Thursday, May 24, 2012

ဂစ်တာကြိုး "ထောက်"ကနဲ ပြတ်ခြင်း

အဆိုးတွေပဲ မိုးစွေနေတဲ့ ပစ္စက္ခ
ဒုက္ခတွေပဲ တသုတ်တမ မိုးကြိုးပစ်ရွာချတယ်
အကောင်းအမြတ်တွေကို ကျောင်းမအပ်ရသေးဘူး
မျိုးဆက်အုပ်တွေသာ မိုးဆက်ဆက်ချုပ်သွားတယ်
ဘယ်ပျိုးခင်းမှ တကယ်မိုးမလင်းခဲ့ဘူး
အိုမှုန်နေတဲ့ဂစ်တာဆိုးပေါ်က အလိုလိုထုံနေတဲ့စစ်ဗာလနကြိုးတွေကို
ပစ္စက္ခသေနဲ့တီးခတ် ပစ်စလက်ခတ် အပြီးသတ်တယ်
သံစဉ်အ ပြန်ပြင်မရ နိုင်ငံရေးဂီတတိုးတက်မှုများ။

တိုက်ပွဲကို ရိုက်ခွဲလို့ မရလို့မရဘူးဟေ့
မိုက်မဲစွာ အလိုက်လွဲခဲ့ပြီလား..အို ခေါင်းဆောင်...။   ။

သုအိုင်စံ

0 comments: