Sunday, January 27, 2013

လူများ မျောက်များ


လက်တွေက ကေင်းကင်ကို
ဘယ်လိုမှ မမှီမှန်း သိထားတယ်
အဲဒါကို မေ့ထားတယ်

ကောင်းကင်ဟာ ရုပ်အရာအဖြစ်
အစစ်မရှိမှန်း သိထားတယ်
အဲဒါကို မေ့ထားတယ်

လူဆိုတာ
ကောင်းကင်ကို တွဲလောင်းခိုကစားချင်တဲ့
လွပ်လပ်ချင်စိတ်နဲ့ စိတ်ကူးယဉ်မျောက်ပဲ။

အတောင်ပံမပါလို့
ဘောင်နံရံထဲထဲ့ထားတာပေါ့ကွ
ရှိတဲ့ခြေထောက်နဲ့ ဆင်းလျှောက်ရင်
ကမ္ဘာတစ်ခုစာ ကွင်းပြင်ကျယ်
မကျဉ်းလောက်ဘူး ထင်တယ်
ပျင်းတဲ့မင်းက
ဟိုသစ်ပင်ခုန်ကပ် ဒီသစ်ကိုင်းခုန်ကပ်
ဘဝမှာ သစ်ကိုင်းလွတ်တဲ့အခါ
ဘာမှ မလုပ်တတ်တော့တဲ့ မင်းကို
အချင်းချင်း မျောက်ရာမသွင်းတော့ပြန်ဘူး

နေထိုင်တော့ သစ်ပင်ပေါ်
သေဆုံးတော့ မြေပြင်ပေါ်
သွားချင်တာက ဝေဟင်ပေါ်
အတွေးအခေါ်တွေ လွဲချော်လို့။

အတွေးနက်လွန်းလို့
အေးစက်သွားတဲ့လဘ္ကရည်ခွက်ပဲ
လူဟာ သူ့ဘဝကိုသူ သွန်ပက်ပြီး
သစ်ပင်ပေါ် ပြန်တက်သွားခဲ့တယ်
သစ်ပင်ပေါ်က ပြန်ဆင်းလာခဲ့တယ်။   ။

သုအိုင်စံ
၂၇-၀၁-၁၃

0 comments: