Friday, November 1, 2013

ရင်ထဲက ABSDF ငွေရတု ယေဘူယျ လက်ဆောင်လေး



ဗီယက်နမ်တော်လှန်ရေးထဲမှာလည်း ဒီလိုဆောင်ပုဒ်မျိုးတွေရှိခဲ့တယ်လို့ ရှင်းပြတဲ့ ဒီဆောင်ပုဒ်ကို ကိုယ်ပိုင် တွေးထုတ်ဖန်ဆင်းခဲ့တဲ့ ကိုအောင်သူငြိမ်း(ကဗျာဆရာ ယောဟန်အောင်)က သူကိုယ်တိုင် ဒီဆိုင်းဘုတ်ကို ရေးဆွဲခဲ့ပါတယ်။ အရင်က ကျနော်တို့ ABSDF မှာသုံးတဲ့ Letter Head တွေမှာ ဒီဆောင်ပုဒ်ကို အင်္ဂလိပ်လိုထုတ်တဲ့ စာတွေမှာ "Revolution Is Our School; Our University!" မြန်မာလိုထုတ်တဲ့ စာတွေမှာ "တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်"။) ဆိုပြီး သုံးစွဲခဲ့ကြတယ်..ဒီဆောင်ပုဒ်ဟာ (လူငယ်နှလုံးသား  + တိုးတက်အတွးခေါ်နဲ့) လာပေါင်းဆုံအားယူထားတဲ့ ကျနော့်ဘဝထဲမှာ ပိုမိုထွန်းတောက်ခမ်းနားကြီးမြတ်မင်းမူလာခဲ့တာ(တကိုယ်ရည်လေးပဲ) အခုထိတိုင်..။ နှစ်တွေ ကြာလာလို့ ဒီဆောင်ပုဒ်ကို တွေးထုတ်ဖန်ဆင်းခဲ့တဲ့ ကဗျာဆရာကိုယ်တိုင် အမှတ်တမဲ့ပေမဲ့၊ ဒီ ၂၅ နှစ် ကာလ တော်လှန်ရေးခရီးမှာ ကျနော် အချစ်မြတ်နိုးဆုံးအရာဟာ လူပုဂ္ဂိုလ်တစ်ဦးဦး၊ ဘုရားသခင်တစ်ဆူဆူ၊ အောင်မြင်မှုတစ်ခုခု မဟုတ်ပဲ၊ ဒီ ယေဘူယျဆိုင်းဘုတ်လေးပဲ ဖြစ်နေတာ  ချစ်စရာပဲ။ အလေးပြုပါတယ်။ ။ အလေးပြုပါတယ်။   ။အလေးပြုပါတယ်။ ။

သုအိုင်စံ
၀၁-၁၁-၂၀၁၃
ABSDF ငွေရတု 

0 comments: