ဘာလဲ?
သင်းကွဲခြံခတ်၊ လွမ်းတတ်သူငါ
ငိုနေတာ မဟုတ်ဘူး။
ငါ ဘာကိုချစ်ရမလဲ
ငါ ဘာကို မုန်းရမလဲ
ငါ ဘယ်သူ့ကို သတ်ဖြတ်ရမလဲ
ငါ ဘယ်သူ့ခြေ လျှက်ရမလဲ။
ရူးရူးနှမ်းနှမ်း
လူငယ်တယောက်ပမာ ရိုင်းစိုင်းကြမ်းတမ်း
အရမ်းချစ် အရမ်းငို
အို...
သီချင်းတပုဒ်ကို ဆိုအော်ပစ်ထုတ်
ကိုယ်လှုပ်ခုန်ကြွ
ဘ၀အတွက် ရမက်ဖော်ကို
ဦးဏှောက်မပါဘဲ ကြိုမယ်၊ ကြိုမယ်။
<0ံ F>
အပူအပင် မရှိ
ညည့်ဟာ ဟင်းလင်း၊ မီးရောင်ဝင်းဝင်း
ဖလံပိုးတကောင်ရဲ့ မျှော်လင့်ခြင်း
သီချင်းတပုဒ် ဆိုလို့
အို..
အို ... အို့
မီးလောင်သွားဖို့ ကောင်းတယ်။
<စာအုပ်၊ စာရွက်၊ ခဲတံ>
ပျင်းရိစွာ လှန်လှော
ထိုင်းမှိုင်းသော မိုးတစိမ့်စိမ့်
ဦးဏှောက်မှိုင်းခိုး လိမ့်လိမ့်
<တန်ခိုးရှင်တဦးရဲ့ အမိန့်အရ>
ခြံကို ၀င်းခတ်နေရတဲ့
ပင့်ကူတကောင်ရဲ့ ညဟာ
ပြာရောင်မှိုင်းရင့်၊ လွင့်မျောနေတာ
ပျင်းရိဖွယ်ရာ။
ယောဟန်အောင်
မတ်လ ၁ ရက်၊ ၁၉၈၇။
Tuesday, March 20, 2012
ပျင်းရိဖွယ်ရာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment