Sunday, April 7, 2013

၂=၅၂


အဖြစ်အပျက်တွေက
စစ်ထွက်သွားကြတယ်

အဖြစ်အပျက်တွေဟာ
စစ်ထွက်လာကြတယ်

အဖြစ်အပျက်နဲ့
အဖြစ်အပျက်တွေဟာ
စစ်ကွက်စစ်မြေမှာ တွေ့ ကြပြီ
စစ်မြေမှာ ချစ်နေစရာမလိုဘူးဟေ့...ပစ်ကွာ
စစ်မြေမှာ ညစ်နေစရာမလိုဘူးဟေ့..သတ်ကွာ
ဒါကြောင့်ပဲ
ဖြစ်လိုက်ခြင်းတွေ ထပ်တိုးလာတယ်
ဒါကြောင့်ပဲ
ပျက်လိုက်ခြင်းတွေ ထပ်တိုးလာတယ်

အညစ်အဟောင်းတွေ ဒိုးသွားမှ
အသစ်အကောင်းတွေ မျိုးပွားမှာဆိုတော့
ဖြစ်/ပျက် ဖြစ်/ပျက် တရားကို ဒရစပ် ဟောတယ်
ဘာမှ ပွင့် မလာဘူး။

အဆိုး အဖျက် အညစ်တွေ ပျောက်သွားမှ
မျိုးဆက်သစ်တွေ ပေါက်ဖွားလာမှာဆိုတော့
စစ်/ငြိမ်း စစ်/ငြိမ်း စကားကို ဒရစပ် အော်တယ်
ဘာမှ ဖြစ်မလာဘူး။

ဒီလိုပါပဲ
ဘုရား အယူအဆမှာလည်း
ပွတ်စရာ ဒီဖဲ ၂ ချပ်ပဲရှိတယ်
ဒီလိုပါပဲ
လူသား မူဝါဒမှာလည်း
ပွတ်စရာ ဒီဖဲ ၂ ချပ်ပဲရှိတယ်

ပျောက်နေတဲ့ အဓိပ္ပါယ်ကို ရှာနေတုန်း
ရှာနေတဲ့ အဓိပ္ပါယ်ဟာ ပျောက်ဆုံး
ဆွဲဖဲ နဲ့ တက်ဖဲ ဆက်ဆက်လွဲနေဦးမယ်

၂ ချပ်နဲ့ မကစားတတ်ဘူးလား
ကိုယ့် ဖဲ ကိုယ် ဆွဲဆုတ်သွားခဲ့ပါ။ ။

သုအိုင်စံ
၂၀၀၇

0 comments: