Saturday, August 11, 2012

တသီးပုဂ္ဂလများ

တွဲဖက်ထားတာလည်း မဟုတ်ဘူး
ခွဲထွက်သွားတာလည်း မဟုတ်ဘူး
တစ်ပွင့်စီသီးခြား
ဖြစ်တည်ခရီးသွား
တစ်ဆင့်စီစည်းခြား
ဥယျာဉ်မြေမှာ
လူ့အပင်တွေဟာ
တိုးချဲ့ရှင်သန်နေတယ်
လူ့အမြင်တွေဟာ
တိုးတက်ရှင်သန်နေတယ်
အစက်တိုင်းဟာ
စက်ဝိုင်းထဲ
ဆက်ခိုင်းခံရတယ်
ဘာအလုပ်မှမဖြစ်ဘူး
တစ်ယောက်စီဟာ
ထွက်ပေါက်ဆီ
ဆက်လျှောက်လာခဲ့တယ်
ဘယ်နေရာမှမရောက်ဘူး
ဘောင်ခပ်ထားတဲ့ ကောင်းကင်မှာ
အတောင်ခပ်အားနဲ့ မောင်းနှင်တဲ့လူ
သူ့ခေါင်းစဉ်နဲ့သူပဲ
ဒါပေမဲ့
တွဲပြီး ပျံ ပျံ ခွဲပြီး ပျံ ပျံ
လေဆန်မှာသေဒဏ်ကျတယ်
လေစုန်မှာသေကုန်ကြတယ်။   ။

သုအိုင်စံ
၁၁.၀၈.၂၀၁၂

0 comments: