Thursday, October 31, 2013

သမုဒ္ဒရာကြမ်းပြင် သင်္ဘောပျက်ထဲကရတဲ့ (နှစ် ၂၀၀ ဝိုင်) ကို မဖွင့်ရဲဘူး...အရူးရောဂါကူးမယ်။

စိတ္တဇဖြစ်လျှက် မပီသတဲ့ အနီးဆုံးမှာ ဝေဝါးလျှက်
ရေအောက်ရောက်ပြီးမှ ကြားဖူးတာလား
ဒီ သံစဉ်များ...မှားသလိုလို...နားထဲ
အတိတ်သက္ကရာဇ်ရဲ့ ဂီတရဲ့တီးလုံးများ ထွေပြားလျှက်
ရေအောက်မရောက်ခင်က ကြားဖူးတာလား
ဒီ ဈာန်ဝင်စား...ကြားသလိုလို...နားထဲ
အနီးဆုံးမြင်ကွင်း အကြီးဆုံးထိ ပြေးလာလိုက်...
ထင်သလိုလို...မျက်လုံးထဲ
အဝေးဆုံးမြင်ကွင်း အသေးဆုံးထိ ဝေးကွာလိုက်...
မြင်သလိုလို...မျက်လုံးထဲ။


အဲဒီမှာကြည့်စမ်း၊ အတွဲညီညာသည့်အနမ်း
အရိုးစုပုံသဏ္ဍာန်တွေ တိုးလုခုန်ပျံနေတယ်
အရိပ်သဏ္ဍာန်ဝိုးဝါး တရိစ္တာန်မျိုးလား
ဒါ...နိဗ္ဗာန်ဘုံလား...မာဃငရဲပျော်တဲ့ မိစ္ဆာစခန်းလား
ဒါ...တရိစ္တာန်ရုံလား...ဖာပြပွဲတော်ရဲ့ အိပ်ယာခန်းလား
ဒီအမြင်များက မထင်ရှားပေမဲ့
သည်အသွင်များက ယဉ်ပါးနေခဲ့ သလိုလို
ဘာတွေ ဘယ်လို ဖြစ်ခဲ့လဲ...မသဲကွဲ သလိုလို။


ဟော...ဒီအကောင်က
နွားလိုလည်း ဂျိုပါတယ် စကားဆိုလည်း ချိုသာတယ်
သူ့ဘာသာစကားက လူ့အထာ စကားနဲ့ ခပ်ဆင်ဆင်...။


ဟိုမှာ
ရွာက ခွေးသားအမိလို ဆူညံလျှက် တငင်ငင်အူ
ကာမ ဈေးစကားညှိဆို လူသံနဲ့ ဆင်ဆင်တူ သလိုလို...။


ဟိုဘုရားကျောင်းဆောင်မှာ
ဘုရားလူကြီးလို့ မင်း ထင်ထားတဲ့ကောင်တွေ
တရားယူပြီးလို့ ပုလင်းထောင်နေကြ ခွက်ပုန်းဝိုင်းနားတွင်
ကြောင်က ငါးကင်ကို ခိုးယူပြေး ကိုက်ဖဲ့စားနေတာကို
မနာလိုတဲ့ ခွေးက အက်စူးသံတွေနဲ့ တအားထိုးဟောင်
ခွေးကို ဝက်ရူးပြန်နေတဲ့ ကောင်လေးက စိတ်ဆိုးဆောင့်ကန်
ကလေးကို အရက်မူးမှန်နေတဲ့ ဘုရားလူကြီးက ဟိတ်မာန်ဆဲဆို
မနာလိုတဲ့ခွေးဆိုး အစာခိုးပြေးတဲ့ကြောင်ပါး
ဝက်ရူးထတဲ့ကောင်လေး အရက်အမူးချတဲ့ဘုရားလူကြီး
အားလုံးနီးပါး၊ အတောင်အမွေးအမျှင်များ၊ အရောင်အသွေးအဆင်များ၊
ငကြောင်အတွေးအမြင်များ၊ အားလုံးထင်ရှား... ခပ်ဆင်ဆင်တူ
ဟင်...ဒါ...အရင်လူလိုလိုပဲ အခုလူလိုလိုပဲ မသဲကွဲ။


ကင်းစောင့်ငရဲသား တစ်သိုက်ရဲ့ ပုလင်းပေါက်ခွဲ ဟားတိုက်သံ
လှံနဲ့တူတဲ့ သံလျက်ပူတွေ အတူကိုင်မြှောက်ပြီး
ဟုတ်မှန်စွာ ပြန်မတွေ့ဖို့ လမ်းခွဲကြရမှာကို
ကျန်တဲ့လူနဲ့ ပြန်မဲ့လူတွေ အတူဝိုင်သောက်ပြီး
လုပ်ကြံကာ အမြန်မမေ့ဖို့ ဝမ်းနည်းပြသတာလို
လူတွေက မျောက်နဲ့တူ သလိုလို...
ဝိုင်တွေက သွေးနဲ့ တူသလိုလို..
နေရာဟာ ငရဲကမ္ဘာအဝင်ဂိတ်ဝ ကျဆုံးရန်သူစစ်သားရဲ့
ဦးဂေါင်းရိုးများချိတ်ရာ အထပ်မိုးတွေ အထူလုပ်ထားတဲ့ ကတုတ်ကျင်းလိုလို
မသေချာပါ သရဲရွာအပြင်ထိပ်က ဘဝတုံးအကြံတူအကျင့်များရဲ့
အရူး မကောင်းဆိုးဝါးအိပ်ယာ ဘဝဆိုးသေသူ မြှုပ်ထားတဲ့ အပုတ်တွင်းလိုလို
ဒါကိုလည်း လူလို့ ထင်လို့ရနိုင် သလိုလို..။


ဘုရားကြိုဘုရားကြားက ဓမ္မစကြာရွတ်နေတဲ့
သားလိုသားရှားနေတဲ့ မိန်းမပျိုများ မိန်းမအိုများ
သူတို့ ဘုရားစာဟာလည်း...အမှားကဗျာ လိုလို
သူတို့ တရားရွတ်ဆိုသံဟာလည်း...ဘုရားဇွတ်ငိုသံ လိုလို
အင်း...ဘုရားရှိရင်တော့  လူရှိမှာပေါ့..လူက အပြစ်စွဲဝဋ်ကောင်လေ...။


အရက်ပုလင်းထဲ အင်ဒလင်းခဲတွေ ဖျော်ထည့်
အသက်ပြင်းတဲ့ အသင်လူဆင်းရဲတို့ အပျော်အတွက်
သေရမှာ အရေးမကြီးတော့...
နေရတာ ဈေးကြီးတော့လည်း...
အသူရာချက်တဲ့ကောင် ရုပ်က
လူမသာ ထက်တောင်ပုတ်ပွ သလိုလို...။


ခေါင်းမပါတဲ့ဗလာထည်ကြီး အခေါင်းရှာထွက် ရွာလည်လာသလို
မျက်နှာမဲ့နေတဲ့ မေတ္တာတွေ အချစ်ရှာထွက် သစ္စာဖျက်ခံရတယ်
အိုင်ဒီမရှိတဲ့ ဖာမများလိုလို...
နာရီမသိတဲ့ ကာလတရား လိုလို...
ထိုင်မရီမိတဲ့ ဟာသစကား လိုလို...
လူပိုဟာလည်း လူလိုလိုပါပဲ...။


ဗြဟ္မဆိုလ်တရား ခေါင်းပါးနွမ်းချိတဲ့ တရားရှားစခန်းတွေ
ပိုပြီး များလာ သလိုလို
ဘယ်ကိုသွား တောင်းစားရမှန်းမသိတဲ့ ဘုရားသားရဟန်းတွေ
ပိုးပြီး များလာ သလိုလို။


ဒီ ဗုဒ္ဒတရားနဲ့
ဒီ ဒုက္ခတရား မမျှခဲ့ပါ။
ဒီ ဆုတ်ကပ်လမ်းစဉ်နဲ့
ဒီ လုပ်ရပ်စွမ်းအင် မဝခဲ့တာ။


ဒီ ဒုက္ခကြမ်း မြင်ကြတဲ့အခါ မျက်နှာလွှဲဇွတ်ပြေးလွှဲရှောင်သွားတဲ့
တကိုယ်တော်လွတ်မြောက်ဖို့ အတ္တဦးထိပ်ဖြာမိုးထား အစွန်းရောက်ဝါဒနဲ့
ဒီ စုတ်ပြတ်လမ်း ပြင်မရခဲ့ပါ သစ္စာမြဲဝဋ်ကျွေူးငရဲကောင်များရဲ
ဘယ်လိုလျော်ဖွတ်ဖျောက်လို့မရအရူးမိစ္ဆာဆိုးများ ထွန်းတောက်လာကြတဲ့
ဝဋ်နာကံနာကျထားရာ လူ့ ရင်တွင်းက ယုတ်ရိုင်းစိတ်ဓါတ်အသိုးအပုတ်အာ
ချွတ်ခွာလှန်နွှာချသွားကာ သူ့ အပင်ရင်းမှ ခုတ်ပိုင်းရိတ်ဖြတ်မျိုးဖြုတ်သွားမဲ့
ငရဲတွင်းထဲဆိုးယုတ်အားသွက် အာဏာရှင်ဖြစ်ဖြစ်
အမြဲစဉ်းလဲကြိုးတုတ်ထားတဲ့ဘုရားသခင်ဖြစ်ဖြစ်
အကောက်ဥာဏ်ပက်စက်စွာ၊ ဖောက်ပြန်ရက်စက်မဲ့ အာဏာရှင်ဘုရားသခင်ဖြစ်ဖြစ်
ဖွားမြင်ပွင့်ဖူးရှင်သန်ထမြောက်
အန္တိမအဘိဓမ္မာဥာဏ်အလင်းနဲ့ ဓမ္မကျင့်ရေးကျင့်မူ တရားမိန့်ကြား
ဥာဏ်အလင်းပွက် ဘဝမြင့်ရေးနှင့် လူသားစိတ်အား
ခရီးကိုင်ပဲ့ထိန်း ဘဝလမ်းပြသည်
အမှားတွင်ယစ်မူးအမြင်မှန်ဓမ္မပျောက်
လမ်းမသိကြ အသိပညာဥာဏ်ကင်းတဲ့ ဘဝပြစ်ကြွေးသင့် လူသားအရိပ်မှား
ကံအဆင်းမဲ့ ဘဝအညစ်အကြေးနင့် ယူမှားအတိတ်များ
အပြီးတိုင်ဖျက်သိမ်း ဇတ်လမ်းရပ်ပြီ။


နောက်တစ်ခန်းစသည်
ရွှေရတနာရှာထွက် ရက်ရှည်ဝေးတဲ့ခရီးကြမ်းမှာ
စူးစမ်းလေ့လာမဲ့ သတ္တိကံစမ်းတဲ့နည်းဟာ
ရှာဖွေ စွန့်စား လျှောက်သွား
အရိုင်းကုန်းမြေနဲ့ မတွေ့ထားသေးတဲ့ ကျွန်းသစ်များဆီ
ပင်လယ်ဓါးမြမှာ အလုပ်တာဝန်ပျက်ရတဲ့ အပြစ်လည်းမရှိဘူး။

လျှောက်လှမ်းကြသည်
ရေအဏ္ဍာဝါလွှာထက် အသက်တွေပေးဆက်ပြီးလှမ်းကာ
ကူးသန်းရွေ့လာတဲ့ ဘဝ၏ပြန်လမ်းမဲ့ခရီးမှာ
ဘာတွေ မရွံ့အား မကြောက်အား
လှိုင်းလုံးရေထက် ရွေ့လျှားပြေးလျှက် တွန်းဖွင့်အားတည်
ကျင်လည်သမျှဟာ သမုဒ္ဒရာအခွန်မဆက်တဲ့ စနစ်လည်းမရှိဘူး။


ကံအကြောင်းတရားရဲ့အမျက်ထွက် လှို့ဝှက်တတ်ခြင်းဟာ
အမြန် အကြောင်းမကြားတဲ့ ရက်စက် ညှို့ကွက်သတ်ကွင်းပါ
သမုဒ္ဒရာပက်ခွက်ကြီး အမုန်းဆုံးအားယူလျှက်
ဒေါသစွမ်းအင်လုပ်ဗုံးဟာ
အရိုင်းစိုင်းဆုံး တိုက်ကွက်စီးနင်းချက်အောက်ထဲ နစ်တဲ့
ပင်လယ်ဓါးပြသင်္ဘောမြုပ်ကာ လုံးလုံးစိုက်ကျဆင်းသွား
ယုတ်မာရက်စက်ပြီး ဝရုန်းသုန်းကားဆူပွက်
လောကတခွင်အုပ်ဖုံးကာ
လှိုင်းရိုင်းလုံး ရိုက်ဖျက်ဆီးခြင်းနဲ့ ပေါက်ကွဲ ပွင့်ထွက်
ရင်ဝယ်ချရင်းသောအလုပ်ဟာ ရှုံးဆုံးလိုက်ရခြင်းများ။


သစ္စာခံထားတဲ့ ဗာရာဏသီဘုရင်မကြီးရဲ့ စွန့်စားစစ်ထွက်ဗျူဟာဟာ
သင်္ဘောမှောက်သေရခြင်း၏ (အန္တရာယ်အပြစ်အနာဖြစ်ချက်ဒဏ်ဆိုး) ကို
ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ကာ ပြင်ဆင်ပြီး ဖြည်စွက်နိုင်ပေမဲ့
ဒါတွေဟာ အဖြေပေါ်ထွက် မိုက်ရူးသူတွေနဲ့
အမြင်မကျယ်ခြင်း၊ စိတ်ကြွသဘောဟာလည်း
အဆိပ်ခတ်ရောပါမဲ့ ကိုယ့် လူမျိုးကြီးပွားမဲ့
ဗဟိုတည်နိုင်ငံပြုသဘောတရားနဲ့ အနာဂတ်မှာ ကောင်းစားရေးရာတွေ
ပင်လယ်ခရီးမှာ အသက်ရင်းစိတ်ဓါတ်မာ ထင်နိုင်ပေမဲ့
တစက်ချင်းဝိတ်ကျလာတာ မမြင်နိုင်ခဲ့လည်း မှန်ပေမဲ့သန်နေလျှက်
ပင်လယ်ခရီးမှာ စိတ်ဓါတ်မာထန်နေခဲ့တယ်
အပြစ်သားပင်လယ်ဓါးမြတွေဟာ
ဒီမှာ မကျန်ချင်ခဲ့ ဒဏ်အဆတွေတက်
ဒီတခါ ပြန်နှင်လျှောက်သွားတဲ့အခါ ပြန်ကပ်မလာလှည့်ဘူး
နေမထူးပဲ အသိလေးနဲ့ ထည့်စဉ်းစားထိုအပြစ်ဟာ
ခဏ ခဏ တုတ် ကြောက် ပြနေကြ
သေမထူးပဲ ရှိသေးတဲ့ တစ်သက်ကျည်းသားပိုနှစ်ကြာ
တစ်စ တစ်စ မြှုပ် ကျောက်ချ နေကြ
ဒုက္ခနဲ့ သွပ်သွင်းဆဲ လှုပ်မရတဲ့ ညွှတ်ကွင်းထဲ
ရေပြင်ဖမ်းချုပ်ထားသ၍ မသေခင်အရမ်းလုပ်သွားဟေ့
လွတ်ကင်းလွဲမရ ဝဋ်ဆင်းရဲက
တို့ နည်း နဲ့ ရမ်းသွားတဲ့ ဘဝတွေက မှန်းဆလျှက်သာ
ငါတို့ခရီးရဲ့ တစ်လမ်းသွားလက်မှတ်တွေက ကမ်းမကပ်
ငရဲပြည်ပဲ ခေါင်းစိုက်စိုက် ကောင်းကင်ဘုံပဲ ဦးတိုက်တိုက်
မတိုက်မှန်သည်ဖြစ်စေ / အကြောင်းတိုက်မှန်သည်ဖြစ်စေ
ဒီအတိုင်းဖြစ်သေနေမှုဟာ ခေါင်းကိုက်မခံသင့်တော့
ဝိုင်းသေစုလျှက် ပျောက်ဆုံးပါတော့ လှိုင်းရေထုရဲ့အောက်ဆုံးမှာ
သိရင်လုပ်လေ ကစုန်စိုင်းပေတော့... ဝိညာဉ်နှုတ်ချွေမုန်တိုင်းရေ။


မေတ္တာမှန်တရားနဲ့ ကမ္ဘာမှာတီထွင်ကြပြီးတဲ့ စွန့်စားစစ်ထွက်သူဟာ
သူ့ အတွင်းသဘောပျောက်နေကြခြင်း၏ (အမှန်တကယ်အနှစ်သာရစစ်ရဲ့တန်ဖိုး) ကို
တစ်ခုတည်းကြောင့်အဆိုးဆုံး ပြသနာကို မပြင်ဆင်မဖြည့်စွက်နိုင်လေခဲ့
ဒါတွေဟာ လှေလှော်ရွက်တိုက်ဖူးသူတွေရဲ့
ပင်လယ်တွင်းစိတ္တဇရောဂါပဲ
အတိတ်ကမျောလာတဲ့ ကိုယ့် လူဆိုးနည်းများရဲ့
ကိုလိုနီနိုင်ငံပြုသောအမှားရဲ့ ပြသနာရှာ ခေါင်းစားတွေးလာလေ
ရင်ကျယ်ကြီးမှာ ချက်ချင်းစိတ်ကြွလာရင် တမင်ထိုင်နေခဲ့
လက်ငင်းစိတ်ကျလာကာ အစဉ်ငိုင်ခဲ့မြဲ မြန်ပေမှန်ပေမဲ့
ပင်လယ်ခရီးမှာ အရိပ်မရမှာ မှန်နေခဲ့တယ်
ပင်လယ်ဓါးမြအပြစ်သားတွေဟာ
ပြည်ရွာ ပြန်ချင်တဲ့ ဆန္ဒတွေနဲ့
ဗီဇာ ပြန်တင်တဲ့အခါ ပြန်မကျလာခဲ့ဘူး
ရေလူးထဲ ကြည့်ငေးလျှက် သက်ပြင်းအားကိုညှစ်ကာ
ခဏ ခဏ မှုတ်" တောက်"ခတ် နေကြ
ရေဗူးထဲ ရှိသေးတဲ့ အရက်ပြင်းများကိုဖွင့်ကာ
ခဏ ခဏ ထုတ် သောက် ချ နေကြ
လှုပ်မရတဲ့ ညွှတ်ကွင်းထဲ ဒုက္ခနဲ့ သွပ်သွင်းဆဲ
မသေခင်အရမ်းလုပ်သွားဟေ့ ရေပြင်ဖမ်းချုပ်ထားသ၍
ဝဋ်ဆင်းရဲက လွတ်ကင်းလွဲမရ
မှန်းဆလျှက်သာ တို့ နည်း နဲ့ ရမ်းသွားတဲ့ ဘဝတွေက
ကမ်းမကပ်တဲ့ ငါတို့ခရီးရဲ့ တလမ်းသွားလက်မှတ်တွေက
ကောင်းကင်ဘုံပဲ ဦးတိုက်တိုက် ငရဲပြည်ပဲ ခေါင်းစိုက်စိုက်
အကြောင်းတိုက်မှန်သည်ဖြစ်စေ / မတိုက်မှန်သည်ဖြစ်စေ
ခေါင်းကိုက်မခံသင့်တော့တဲ့ ဒီအတိုင်းဖြစ်သေနေမှုဟာ
လှိုင်းရေထုရဲ့အောက်ဆုံးမှာ ဝိုင်းသေစုလျှက် ပျောက်ဆုံးပါတော့
ဝိညာဉ်နှုတ်ချွေမုန်တိုင်းရေ...သိရင်လုပ်လေ ကစုန်စိုင်းပေတော့။


အရှင်ဘုရားထိပ်ခေါင်ဦးဆောင် ရွက်တင်ရွေ့သွားတဲ့ ဘဘောင်္အား
သင်္ခါရဘေးဒဏ်အားတောင် လှန်ချိုးအနိုင်ယှဉ်အားရှိတဲ့
ဓမ္မတရားတို့ ထိန်းကျောင်းစောင့်စား နေပါလျှက်နဲ့
တမင်များ လိမ့်အောင်လူးအောင် အကွက်ဆင်၍ ထားခဲ့ခြင်းသဘောလား
တမင်ချကျွေးခံသားကောင် ကံဆိုးပိုင်ရှင်များ၏အသက်
ဘဝတပါးသို့ တိမ်းစောင်းမှောက်သွား ကြွေကာပျက်ခဲ့။


နိဗ္ဗာန်အသဲနှလုံးရဲ့ မြင့်မြတ်ရည်မွန်တဲ့ စင်ကြယ်ခြင်း ရုပ်/နာမ်တရားစစ်မှာ
အရာရာငြိမ်းသက် အမြဲမှန်တရားနဲ့ သိက္ခာမြတ်တော်အား
တိရိစ္ဆာန်ငရဲအမုန်းရဲ့ ညစ်ပတ်ညှီနွံနဲ့ကျင်လည်ရင်း လုပ်င်္ကြ မတရားညစ်ကာ
အာဏာသိမ်းတဲ့ ငရဲစံစားတဲ့ မိစ္ဆာကစော်ကား
အစားထိုးလှယ်ပြီး သဏ္ဍာန်တူပုံညီခိုးထပ်ထားတဲ့
တရား၏ အခြားတစ်ဖက်မှာ အမဲဖုံးလွှမ်းထားတဲ့ တွေးဆချက်
လမ်းပေါ်မှာ လမ်းချော်လာတဲ့ (ချွင်းချက်) အဖြောင့်ကောက် ဥပဒေသ မှန်ကန်သွားခဲ့
လူညာ ငရဲသား သခင်က သူဟာ (ဘုရားသခင်---ပါလို့) ထုတ်ဖော်ထွက်လာ
အများကိုးကွယ်ပြီး အမှန်ယူယုံကြည်ထိုးအပ်ထားတဲ့
တရား၏ နားစက်ရာ အသဲနှလုံးယန္တယားရဲ့ သွေးပတ်လှည့်
လမ်းပေါ်မှာ လမ်းချော်လာတဲ့ (အကြွင်းမဲ့) စောင့်ရှောက်မှု တွေအရ မှုန်ကန်ထားတဲ့
သူသာပဲ ဘုရားသခင် သူဟာ (ဘုရားသခင်---ပါလို့) မထုတ်ဖော်ခဲ့ပါ
ဘုရားသခင်က သူဟာ ဘုရားသခင် ဖြစ်ကြောင်း
ကမ္ဘာကြားရန် မောင်းကိုခတ်ဖို့ မလိုသလို၊ ကမ္ဘာနားထံမှ တောင်းဆိုကြဖို့လည်း မလိုပါ
ဘုရားသခင်ဟာလည်း ဘုရားသခင်ပါပဲ
ဘုရားသခင်ကတော့ ဘုရားသခင်ပဲပေါ့
ဘုရားသခင်ကတော့ ဘုရားသခင်အလုပ်ပဲ ဘုရားသခင် ဆက်လုပ်နေတယ်လေ
ဘုရားသခင်ဟာ

ဘုရားသခင်ဟာ ကမ္ဘာပေါ်က သင်္ဘောတွေကို
ဖွဲ့စည်းထားပုံအတိုင်း အလုံးလိုက်ပဲ အလုံးလိုက်ပဲ ဖွဲ့စည်းထားပုံအတိုင်း
ဖွဲ့စည်းထားပုံအတိုင်း အလုံးလိုက်ပဲ အလုံးလိုက်ပဲ ဖွဲ့စည်းထားပုံအတိုင်း
မုန်းတိုင်းအားသုံးဖျက်ဆီးရိုက်ခွဲရေအောက်ထဲနှစ်မြှုစ်အစဖျောက်လုပ်သတ်ပစ်လိုက်တယ်ပြီးသွား
မုန်းတိုင်းအားသုံးဖျက်ဆီးရိုက်ခွဲရေအောက်ထဲနှစ်မြှုစ်အစဖျောက်လုပ်သတ်ပစ်လိုက်တယ်ပြီးသွား
မုန်းတိုင်းအားသုံးဖျက်ဆီးရိုက်ခွဲရေအောက်ထဲနှစ်မြှုစ်အစဖျောက်လုပ်သတ်ပစ်လိုက်တယ်ပြီးသွား
ပင်လယ်ဓါးမြသင်္ဘောကိုသတ်တဲ့ ဘုရားသခင်ဟာ ပင်လယ်ဓါးမြအကြီးစား ဖြစ်ဖို့များတယ်။


ရေအောက်ကြမ်းပြင်မှာ တဖြေးဖြေး ပျောက်ဆုံးဆွေးမြေ့နေတဲ့
သင်္ဘောပျက် အရိုးစုတွေစုနေထိုင်တဲ့ ကိုလိုနီပင်လယ်ဓါးတွေရဲ့ ရာဇင်ဝင်သမိုင်းမှာ
တစ်ခါက
သူများနိုင်ငံတွေဆီကနေ ဝိုင်းဝန်းအနိုင်ကျင့် အဓမ္မဓါးမြတိုက် အတင်းလုယူသိမ်းပိုက် လာခဲ့တဲ့
အဲဒီ ရတနာသေတ္တာသိုက် ရှိတယ်
အဲဒီပယ်လယ်ဓါးမြတွေရဲ့ ဘဝတွေရှိတယ်
အဲဒီပယ်လယ်ဓါးမြတွေရဲ့ ဘဝတွေကိုတော့ ဗာရာဏသီပြည်ဘုရင်မကြီးက
အာဏာသုံး အမိန့်ပေး ပြည်နှင် အဝေးပို့ ခိုင်းစား ဝိုင်းဝန်းအနိုင်ကျင့် အဓမ္မဓါးမြတိုက် အတင်းလုယူသိမ်းပိုက်ခဲ့ရဲ့
ရတနာသေတ္တာသိုက်တွေ ဘုရင်မကြီးထံ မရောက်ခဲ့သလို၊ ပယ်လယ်ဓါးမြတွေလည်း သူ့နိုင်ငံ မြန်မရောက်ခဲ့ဘူး၊
စောက်ရူးတွေ၊
စောက်ရူးဘုရင်မကြီးလည်း သေသွားပြီးလား ရှင်နေဆဲလား
ဘုရင်သေသွားပြီးရင် အာဏာ ရှင်နေသေးလား၊ အာဏာသေသွားပြီးရင် ဘုရင် ရှင်နေသေးလား
ခင်ဗျားတို့ ဝိုင်း စဉ်းစား စုံစမ်းပေးကြပါဦးဗျာ
ဒီမှာ ကျနော် သမုဒ္ဒရာအောက်ခြေက ပင်လယ်ဓါးပြ စောက်ရူးသမိုင်းကို လေ့လာလိုက်ဦးမယ်
(((ကြိုးစင်တင်ဖို့)))။ ။


သုအိုင်စံ
၃၀-၁၀-၂၀၁၃

0 comments: