ခေါင်းဆောင်ရှားတယ်
ခေါင်းဆောင်ရှားတယ်တဲ့
ခေါင်းထောင်ရင် စားမဲ့
ခေါင်းပြောင်တို့ကိုမှ
ခေါင်းပါရဲ့သားနဲ့
ခေါင်းညိတ်လိုက်တော့
ကျနော်လည်း ခေါင်းမူးသွားပြီ။
ခေါင်းသုံးတာလား
ဒေါင်းရုန်းတာလား
ပြောင်းအုံးမှာလို့ ပြောပြောပြီး
ရောင်း၊ တောင်းနေတာလည်း အမြင့် အမြင်
အရင့် အရင်ကလည်း
သခင့် သခင်ဘုရားတွေကို
အဆင့် အစဉ် ဖားခဲ့ကြ၊ ပြားခဲ့ကြရပြီး
အကျင့်နဲ့ တမင် ဆင် ကစားနေတာတော့
အဲဒီ ထင်စရာမှာ ထင့်နေတယ်။
ရုပ်ရှင်ထဲက လူဆိုးနှိပ်စက်လို့
ပိတ်ကားကို ခဲနဲ့ထုခဲ့တဲ့
ကျနော်တို့ အမျိုးတွေဟာ
အဆိပ်စားပြီးကြီး
အဆိပ်မြှားလည်း ပီး ရအုံးမှာပေါ့
သူ့ထိပ်ထားက မင်းသမီးကို
'ရှူးတိုးတိုး..ဇတ်လမ်းက မပြီးသေးဘူး'
မပြီးခင် ဗမာ မမြင်စေနဲ့တဲ့။ ။
ယမထာလုလင်
၂၀-၀၃-၂၀၁၃
Thursday, March 21, 2013
ပြဿဒါးမြစ်ကျဉ်းတောင်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment