Monday, August 13, 2012

ယနေ့ လွှတ်တော်တွင် ဆွေးနွေးမည့် ခေါင်းစဉ်များ

၁၃ ရက် သြဂုတ်လ ၂၀၁၂ ခုနှစ်
ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ စက်ရုံများ၊ အလုပ်ဌာနများ၊ ကုမ္ပဏီများ၊ ဈေးကြီးများအတွင်းရှိ အလုပ်သမားများနှင့် ပျံကျ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့် ရရှိစေရေးတို့ကို သက်ဆိုင်ရာဌာန မှ နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်း၊ ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော ၀န်ထမ်းများအား ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြည်နယ်နှင့် ရုံးချုပ်များတွင် အလှည့်ကျ တာဝန် ထမ်းဆောင်စေခြင်း၊ အရည်အချင်း တူညီပါက ဒေသခံပြည်နယ်သားများအား ဦးစားပေးဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်း၊ လုပ်သက်မြင့် နိုင်ငံဝန်ထမ်းများ သတ်မှတ်ထားသည့် ငွေကြေးကို မိမိတို့ လစာငွေများမှ အရစ်ကျပေးသွင်းခဲ့ပြီး ဖြစ်သော မြေကွက်များတွင် တရားဝင်နေထိုင်ခွင့်ရရှိရေး မေးခွန်းများ မေးမြန်းကြမည်ဖြစ်သည်။ ထို့နောက် ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို၏ “စာချွန်တော် အမိန့်လျှောက်ထားမှု ဆိုင်ရာ ကန့်သတ်ချက် အချို့ကို ပြင်ဆင်ပယ်ဖျက်” အဆိုတင်သွင်းမည်ဖြစ်သည်။ ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်း က နိုင်ငံတော်အတွက် အရေးကြီးသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေကို အပြီးသတ်ဆွေးနွေး အတည်ပြုနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးမှ နံနက် ၁၀နာရီ ၄၅ မိနစ်တွင်ထွက်ခွာပြီး တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီ ၏ ကော်မတီအစည်းအဝေးသို့ သွားရောက်မည် ဖြစ်သည်။ ဓါတ်ပုံ - The Voice သတင်း - Eleven Media

0 comments: