Monday, October 14, 2013

ရန်ကုန်အပါအ၀င် မန္တလေး၊ နေပြည်တော်နှင့် ပျဉ်းမနားမြို့တို့တွင် တနေ့တည်း ဗုံးများဆက်တိုက်တွေ့ရှိ


တနေ့တည်း ဗုံး ၄ လုံး တွေ့ရှိ

ရန်ကုန်မြို့အပါအ၀င် မြို့ ကြီး သုံးမြို့မှာ ဗုံး ၄ လုံး ဆက်တိုက်တွေ့ရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ပျဉ်းမနားမြို့တွေမှာ ဗုံးတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်း ရှိ Western Park Ruby ဆိုင်တွင် ချိန်ကိုက်ဗုံးတလုံးတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည် ၁ နာခန့်က ရဲတပ်ဖွဲ့မှ အချိန်မီထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ ကမ္ဘာ့အေးဘုရားလမ်းက ဂမုန်းပွင့်ကုန်တိုက်ရှေ့မှာလည်း နေ့လည် တနာခန့်က ဗုံးတလုံးတွေ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မန္တလေးမြို့တွင်လည်း လမ်း ၈၀ နဲ့ ၁၆ လမ်းထောင့်မှာ ယနေ့ ၁နာရီခွဲခန့်က ဗုံးတစ်လုံးတွေ့ရှိပါတယ်။

ပျဉ်းမနား ဘူတာရုံ ပါဆယ်ဂိတ်တွင် ဗုံးဟု မသင်္ကာဖွယ်ရာ အထုတ်ကို ရဲများ လုံထိန်းများ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကတော့ ပြည်သူတွေ ဗုံးနဲ့ပတ်သက်လို့ မသင်္ကာဖွယ်တွေ့ရင် အကြောင်းကြားဖို့ အသိပေး နိုးဆော်ထားပါတယ်။

ယမန်နေ့ကလည်း စော်ဘွားကြီးအကုန်းအနီး ဗုံးဖောက်ကွဲမှုအပြင် သာကေတမြို့နယ် အခွန်လွတ်ဈေး အမှိုက်ပုံ ဗုံးပေါက်ကွဲမှုတွေ တနေ့တည်း ၂ ကြိမ်ဆက်တိုက်ဖြစ်ပေါ်လာတာကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေးကို ရက်အကန့်အသတ်မရှိ တိုးမြှင့်လိုက်ပါတယ်။
ဆုံဆည်းရာ
 

0 comments: