Tuesday, July 30, 2013

ထေရဌာပနာ

လူကလည်း အလုပ်မရှိ
လီးကလည်း အလုပ်မရှိသော
ဝတ်ရုံဝါခြုံသည့် အုပ်စုကြီးဟာ
ဂုတ်တိုဝဖီး အင်အားကြီး ထွားကြိုင်း
ရိုးရာစကားပုံနဲ့ နှိုင်း ပြောရရင်တော့
"အလုပ်မရှိ ကတုံးသန်းရှာ"
၁၀၉/၁၁၀ကျမ်းကြီးထဲမှာ အဲဒါကို တွေ့ပါလေရော
အို..ချစ်စွာသော ဒကာမများ
ဒီခေတ်က လူကို နွားနှဖားထိုးရမဲ့ ခေတ်
ခါးဝတ်ထမီကို မြဲအောင်ချည်ပါ
အောက်ခြေဘောင်အနားတွေကို လုံအောင်ပိတ်စည်း
သိပ်ပြီးလိုအပ်လာရင်လည်း
အဲဒီထဲ ဝင် သိဠ် ဆောက်သင့်ရင် ဆောက်ရမှပဲ
မျိုးစောင့်ဥပဒေကို ရဲရဲကြီးကိုးကွယ် အိုးအိမ်တည်ကြ
သားအိမ်ထဲက သုတ်မှန်သမျှ ငါးပါးသီလ မြဲကြပစေ
မြန်မာ့မြေမှာ အခုကစ၍ ဒီအမျိုးသားရေးပန်းပုကို
သာဓု သာဓု သာဓု ဌာပနာပြုကြ
သာဓု သာဓု သာဓု သာသနာပြုကြ
သာဓု သာဓု သာဓု အခါခါပြုကြ
အမျှ အမျှ အမျှ။ ။

လုငရဲ
၃၀-၀၇-၂၀၁၃

1 comments:

Unknown said...

ကောင်းလွန်းလို့ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။တာလီဘန် လမ်းစဉ် လိုက်နေတဲ့တာ။ဆော်တာဆော်