ပိတ်ထားတဲ့ အခန်းတံခါးဟာ
ပြန်ဖွင့်ရမှာပဲ
ဖွင့်ထားတဲ့ အခန်းတံခါးဟာ
ပြန်ပိတ်ရမှာပဲ
အခန်းထဲမှာ
ဂွင်းတိုက်ခဲ့တဲ့ကောင်ဟာ
လမ်းပေါ်မှာ
မူးအန်ချော်လဲနေတဲ့ကောင်ပဲ
ထောင်ထဲ ဝင်သွားတဲ့ ကောင်တွေ
ထောင်ထဲက ပြန်ထွက်သွားတာပဲ
ကျွန်ုပ်တို့အားလုံးပဲပေါ့
လောကမှာတော့
ထောင်ထဲ ဝင်သွားပြီးမှ
ဘယ်တော့မှ ပြန်မထွက်လာတာ
အမှောင် တစ်ခုပဲ ရှိတယ်
သူရဲ့ ထင်ပေါ်နာမက စေတန် ပါ
တခါက
ဘုရားသခင်ကို
ငရဲမီးကန်ထဲ ပြေးပြီးဆောင့်ကန်ချတာ
မေတ္တာသိုင်းကွက်နဲ့ ခုန်ရှောင်လိုက်လို့
သူ့တစ်ဘဝလုံး
အရှိန်လွန် ပြုတ်ကျသွားတာ
သူ့ဥာဏ်စဉ်ဟာ အမှောင်တိဖုံးကာ
အခုထိ လုံးဝ ပြန်မတက်လာတော့ဘူး
အမှောင်ထဲမှာ
နေမင်းကို သူ ခူးတတ်သွားခဲ့တယ်လေ
စောက်ချဉ်တော့ ဘယ်ဟုတ်ပါ့မလဲ
ဘိုင်ဘယ် တစ်အုပ်လုံးကိုတောင်
ငွေမှင်မဲ သုတ်ခဲ့တဲ့ ငရဲကောင် ပါဆိုမှ...။ ။
သုအိုင်စံ
၂၄-၁၂-၂၀၁၃
Tuesday, December 24, 2013
စေတန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment