Monday, April 8, 2013

နန်းမသိမ်းတဲ့သူပုန်ဟောင်း

ဘယ်လက်ချောင်း၎ချောင်းစလုံး ခုတ်ဖြတ်ခံလိုက်ရတဲ့ ဟဲဗီးမက်တယ်လ် လိဒ်ဂစ်တာသမားတစ်ယောက်လို
အခုခေတ်ရဲ့ စက်ရည်သွေးကဲကဲ လက်ရည်သွေးနည်းနည်း နိုင်ငံရေးဂီတ တီးကွက်တီးပေါက်တွေကို မကြိုက်ဘူး
ကြိုက်ခိုက်မြတ်နိုးရူးသွပ်ရပါသောအနုပညာနဲ့ပတ်သက်ရင် ခံစားရုံလောက်ပဲတတ်နိုင်တော့တဲ့ အနုပညာရှင်ဘဝမှာ
စိတ်သံစဉ် ပါးစပ်တီးလုံး လေတီးကွက်တွေနဲ့ပဲ အခုခေတ်အစိုးရရဲ့လုပ်ရပ်တွေကို ပြင်ဆင်ဖြည့်စွက် နားဆင်ရင်း
တခါက ခံယူချက်နဲ့ ထွင်တဲ့ခဲ့ဂီတ၊ ဘယ်လက်သွယ်၎ချောင်းနဲ့ လက်စွမ်းပြခဲ့တဲ့တေးသီချင်းကောင်းတွေကို ပြန်တမ်းတ
ဒီမှာ--ကိုယ့်ရဲ့ ယုံကြည်ချက်ဘေးမှာ ကိုယ့်သေနတ်ဟာ မပစ်ဖြစ်ပေမဲ့ ရန်သူ့ရင်ဝတည့်တည့်ချိန်ရွယ် ကျည်ထိုးထားမြဲ
ဒီမှာ--ကိုယ်ရဲ့ မာန်နဲ့အဓိပ္ပါယ်ဘေးမှာ ကိုယ့်ဂစ်တာဟာ ကိုင်းဖြတ်ခံရတဲ့သစ်ပင်ပျိုလို တိတ်ဆိတ်စွာ သံစဉ်ဝေနေဆဲပဲ
အစွဲမကင်းရင် ငရဲမကင်းဘူးဆိုတာ ဖြစ်နိုင်လေရဲ့၊ ဆဲခြင်းမျိုးစုံကို စေတနာသွပ်ပြီး ကိုယ် နေထိုင်ဖြစ်ခဲ့တယ်။   ။

သုအိုင်စံ
၀၈-၀၄-၁၃

0 comments: