Thursday, November 22, 2012

ဗိုလ်ချုပ်ခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် သေဒဏ်ကျခံခဲ့ရသော ABSDF တပ်ဖွဲ့ဝင်ရဲဘော် ပြန်လွတ်

တပ်မတော် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် သေဒဏ်ကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သော ဦးသိန်းထွန်းသည် အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ် အတွင်း ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အရ လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။


ဦးသိန်းထွန်း သည် ABSDF အဖွဲ့ဝင် ရဲဘော် တစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ပေါက်ကွဲ စေတတ်သောပစ္စည်းများကို လက်ဝယ် တွေ့ရှိကာနိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှု၊ ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှု၊ လူစည်ကားရာနှင့် အာဆီယံသံရုံးများကို ဖောက်ခွဲရန် ကြံစည်မှု တို့ဖြင့် သေဒဏ်ထိ ပြစ်ဒဏ်ကျခံခဲ့ရကြောင်း ၄င်းက ပြောသည်။ "ကျွန်တော် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို သယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လုပ်ကြံဖို့ မဟုတ်ပါဘူး" ဟု ၄င်းက ပြောသည်။

ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို သယ်ဆောင် လာခြင်းမှာ ရှစ်လေးလုံး အရေးတော်ပုံ ကဲ့သို့ ကိုးလေးလုံး (၉ရက် ၉လ ၁၉၉၉ခုနှစ်) အရေးတော်ပုံ ပေါ်ပေါက် လာပါက တပ်မတော် အစိုးရ၏ ပစ်ခတ်မှုကို လက်ချည်း ဗလာ မခံရဘဲ ပြန်လည် ခုခံနိုင်ရန် ရည်ရွယ်ချက်ဖြင့် လျှို့ဝှက် သယ်ဆောင် ရခြင်း ဖြစ်ကြောင်း ဦးသိန်းထွန်း က ဆိုသည်။

ယင်းကဲ့သို့ ပစ္စည်းများ သယ်ဆောင် ရခြင်းမှာ ABSDF အဖွဲ့၏ စေခိုင်းချက်ကြာင့် မဟုတ်ဘဲ မိမိ၏ သဘောဆန္ဒဖြင့်သာဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောပြသည်။

၎င်းကို အမှုမစစ်မီ စစ်ကြောရေးကာလတွင် စစ်ကြောရေးလုပ်ဆောင်သူ များက ၄င်း၏ ပြစ်ဒဏ်ကို ကြိုတင်သိနေပြီး အမှုစစ်သော နေ့တွင်လည်း တရားသူကြီးမှာ အိပ်ငိုက် နေကာ စာအိတ်လာပို့မှသာ စာအိတ်ဖွင့်ပြီး ပြစ်ဒဏ်ကို ဖတ်ကြားခဲ့ကြောင်း ၄င်းက ပြန်ပြောပြသည်။ ကိုးကား - The Voice

0 comments: