Thursday, August 9, 2012

နဂါးငွေ့တန်း

ခေတ်ဦးမှာ
ပွင့်ဖူးတဲ့ကြယ်
ခေတ်လယ်မှာ
ဝင့်ထည်ဖြာဝေ
ခေတ်သစ်မြေထက်
အပွင့်လွင့်ကြွေစင်
အားအင်တစ်ခု
ဖွားမြင်မှုနဲ့
မျိုးဆက်ထုကို
ပျိုးဆက်တဲ့လူထု
ပြည်ထောင်စုသစ်
တည်ထောင်မှုဖြစ်စဉ်
ရာဇဝင်။

လူတွေမွေးဖွား
ကြယ်တွေပြေးလွှား
နဂါးငွေ့တန်းများ။  ။

သုအိုင်စံ
၀၈-၀၈-၂၀၁၂

0 comments: