လွန်ခဲ့သော တချိန်ချိန်က
ဘော်လုံးပွဲကို စခဲ့ကြတယ်
အကြိတ်အနယ် ကန်ကြတယ်
ပထမပိုင်းပြီးလို့ တခါ ပြန်စတယ်
သူနိုင်ကိုယ်နိုင် ဆက်ကန်ကြတယ်
ကွင်းလယ်ဒိုင်ကို ဘောလုံးမှန်တယ်
အရှိုက်ကိုထိတော့ ချက်ချင်းသေတယ်
ဒိုင် မရှိတော့ ပွဲကို ရပ်လို့ မရတော့ဘူး
ကမ္ဘာကြီးမှာ ငါတို့ ဆက်ကန်နေကြဆဲ
(မိုက်မိုက်မဲမဲ) ဂိုးမရှိ၊ ပွဲမပြီး
ဘုရားသေဟာ အခုထိ မီးမသဂြိုလ်ရသေးဘူး။ ။
0 comments:
Post a Comment