အဖေက
(၂-၁) မူဝါဒနဲ့
ခေတ်အစုတ် စစ်ဗျူဟာ ချခဲ့တယ်
(ခွဲထွက်ရေးဝါဒီ)။
ကျနော်က
(၀=၀) လမ်းစဉ်နဲ့
အကုန်မျှ၊ ညီကြရင်း၊ ဆုံကြ၊ လမ်းမြင်စေတယ်
(စေ့စပ်ရေးဝါဒီ)။
သားက
(၁+၁) ဆောင်ပုဒ်နဲ့
အသစ် အကောင်း ဖြစ်အောင်လုပ်တယ်
(တည်ဆောက်ရေးဝါဒီ)။
(-) ခေတ်က (အဖေ) သေသွားပြီ
(=) ခေတ်က (ကျနော်) သေတော့မယ်
(+) ခေတ်က (သား) ရှင်ဆဲပဲ။
လက်ရှိ (၁+၁) အတွဲဟာ
ကွက်တိ ပစ်လောင်းသင့်တဲ့ ဖဲ ပဲ။
တခါက ခွက်ခွက်လန် ရှုံးခဲ့သမျှ
အနာဂတ်နဲ့ မနက်ဖန်မှာ နိုင်ရမယ်။ ။
သုအိုင်စံ
၀၇.၀၄.၂၀၁၂
0 comments:
Post a Comment