Monday, July 1, 2013

"ကြည့်...ငါဖန်ဆင်းတဲ့ လူမဲ့ဟင်းလင်းပြင်ဟာ လင်းထိန်လို့၊ လူရိုက်တဲ့အိမ်က ဖဲသေနေလို့ပေါ့... ဂူထဲမှာ မှောင်မဲတာ၊"

မြေလွှာပြင်ခဲကို တွန်းဖွင့်ဖြိုဖောက်ခွင်း
လေဟာပြင်ထဲကို ထွန်းပွင့်မှိုပေါက်လင်းဖွား
အလင်းဘုရားဦးခိုက်
အနန္ဒ စကြဝဌာ တစ်တိုက်လုံး အလှလျှံလင်းလက်
ကဲ..ငါ့ဖန်ဆင်းချက်(အောင်မြင်)တယ်။

ကမ္ဘာ့ဆွဲအားရဲ့ အဆုံးနံရံနယ်ကို ဖျက် ပစ် ထွက် ဖောက်ခွင်း
အာကာသထဲသွားတဲ့ ဒုန်းပျံမြန်ငယ်ကို စက် ဖွင့်လျှက် ရောက်ဆင်းသွား
အလင်းဘုရားဦးခိုက်
အနန္ဒ စကြဝဌာ တစ်တိုက်လုံး အလှလျှံလင်းလက်
ကဲ..ငါ့ဖန်ဆင်းချက်(အောင်မြင်)တယ်။

သံသရာပတ် ဝဋ်ကျွေးမီးတောက်စွဲကာ စိတ်နဲ့ရုပ်၏ အရှိန်ဒဏ်အလိုက်
ပြန်အခါခါကျ ညွှတ်ကွေးပြီးမှောက်လဲရှာ ပိတ်လျှက်ချုပ်မိ အချိန်မှန်ကိုက်
လုံးဝ မိုက်မဲသော လူမွဲ ဘဝဇတ်ကောင်တွေ
အဆုံးအစမြဲ မှောင်မိုက်ပြီး ဂူထဲအထပ်ထပ်အမှောင်လွှမ်းဝေ ဘဝဟာအဆင်းပျက်
ဟာ..ငါ့ဖန်ဆင်းချက်(ကျဆုံး)တယ်။

ဦးဆွေးဆံမြေ့ထမ်းရွက် လှမ်းလျှောက်လျှက် ကတိခိုင်မြဲ ကမ္ဘာတည်သရွေ့
အရူးသွေးလျှံပြည့်ပန်းထွက် ခမ်းခြောက်ခဲ့သည့်တိုင်ပဲ ပါရမီဖြည့်
လုံးဝ မရွေ့ခဲသော လူမွဲ ဘဝဇတ်ကောင်တွေ
အဆုံးအစစွဲ လောင်မြိုက်မီး ဂူထဲအထပ်ထပ်လောင်ကျွမ်းနေ ဘဝပြာကြွင်းပျက်
ဟာ..ငါ့ဖန်ဆင်းချက်(ကျဆုံး)တယ်။

ဒီမှာ...ငါဘုရား... ဖဲစကားနဲ့ မခွဲခြားပဲ ပြောမယ်ကွာ
ရိုင်းပင်းစွာ အရင်းထောင်၊ အကြွေးထုတ်၊ လှည့် ပေးကြတောင်မှ
ဝိုင်းရှင်းမှာ အရင်းပြောင်၊ အကြွေးပြုတ်၊ ထွက်ပြေးရအောင်
ရိုက်ပြမဲ့ကောင်ဟာ လူပဲလေ
ကြည့်...ဘူဖဲသေရဲ့ဝိညာဉ်အားနဲ့ အတူမွဲစေတဲ့ အသိအမြင်များထည့်ထားတဲ့ ကံတွေဥာဏ်တွေ။   ။

သုအိုင်စံ
၀၁-၀၇-၂၀၁၃

0 comments: