နောက်ဂျွမ်းထိုး ခုန်ထွက်သွားတဲ့
အနောက်တိုင်းဒဿနများ
ရှေ့ဂျွမ်းထိုး ခုန်ထွက်သွားတဲ့
အရှေ့တိုင်းဒဿနများ
စုန်အား ဆန်အား ခုန်အား ဈာန်အားနဲ့ ခုန်ထွက်သွားတဲ့
အမှုန်များ မာန်များရဲ့ ဒဿနများ
ဘယ်လိုပဲ ခုန်ထွက် ခုန်ထွက်
ဦးနှောက်သိုင်းသမားဟာ
အရိပ်မဲ့ သိုင်းကွက် အသက်စိုးဆွဲအား
စိတ်ရဲ့ အနှိုင်းမဲ့ Black Holes များထဲ ပြန် ပြန် ပြုတ်ကျသေခဲ့တယ်။
သုအိုင်စံ
၂၄.၀၅.၂၀၁၂
Thursday, May 24, 2012
(စိတ္တ+ဒဿန)ဗေဒ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment