြောဆိုလိုက်ပါတယ်။
ချင်းပြည်နယ်
နေ့လည် (၁ နာရီ ၁၁ မိနစ်) ချင်းအမျိုးသားတပ်ဦး လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားမှုများကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်း တီးတိန် တွန်းဇမြို့မှာရှိတဲ့ နအဖ စစ်တပ်စခန်းတွေမှာ စစ်အင်အား သုံးဆ တိုးမြင့် ချထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်
နေ့လည် (၁ နာရီ) လွန်ခဲ့တဲ့ ကြာသာပတေးနေ့ကတည်းက ကချင်ပြည်နယ် အရှေ့ဘက်၊ KIO/KIA ဌာနချုပ် ဘေးပတ်ဝန်းကျင်တွင် နအဖ ဘက်မှ စစ်အင်အား၊ လက်နက်အင်အား တိုးမြင့်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နယ်စစ် KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာ၊ အလင့်ဘွမ်Alen Bum)၊ လိုင်ဆင်ဘွမ်(Laisin Bum)၊ မိုင်ဂျာယန်နဲ့ ဗန်မော်ဘက်မှ ရေကြောင်း၊ ကုန်းကြောင်းဖြင့် လက်နက်ကြီး-ငယ်များ ပို့ဆောင်နေပြီး စစ်အင်အားတိုးမြင့်နေတယ်လို့ ဒေသခံများမှ သိရပါတယ်။ စစ်အင်အားကို ညအချိန်ရောက်မှ ပို့ဆောင်ခြင်းဖြစ်ပါတယ်။ နအဖ စစ်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နိုဝင်ဘာလ ၂၂ ရက်နေ့ ပြောလိုက်ပြီးနောက် နအဖ ဘက်မှ ယခုကဲ့သို့ စစ်ရေးပြင်ဆင်မှုများ ဖြစ်ပေါ်ပြီး စစ်အင်အားတိုးချဲ့လာတာပါ။
ကရင်ပြည်နယ်
နေ့လည် (၁၂ နာရီ) နအဖ စစ်တပ်က ဒီဇင်ဘာလ ၁ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ တပ်ဖွဲ့ဝင် ရဲဘော် ၆ ဦးကို နအဖ တပ်ရင်း ၂၃၀ မှ စစ်သားတွေက သတ်ပစ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး) ဗိုလ်ရဲမြင့် က ကေအဲန်ယူ/ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးချုပ်ထိန်မောင်တို့ ဆွေးနွေးပွဲ ဗွီဒီယိုဖိုင်ပါ တင်ပေးလိုက်ပါတယ်။
(ဗွီဒီယို - ကိုးဒီသွေး)
ဓါတ်ပုံ
ဆုံဆည်းရာက အကြိုက်ဆုံး ဒီဇင်ဘာလ ၁ ရက်နေ့ ကမ္ဘာ့ အေအိုင်ဒီအက်နေ့က ဓါတ်ပုံ ၂ ပုံတင်ပေးလိုက်ပါတယ်။
(ဓါတ်ပုံ - DVB)
(ဓါတ်ပုံ - mizzima)
Posted by
ဆုံဆည်းရာ
at
12:36 PM
0
comments
Wednesday, December 1, 2010
ယနေ့ သတင်း (၁ ရက် ဒီဇင်ဘာာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၁ ရက် ဒီဇင်ဘာာလ ၂၀၁၀
သတင်း
နေ့လည် (၂ နာရီ) ယနေ့ နအဖ တပ်များနဲ့ ဒီကေဘီအေ၊ ကေအန်အယ်အေ၊ ငြိမ်းချမ်းရေးကောင်စီ တပ်များ အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ နအဖ ဘက်မှ တိုက်ပွဲပြင်းထန်သည့်ကာလ ၂၆ နေ့က စတင်ပြီး အကျအဆုံး ၄၀ ဆယ်ကျော်ရှိပြီလို့ သိရပါတယ်။ သေဆုံးတဲ့အထဲမှာ ခမရ ၂၃၀ ဒု - ရင်းမှူး ပါတယ်လို့သိရှိပါ။ ထို့အပြင် စစ်ဗိုလ်များ နဲ့ တပ်ကြပ်တပ်သား တွေလည်း ကျဆုံးသည့်အထဲတွင် ပါပြီး နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုလည်း များပြားနေကြောင်း သိရပါတယ်။
ဗွီဒီယို
လွတ်မြောက်ရေးအတွက် တိုက်ပွဲ
ဓါတ်ပုံ
နေ့လည် (၂ နာရီ) ယမန်နေ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ဘက်အခြမ်းသို့ ရောက်ရှိလာတဲ့ ဖလူးဒေသရှိ စစ်ပြေး ဒုက္ခသည်များဖြစ်ပါတယ်။ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များတွင် ကလေးနဲ့ သက်ကြီးရွယ်အိုများ များပြားကြောင်း သိရှိရပါတယ်။ (ဓါတ်ပုံ - ဇော်သူရ)
Posted by
ဆုံဆည်းရာ
at
2:34 PM
0
comments
Thursday, November 18, 2010
ယနေ့ သတင်း (၁၈ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၁၈ ရက် နိုဝင်ဘာလ ၂၀၁၀
ရန်ကုန်
- ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနောက်လမ်းရှိ Sky Net အင်တာနက်ဆိုင်တွင် ယနေ့ မနက်ပိုင်းတွင် ဗုံးများတွေ့ရှိသောကြောင့် ရန်ကုန်ရှိ internet ဆိုင်များ ချက်ချင်း ပိတ်ရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ပြည်တွင်း အင်တာနက်လိုင်းတချို့ ဖြတ်ထားခံထားရကြောင်း သိရှိရသည်။
မြ၀တီ
- ဒီကေဘီအေ တပ်မဟာ ၅ - ကလိုထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း ၉၀၉ မှ ဗိုလ်မှူးကြီး စတီး ဦးဆောင်သည့် တပ်ဖွဲ့အင်အား ၁၅၀ ခန့် ယမန်နေ့က ကေအန်ယူနှင့် ပြန်လည် ပူးပေါင်းသွားကြောင်း သိရှိရသည်။
- နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်များ တပ်မဟာ ၆ နယ်မြေ ကျိုင်းဒုံဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
- မြ၀တီမြို့တွင် မြို့တွင်းတိုက်ပွဲများ ဖြစ်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် မြ၀တီမြို့တွင် ရပ်ဝေးမှ လာရောက် နေထိုင်လုပ်ကိုင်နေကြသော စီးပွားရေးသမားနှင့် ပြည်သူလူထုများ နေရပ်မြို့များသို့ ပြန်ကုန်ကြကြောင်း မြို့ခံတဦးမှ ပြောသည်။ မြ၀တီမြို့တွင်းတွင် နအဖ စစ်သားများမှ ဟမ်းဖုန်းကိုင်ဆောင်ထားသူများကို ဒီကေဘီအေ သတင်းပေးများဟုဆိုကာ ဟန်းဖုန်းများကို လိုက်လံ သိမ်းဆည်းနေကြောင်း သိရသည်။
ဗွီဒီယို
- ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ဒုတိယ ပင်လုံညီလာခံအကြောင်း ယမန်နေ့က ထိုင်းတီဗွီလိုင်းက ထုတ်လွှင့်သွားတာပါ။
လွန်ပဲလွန်နိုင်ပေ (ကာတွန်း)

အောက်တိုဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာက အမှားပြင်ဆင်ချက်ကို ကာတွန်းဆွဲထားတာပါ။ ရှင်းလင်းတဲ့ပုံကြည့်မယ်ဆိုရင် ပုံပေါ်ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။
Posted by
ကိုဈာန်
at
8:07 AM
3
comments
Sunday, November 14, 2010
ယနေ့ သတင်းများ (၁၄ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ ၁၄ ရက် နိုဝင်ဘာလ ၂၀၁၀
ညနေ(၄ နာရီ ) ယနေ့ နေ့လည် ၁၂ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းအသံဖိုင်နဲ့ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။



နေ့လည်(၁၂ နာရီ ၂၆) ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့အသံကို ဒီမိုကရက်တစ်မြန်မာ့အသံက တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ ထုတ်လွှင့်ချက်ကို ယခုလင့်မှာ သွားရောက်နားဆင်နိုင်သည်။ တိုက်ရိုက်လင့် http://www.livestation.com/channels/66-democratic-voice-of-burma-burmese
နေ့လည်(၁၁ နာရီ ၄၅) ရွှေဂုံတိုင်လမ်းပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမှာကို စောင့်ဆိုင်းနေတဲ့ ပြည်သူလူထု ၁၀၀၀၀ ကျော်ဖြစ်လာပြီလို့ သိရှိရပါတယ်။
နံနက် (၁၁ နာရီ ၃၀) နအဖ စစ်တပ်မှ အမြောက်ကြီး စခန်း ဌာနချုပ် (၉၀၉) ကွပ်ကဲမှုအောက် လင်းခေးမြို့နယ် အခြေစိုက် အမြောက်တပ် (၃၆၁) မှ ဒု တပ်ရင်းမှူး ၀င်းအောင်လတ်နှင့် အဖွဲ့သည် ၁၁၊၁၁၊၂၀၁၀ ရက်နေ့ နေ့လည် (၁၂း၅၀) နာရီ အချိန်တွင် လင်းခေးမြို့မှ ဈေးဝယ်ပြီးအပြန် လင်းခေးမြို့ နှင့် ဘန်ပေါင်းကျေးရွာအကြားသို့အရောက်တွင် SURA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိစစ်သည် အားလုံးနှင့် ဒုတပ်ရင်းမှူး ဇနီးအပါအ၀င် (၆) ဦး သေဆုံးပြီး SURA အဖွဲ့မှ ၉မမ ဘလောင်နီပစ္စတို (၁)လက် ၊ ဘီအေ (၆၃) မောင်းပြန်ရိုင်ဖယ် (၁) လက် ၊ ပွိုင့် ၃၀ ကာဘိုင် (၁) လက်နှင့် ကိုတာဖုန်း (၁) လုံး SURA မှ သိမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
နံနက် (၉ နာရီ ၂၇) ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယို သတင်းတွေပါ။
Posted by
ကိုဈာန်
at
9:52 AM
0
comments
Saturday, November 13, 2010
ဆုံဆည်းရာ ၁၃ ရက် နိုဝင်ဘာလ ၂၀၁၀
ည (၈ နာရီ ၄၇) မိုးကုတ်မြို့တမြို့လုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်သည့်အထိမ်းအမှတ်အဖြစ် မီးရှုးမီးပန်းဖောက်ကြောင်း သိရှိရသည်။ ၈ နာရီလောက်က စဖောက်တာ ယခုအချိန်အထိပဲဟု မိုးကုတ်မြို့ခံတဦးမှ ပြောဆိုသည်။
ည (၆ နာရီ ၄၅) ဒေါ်အောင်ဆန်းစုကြည် စောင့်မျှော်နေသည့် ပြည်သူလူထုအား အိမ်ရှေ့ခြံဂိတ်ဝမှ ထွက်တွေ့နေစဉ်...။


(ဓါတ်ပုံ AFP)
Posted by
ကိုဈာန်
at
7:13 PM
0
comments
Labels: ဓာတ်ပုံ
Wednesday, May 27, 2009
ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ တွင် နအဖ လုံခြုံရေးတင်းကျပ်
မေလ ၂၇ ရက် ၂၀၀၉ ခုနှစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ
နအဖ လုံခြုံရေးတင်းကျပ်
photos by AP
Posted by
ဆုံဆည်းရာ
at
3:45 PM
0
comments
Labels: ဓာတ်ပုံ
Thursday, September 25, 2008
ဗုံးပေါက်သည့် ဓါတ်ပုံများ (၂၅ ရက် စက်တင်တဘာ ၂၀၀၈ မနက် ၁၀ နာရီ ၄၀)
Posted by
ဆုံဆည်းရာ
at
7:28 PM
0
comments
Labels: ဓာတ်ပုံ
Tuesday, September 9, 2008
ရန်ကုန် ၄၅ လိုင်းကားပေါ်တွင် ဗုံးပေါက်ကွဲ
ဆုံဆည်းရာ ၉ ရက် ၉ လ ၂၀၀၈
မြန်မာစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ်
cng အိုးတွေက ဘာမှ မဖြစ်ကြောင်း ထို့ကြောင့် ဂတ်စ်အိုးပေါက်တာ မဖြစ်နိုင်ကြောင်း.... သွားရောက်ကြည့်ရှုခဲ့သူက သုံးသပ် ပြောဆိုသည်။
Posted by
soneseayar
at
12:51 PM
1 comments
Labels: ဓာတ်ပုံ
Monday, May 12, 2008
Sunday, May 11, 2008
Sunday, May 4, 2008
နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့အပျက်အစီး ဓါတ်ပုံများ
Posted by
ဆုံဆည်းရာ
at
9:58 PM
0
comments
Labels: ဓာတ်ပုံ












