Wednesday, November 28, 2012

ယနေ့ လက်ပတောင်းတောင် အခြေအနေ

ဆုံဆည်းရာ၊ ၂၈ ရက် ၁၁ လ ၂၀၁၂

အစိုးရမှ လက်ပတောင်းတောင် ကြေးနီစီမံတွင် လက်ခြုံရေး အင်အား မနေ့ကထက် ပိုမို တိုးမြှင့်လိုက်ကြောင်းသိရသည်။ ဆန္ဒပြနေသော သံဃာတော်များ၊ တောင်သူလယ်သမားများနှင့် ကျောင်းသားကျောင်းသူများအပါအ၀င် စုစုပေါင်း လူအင်အား ၁၀၀၀ ကျော် ဖြင့် ဆက်လက် ဆန္ဒပြနေကြောင်း သိရသည်။

ဓါတ်ပုံ အောင်နေမျိုး Facebook
ဝမ်ပေါင်ကုမ္ပဏီ ၀င်းအတွင်းတွင်လည်း မုံရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် "ဆုတ်..တက်" "ဆုတ်....တက်"  သံပြိုင်ရွက်ဆိုခြိမ်းခြောက်သံများနှင့်အတူ နံပါတ်တုတ်ဖြင့် ဒိုင်းများကို ရိုက်ကာ စစ်ရေးပြနေကြောင်း သိရှိရသည်။

မနက်ဖြန် ၂၉ ရက်နေ့တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် လက်ပံတောင်းတောင်သို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ လက်ပံတောင်းကယ်ဆယ်ရေးကော်မတီမှ ကြေငြာချက်ထုတ်ြ
ပန်ရာတွင် အခု ဆန္ဒပြနေခြင်းသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်သောကြောင့် အကြမ်းဖက် နည်းဖြင့် နှိမ်နင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

0 comments: