Thursday, May 24, 2012

အတ္တကျောရိုး

ငါဟာ
လမ်းသလားရင်း လမ်းမှားခဲ့တဲ့ သီအိုရီ မဟုတ်ဘူး
လမ်းထွင်ရင်း လမ်းမြင်ခဲ့တဲ့ ဒဿန ဖြစ်တယ်
ငါဟာ
လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့တဲ့ ဂျစ်ပစီ မဟုတ်ဘူး
လမ်းဖောက်ရင်း ပန်းရောက်ခဲ့တဲ့ ယုံကြည်ချက် ဖြစ်တယ်
ငါဟာ
ဘယ်သူ့အတွေးနဲ့မှ စုဝေးခဲ့တဲ့ အမှိုက်ထုပ် မဟုတ်ဘူး
ကိုယ့်သွေးနဲ့ကိုယ် တို့ တို့ ရေးခဲ့တဲ့ ကျမ်းစာအုပ် ဖြစ်တယ်

ကော်ပီသီချင်းတွေ ငါမဟစ်ဘူးဟေ့
ကိုယ့် ကိုယ်ပိုင်သံစဉ်နဲ့ ကိုယ် ညစ်နေတဲ့ကောင်ပါ
(လူဆိုတာ)
လွပ်လပ်မှုဆိုတဲ့ ထောင်ကျနေတဲ့ ငကြောင်ပဲ

ဟုတ်တယ်
ကျုပ်ကိုယ်ကျုပ် ဖျော်ဖြေဖို့
တေးတစ်ပုဒ်ရေးထားတယ်
အမည်က "အတ္တ" တဲ့
ကော်ပီကူးချထားတာတော့ မဟုတ်ဘူး
ခင်ဗျားကိုယ်ခင်ဗျား တီးခတ်ထားတဲ့ သံစဉ်တွေနဲ့
တစ်ထပ်တည်း ဖြစ်နေခဲ့တယ်
ဒါပေမဲ့
ကျုပ် သီချင်းက ပို မိုက်တယ်။   ။

သုအိုင်စံ

0 comments: