Tuesday, October 15, 2013

ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ စစ်ကိုင်းအပါအ၀င် မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ အတွက် သံသယရှိသူများအား ဖမ်းဆီးစစ်ဆေး





- ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် ဗုံပေါက်ကွဲမှုကြောင့် သံသယရှိ သူများကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ တဦးမှာ ဖြူးမြို့မှ ရန်ကုန်သို့ လာရောက်သူတဦးဖြစ်ပြီး စုံစမ်းနေတယ်လို့ပြောပါတယ်။ ထိုဖောက်ခွဲခဲ့သူသည် စော်ဘွားကြီးကုန်ပေါက်ကွဲမှု၊ သာကေတ ဖောက်ခွဲမှုတွေနဲ့ ဆက်စပ်နိုင်ကြောင်း ရဲက သုံးသပ်ပြောဆိုထားပါတယ်။

- ရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်း ရှိ Western Park Ruby ဆိုင်တွင် ယမန်နေ့က ချိန်ကိုက်ဗုံးတလုံးတွေ့ရှိတာနဲ့ ပတ်သက်ပြီး ထိုဆိုင်ရဲ့ စားဖိုမှူးအကြော်ဆရာရဲ့ သူငယ်ချင်းများ ဖြစ်ကြတဲ့ သံသယရှိသူ က၀မြို့နယ်သား ၃ ဦးကိုလည်း စစ်ဆေးမေးမြန်းနေပါတယ်။

မန္တလေးတိုင်း

- မန္တလေးမြို့ ဗုံးဖောက်ခွဲဖို့ ကြံစည်သူကို စစ်ဆေးမေးမြန်းနေပါတယ်။ မလေးရှားနိုင်ငံက အလုပ်လုပ်ပြီးပြန်လာသူ မြန်မာနိုင်ငံသား သာကေတမြို့နယ်တွင် နေထိုင်သူ
တစ်ဦးနှင့် နိုင်ငံခြားသားနှစ်ဦးဖြစ်ကြောင်းသိရပါတယ်။

စစ်ကိုင်းတိုင်း
စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟော်တယ် တတိယလွှာ စားသောက်ခန်းမှာ ယနေ့မနက် ၃ နာရီ ၃၀ လောက်ကဗုံးကွဲပါတယ်။

ဒါ့အပြင် စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရား ကားထားရာ ပါကင်နေရာမှာလည်း ယနေ့မနက်ပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်က ဗုံးတလုံးပေါက်ကွဲပါသေးတယ်။

စစ်ကိုင်းတိုင်းမှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ရဲတပ်ဖွဲ့ စုံစမ်းနေတုန်းပါပဲ။

အချုပ်ပြောရရင် ဗုံးပေါက်ကွဲမှုတွေမှာ ဆက်စပ်မှုရှိနေနိုင်ပြီး တနေရာနဲ့ တနေရာ ချိန်ကိုက်ပေါက်ကွဲမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့ ပေါက်ကွဲမှု ဖြစ်စဉ်တွေကို ထုတ်ပြန်တာတွေရှိပါတယ်။ ဒါပေမယ့်
မည့်သည့်အတွက်ကြောင့် ဖောက်ခွဲမှုတွေ ပြုလုပ်နေတယ်ဆိုတာကို စုံစမ်းထောက်လှမ်းနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။


ဆုံဆည်းရာ

0 comments: