Monday, August 13, 2012

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ

၁၃ ရက် သြဂုတ်လ ၂၀၁၂ ခုနှစ်
ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀၀ ကျော် အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ မှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ ပူးပေါင်းကာ လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများအား လယ်ယာ သမ၀ါယမ အသင်းများဖွဲ့စည်းကာ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၉၈ ခုနှစ်မှစ၍ ဧရာရွှေဝါကုမ္ပဏီအား တည်ထောင်ကာ ဧရာဝ တီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်း၊ ရေနက်ကွင်းများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကစုစုပေါင်း ၄၁၂၀၀ ကိုစိုက်ပျိုး၍ ရနိုင်သည့် လယ်ယာမြေများအဖြစ် မြေပြုပြင်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဧရာရွှေဝါကုမ္ပဏီရဲ့ အခုလုပ်ရပ်ကို ကြိုဆိုပါတယ်။ ကျန်တဲ့ ကုမ္ပဏီတွေအနေနဲ့ လည်း အခုလိုပဲ ပြန်ပေးကြစေချင်ပါတယ်။ Crony ပဲဖြစ်ဖြစ်၊ အရင်က ဘာတွေပဲအခွင့်အရေး ယူခဲ့ယူခဲ့ အခုလက်ရှိအချိန်မှာ ပြည်သူ့မျက်နှာကို ပြန်ကြည့်ကြစေချင်ပါတယ်။ လိုအပ်ချိန်မှာ ပြည်သူ့မျက်နှာပြန်ကြည့်တဲ့ ဘယ်သူ့ကိုမဆို ကြိုဆိုရမှာပါ . . . စိုက်ပျိုး၍မရနိုင်ဘဲ ငါးမွေးမြူရေးအနေဖြင့် ပိုမိုသင့်တော်သည့် မြေများအား ငါးမွေးကန်အဖြစ် ပြုပြင်ခဲ့ကြောင်း၊ အင်းအိုင် ဧရိယာများလည်း ပါဝင်ကြောင်း ဧရာရွှေဝါကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ဒါးကမြို့နယ်များ အတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများအား ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စိုက်ပျိုးနိုင်သည့် မြေဧက ၃၅၈၈၆ ဒသမ ၆၄ ဖော်ထုတ်ခဲ့ ကြောင်း၊ အင်းအိုင်ဧရိယာမှာ ၄၈၁၃ ဒသမ ၃၆ ဧကရှိကြောင်း၊ ငါးကန် ဧရိယာ ၁၂၀၅ ဒသမ ၅ ဧကကို ဖော် ထုတ်ခဲ့သည်ဟု နိုင်ငံတော်သို့ တရားဝင်တင်ပြချက်တွင် ဖော်ပြထားသည်။ 7451a ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ ခေတ်မီစံပြစက်မှု လယ်ယာစီးပွားရေးအဖြစ် လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်လုပ်ကွက် တစ်ခုအား တွေ့ရစဉ် အဆိုပါ လယ်မြေ၊ အင်းအိုင်၊ ငါးမွေးကန်များအားကုမ္ပဏီဖြင့် အကျိုးတူလုပ်ကိုင်ခဲ့သည့် ဒေသခံလယ် လုပ်သားများသို့ လယ်ယာသမ၀ါယမ အသင်းဖွဲ့စည်းကာ ခွဲဝေပေးရာတွင် အကယ်၍ သမ၀ါယမအသင်း ဖွဲ့စည်းမှုတွင် ပါဝင်လိုခြင်းမရှိသူများကိုလည်း ဆန္ဒအတိုင်း လုပ်ဆောင်ခွင့်ပေးထားကြောင်းလည်း သိရသည်။ ဧရာရွှေဝါကုမ္ပဏီအနေဖြင့် နိုင်ငံတော်မှ လုပ်ပိုင်ခွင့်လုပ်ကိုင်ခွင့် ရယူထားသည့် ဖော်ပြပါမြေများအား ဆက်လက် ဆောင်ရွက်တော့မည် မဟုတ်ကြောင်းကိုလည်း နိုင်ငံတော်သို့ တင်ပြချက်တွင် ထည့်သွင်းခဲ့သည်။ ဒေသခံတောင်သူများသို့ လယ်ယာမြေလုပ်ကိုင်ခွင့်များ ခွဲဝေပေးခဲ့မှုအပေါ် ဧရာရွှေဝါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “၁၉၉၈ ခုနှစ်မှာ ကုမ္ပဏီ စထောင်ပြီး ရေကြီးကွင်းရေနက်ကွင်း စပါးစိုက်မရတဲ့ မြေလွတ်မြေရိုင်းတွေကို ယန္တရားတွေသုံးပြီး စိုက်လို့ရ အောင်ပြုပြင်ခဲ့တယ်။ အခုဧက ၃၆၀၀၀ နီးပါးစိုက်လို့ရပြီ။ ဒီလို စိုက်လို့ရတဲ့လယ်အထိဖြစ်လာဖို့ ငွေ ရင်း၊ အချိန်၊ လုပ်အား အများကြီး စိုက်ထုတ်လုပ်ခဲ့တယ်။ လုံးဝရေပြင် ကြီးဖြစ်နေတဲ့ မြေလွတ်မြေရိုင်းတွေ ကို လယ်စိုက်လို့ရတဲ့အထိ လုပ်ခဲ့ ကြရတာပါ။ အခု အဲဒီလယ်ယာ မြေတွေကို ကျွန်တော်တို့ ကုမ္ပဏီနဲ့ အတူပူးပေါင်းပြီး ဖော်ထုတ်ခဲ့တဲ့ ဒေသခံလယ် လုပ်သားတွေကို ခွဲဝေပေးခဲ့တယ်။ လယ်ယာသမ၀ါယမဖွဲ့ပြီး လုပ်ပေးခဲ့တာ။ ကျွန်တော်တို့ ၀ယ် ထားတဲ့ မြေဧက ၁၀၀ ကလွဲပြီး ကျန်တာအကုန်လုံးကို ခွဲဝေလုပ်ကိုင်ခွင့် ပြုခဲ့တာ။ အဓိကအကြောင်းရင်း ဆို ရင်တော့ ကုမ္ပဏီရဲ့ မူလရည်ရွယ် ချက်ကိုက လယ်လုပ်ချင်တယ်၊ လုပ်နိုင်တဲ့အနေအထားလည်း ရှိတဲ့ လယ်လုပ်သားတွေကို လယ်လုပ်နိုင်အောင် စီစဉ်ပေးဖို့ပါ။ အခု လုပ်နိုင်လာတဲ့ အတွက် အကုန်လုံးခွဲဝေပေးခဲ့တာ။ တကယ်တော့ တောင်သူတွေက ကျွန်တော်တို့ အခုလိုခွဲဝေပေးတာ ထက် အရင်းစိုက်ထုတ်ပေး၊ သွင်းအားစုအတွက် စိုက်ထုတ်ပေးပြီး အကျိုးတူလုပ်တာကိုတောင် ပိုလိုလားတယ်။ သူတို့ကပြောတယ် လယ်ချည်းပဲ မပေးပါနဲ့တဲ့ အရင်းပါထပ်ပြီး စိုက်ထုတ်ပေးဖို့တောင် ပြောခဲ့ကြသေးတယ်။ ဒါပေမယ့် ကျွန်တော် တို့ကုမ္ပဏီအနေနဲ့လည်း လယ်မြေ ဒီလောက်အများကြီးကို အရင်းအများ ကြီးစိုက်ထုတ်ပြီး ဖော်ထုတ်ပေးခဲ့ ပြီးပြီ။ နှစ်နှစ်သုံးနှစ်ဆက်တိုက် အရှုံးခံပြီး တောင်သူတွေကို အရင်းစိုက် ထုတ်ပေးထားခဲ့တယ်။ တောင်သူတွေနှစ်နှစ် သုံးနှစ်ဆက်တိုက် ပြန်မဆပ်နိုင်လည်း ကုမ္ပဏီက စိုက်ထုတ် ခဲ့တာပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာ ဒီလို ဖော်ထုတ်ဖို့ နိုင်ငံတော်က လုပ်ကိုင်ခွင့်ပေးတော့ ကုမ္ပဏီပေါင်း ၃၀ကျော်လောက် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ ၄၊ ၅ ကုမ္ပဏီလောက် ပဲ ကျန်တော့တယ်။ ဘယ်သူမှ ရေ ရှည်တောင့်ခံပြီး မလုပ်နိုင်ခဲ့ကြဘူး။ အခုကျွန်တော်တို့ လယ်ယာမြေအ ဖြစ်ဖော်ထုတ်ပေးခဲ့ပြီ တောင်သူမှာ တော့ အရင်းလိုတယ်။ ဒါကိုတော့ နိုင်ငံတကာကပဲဖြစ်ဖြစ်၊ နိုင်ငံတော် ကပဲဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ငွေ ကြေးစိုက်ထုတ်ပေးရင်တော့ တောင်သူတွေအဆင်ပြေမှာပါ။ အခုရာသီဥတုက နှစ်နှစ်ဆက်တိုက် ဖျက်တော့ တောင်သူတွေလည်း ခက်ခဲတာပေါ့။ ကျွန်တော်တို့ကတော့ လယ်လုပ်သား တွေကို လယ်ခွဲဝေပေးခဲ့ပါပြီ။ ဒီလို စနစ်တကျခွဲဝေခဲ့တာကိုလည်း နိုင်ငံတော်ကို တရားဝင်တင်ပြခဲ့ပါပြီ။ ကျွန်တော်တို့ ကုမ္ပဏီကို ပေးအပ်ထားတဲ့ ဒီမြေတွေအတွက် လုပ်ကိုင်ခွင့်တွေကို နိုင်ငံတော်ကိုအပ်လိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။ တောင်သူများထံမှ လယ်ယာမြေ သိမ်းထားသည့် ပြဿနာများ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါပြဿနာအတွင်း ပါဝင်နေသည့် ကုမ္ပဏီများထဲမှ ကုမ္ပဏီကြီးအချို့မှာ လက်ငုတ်လက်ရင်း တောင်သူများဆိုပါက အကျိုးတူလုပ် ကိုင်နိုင်ရန် လုပ်ကွက်ပေးရန် စီစဉ် နေသည်ဟုလည်းသိရသည်။ မက်စ်မြန်မာအနေဖြင့်လည်း တောင်သူများစိတ်ဆန္ဒဖြင့်သာ လုပ်ကိုင်နေပြီး အကျိုးတူလယ်ယာ လုပ်ကိုင်ခြင်းမှာ တောင်သူများဘ၀ မြင့်တက်ရန်အတွက် လုပ်ကိုင်ခြင်းသာ ဖြစ်ကြောင်း၊ ထို့အတွက် တောင်သူများ ကျေနပ်မှ ဆက်လက်လုပ်ကိုင်မည်ဟု ပြောကြားထားခဲ့သည်။ “လောလောဆယ် ကုမ္ပဏီအချို့ ကစာရင်းလုပ်နေတယ်။ ဒါပြီးရင်တော့ အဲဒီစာရင်းလုပ်တဲ့ ကုမ္ပဏီလက် ရှိလုပ်ကိုင်နေတဲ့ လယ်ဧရိယာထဲမှာ အရင်က တကယ့် လက်ငုတ်လက်ရင်း လယ်လုပ်ခဲ့တဲ့ တောင်သူတွေဆိုရင် ဧကကွက်လယ်မြေတွေ ပြုပြင်ပေးပြီး အကျိုးတူ လုပ်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ ကြားရတယ်။ မျိုးပေးမယ်၊ ထွန်ယက်ပေးမယ်၊ အကျိုးတူ လုပ်မယ်။ တကယ့် လက်ငုတ်လက်ရင်း လုပ်ခဲ့တဲ့သူပဲ ဖြစ်ဖို့လိုတယ်လို့ သိရတယ်။ ဒါကြောင့် စာရင်းကောက် နေတာလို့ ပြောတယ်”ဟု ဒဂုံအရှေ့မြို့ နယ်မှ တောင်သူတစ်ဦးက ဆိုသည်။ ဇေကမ္ဘာကုမ္ပဏီမှ သိမ်းယူထားသည့် ရွှေနံ့သာကျေးရွာမှ လယ်မြေများ၌ ယခုနှစ်မိုးစပါးများကို တောင်သူများ ၀င်ရောက်စိုက်ပျိုးထားကြောင်း စုံစမ်းသိရှိရပါသည်။ ယခုနှစ် မိုးစပါးစိုက်ရာသီအစ မေလ ၁၀ ရက်နေ့၌ အဆိုပါလယ် ယာမြေများ၌ မိုးစပါးစိုက်ပျိုးခြင်း ကို တောင်သူများ စတင်ဆောင်ရွက်ခဲ့ပြီး၊ ယင်းအပေါ်၌ ဇေကမ္ဘာကုမ္ပဏီ မှထပ်မံထယ်ထွန်ခြင်း၊ မျိုးကြဲခြင်း များကိုဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်၍ ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့ တွင် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေး မှူးရုံး၌ လယ်သမား ၂၀၀ ကျော်က ဆန္ဒပြခဲ့ကြောင်း သိရသည်။ ယခု လယ်ယာ သိမ်းယူထားသည်ဆိုသော ပြဿနာဖြင့် ပတ်သက်နေသည့် ကုမ္ပဏီများထဲတွင် ကုမ္ပဏီ အချို့မှာ အမှန်တကယ်အကုန်အကျခံကာ လယ်ယာမြေများကို ပြုပြင်ထားခြင်းဖြစ်ကြောင်း၊ အချို့မှာ လည်း ၀ယ်ယူထားပြီးဧကများ ပါဝင်ကြောင်း၊ ထိုသို့ အကုန်အကျခံ လုပ်ကိုင်ထားပြီးသည့် လယ်ယာများအား အားလုံးပြန်ပေးရန် မဖြစ်နိုင်သော်လည်း မတရားနည်းဖြင့် ရယူထားခြင်းရှိပါက တောင်သူများလုပ်သာ ကိုင်သာသည့် နည်းလမ်းများဖြင့် ပြန်ပေးရန်မူ လိုအပ်နေသည်။ “ဧရာရွှေဝါကုမ္ပဏီရဲ့ အခုလုပ်ရပ်ကို ကြိုဆိုပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေ အနေနဲ့လည်း အခုလိုပဲ ပြန်ပေးကြစေချင်ပါတယ်။ Crony ပဲ ဖြစ်ဖြစ်၊ အရင်က ဘာတွေပဲ အခွင့်အရေးယူခဲ့ယူခဲ့ အခုလက်ရှိအချိန်မှာ ပြည်သူ့မျက်နှာကို ပြန်ကြည့်ကြစေချင်ပါတယ်။ လိုအပ်ချိန်မှာ ပြည်သူ့မျက်နှာပြန်ကြည့်တဲ့ ဘယ်သူ့ကို မဆို ကြိုဆိုရမှာပါ။ ချမ်းသာတာ အပြစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရသင့်ရထိုက်တာ ကိုယူပြီး တိုင်းပြည်အတွက် မှန်မှန်ကန်ကန် အခွန်ပေးဆောင်ရင် ကိစ္စမရှိပါဘူး။ ဆင်းရဲ ချမ်းသာဆိုတာ ရှိနေမှာပါ။ ဒါပေမယ့် မတရားအခွင့် အရေးယူပြီး မတရားတဲ့ နည်းလမ်းတွေနဲ့ ချမ်းသာတာ၊ မတရားသဖြင့် ခံရပြီး ဆင်းရဲကြရတာက ပြဿနာပါ”ဟု Weekly Eleven News Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောပါသည်။ ကိုးကား - Weekly Eleven News Journal
 

0 comments: