Thursday, November 18, 2010

ယနေ့ သတင်း (၁၈ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၈ ရက် နိုဝင်ဘာလ ၂၀၁၀


ရန်ကုန်

- ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနောက်လမ်းရှိ Sky Net အင်တာနက်ဆိုင်တွင် ယနေ့ မနက်ပိုင်းတွင် ဗုံးများတွေ့ရှိသောကြောင့် ရန်ကုန်ရှိ internet ဆိုင်များ ချက်ချင်း ပိတ်ရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ပြည်တွင်း အင်တာနက်လိုင်းတချို့ ဖြတ်ထားခံထားရကြောင်း သိရှိရသည်။

မြ၀တီ

- ဒီကေဘီအေ တပ်မဟာ ၅ - ကလိုထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း ၉၀၉ မှ ဗိုလ်မှူးကြီး စတီး ဦးဆောင်သည့် တပ်ဖွဲ့အင်အား ၁၅၀ ခန့် ယမန်နေ့က ကေအန်ယူနှင့် ပြန်လည် ပူးပေါင်းသွားကြောင်း သိရှိရသည်။

- နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်များ တပ်မဟာ ၆ နယ်မြေ ကျိုင်းဒုံဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

- မြ၀တီမြို့တွင် မြို့တွင်းတိုက်ပွဲများ ဖြစ်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် မြ၀တီမြို့တွင် ရပ်ဝေးမှ လာရောက် နေထိုင်လုပ်ကိုင်နေကြသော စီးပွားရေးသမားနှင့် ပြည်သူလူထုများ နေရပ်မြို့များသို့ ပြန်ကုန်ကြကြောင်း မြို့ခံတဦးမှ ပြောသည်။ မြ၀တီမြို့တွင်းတွင် နအဖ စစ်သားများမှ ဟမ်းဖုန်းကိုင်ဆောင်ထားသူများကို ဒီကေဘီအေ သတင်းပေးများဟုဆိုကာ ဟန်းဖုန်းများကို လိုက်လံ သိမ်းဆည်းနေကြောင်း သိရသည်။

ဗွီဒီယို
- ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ဒုတိယ ပင်လုံညီလာခံအကြောင်း ယမန်နေ့က ထိုင်းတီဗွီလိုင်းက ထုတ်လွှင့်သွားတာပါ။




လွန်ပဲလွန်နိုင်ပေ (ကာတွန်း)


အောက်တိုဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာက အမှားပြင်ဆင်ချက်ကို ကာတွန်းဆွဲထားတာပါ။ ရှင်းလင်းတဲ့ပုံကြည့်မယ်ဆိုရင် ပုံပေါ်ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။

4 comments:

ကိုချစ်ဖေ said...

အန်တီစုက တွင်စတာ ဖေ့ဘုတ် သုံးမယ်ပြောတာနဲ့ အင်တာနက်ဆိုင်နား ဗုံးတွေတွေ့တော့သကိုး

သစ္စာ said...

်အင်တာနက်ဆိုင်မှာ ဗုံးတွေ့တယ် ဆိုတဲ့သတင်ရေးတဲ့ သတင်းထောက်ကိုပြောပါရစေ....
ရေးမယ်ဆိုလည်း မှန်မှန်ကန်ကန်လေးနဲ့ တိတိကျကျလေး ရေးပေးပါလို့....
ဆိုင်နံမည်လည်း မမှန်၊ရေးထားတဲ့ သတင်းတွေကလည်း
အမှား သတင်းထောက်ဆက်လုပ်ဖို့ မကောင်းတော့ဘူးနော်....
ဒီအတိုင်းသာဆို သတင်းထောက်အားလုံး နံမည်ပျက်သွားနိုင်တယ်ဆိုတာ သိထားပေးပါ....

သစ္စာ said...

်အင်တာနက်ဆိုင်မှာ ဗုံးတွေ့တယ် ဆိုတဲ့သတင်ရေးတဲ့ သတင်းထောက်ကိုပြောပါရစေ....
ရေးမယ်ဆိုလည်း မှန်မှန်ကန်ကန်လေးနဲ့ တိတိကျကျလေး ရေးပေးပါလို့....
ဆိုင်နံမည်လည်း မမှန်၊ရေးထားတဲ့ သတင်းတွေကလည်း
အမှား သတင်းထောက်ဆက်လုပ်ဖို့ မကောင်းတော့ဘူးနော်....
ဒီအတိုင်းတာဆို သတင်းထောက်အားလုံး မကောင်းတော့ဘူး...

boshi said...

Toptoys plans to make this easy with their 2010 Hot Holiday Toy List.
I think the holidays for the kids is the best part:http://www.toptoys2trade.com
I know I have the best time watching my two kids open all there presents. Seeing the excitement and joy on their faces is the best gift I could get. Both already have their lists ready but my six year old insists on reminding me about a certain toy she wants they are called
Zoobles and as far as she is concerned, they are the greatest thing out there. They would make a great gift for any child so be sure to get some for the holidays for your little ones.
They are are sweeping the whole world. power balance bracelets bracelets were first released in January of 2007 and now they become the most popular health bracelets among people of all ages and all walks of life, including some of the super athletes.