Tuesday, March 26, 2013

နေပြည်တော်၊ နံပါတ်တော်ဝမ်း၊တစ်

မှန်နင်းကီးပါတယ် ဘုရား
ကြံပီး တီးတော့လည်း
လန်ပီး ပြီးတာပဲ ဘုရား
ခြံကြီး ကြီးလာပြီး
မန်းနီးကြီးက ငှက်ကထပါ ဘုရား
ငှက်ကထပါ ဘုရား။

(ဟို ခဏခဏ ဦးဘဌေးဆိုတဲ့ ကောင်းလေး လား ဟဲ့)
 မှန်နင်းကီးပါတယ် ဘုရား
မျောက်လောင်း မြေးတော်လေးက
လျှောက်တောင်း စီးတော်လေးနဲ့
ငေါက်ထောင်း အီးတော်ပြဲကာ
ဘွန်းနဲ့လောဆိုတဲ့ ဓါတ်ရှင်ရိုက်နေကြောင်းပါ ဘုရား
ရိုက်နေကြောင်းပါ ဘုရား။

(အိမ်း...အဲဒီ ဓါတ်ရှင်ကို ဒီနှစ်ရဲ့ အကယ်ဒမီတွေ အကုန်ပေးစေကွယ်)
မှန်နင်းကီးပါတယ် ဘုရား
မှန်သဘောပြောသည် ပြောကာ
တရံရော ထီးတော်မိုးက
တဖန်ရော ထီးပြန်မိုးတာ
ကိန်းကျေ၊ ကြိန်းကျေ၊ သိန်းကျေသွားပါပြီ ဘုရား
သိန်းကျေသွားပါပြီ ဘုရား။

(အင်း...အဲဒီကောင်လေးကိုတော့ သတိထားကြကွဲ့ သိပ်အနားမကပ်စေနဲ့ နံတယ် နံတယ်)

မှန်နင်းကီးပါတယ် ဘုရား
မဟာပြောင် ဖြီးကောင်းလို့
ကမ္ဘာကြောင် ဖီးပြောင်းပြီး
မသာအပေါင် ကီးဒေါင်းကာ
ဟို ဟိုက နိုဘယ်ကောင်ကြီးတောင်
ဘီး လာရောင်းနေပါပြီ ဘုရား
ဘီးလာရောင်း နေပါပါပြီ ဘုရား။

(ဟေ..ဒါဆို ဘီးစိပ် ဘီးကုတ်များပါရအောင် အဆစ်တောင်းကြစေကွယ်
ငါ ကိုယ်တော်မြတ်ရဲ့ သမီးတော်များက ကြိုက်တယ် ဟဲ့)
မှန်နင်းကီးပါတယ် ဘုရား
မိတ်ထီကြွက် မီးသောင်းကျန်းလို့
အစိတ်စီ ဖွဲ့စည်းပြောင်းလှမ်းခဲ့ရင်
နမိတ်သည် ဖွတ်ထီးကျောင်းနမ်းရမှာမို့
အံမငေး တိုင်းပြည် နောက်တစ်ကြိမ်
ချောက်ထဲကျမဲ့အရေးဆိုပြီး
တတိယအကြိမ်မြောက် ရဲရဲကြီးကယ်တင်ရန်
အကြံအစည်နဲ့ အစီအမံများ
ပေးသနားတော်မူပါ ဘုရား
ပေးသနားတော်မူပါ ဘုရား။

(အိမ်း...အခု လောလောဆယ် ကောင်မလေးကို ပွဲထုတ်ထားဦး...နောက်ပြီးထုံးစံအတိုင်း
အနဲံတို့ အဘိုင်တို့နဲ့ ပွဲဆက်တည်...အင်း ဒိထက်ကောင်းတဲ့ အကြံတော်များရဖို့ရန်၊ ဘောပွဲကြည့်၊ လက်ဝှေ့ပွဲကြည့်ပြီး၊
ဗွီဒီယို ဂိမ်းကစားပြီး၊ စာဖတ်တော်မူပြီးရင်၊ အမိန့်တော်မှတ်မယ် မောင်မင်းများ စောင့်ကြကွဲ့ စောင့်ကြကွဲ့။)

(ဟဲ့ သားတော် ဘိုးတော်လေး လုပ်ပါဦးကွယ် အစွမ်းပြပါဦး။)

ယမထာလုလင်

0 comments: