ရေလယ်က
ကျောက်ဆောင်ဟာ
ရေထဲမှာ
မြုပ်နေတယ်။
ခင်ဗျား မမြင်ဘူး
ကျနော် မမြင်ဘူး
လှေတွေ မမြင်ဘူး
ဘယ်သူမှ မမြင်ဘူး။
ကျောက်ဆောင်ကို
ရေကောင်တွေ ရောက်တယ်
ကျောက်ဆောင်ကို
ရေကောင်တွေ ကျွမ်းကျင်တယ်။
ငြိမ်းချမ်းရေး--လို့
ခင်ဗျားတို့
နားလည်လိုက်တာနဲ့
ငြိမ်းချမ်းရေး ပျက်တယ်
ဘာကြောင့်လဲ
ခင်ဗျားတို့ရဲ့
သဘောတရားအမြင်ထဲမှာ
နေပူပြင်းလို
အရောင်အဆင်း ပါနေတယ်
အရောင်အဆင်းက
ရိုးစင်းမှုကို တိုက်စားတယ်
အပူရှိန်က
ပင်ကိုအသိကို အငွေ့ချက်တယ်
ရေထဲမှာ
မြုပ်နေတဲ့
ရေလည်က
ကျောက်ဆောင်ကို
ရေကောင်တွေအတွက်
ဒီအတိုင်းပဲ ထားလိုက်ပါဗျာ
နေပူ ဘယ်လောက်ကြမ်းကြမ်း
ဘယ် သမုဒ္ဒရာမခမ်းခဲ့ပါဘူး
အတွေးအခေါ်ဆေးဗူးတွေ
ဘယ်လောက် သွန်ထည့်သွန်ထည့်
ဘယ် သမုဒ္ဒရာမှ အရောင်မပြောင်းခဲ့ပါဘူး
ကျောက်ဆောင်ကို ခံစားဖူးချင်နေလား
ခင်ဗျား ရေကောင် ဖြစ်သွားမှ ရမယ်
လူဟာ
ရေထဲမှာ
ရာသက်ပန်နေလို့မှ မရပဲ
ဂွတ်ဘိုင်ပဲပေါ့.... ငြိမ်းချမ်းရေးရေ...။
သုအိုင်စံ
၂၄-၁၂-၂၀၁၃
Tuesday, December 24, 2013
မရောက်ဖူးတဲ့ဘုရား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment