Tuesday, October 15, 2013

အပြောင်းအလဲကာလတွင် မတည်ငြိမ်မှုကိုပုံဖော်ရန် လှုံ့ဆော်ဖန်တီးမှုများကြောင့် ဗုံးပေါက်ကွဲမှုများ ရှိနေသည်ဟု ကိုကိုကြီးပြော



ယခုဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများသည် ယခင်စစ်အစိုးရများ စွပ်စွဲခံခဲ့ရသည့် လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေး
အပြောင်းအလဲတွင် မတည်မငြိမ်ဖြစ်နေသည်ကို ပုံဖော်ရန် လှုံ့ဆော်ဖန်တီးမှုများ ရှိနေ သည်ဟု သံသယဖြစ်မိကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြပ်အတည်းကို
ဖြေရှင်းဖို့ ကြိုးစားနေတဲ့အချိန်၊ နိုင်ငံတကာ အခမ်းအနားတွေကိုလည်း လက်ခံပြီး
ကျင်းပဖို့ လုပ်နေတဲ့အချိန်မျိုးမှာ တည်ငြိမ်မှု မရှိဘူး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ
ဖြစ်နေ တယ် ဆိုတာကို အရပ်သား အစိုးရအသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ကာလမှာ ဒါဟာ အချိန်ကိုက်ပြီး လုပ်နေတယ်လို့် ကျနော် တော့ အဲဒီလိုပဲ မြင်တယ်”

ကိုကိုကြီး


 ဆုံဆည်းရာ











Summary Rest of your post

0 comments: