Saturday, December 21, 2013

သုဝဏ္ဏသိက္ခာ

သုဝဏ္ဏဘူမိ ဆိုတာ မြန်မာရာဇဝင်ထဲက မြို့ဟောင်းတစ်ခုပေါ့
သုဝဏ္ဏမြို့နယ် ဆိုတာ ရန်ကုန်မြို့ရဲ့ဂုဏ်ဆောင်မြို့နယ် တစ်ခုပေါ့
သုဝဏ္ဏကစားကွင်း ဆိုတာ မြန်မာပြည်ရဲ့ အကောင်းဆုံးကွင်းပေါ့
အခုပြောပြမဲ့ (သုဝဏ္ဏသိက္ခာ) ဆိုတာ
အဲဒီ အပေါ်က သုဝဏ္ဏ တွေနဲ့ ဆိုင်/ မဆိုင် ဆိုတာတော့ ခင်ဗျား စဉ်းစားပေါ့
အဲဒီနေ့က
သုဝဏ္ဏသိက္ခာဟာ ကွင်းထဲကို အမျိုးသားရေးမာန်နဲ့ ကြိုတင်ရောက်ရှိနေခဲ့တယ်
သုဝဏ္ဏသိက္ခာဟာ ကွင်းထဲကို သူ့လူ သန်း ၆၀ လုံး ခေါ်မထည့် ထားနိုင်ပေမဲ့
သန်း ၆၀ လုံးရဲ့စိတ်မာန်ဟာ သုဝဏ္ဏသိက္ခာဘက်မှာ အားပေး ရပ်တည်ထားတယ်
သုဝဏ္ဏသိက္ခာ နှစ် ၄၀ ကျော်မှ တစ်ခါကြုံတဲ့ပွဲမို့ ကောင်းကင်ဘုံ ပွင့်ပွင့် ငရဲတွင်း နစ်နစ် ပဲ
နိုင်ငံခြားနည်းပြနဲ့ ပညာရှင်တွေကိုလည်း ဒေါ်လာ သန်းချီပေး ငှားပြီး လေ့ကျင်ထားတယ်
သုဝဏ္ဏသိက္ခာဟာ ဒီပွဲမှာ နောက်တဆင့် တက်ရမယ်လို့ အနိုင်နဲ့ သရေပဲ တွက်ထားတယ်
နောက်ဆုံးဗိုလ်လုပွဲဆီ လမ်းကြောင်းဟာ ချောင်လည် ဖြောင့်ဖြူးနေတာမို့ ပျော်နေတယ်
သုဝဏ္ဏသိက္ခာဟာ ပွဲမစင်ခင်မှာ သူ့ရဲ့တိုက်ခိုက်ရေးဗျူဟာဟာ ကစဥ့်ကလျား ဖြစ်နေတယ်
သုဝဏ္ဏသိက္ခာဟာ တိုက်ခိုက်ရေးသမားနဲ့ အုပ်ချုပ်ရေးမှူး ညှိမရ သဘောထားကွဲနေတယ်
သုဝဏ္ဏသိက္ခာဟာ ပြိုင်ပွဲမှာ ဖိအားတွေကြောင့် စိတ်လောပြီး ဒေါသ နည်းနည်း ကြီးနေတယ်
သုဝဏ္ဏသိက္ခာဟာ အကောင်းဆုံး တိုက်စစ်မှူးကို ဘာကြောင့်မှန်းမသိ ခုံပေါ်ထိုင်ထားခိုင်းတယ်
သုဝဏ္ဏသိက္ခာဟာ လက်မှတ်တစ်စောင်ကို ၃ဆ ပိုပေးဝယ်ပြီး ကွင်းထဲကို ရောက်လာရတယ်
သုဝဏ္ဏသိက္ခာဟာ ပြိုင်ဘက်ကို လေ့ကျင့်ထားသမျှတွေနဲ့ ထုတ်သုံးကစား ခုခံရင် ထိုးနှက်တယ်
သုဝဏ္ဏသိက္ခာဟာ အသေအကြေ ဖြတ်ပိတ် တာဆီး ကစားနေရင်းကနေ တစ်ဂိုး ပေးလိုက်ရတယ်
သုဝဏ္ဏသိက္ခာဟာ ကွင်းလုံးပြည့် ခံပြင်း အထိနာ ပွစီပွစီ အုံကြွ ပေါက်ကွဲလုလု ဖြစ်လာတော့တယ်
သုဝဏ္ဏသိက္ခာဟာ စိတ်လေပြီး ကစားနေရင်းက ဒုတိယပိုင်းမှာ တစ်ယောက် ထပ်ထုတ်ခံရပြန်တယ်
သုဝဏ္ဏသိက္ခာဟာ ပရိတ်သတ်ရဲ့ ရေဘူးတွေ အမှိုက်တွေ ကွင်းထဲကို ပစ်ပေါက် ရောက်လာတော့တယ်
သုဝဏ္ဏသိက္ခာဟာ ပရိတ်သတ်တချို့ဟာ အလံတွေ အကျီတွေကိုင်ပြီး ကွင်းထဲပြေးဝင် လာတော့တယ်
သုဝဏ္ဏသိက္ခာဟာ ပွဲစဉ်လုံခြုံရေးတွေဟာ ပွဲစဉ်ထိမ်းသိမ်းရေး နည်းလမ်းလွဲပြီး ပရိတ်သတ် ပေါက်ကွဲတယ်
သုဝဏ္ဏသိက္ခာဟာ ဒီပွဲမှာ ကိုယ်ရှုံးရင် အမှတ်တူနဲ့ ကိုယ်ထွက်ရမယ်ဆိုတာကို ဗျူဟာမှူးကိုယ်တိုင် မသိခဲ့ဘူး
သုဝဏ္ဏသိက္ခာဟာ ကစားချိန် ၉၄ မိနစ် ပြည့်တော့ တစ်ဂိုး သုံည နဲ့ အားလုံးရဲ့ မျှော်လင့်ချက်တွေ ရှုံးသွားတယ်
သုဝဏ္ဏသိက္ခာဟာ ပရိတ်သတ်ကြီးက ကွင်းလုံးပြည့် လီးပဲ လီးပဲ လို့ အော်ဟစ် ကြွေးကြော် သောင်းကျန်းတယ်
သုဝဏ္ဏသိက္ခာဟာ မြင် မြင်သမျှ အရာတွေကို ပြေးကန်၊ တွေ တွေ့သမျှ လုံခြုံရေးတွေကို အော်ဆဲရန်ရှာတယ်
သုဝဏ္ဏသိက္ခာဟာ ကန့်လန့်ကာနောက်ကွယ်က အရှုပ်အထုပ်ကို မထူးဇတ်ခင်း ဇတ်စင်ပေါ် ပစ်တင်လိုက်တယ်
သုဝဏ္ဏသိက္ခာဟာ အားခဲထားခဲ့ရသမျှတွေဟာ မျက်လုံးကနေ ဝမ်းနည်းမျက်ရည်အဖြစ် လျှံထွက်ကျလာတယ်
သုဝဏ္ဏသိက္ခာဟာ ဝုန်းဝုန်းလုံးလုံးနဲ့ ကွင်းထဲကနေ လမ်းပေါ်ကို အုပ်လိုက်ကြီး ပေါက်ကွဲ လျှောက်လာတယ်
သုဝဏ္ဏသိက္ခာဟာ တွေ့သမျှ ဆိုင်ခန်း အဆောက်အဦးတွေတွေ ပြေးရိုက်ဖြိုဖျက် သောင်းကျန်းတော့တယ်
သုဝဏ္ဏသိက္ခာဟာ ဘယ်သူက ကြပ်လိုက်လဲမသိ ကိုယ့်နိုင်ငံတော်အလံကို ကိုယ် စတင် မီးရှို့တော့တယ်
သုဝဏ္ဏသိက္ခာဟာ သွေးပိုဆူလာအောင် ကမန်းကတန်း မြန်မြန်ဆန်ဆန် ခွက်ပုန်း ဝင်ကစ်လိုက်သေးတယ်
သုဝဏ္ဏသိက္ခာဟာ အရှံးညရဲ့အကျည်းတန်းမှုကို ဖျက်ဆီးသောင်းကျန်းမှုနဲ့ တစ်ညလုံး ပေါက်ကွဲ ဖြေသိမ့်တယ်
သုဝဏ္ဏသိက္ခာဟာ မီးတွေလောင်၊ မျက်ရည်တွေကျ၊၊ တောက်တွေခေါက်၊ ထမင်းမစား၊ ပြန် ပြန် စဉ်းစားနေတယ်
သုဝဏ္ဏသိက္ခာဟာ သူ့ကို ကမ္ဘာကြီးက မျက်လုံးဒေါက်ထောင့်ကြည့်နေတာကို သတိလက်လွတ် သူ မသိလိုက်ဘူး
သုဝဏ္ဏသိက္ခာဟာ ရှုံးမဲ မဲပြီး ဖျက်ဆီးသောင်းကျန်းနေကြပြီလို့၊ လူမယဉ်ကျေးတွေလို့၊ ကျောက်ခေတ်လူသားတွေလို့
Online ပေါ်ပစ်တင်ကြီး ကမ္ဘာကြီးက ကမ္ဘာကြီးကို လက်တို့ ဖောက်သယ်ချ သတင်းပို့ အတင်းပြောကြ တော့တယ်
သုဝဏ္ဏသိက္ခာဟာ အခုမှ တစ်မျိုးသားလုံး သောက်တလွဲ အကျိုးနည်း အမျိုးသားဂုဏ်သိက္ခာ စောက်ရှက်ကွဲတော့တာပဲ
သုဝဏ္ဏသိက္ခာဟာ သုဝဏ္ဏကွင်းထဲမှာ မြစ်ဖျားခံပြီး သုဝဏ္ဏကွင်းထဲမှာ သမုဒ္ဒရာဖြစ်၊ သုဝဏ္ဏထဲမှာပဲ မုန်တိုင်းလွှင့်သွားခဲ့တာ
သုဝဏ္ဏသိက္ခာဟာ အသိဥာဏ်မဲ့စွာ၊ အရုပ်ဆိုးကိုယ်ကျိုးနည်း၊ ကမ္ဘာ့လူမျိုးစုံရဲ့တံတွေးသမုဒ္ဒရာထဲ ပက်လက်မျောလို့
သုဝဏ္ဏသိက္ခာဟာ ကမ္ဘာပတ်သွားတယ်
သုဝဏ္ဏသိက္ခာဟာ စောက်ရှက်ကွဲသွားတယ်
သုဝဏ္ဏသိက္ခာဟာ အမျိုးသားဂုဏ်သိက္ခာ ကျသွားတယ်
သုဝဏ္ဏသိက္ခာဟာ ခင်ဗျားနဲ့ ပတ်သက်နေတယ်
သုဝဏ္ဏသိက္ခာဟာ မြန်မာ ဖြစ်နေတယ်
သုဝဏ္ဏသိက္ခာဟာ ခင်ဗျား ဖြစ်နေတယ်
သုဝဏ္ဏသိက္ခာဟာ
ကမ္ဘာပတ်သွားတဲ့၊ စောက်ရှက်ကွဲ၊ အမျိုးသားရေးဂုဏ်သိက္ခာဟာ၊ ခင်ဗျားနဲ့ ပတ်သက်နေသော၊ မြန်မာဖြစ်နေတဲ့ ခင်ဗျားပဲ
သုဝဏ္ဏသိက္ခာဟာ
ကမ္ဘာ့လူ့ယဉ်ကျေးမှု ခြေစစ်ပွဲအောင်ဖို့၊ သင်ခန်းစာယူ၊ ပြန်လေ့ကျင့်ရမဲ့၊ မြန်မာ့ ရင်တွင်းကိုယ်ကျင့်တရား ဘော်လုံးပညာပဲ
သုဝဏ္ဏသိက္ခာရေ.....
စနစ်ဆိုးရဲ့ ရွံ့ဗွက်နွံထဲက ရုန်းထခုန်ထွက်ခဲ့တော့၊ ငါတို့ဟာ ပုဂံမြို့ကြီးကို သူ့အတိုင်း ကမ္ဘာ့အဆင့်မှီ ပြန်တည်ဖို့ လုပ်ရဦးမယ်။ ။

သုအိုင်စံ
(ငါနဲ့ ငါတို့တမျိုးသားလုံး ဘော်လုံးရှုံးတဲ့နေ့)

0 comments: