သိပ်ဆွဲဆုတ်ချင်စရာကောင်းတဲ့
စာအုပ်တစ်အုပ်ကိုလည်း
ဖတ်ခဲ့ပေမဲ့မဆွဲဆုတ်ခဲ့ဘူး
သိပ်သောက်ချင်စရာကောင်းတဲ့
မိုးခါးရေတစ်ခွက်ကိုလည်း
မသောက်ပေမဲ့မသွန်ခဲ့ဘူး
ဘ၀ဟာအတွေးကို ဆိုးစေတဲ့စာအုပ်ပဲ
ဘ၀ဟာသွေးကို သိုးစေတဲ့မိုးရေပဲ
လောကကြီးကညံ့တယ်ဗျာ
ကျောက်ခဲလိုမြင့်မြတ်စွာကိုယ်လိမ့်နေခဲ့တာ
ဘောလုံးလိုနိမ့်ကျစွာအကန်ခံရဖို့မှမဟုတ်ပဲ
ကွင်းလယ်ထဲ
လူသတ်ဗုံးလိုကိုယ်မိုက်မဲပစ်လိုက်တယ်။ ။
သုအိုင်စံ
Sunday, July 14, 2013
အကြမ်းဖက်သမား
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment