ဒီမိုကရေစီဆိုတာ
အဝစား ကျပ် ၁၅၀၀
အစာအိမ်ထက်ကို
ပိုပြီး ပစ်ထည့်မရတဲ့
ဈေးပေါရလွယ်
နေ့လည်စာပဲ
တရားအစစ်ဟာ
အစားမနင့်ဖို့ပဲလိုတယ်
ဘဝထဲမှာ
တပိုင်တနိုင်လေးပဲ လှူ ပြီး
တနိုင်တပိုင်လေးပဲ ယူရင်
နိုင်ငံရေးဆိုတာ
မူဝါဒတောင် မလိုအပ်ဘူး
ကြိုးလွှတ်ပေးလိုက်သည့် နွားတွေ
နေညိုရီမှာ
ချည်တိုင်ဆီ အသိနဲ့ ပြန်လာကြသလိုမျိုး
အမျိုးသားရေးဆိုတာ
နိုင်ငံရေးမှာ
ဦးဆောင်လာမှာပဲ
(ဦးနှောက်ရေ...
တွေး တွေး တွေး)
တွေးသမျှတွေဟာ
ဘောင်မဲ့နေဖို့သာလိုရဲ့
သစ်ကိုင်းနဲ့မလွတ်တဲ့ သမင်ဂျိုလ်ခက်ဟာ
ဒီတိုင်းထားရမလား ဖြတ်ပစ်ရမလား
တနေရာရာမှာ
တခုခု တကြောင်းကြောင်းဟာ
လူကို ခေါင်းစားစေတာပဲ
အမြဲပေါ့
မပျောက်တတ်တော့မဲ့
သွေးဆိုးကင်ဆာ အေအိုင်ဒီအက်စ်နဲ့
မကြောက်တတ်တော့တဲ့
အတွေးမျိုးရင်မှာထည့် နေထိုင် ဒီတသက်တာ
ဒီရေငန် ဆန်တက်တာ မဆန်းသလို
မြစ်ရေချို အန်ထွက်တာလည်း မဆန်းဘူး
ထူးတာက
ဒီရေဆန်အတက်မှာ
မြစ်ရေအန်ထွက်လာရင်
စီစဉ်ရမှာတွေ
ခြေမကိုင်မိ လက်မကိုင်မိ
ဒုက္ခကို ထိုင်ကြည့်နေရတယ်
ဘယ်သူမှ မဝယ်တဲ့
ဘယ်သူမှ မရောင်းတဲ့ ဈေးမှာ
ငွေကြေးစက္ကူနဲ့ ကွမ်းယာထုတ်ပါ
အလုပ်ရှာတဲ့ ၁၀၉/၁၁၀ ခလေးအတွက်
ယုတ်မာတဲ့ ငါ့အမျိုးငါ့အနွယ်ရေးတို့
ငါ့ဖို့မဲ့ ပေးပါ
တကယ်လို့များသာ
ခင်ဗျားဟာ
အစာအိမ်ထက် ပိုစားနိုင်တဲ့
နိုင်ငံရဲ့ခေါင်းဆောင်ဆိုရင်တော့
စားပြီးတော့သာ သေလိုက်ပါ
နိုင်ငံသားတွေ အငတ်ခံရတာ တန်ပါတယ်
အချိန်တန်လာရင်
အမှန်တရားဟာ
ပစ်ပယ်လို့မရတဲ့ ကိုယ့်ဘုရားသခင်မှန်း
ချနင်းလို့မရတဲ့ ကိုယ့်ရင်သွေးမှန်း
ပန်းပွင့်သလို လမ်းပွင့် လန်းစွင့်လာမဲ့
ရင်တွင်းဖြစ်အသဲနာ ဒဏ်ချက်တို့
သီချင်းသစ်ထဲမှာ
လှပစွာအသံထွက်ပါ သပ်ရပ်စွာရွတ်ဆိုပါ
ချို မြိုင်စွာ ပြန်ရှင်လာ လွင့်တေးတို့ ဟစ်ကြွေးလို့
လူ့အခွင့်အရေးဟာ
ကိုယ်ပိုင်သံစဉ်တေးစစ်ဖို့ပဲ လိုတယ်
ကိုယ်တိုင်ပြန်ရှင်သွေးဖြစ်ဖို့ပဲ လိုတယ်
ဌာပနာရှိတယ်၊ ဘုရားတည်စို့။
သုအိုင်စံ
၂၇-၁၀-၂၀၁၃
အဝစား ကျပ် ၁၅၀၀
အစာအိမ်ထက်ကို
ပိုပြီး ပစ်ထည့်မရတဲ့
ဈေးပေါရလွယ်
နေ့လည်စာပဲ
တရားအစစ်ဟာ
အစားမနင့်ဖို့ပဲလိုတယ်
ဘဝထဲမှာ
တပိုင်တနိုင်လေးပဲ လှူ ပြီး
တနိုင်တပိုင်လေးပဲ ယူရင်
နိုင်ငံရေးဆိုတာ
မူဝါဒတောင် မလိုအပ်ဘူး
ကြိုးလွှတ်ပေးလိုက်သည့် နွားတွေ
နေညိုရီမှာ
ချည်တိုင်ဆီ အသိနဲ့ ပြန်လာကြသလိုမျိုး
အမျိုးသားရေးဆိုတာ
နိုင်ငံရေးမှာ
ဦးဆောင်လာမှာပဲ
(ဦးနှောက်ရေ...
တွေး တွေး တွေး)
တွေးသမျှတွေဟာ
ဘောင်မဲ့နေဖို့သာလိုရဲ့
သစ်ကိုင်းနဲ့မလွတ်တဲ့ သမင်ဂျိုလ်ခက်ဟာ
ဒီတိုင်းထားရမလား ဖြတ်ပစ်ရမလား
တနေရာရာမှာ
တခုခု တကြောင်းကြောင်းဟာ
လူကို ခေါင်းစားစေတာပဲ
အမြဲပေါ့
မပျောက်တတ်တော့မဲ့
သွေးဆိုးကင်ဆာ အေအိုင်ဒီအက်စ်နဲ့
မကြောက်တတ်တော့တဲ့
အတွေးမျိုးရင်မှာထည့် နေထိုင် ဒီတသက်တာ
ဒီရေငန် ဆန်တက်တာ မဆန်းသလို
မြစ်ရေချို အန်ထွက်တာလည်း မဆန်းဘူး
ထူးတာက
ဒီရေဆန်အတက်မှာ
မြစ်ရေအန်ထွက်လာရင်
စီစဉ်ရမှာတွေ
ခြေမကိုင်မိ လက်မကိုင်မိ
ဒုက္ခကို ထိုင်ကြည့်နေရတယ်
ဘယ်သူမှ မဝယ်တဲ့
ဘယ်သူမှ မရောင်းတဲ့ ဈေးမှာ
ငွေကြေးစက္ကူနဲ့ ကွမ်းယာထုတ်ပါ
အလုပ်ရှာတဲ့ ၁၀၉/၁၁၀ ခလေးအတွက်
ယုတ်မာတဲ့ ငါ့အမျိုးငါ့အနွယ်ရေးတို့
ငါ့ဖို့မဲ့ ပေးပါ
တကယ်လို့များသာ
ခင်ဗျားဟာ
အစာအိမ်ထက် ပိုစားနိုင်တဲ့
နိုင်ငံရဲ့ခေါင်းဆောင်ဆိုရင်တော့
စားပြီးတော့သာ သေလိုက်ပါ
နိုင်ငံသားတွေ အငတ်ခံရတာ တန်ပါတယ်
အချိန်တန်လာရင်
အမှန်တရားဟာ
ပစ်ပယ်လို့မရတဲ့ ကိုယ့်ဘုရားသခင်မှန်း
ချနင်းလို့မရတဲ့ ကိုယ့်ရင်သွေးမှန်း
ပန်းပွင့်သလို လမ်းပွင့် လန်းစွင့်လာမဲ့
ရင်တွင်းဖြစ်အသဲနာ ဒဏ်ချက်တို့
သီချင်းသစ်ထဲမှာ
လှပစွာအသံထွက်ပါ သပ်ရပ်စွာရွတ်ဆိုပါ
ချို မြိုင်စွာ ပြန်ရှင်လာ လွင့်တေးတို့ ဟစ်ကြွေးလို့
လူ့အခွင့်အရေးဟာ
ကိုယ်ပိုင်သံစဉ်တေးစစ်ဖို့ပဲ လိုတယ်
ကိုယ်တိုင်ပြန်ရှင်သွေးဖြစ်ဖို့ပဲ လိုတယ်
ဌာပနာရှိတယ်၊ ဘုရားတည်စို့။
သုအိုင်စံ
၂၇-၁၀-၂၀၁၃
0 comments:
Post a Comment