Sunday, November 14, 2010

ယနေ့ သတင်းများ (၁၄ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ ၁၄ ရက် နိုဝင်ဘာလ ၂၀၁၀
ညနေ(၄ နာရီ ) ယနေ့ နေ့လည် ၁၂ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းအသံဖိုင်နဲ့ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။







နေ့လည်(၁၂ နာရီ ၂၆) ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့အသံကို ဒီမိုကရက်တစ်မြန်မာ့အသံက တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ ထုတ်လွှင့်ချက်ကို ယခုလင့်မှာ သွားရောက်နားဆင်နိုင်သည်။ တိုက်ရိုက်လင့် http://www.livestation.com/channels/66-democratic-voice-of-burma-burmese

နေ့လည်(၁၁ နာရီ ၄၅) ရွှေဂုံတိုင်လမ်းပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမှာကို စောင့်ဆိုင်းနေတဲ့ ပြည်သူလူထု ၁၀၀၀၀ ကျော်ဖြစ်လာပြီလို့ သိရှိရပါတယ်။

နံနက် (၁၁ နာရီ ၃၀) နအဖ စစ်တပ်မှ အမြောက်ကြီး စခန်း ဌာနချုပ် (၉၀၉) ကွပ်ကဲမှုအောက် လင်းခေးမြို့နယ် အခြေစိုက် အမြောက်တပ် (၃၆၁) မှ ဒု တပ်ရင်းမှူး ၀င်းအောင်လတ်နှင့် အဖွဲ့သည် ၁၁၊၁၁၊၂၀၁၀ ရက်နေ့ နေ့လည် (၁၂း၅၀) နာရီ အချိန်တွင် လင်းခေးမြို့မှ ဈေးဝယ်ပြီးအပြန် လင်းခေးမြို့ နှင့် ဘန်ပေါင်းကျေးရွာအကြားသို့အရောက်တွင် SURA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိစစ်သည် အားလုံးနှင့် ဒုတပ်ရင်းမှူး ဇနီးအပါအ၀င် (၆) ဦး သေဆုံးပြီး SURA အဖွဲ့မှ ၉မမ ဘလောင်နီပစ္စတို (၁)လက် ၊ ဘီအေ (၆၃) မောင်းပြန်ရိုင်ဖယ် (၁) လက် ၊ ပွိုင့် ၃၀ ကာဘိုင် (၁) လက်နှင့် ကိုတာဖုန်း (၁) လုံး SURA မှ သိမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

နံနက် (၉ နာရီ ၂၇) ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယို သတင်းတွေပါ။



0 comments: