S.
O.
S.
ဒစ်ဒစ်ဒါဒါ
ကြေးနန်းစာ ပို့လိုက်တာကို
ဘယ်မှာ လက်ခံမယ် မသိ
ဘယ်သူ လက်ခံမယ် မသိ။
ကြည့်လိုက်
မှောင်နက်မိုက်ပိတ်
မိုးသံချိမ့်ချိမ့်
ရေသံလိမ့်လိမ့်
လျှပ်ပိန့် လျှပ်ပန်းတွေ
ကနုတ်ခွေတဲ့ည။
အော်ဟစ်ကြပါ
ဆုတောင်းကြပါ
ကယ်ကြပါ ယူကြပါ။
ပုလင်းဗလာမှာ
စာတလွှာကို အသေအချာထည့်
လွှတ်လိုက်မယ်ကွဲ့
ဒါဟာ တို့ရဲ့
မျှော်လင့်ချက်မဲ့
နောက်ဆုံး မဖြစ်ပါစေနဲ့။
အနာဂတ်ဟာ
ဒဏ်ရာပရပွ ဖြစ်စေ၊
ရန်ဘယာ အနန္တဖြစ်စေ
ချစ်နေချင်တယ်။
မီးပြတတိုက်
ကျွန်းမှောင် မိုက်မိုက်
မှာ
ဘာကောင် ကိုက်ကိုက်
ပျော်ပိုက်ဖို့
မြင်တွေ့ လိုက်ချင်တယ်။
အော်ဟစ်ကြပါ
ဆုတောင်းကြပါ
ကယ်ကြပါ ယူကြပါ။
ရေမှာ အေးခဲ
ပြီး အစွယ်မဲများရဲ့
အသားတပဲ့
မဖြစ်ရပါစေနဲ့။
လက်များကုန်ခမ်း
ပြီး ဆားငန်သီးမယ့်
ခရီးတာမှာ
ရေသတ္တ၀ါ မဖြစ်ချင်ဘူး။
ရေကန္တာရ
ဆူးချွန်ကျောက်စနဲ့
သားရဲမြူးမဲ့ညမှာ
‘ဇနက္က’ လည်း ပျော်မှာ မဟုတ်ဘူး။
အော်ဟစ်ကြပါ
ဆုတောင်းကြပါ
ကယ်ကြပါ ယူကြပါ။
ကံအလှည့်အပြောင်း
အကြောင်း
လာဖို့ ကောင်းသလို
ကြာဖို့လည်း ကောင်းတယ်။
ကွယ်...
ဘယ်မှာ နေ့ .... ည
ပါးစပ်ဝမှာ
တေ
ျဖးေ
ဖြး
ချင်း
နစ်မြုပ်ရင်း
စကားတခွန်းကို အတင်း
မှုတ်ထုတ်လိုက်တယ်။
“............................................”
<ဘယ်သူမှ မကြားလိုက်တော့>
ယောဟန်အောင်
ဇွန် ၇၊ ၁၉၈၆။
0 comments:
Post a Comment