Saturday, April 20, 2013

ငြိမ်းချမ်းရေးရာသီ လူကျည်ဆံဈေး အတက်အကျ



ငှက်တွေမှာ တောင်ပံရှိသေးပေမဲ့
သစ်ပင်တွေမှာ သစ်ကိုင်းမရှိကြတော့ဘူးလေ
ဒီခေတ်ထဲမှာ အတူနေကြတဲ့ အိုးနဲ့အိမ်ပိုင် ဘုံတဲနန်းယာ ဆိုတာ
ညှီညစ်မွဲစွာ လူတွေကြပ်လျှက် တိုးတက်ချိန် ထိုင်ခုံဆွဲရမ်းခါသလိုလာတဲ့ ဘတ်စ်ကားပဲ
နာဆာဟာ လူလိုက်စီးတဲ့ ဒုန်းပျံယာဉ်နဲ့ တခြားဂြိုလ်သစ်တွေပဲ သိပ်အာရုံစိုက်ကြိုးစားပိုလေ့လာနေခဲ့တယ်
ကမ္ဘာမှာ ဆူဆိုဒ်နည်းနဲ့ ဗုံးဆံထွင်တဲ့ ကုလားဗိုလ်ညစ်တွေထဲမှာ  မိတ္ဆာစုံစရိုက်ဆိုးများကို မေ့ကာနေခဲ့တယ်
ဝေဟင်မှာ လေဟုန်စီးနင်းလျှက် လိုက်ပါခဲ့တယ် လမ်းတလျှောက်တွင် စကားတဆင့်ခံများ ပြေးလွှားလျှက်
မြေပြင်မှာ မြေပုံကြီးခင်း ထွက်လိုက်ရှာခဲ့တယ် လှမ်းလျှောက်စဉ် အမှားအသစ်သဏ္ဍန်များမွးဖွားခဲ့
ရေပြင်မှာ လှေကြုံစီးရင်း ဆက်ဆိုက်လာခဲ့တယ် စခန်းအရောက်တွင် တရားအစစ်အမှန်များ ဝေးသွားခဲ့
လူဟာ ဝေဟင်မှာ လင်းလက်ညီထိန်စေလျှက် အပြုံးတွေတောက်နေတဲ့ အလင်းလှိုင်းလုံးတွေသီတန်းရင်း ဝေ့ဖြာလို့ ရွေ့နေရက်ဆက် ပျံသန်းဆဲ ဆက်လှုပ်ရှားမြဲ
သူဟာ မြေပြင်မှာ ဆင်းသက် ဇီဝိန်ချွေမဲ့ ၃ပေ၆ပေနဲ့ သချိုင်းကုန်းတွေဆီ လှမ်းဆင်းလေ့လာဖို့ မေ့နေခဲ့တဲ့ အပြန်လမ်းထဲ ငှက်အုပ်များကွဲသေနေ
ကောင်းကင်ရဲ့ဖိတ်ကျွေးဝိုင်းဖွဲ့တဲ့ ကျက်သရေဘွဲ့ အချောအလှများစုဆုံ ခမ်းနားမြိုင်ဆိုင်တဲ့ အပြုံးများ နွဲ့လှုပ်ကခုန်ပွဲ တေးသံများလည်း ဖွဲ့နွဲ့ချိုလွင်
မောင်းနှင်လျှက် အမိန့်ပေးခိုင်းခဲ့တဲ့ စက်တွေရဲ့ဒေါသများ စုပြုံရမ်းကားပြိုင်ဆိုင်တဲ့ အမုန်းဓါးနဲ့ ခုတ်သတ်ပုံလဲ သွေးသံများလည်း ပွက်ပွက်ယိုစဉ်
အရှက်ကိုအမြင်မှန်အောင် ဣနြေ္ဒမမဲ့ အနားရခဲ့ချိန်တွေနဲ့ဝိုင်းဖွဲ့ပျော်မြူးစည်ကားနွဲဆင် တေးဖွဲ့သီဖြာ
အသက်ကိုရှင်သန်အောင် အိမ်ခြေမပျက် တအားလှတဲ့ တိမ်တွေနဲ့ သိုင်းယှက်ဖော်ကျူး ပန်းချီကားထဲတွင် ဆေးစက်ညီညာ
ဒီကမ္ဘာရဲ့မဟာလေထုထဲမှာ ဘာအဖြေတခုမှ မရှိတာကို လိုက်ရှာနေတုန်းပဲလား...တောင်ပံရေ
ပျံသူအတွက်တော့ တိမ်တွေဟာ အိမ်မြေယာ ဖြစ်နိုင်ပေမဲ့
မပျံတဲ့သူအတွက်တော့ တိမ်သေတာတောင် အိမ်နေရာဆောင် မဖြစ်နိုင်ပါဘူး
ရန်သူအတွက်တော့ အချိန်တွေဟာ အရှိန်မသေတာ တကယ့်အဖြစ်အပျက်တွေပဲ
ရန်မဲ့သူအတွက်တော့ အချိန်လေဟာလည်း အငြိမ်မနေရဲပါ ရွက်လွှင့်လျှက်နေဆဲ
အရာရာဟာ ကမ္ဘာ့ဆွဲအားရဲ့ ဥာဏ်ညစ်ရှိုက်အားပြင်းနဲ့ ခွဲစုပ်အူခွဲ ဖွင့်ဖျက်လိုက်သလို
မညှာမတာ အပြတ်ဆွဲထားလျှက် ဒဏ်သင့်လှိုက်စားရင်းနဲ့ ငရဲအုပ်ဂူထဲ ပစ်ထည့်ခံလိုက်ရ
လှည့်မပြန်လိုက်ရတဲ့ နောင်တဟာ တောင်ပံခတ်သံ ပိုပြင်းထန်မာတယ်
တလှည့်ပြန် မမိုက်ရတဲ့ အမှောင်ညဟာ ဟောင်မာန်ကြွဟန် ပိုရှင်းသန်လာတယ်
တစ်သက်ခံလိုက်ရတဲ့ တစ်ကောင်ဘဝဟာ ထောင်ပြန်ကျရန် ပိုငြင်းဆန်ပါတယ်
ခက်ခဲခြင်းကို ပြောင်းပြန်ထား စဉ်းစားတိုင်း နက်နဲခြင်း အကြောင်းမှန်များ ရှင်းသွားသည်မဟုတ်ပါ
ယုတ်မာစိတ်မျိုးကြီးမားတဲ့ ပေးထားတဲ့အချက်တွေမှာ ပုစ္ဆာအဆိပ်ဆိုးနည်းများနဲ့ ရေးသားတွက်ချက် အဖြေရှာ
သချာတိကျသောဒီဘဝသချာင်္၊ ခရီးလမ်းမဆန်တဲ့ အသွားအပြန်တခုရဲ့မဆိုက်ရောက်လေသော ဘာသာတရားဘုံဆီမှာ
သေချာမသိရလောကီဘဝပညာ နည်းလမ်းမမှန်တဲ့ မမှားမမှန်မှုရဲ့ စရိုက်ပျောက်နေသော မာယာအမှားစုံညီစွာ
ကျင့်ကြံပြီးလုံးပမ်းအားစိုက် အစစ်မှန်နည်းသုံးလမ်းများ အလိုက်လွဲရပြန်ကာ တိုက်ပွဲရဒဏ်ရာနဲ့ အသိုက်ထဲသတ်ခံလာခဲ့
သော့ပျောက်သည့် သော့ဂလောက်များကို တံခါးပေါက်မှာ ချိတ်ဆွဲထားကြသော ဦးနှောက်များ တိုးတိတ်စွာဆွံ့အ
သာ့ပေါက်မရှိသော သော့ဂလောက်များကို တံခါးပေါက်မှာ ပိတ်မြဲထားရသော ဦးနှောက်များ စိုးထိပ်ဖြာရွံ့တတ်
ဦးနှောက်မရှိသော ဦးနှောက်များ အမှားနောက်မှာ အဆိပ်စွဲသွားကြသော ဆိုးစိတ်မှာစွန့်ဖြတ်
ဘာမှမရှိသော အကြောင်းများကြီးပြင်း ဖွားဘက်တော်တွေ အတူရုံးတက် နန်းညီလာခံထိုင်ဆဲ ရရှိထားတဲ့အမြင်များရဲ့
ဘာမှမသိသော ခေါင်းစားပြီးရင်းစားလျှက် အဖော်တွေအတူ ပုခုံးဖက်တမ်းညီညာသံပြိုင် ဇွဲသတ္တိများရဲ့အင်အားနဲ့
ဘုရင်မှားကွက်ကို စုန်ကန်ပစ်လှဲ မထင်မရှားနဲ့ ပုန်ကန်စစ်ပွဲဖော်ထားတဲ့ ပုံသဏ္ဍာန်သစ်ရဲဘော်များရဲ့ နည်းဗျူဟာဟာ
ခရီးဘူတာ မဆိုက်သည့် ရထားအသိတွေရဲ့ အသံဆူဟစ် အော်သံအသစ်နဲ့ ရန်သူမရှာ လိုက်ရှင်းလျှက် ကွေ့ရှောင်တိမ်းထွက်
နီးသူလာ မတိုက်သည့် စကားကတိတွေနဲ့ ရန်သူဆင့်ခေါ်ရန် စစ်ထွက်ဟန်ယူကာ တိုက်ကင်းထွက် မတွေ့အောင်ထိန်းခဲ့
ဘဝတစ်လျှောက် တွဲရွေ့လှမ်းဆက် စစ်ချီလို့သွားတဲ့ သေနတ်မပေါက်ပဲ ရှေ့တန်းထွက်စစ်သည်တို့အား ကဲ့ရဲ့သံများကြားရဲ့
ကြောက်ဖျားစစ်သည်များ အလှည့်ကျ ဖဲကစားလျှက် ပျောက်ကြားစစ်ချီကစားခဲ့ လှည့်ပတ်လွှဲသွားတဲ့ ထိပ်တိုက်နယ်မြေမှာ
စစ်တိုက်လို့ သေတဲ့မသာ မရှိပေမဲ့ အကျင့်စရိုက်တို့ ကြေပျက်နေတဲ့ ရွာ၏အထာ ဖာရုံနဲ့ ဖဲဝိုင်းနဲ့ ရန်သူခွက်ုံအရက်ဝိုင်းနဲ့။   ။

သုအိုင်စံ
၁၉-၀၄-၂၀၁၃

0 comments: