Saturday, August 11, 2012

၃ မြှောင့်မှန်

လမ်း ၃ ခွမှာ
အရမ်းဆုံးဖြတ်လို့ မရဘူး
ခဏစောင့်

၃ ခွ လမ်းမှာ
အဆုံးအဖြတ်အရမ်းကြာလို့ မရဘူး
မြန်မြန်လုပ်

အတိတ်ရဲ့
ဝေးသွားတဲ့ လမ်း(၁)သွယ်ကို ပြန်လှည့်သွားမရ
ပစ္စုပ္ပန်မှာ
ပေးထားချက် လမ်း(၂)သွယ်ဟာ အမှန်နဲ့အမှားနှစ်ခွ
အနာဂတ်အတွက်
ရွေးသွားမဲ့ လမ်း(၁)သွယ်ကို ဥာဏ်နဲ့ကစားကြ

ဖဲ ၃ ချပ်နဲ့
အမြဲဆုံးဖြတ်တဲ့
လူ့ဘဝနဲ့လူ့ကံကြမ္မာ
တရံတခါနိုင်/ တရံတခါရှုံး
တလျှောက်လုံးမှာ နိုင်ထားလည်း
နောက်ဆုံးမှာ ဒိုင်စားမြဲ
ချိန်သီးမှာ အချိန် အပြီးပါတယ်။   ။

သုအိုင်စံ
၁၁.၀၈.၂၀၁၂

0 comments: