Sunday, April 7, 2013

ဘုန်းကြီးတစ္ဆေကမ္မဝါညှပ်စာ

ဖြောင့်မြဲမှန်ကန်နေတဲ့ ဒဿနအရ
တစ်ယောက်တည်း ဖောက်ပြန်လို့ မရတော့
နှစ်ယောက်တွဲ ဖောက်ပြန်ကြတာပေါ့
ဘူတာရော နောက်တွဲရော မရှိတော့တဲ့ရထားလို
လူဟာ ရောက်ရာမှာ ရောင့်ရဲ မိသွားတော့တာ အမှန်ပဲ
ဒဏ်ရာကို ထိမှန်ကန်ထွက်ခဲ့တာ ဒဏ်ရာပဲ မဟုတ်လား
တိုးကြိတ်ပေါက်ကွဲသံများ
(ဘယ်တော့မှ)တိုးဆိတ်ပျောက်စဲသွားသည် မဟုတ်ပါ
ရုပ်အတ္တ အသက်ပါတဲ့ ထိုအသံဟာ
ရှုပ်ပွသတ္တစကြဝဌာရဲ့ ဟိုနံရံမှာ
တရားဘုံဒေသနာထဲက ဥုံစေပါတဲ့ ဂါတာတစ်ပုဒ်လို ခုန်ကြွနေဆဲ
နားတစ်စုံက အကြားအာရုံအ တာ ဖြစ်နိုင်ခဲ့တယ်
အမှားဆုံရပ် ဘဝပင်လယ်မှာ
အများသူပုန်ထကြွစဉ်ဝယ်အခါ
တရားဘုံဓမ္မဟာ မကျင်လည်ရှာဘူး
အများကြိုက်ရူးကြပြီး ဘုရားမချစ်လိုက်သော
အလျားလိုက်ကူးခတ်နည်းနဲ့ အမှားမြစ်အမှိုက်တောထဲ
ဒီရေထဲက ဒီရေဟာ ရေပါးဝ ရေနစ်သေရတာပဲ
ဒီလူထဲက ဒီလူဟာ လူပါးဝ လူနစ်သေရတာပဲ
အမွဲဆုံး အသဲတစ်ခု ပြိုကျကွဲကျေဖို့အတွက်
အနည်းဆုံးအသဲနှစ်ခု လိုအပ်တွဲနေပေးရတာဟာ အားနည်းချက်ပဲ
ပျားသလက်တွဲလျှက် ဟောဒီ ဧဝပြုံးမှ ပွင့်တဲ့ ပန်းဥယျာဉ်ထဲမှာ
လွပ်လပ်ရေးကို လွှတ်ချပေးလိုက်သူမှာလည်း အပြစ်တဝက်မရှိနိုင်ဘူးလား
ဥပဒေပြဌာန်းချက်ပြစ်တော်ထဲမှာ
လျှောက်လွဲချက် အာပတ်ဖြေနည်းတွေပါ တွဲရှိပြီးထားလေရဲ့
အမှောင်ကို အနက်ရောင် ထပ်ထည့်ကြတဲ့ လောကသူလောကသားတွေ
ဆူဝေနေတဲ့ ငရဲအိုးကြီးဘေး ပွက်ပွက်ညံ လျှံထွက်နေပေါ့လား...။  ။

သုအိုင်စံ
၀၆-၀၄-၂၀၁၃

0 comments: