Wednesday, August 28, 2013

ရေငုတ်သဘာင်္များ နှင့် သမုဒ္ဒရာ

ရေငုတ်သဘာင်္တစ်စီးရဲ့ ဝမ်းဗိုက်ထဲကနေ
သမုဒ္ဒရာတစင်းရဲ့ ဝမ်းဗိုက်ထဲကို ကြည့်လိုက်တာ
ဟာ...ငမန်းသိုက်ကြီးပြေးနေတာကို (( မြင်နေရတယ်))
သူတို့ ကိုက်၏ မကိုက်၏ ဆိုတာ မသေချာတဲ့ အချက်
သူတို့ ကိုက်တယ် ကိုက်မယ် ဆိုတာ ထင်လိုက်တဲ့ အချက်
သူတို့ ကိုက်ချင်တယ် မကိုက်ချင်ဘူး ဆိုတာ မသိနိုင်တဲ့ အချက်
သြော်...
ငါးမန်းတွေဟာ ရေကူးမှ မသင်ယူခဲ့ပဲ
ငါးမန်းတွေဟာ ရေမှမငတ်ခဲ့ဖူးပဲ
ငါးမန်းတွေဟာ ရေမှ မနစ်ဖူးပဲ
((လေထဲက မျက်လုံးက မြင်တယ်))

သမုဒ္ဒရာတစ်စင်းရဲ့ ဝမ်းဗိုက်ထဲကနေ
ရေငုတ်သဘာင်္တစ်စီးရဲ့ဝမ်းဗိုက်ထဲကို ကြည့်လိုက်တာ
ဟာ...လေမုန်တိုင်းကြီးတိုက်နေတာကို ((မမြင်ရဘူး))
သဘောင်္သားတွေ သေကြေပျက်စီးသွားကြမလား ဆိုတာ မသေချာတဲ့ အချက်
သဘောင်္သားတွေ ထွက်ပြေးလွတ်မြောက်နိုင်မယ် ဆိုတာ ထင်လိုက်တဲ့ အချက်
သဘောင်္သားတွေ ဆက်နေထိုင်ချင်ကြသလား ဆိုတာ မသိနိုင်တဲ့ အချက်
သြော်...
ဒီလူတွေဟာ အောက်ဆီဂျင်ရှူတာမှ မသင်ယူခဲ့ပဲ
ဒီလူတွေဟာ အောက်ဆီဂျင်မှ မငတ်ခဲ့ဖူးပဲ
ဒီလူတွေဟာ လေမှမလွင့်ဖူးပဲ
((ရေထဲက မျက်လုံးက မမြင်ဘူး))

လေကြမ်းလို့ ရေခမ်းသွားတဲ့ ဒဿနဟာ
ဘီယာတခွက်ထဲမှာ သိပ်ပြီးမှန်ကန်နေတာ
သမုဒ္ဒရာက လေ့လာတွေ့ထားပေမဲ့ အဲဒါကို မေ့ထားတယ်

မိုးလုံလေလုံ အားကစားကွင်းထဲမှာ
ရေထိုးလို့ လေကျိုးသွားတဲ့ သီအိုရီဟာ
ရေငုတ်သဘောင်္အတွက် ရီစရာပါပဲ သူက ပေါက်ကွဲရဲတယ်လေ

လူဆိုတာ ရေငုတ်သဘောင်္ပါ
ရေငုတ်ရတယ်
ရေငုတ်သဘောင်္ရဲ့ သဘာဝအစစ်တရားက ရေပေါ်လျှပ်မသွားရဘူး
ရေငုတ်သဘောင်္ဟာ လေနဲ့လုပ်ထားတော့ ရေနက်နက်ထဲကိုလည်း သွားမရပြန်ဘူး
လူတို့ သိထား မြင်ထားတဲ့ လောကတရားဟာ
((ငါးမန်းသိုက်လောက် သေးသေးလေး ရတနာပုံပါ အဲဒါတောင် ကိုက်/မကိုက် မသေချာဘူး))
လူတို့ ပတ်သက်ထားရတဲ့ ရေအောက်ကမ္ဘာဟာ ကျယ်ဝန်းတယ်၊ နက်နဲတယ်၊ ရှုပ်ထွေးတယ်၊
လူ့စိတ်နဲ့ တွေးသိနိုင်တာထက်ကို ပိုတယ်
လူတစ်ယောက်သေသလို ရေငုတ်သဘောင်္တစ်စီး ပေါက်ကွဲပျက်စီးသွားတာက အရေးမကြီးပါဘူး
((သမုဒ္ဒရာကနေကြည့်လည်း မမြင်ရဘူးလေ))
လေကြမ်းလို့ ရေခမ်းသွားတဲ့ ဒဿနဟာ
ဟောဒီ သမုဒ္ဒရာခွက်ကြီးထဲမှာ လာမှန်ကန်မဲ့ တနေ့နေ့ဟာ ပြဿနာ
အချိန်ဟာ သွား/လာနေတာ သေချာနေတော့ကာ
လူတို့ တွေ့ထားတယ် မေ့ထားတယ် ဆိုတဲ့ အဓိပ္ပါယ်စစ်တရားတွေဟာ ဘာများ စောက်ရေးပါလို့လဲကွာ

ရေငုတ်သဘောင်္ဆိုတာ
စူပါပါဝါနိုင်ငံတွေရဲ့ နယူးကလီးယားဗုံးတွေကို
ခန္ဒာကိုယ်ထဲ ထည့်သိမ်းထားရတဲ့ ယာဉ်ပဲ
((သိပ်ကြောက်စရာကောင်းတဲ့ သိပ်ရွံစရာကောင်းတဲ့ လူတွေပေါ့ကွာ))။   ။

သုအိုင်စံ
၂၇-၀၈-၂၀၁၃

0 comments: