သမ္မတဆိုတာ ဘုန်းကြီးသင်္ကန်း
မှောင်ခိုဈေးပေးနိုင်ရင် ဝင်ကြည့်လို့ရတဲ့ ရုပ်ရှင်ရုံ
တိုင်းပြည်ဟာ မီးစာကုန် အဆီခမ်း
လေအဝှေ့မှာ ယမ်းနေတဲ့ စပါးတွဲ
ငှက်မျိုးစုံ ဝိုင်းဆွဲလို့ တည်းတည်းနဲ့ ယဲ့ယဲ့ပဲရှိတော့တဲ့အခါ
ကောလဟာလမှာ ကျောမရင်မလို့မှ မပြီးခင်
အမှောင်ညကို သက်ဆိုးရှည်စေဖို့
အမွေအဟောင်းဟာ ကေပြောင်းပြီး
ကသီလင်တတွေ ပစ်ကွင်းထဲဝင်လာမယ့်အချိန်ကိုစောင့်
ကျည်တစ်တောင့်ကို တစ်ယောက်ကျစီ
သက်ဦးဆံပိုင် အာဏာရှင်စနစ်သစ်ဆီ
သိုးထိန်း (အန္တိမ)
Saturday, March 23, 2013
ဒီမိုကရေစီဟာ လူတိုင်းနဲ့မတန်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment