ဘုန်းကြီးကျောင်း ၆ ကျောင်း
ရဟန်းနဲ့ကိုရင် ၂၄ ပါး
ရဲစခန်း ၁ ဌာန
ရဲတပ်သား ၁၀ ယောက်
စာသင်ကျောင်း ၂ ကျောင်း
ကျောင်းသားကျောင်းသူ ၂၀၀ ယောက်
စေတီကြီး/ငယ် ၁၅ ဆူ
ဆေးပေးခန်း ၁ ခု
ရွာလယ်ဇရပ် ၁ ခု
ရွာသူရွာသား စုစုပေါင်း ၁၀၀၀ ယောက်
၁၅၀ ယောက်က ၁၆ နှစ်အောက်
နောက် ၁၅၀ ယောက်က မိန်းမ
နောက်ထပ် ၁၅၀ ယောက်က အသက် ၆၀ ကျော်
ရွာလေးမှာ
စေတီနဲ့ ဘုန်းကြီးကျောင်းတွေ များနေပေမဲ့
အလုပ် လုပ်မဲ့ ယောက်ျားတွေ ရှားနေခဲ့တယ်
ပျောက်သွားတဲ့ ယောက်ျားတွေ မပြန်လာပေမဲ့
သူတို့ ပို့လိုက်တဲ့ ပိုက်ဆံတွေ ပြန်လာခဲ့တယ်
သံဃာတွေကတော့ ဝဖြိုးဆဲပါ
ထေရဝါဒ သာသနာ ကြီးစိုးတဲ့ရွာ မဟုတ်လား
အလောင်းဘုရားခေတ် မြေပုံထဲမှာ
အလောင်းဘုရား နတ်ရွာစံခဲ့တဲ့ရွာဟာ
ဒီမိုကရေစီခေတ် မြေပုံထဲမှာ
စာလုံးပေါင်းမှန်နဲ့ ပီပီသသ မဖော်ပြထားဘူး
ပထဝီ ညံ့တဲ့ အစိုးရတွေ...။ ။
သုအိုင်စံ
၂၅-၀၁-၂၀၁၃
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
3 months ago
0 comments:
Post a Comment